လက်ရှိအာဏာရပါတီကို အန်အယ်လ်ဒီ အမတ်လောင်းကန့်ကွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မြို့နယ်ကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။
မတ် ၁၀ ရက်နေ့ ညပိုင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၈ ရပ်ကွက် ထဲ ငွေချေးရာမှာ “ငါးမင်းဆွေ” ဆိုသူ ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပုတ်ခတ်တဲ့ စာတွေတွဲပြီး ပေးအပ်တဲ့အပေါ် ကန့်ကွက်ခဲ့တာလို့ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ၈ ရပ်ကွက်က  လူထုကို ငွေချေးတဲ့အခါ ဒီ ပုတ်ခတ်စာကိုပါ တွဲပြီး ဝေငှတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်စည်းကမ်းနဲ့ ငြိစွန်းတာကြောင့် ကန့်ကွက်တာလို့ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
“အန်တီတို့ ၈ ရပ်ကွက်မှာ ပြည်ခိုင်ဖြိုး ပါတီက ငွေချေးတဲ့အခါ ငွေ ၅သောင်းနဲ့အတူ ငါးမင်းဆွေရဲ့ စာကိုပါ ဖြန့်တယ်။ ဒါကို အန်တီတို့က ကန့်ကွက်တာ။ ယှဉ်ပြိုင်ဖက် ပါတီ တခုက ငါးမင်းဆွေရဲ့ အန်တီတို့ကို ပုတ်ခတ်တဲ့ စာတွေကို ဖြန့်လို့။ ပါတီကြီး တခုက အန်တီတို့ရဲ့ ပါတီနဲ့ ခေါင်းဆောင်ကို ပုတ်ခတ်တဲ့စာ ဖြန့်တာကို တရားဝင် တိုင်ကြား ကန့်ကွက်တာပါ။”
ငါးမင်းဆွေရဲ့ စာမှာ “ဒေါ်အောင်ဆန်းစုကြည်ဟာ ပိတ်ဆို့ရေးကို သူကိုယ်တိုင် လုပ်ခဲ့ပြီးတော့ ပြည် သူကို ၀န်ချ တောင်းပန်မှ အန်အယ်လ်ဒီ ပါတီကို မဲပေးသင့်၊ မပေးသင့် ပြည်သူလူထုက ဆုံးဖြတ်ပါ” လို့ ရေးထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ် အပါအ၀င် ၅ ဦးဟာ မတ် ၁၀ ရက်နေ့ နေ့လည်ခင်းက ငါးမင်းဆွေနဲ့ အတူ မရမ်းကုန်းမြို့နယ် က မြန်မာ ကွန်ဗင်းရှင် စင်တာမှာ ရှင်းလင်းပွဲတခု လုပ်ပြီး ဒေါ်အောင်ဆန်း စုကြည် ကို ဝေဖန်ပုတ်ခတ် စာတမ်းတွေ ဝေခဲ့သေးတယ်လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ နိုင်ငံရေးစာပေ ထုတ်ဝေခွင့်ပြုချက် အမှတ် မပါဘဲ အလားတူ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ စာတွေကို ကော့မှူး၊ သုံးခွမြို့နယ်တွေနဲ့ မကွေးတိုင်း အတွင်းမှာ လည်း ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ အချေအတင် ဖြစ်ခဲ့ဖူးပါတယ်။ 
ဒီဗွီဘီ
မရမ်းကုန်းမြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့်

လက်ရှိအာဏာရပါတီကို အန်အယ်လ်ဒီ အမတ်လောင်းကန့်ကွက် လက်ရှိအာဏာရပါတီကို အန်အယ်လ်ဒီ အမတ်လောင်းကန့်ကွက် Reviewed by သစ်ထူးလွင် on 06:16 Rating: 5

13 comments:

Once Myanmar said...

What a shameless activity by NGAR MIN SWE and his back-up party!!!

WE STRONGLY CONDEMN THEM.

Chit San Maung said...

ပါတီတစ်ခုရဲ့ခေါင်းဆောင်အပေါ် ထိပါးပုတ်ခတ်တဲ့စာကို
တရားဝင်ခွင့်ပြုချက်မရဘဲ ရေးသားဖြန့်ဝေတဲ့ ငါးမင်းဆွေ၊ ကြံ့ဖွံ့ပါတီများဟာ ဥပဒေချိုးဖောက်သူများဖြစ်ပါတယ်..။
ဒီလို ဥပဒေကို ဗြောင်ကျကျချိုးဖောက်ခြင်းကို အရေးမယူဘဲ ခွင့်ပြုထားရင် ရွေးကောက်ပွဲကော်မရှင်ဟာ တာဝန်မဲ့ပြီး ဂုဏ်သိက္ခာထိခိုက်နိုင်ပါတယ်..။

ရန်ရှင်းလေး said...

