ညောင်တုန်းမြို့နယ်တွင် နိုင်ငံရေးပါတီငယ်တစ်ခု ငွေတောင်းခံမှုများပြုလုပ်နေ
 "ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင်
 နိုင်ငံရေးပါတီငယ်တစ်ခု၏အမည်တပ်ကာလူတချို့မှမြိ့ပေါ်ရပ်ကွက်များနှင့်
 ကျေးရွာအချို့တွင် ချေးငွေထုတ်ချေးပေးမည်ဟုဆိုကာငွေတောင်းခံမှုများပြုလုပ်နေကြ"
       ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ညောင်တုန်းမြို့နယ်မှဘုရားကုန်းကျေးရွာအုပ်စု
အတွင်းရှိ ၀ါးတော၊ကြင်ဖော်၊  ချောင်းဝ ကျေးရွာများတွင် နိုင်ငံရေးပါတီတစ်ခု၏အမည်ကို
အသုံးချကာ ကျေးရွာနေပြည်သူများထံမှ ငွေတောင်းခံမှုများ ရှိခဲ့ပါသည်။
၎င်းကျေးရွာများသို့ လွန်ခဲ့သော တစ်လခန့်က လူ(5)ယောက်ခန့်ပါသောအဖွဲ့တစ်ဖွဲ့
ဆင်းလာကာ ကျေးလက်နေပြည်သူများအား ဆင်းရဲနွမ်းပါးမှု လျော့ချရေးအစီအစဉ်ဟု
ဆိုကာ လူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းကျစီ ထုတ်ချေးပေးမည်ဆိုပြီးစည်းရုံးကာ
လူလိုက်လံ စုဆောင်းနေကြပါသည်။
စိတ်ဝင်စားသူ ကျေးရွာသားများအနေဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားပြသကာ
စာရင်းပေးသွင်းနိုင်ကြောင်း ပါတီဝင်ဦးစန်းသောင်းနှင့် အပေါင်းပါများမှပြောကြားကာ ရွာခံတစ်ဦးထံတွင်စာရင်းပေးရပါသည်။
ထိုသို့ စာရင်းပေးသွင်းသောအခါတွင် ယခုလူစာရင်းများအား နေပြည်တော်ရှိ၎င်းတို့၏
လူကြီးများထံသို့ စာရင်းသွားရောက်ပေးပို့ရန်အတွက် ခရီးစရိတ်နှင့် ဆောင်ရွက်ပေးခ
အတွက် ငွေကျပ်ငါးထောင်စီ ပေးရမည်ဟုဆိုကာ ၄င်းရွာခံမှနေပြီး ကောက်ခံပေးရပါသည်။
၎င်းတို့အနေဖြင့် ထိုသို့ လိုက်လံစည်းရုံးရာတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအားတရားဝင်အကြောင်းကြားခြင်းမရှိသလို မြို့နယ်အဆင့်တွင်လည်း သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့များသို့ သတင်းပေးပို့ခြင်းလည်းမရှိခဲ့ကြောင်းနှင့် တရားဝင်နိုင်ငံရေးပါတီတစ်ခု၏ အမည်အား အသုံးချကာ ၄င်းတို့မှ ဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း စည်းရုံးပြီး ဆောင်ရွက်ပေးခဟုဆိုကာ ပြည်သူများထံမှ ငွေများတောင်း
ယူသွားကြခြင်း ဖြစ်ပါသည်။
ထိုသို့ငွေတောင်းခံသွားသော်လည်း ငွေလက်ခံရှိကြောင်းပြေစာ(သို့) အထောက် အထားများပေးမသွားကြပါ။ ၄င်းတို့အဖွဲ့အစည်း၏အမည်နှင့် လာရောက်သူအဖွဲ့ဝင်များ ၏အမည်များသာပြောကြားခဲ့ပြီး မည့်သည့်နေရက်တွင် ချေးငွေထုတ်ချေးပေးမည်ဆိုသည့်နှင့် တခြားသေချာသော အချက်များအားပြောဆိုခြင်းမရှိဘဲ မက်လုံးပေးပြောဆိုခြင်း၊ လူထပ်မံစုဆောင်းစေခိုင်းခြင်းတို့သာ ပြောကြားသွားပါသည်။
 ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း ရွာခံသူများနှင့် တရားဝင်အဖွဲ့အစည်းတစ်ခုမှ လူများပါဝင်နေခြင်း၊ ၀င်ငွေနည်းပါးကာ အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးနိုင်
မှု့အင်အားမရှိသဖြင့် အရင်းအနှီး လိုအပ်နေချိန်တွင် ၄င်းတို့ဒေသအတွင်း အခြားတရားဝင် လုပ်ကိုင်နေသော ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများနည်းတူ ပြည်သူများအားကူညီနိုင်
လိမ့်မည်ဟု ယုံကြည်သောကြောင့် မိမိတို့နည်းပါးလှသော ၀င်ငွေများထဲမှ ဖဲ့ကာ၎င်းတို့တောင်းခံသော ငွေကျပ်ငါးထောင်စီအား ပေးသွင်းခဲ့ခြင်းဖြစ်ပါသည်။
သို့ရာတွင် ယခုအချိန်ထိ ၄င်းအဖွဲ့မှချေးငွေများ လာရောက်ထုတ်ပေးသေးခြင်းမရှိသေးဘဲ အကျိုးအကြောင်းတစုံတရာအားလည်း ရွာသားများထံသို့ ယနေ့တိုင်အကြောင်းကြားခြင်း
မရှိသေးပါသဖြင့် တနေ့လာနိုး၊ တနေ့လာနိုးဖြင့်သာ မျှော်နေရပါသည်။
          ယင်းအဖွဲ့မှလူများပင် ညောင်တုန်းမြို့နယ်အတွင်းရှိ အခြားကျေးရွာများဖြစ်သော
သပြေချောင်း၊ဥတိုချောင်းဖျား ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများအပါအ၀င်အချို့သော
 ကျေးရွာများနှင့် ညောင်တုန်းမြို့ပေါ်ရှိ ရပ်ကွက်များတွင်ပါ ပြည်သူများအားစည်းရုံးရ်ျ
 ငွေကြေးတောင်းခံနေသည်မှာ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မလုပ်သင့်သည့်အပြင် ၄င်းတို့အဖွဲ့အစည်းအနေဖြင့်လည်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တရားဝင်ဆောင်ရွက်သည့် အစီအစဉ်များ မပြုလုပ်ရသေးဘဲ ယခုကဲ့သို့ငွေကောက်ခံခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများ မလုပ်သင့်ပါကြောင်းနှင့် တရားဥပဒေနှင့်အညီ
 ဆောင်ရွက်ပေးမည်ဆိုပါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ တဆင့်သော်လည်းကောင်း ၊မီဒီယာများမှသော်လည်းကောင်း သတင်းထုတ်ပြန်ဆောင်ရွက်ပြီးမှ ဆောင်ရွက်သင့်ပါကြောင်းကို တင်ပြလိုက်ရပါတယ်။ တရားဥပဒေအားမထေမဲ့မြင်ပြု လိုက်လံဆောင်ရွက်နေသူများကိုလည်း သက်ဆိုင်ရာမှလိုအပ်သလို ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ရပါသည်။
အဖွဲ့ လိုက်ဆောင်ရွက်နေကြရာတွင် ပါဝင်နေသူများမှာ---
                    ဦးစန်းသောင်း ၊ ခေတ်သစ်ပြည်သူ့ပါတီဝင်
                   ဦးဝင်းညွှန့်       ၊ ခေတ်သစ်ပြည်သူ့ပါတီဝင်
                   ဦးဝင်းဌေး      ၊  ခေတ်သစ်ပြည်သူ့ပါတီဝင် ၊ကြင်ဖော်ကျေးရွာနေထိုင်သူ
                   ကိုမြင့်ဆွေ    ၊  ခေတ်သစ်ပြည်သူ့ပါတီဝင် ၊၀ါးတောကျေးရွာနေထိုင်သူ
                    ကိုအောင်မြင့်၊  ခေတ်သစ်ပြည်သူ့ပါတီဝင် သပြေချောင်းကျးရွာနေထိုင်သူ
-       ဥတိုချောင်းဖျား၊သပြေချောင်း၊ညောင်ဝိုင်းကျေးရွာများတွင် လူဦးရေ ( 300)ခန့်
-       ချောင်းဝ၊၀ါးတော၊ကြင်ဖော်ကျေးရွာများတွင်                   လူဦးရေ ( 400)ကျော်ခန့်
 ညောင်တုန်းမြို့ပေါ်ရက်ကွက်များတွင် (21-3-2012)နေ့အထိလူဦးရေ(350)ကျော်ခန့် ဟုစုံစမ်းသိရှိရပါသည်။
 ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်ပါ ငွေချေးယူလိုသူအတွက် လျှောက်လွှာရေး
သွင်းစေခြင်းမရှိဘဲ ၄င်းတို့ဆောင်ရွက်ပေးခဟုဆိုကာ ငွေကျပ်-(5000)၊(3000)၊(2200)၊
(1500)စသည့်ဖြင့် အမျိုးမျိုးကောက်ခံသွားပြီး ရေရာသော ရန်ပုံငွေပေးမည့် အဖွဲ့အစည်းအမည်၊ဆက်သွယ်ရမည့် တာဝန်ခံရုံးနှင့်တာဝန်ခံအမည် ထုတ်ချေးပေးမည့်နေ့ တို့အား ပြောပြသွားခြင်းမရှိဘဲ စောင့်နေပါဟုသာ ပြောပြသွားခဲ့ပါသည်။
ညောင်တုန်းမြို့ ခံတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ညောင်တုန်းမြို့နယ်တွင် နိုင်ငံရေးပါတီငယ်တစ်ခု ငွေတောင်းခံမှုများပြုလုပ်နေ ညောင်တုန်းမြို့နယ်တွင်   နိုင်ငံရေးပါတီငယ်တစ်ခု ငွေတောင်းခံမှုများပြုလုပ်နေ Reviewed by သစ်ထူးလွင် on 14:10 Rating: 5
5 comments:
ေ၇ာသမမွှေ said...
တောမီးလောင် တော ကြောင်လကခမောင်းခတ် တဲ့ မြန်၂ အေ၇းယူပေးကြပါ
sekomyo said...
နိုင်ငံရေးအကြောင်းပြပြီးဖွဲ့ထားတဲ့ လူလိမ်တွေပဲ။
မသိနားမလည်တဲ့သူတွေအပေါ်မှာ အမြတ်ထုတ်ချင်တဲ့လူလိမ်တွေ။
ပုဒ်မ 420 နဲ့ မြန်မြန်ဖမ်းလိုက်ကြပါ။
amtkhunlay said...
ငါးပွက်ရာ ငါးစာချ။
မြေနိမ့်ရာ လှံစိုက်။
တောမီးလောင် တောကောင်လက်ခမောင်းခတ်။
ကမ္ဘာမီးလောင် သားကောင်ချနင်း။
တစ်ခုမှလည်း မကောင်းပါလား။ စကားပုံတွေ ပြောပါတယ်။
ခေတ်သစ်ပြည်သူ့ပါတီကတော့ ခေတ်သစ်နည်းစနစ်တွေနဲ့ ပြည်သူတွေကို နားလည်ပါးရိုက်လုပ်ပြီး နှစ်ကျပ်ကွက် နင်းသွားလေရဲ့။
ကောင်းကြသေးရဲ့လားဗျာ။
ko htat said...
ကောင်တယ်လေခံ၇တာတောင်နဲသေးတယ်
ဒီမက်လုံးတွေကိုမက်နေလို့လိမ်တဲ့သူတွေကလိမ်လို့ကောင်း
နေတာ ကိုနေတဲ့နေ၇ာကလူကြီးကောင်း၇ဖို့ကိုေ၇ွးချယ်၇မှာ
ခုကထဲကဟိုဟာပေးမယ်ဒီဟာလုပ်ပေးမယ်ဆိုပြီး ဆွယ်နေ
တော့ စဉ်းစားကြည့်ပေါ့ သူလူအများကြီးကိုဘာလုပ်ပေးနိုင်
မှာမို့လို့လဲ လုပ်ပေးနိုင်တယ်ပဲထားအုံးဒီကုန်ကျတဲ့ဟာတွေ
ကိုသူဘယ်ကနေပြန်ယူမလဲ ဒီပြည်သူတွေစီကပဲပြန်ယူကြ
မှာဘဲ သိပ်လဲမက်လုံးတွေယုံမနေကြနဲ့ခ ခုချိန်ကလူကြီးအ
ေ၇ွးမှား၇င် သခိုးဓမြထက်ဆိုးသွားမယ်
ုkyaw said...
အဲဒါကြောင့်ဒေါ်စုကအမြဲပြောတာပေါ့ စာတွေဖတ်ကြပါလေ့လာကြပါလို့ ကိုယ်တိုင်မလေ့လာပဲသူများပြောတာတွေပဲ နားထောင်တော့ သူများလိမ်သမျှခံနေရတာပေါ့ လည်ကတုံး ၀တ်လာတာနဲ့ ကိုလက်ခံနေရတာပေါ့ ဘာမှမသိထောင်ထွက်သူခိုးကအစအိကျီင်္ဖြူလည်ကတုံးဝတ်လာရင်ဆရာ ဆရာခေါ်နေရတာပေါ့
Powered by Blogger.