ငါးမင်းဆွေက အပုတ်ချ..
ကြံ့ဖွံ့ က လစာတိုးပြီး မဲဆွယ်..
သြော် မေ့လို့.. လစာတိုးပေးတာ မဟုတ်
ထောက်ပံ့ကြေး.. လစာတိုးပေးတယ်လို့ ပြောရင်
သိသာမှာစိုးလို့.. ထောက်ပံ့ကြေးဖြစ်သွားတာ..
ဟိုဘက်ရက်ကပဲ သမ္မတကြီးက ဘူးဆောင်နေပြီး..
ခုတော့ ဒေါ်စု မဲဆွယ် တရားမဟောခင် လစာတိုးတာ မဟုတ်တဲ့ ထောက်ပံ့ကြေးနဲ့ မဲဆွယ်လိုက်ပြန်ပေါ့..
ခက်တာက ရင်မခုန်တာ ခက်တာဗျ

ရန်ရှင်းလေး said...

ငါးမင်းဆွေရေ.. ခင်ဗျားကားနံပါတ် ကျွန်တော် မှတ်ထားတယ်
တည့်တည့် မတိုးမိစေနဲ့..

ရန်ရှင်းလေး said...

အရူးက အရူးလို မနေဘဲ အရူးပါးဝနေတာဗျ..
ငါးမင်းဆွေ ခင်ဗျားကားနံပါတ် ကျုပ်မှတ်ထားတယ်..
တည့်တည့် မတိုးစေနဲ့..
ကြံ့ဖွံ့တွေကလည်း ဘာဆိုင်လည်း မဲဆွယ်တာနဲ့ ငါးမင်းဆွေ
အပုတ်ချစာနဲ့ ..စာရိတ္တတွေ လူထု ပိုသိအောင် ချပြနေကြတာကိုးဗျ..
ကောင်းပါတယ်ဗျာ.. ခင်ဗျားတို့ အဲလို လုပ်လေ လူထုက ဒေါ်စုဘက် ပါလေ ကိုးဗျ... ကျေးဇူး ငါးမင်းဆွေ နဲ့ ကြံ့ဖွံ့ရေ...

kiddykid said...

ကျွန်မ က မရမ်းကုန်းမှာနေတာ..သတ္တိရှိရင် ကျွန်မအိမ်လာခဲ့ကြလေ...
ဘယ်လိုလုပ်ပြ လိုက်မလဲလို့...တကယ်ပြောတာ....မြိုသိမ့်လာရတာတွေများနေပြီ...

Show said...

စောက်ရူးစောက်ပေါတွေပေါင်းမိနေတာလေ
လူတွေကိုကကျပ်မပြည့်တဲ့ပုံတွေနဲ့
အဲဒီလိုဒေါ်စုကိုအပုပ်ချတဲ့စာတွေဝေလို့ရရင်..အောင်သိန်းလင်းကိုအပုပ်ချတဲ့စာတွေပြန်ဝေမယ်ဗျာ..ရမလား..အဖမ်းတောင်ခံရအုံးမယ်
ဒေါ်စုပြောတဲ့အတိုင်းတခြားနိုင်ငံတွေကလုပ်တယ်ဆိုရင်..
ခင်ဗျားတို့ပြောကြည့်ပါလား..သူတို့လိုက်လုပ်မယ်ထင်လား..ဝေးသေး
မနှိုင်းပါနဲ့ဗျာ.လူဆိုတာသူ့အဆင့်နဲ့သူနေရတယ်ဗျ
ငါးမင်းဆွေဆိုတာလမ်းဘေးကကောင်ပါ
သူများကျွှေးတာစားပြီးခိုင်းတာလုပ်နေရတာသနားစရာပဲ
အရင်တုန်းကလဲသတင်းစာတွေကနေဖော်လံဖားတွေရေးတယ်
ခုလဲဆက်မိုက်နေပြန်ပြီ
မြန်မာနိုင်ငံမှာထမင်းတနပ်ကိုဘယ်လိုရှာစားစားရတယ်
ပြည်သူတွေဝိုင်းဆဲတာကိုခံပြီးမှထမင်းမစားချင်ပါနဲ့
ခင်ဗျားဆီမှာသားသမီးတွေရှိရင်.သူတို့တွေပတ်ဝန်းကျင်မှာဘယ်လောက်
မျက်နှာငယ်မလဲဆိုတာတွေးကြည့်လိုက်အုံး ခွေးသူတောင်းစားရဲ့

Anonymous said...

လုပ်ကြပါအုံးဗျာ တောင်ငူမြို့မှာ ခရိုင်ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ကြံ့ခိုင်ရေးပါတီ
စည်းရုံးရေးမှာ လိုက်လံဆောင်ရွက်ပေးနေတယ်ဗျ..ကောင်းကြသေးရဲ့လား

ရာရာ said...

ရွံရှာစက်ဆုတ်စရာကောင်းလိုက်တဲ့ ဖွတ်ကြီးတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု လုပ်နေပြီး နိုင်ငံရေးသိက္ခာ ဆိုတဲ့ ဝေါဟာရကို ကြားရော ကြားဖူးပါလေစ..။

Myanmar said...

ဘာဒီမိုကေ၇စီလဲ လူတစ်ယောက်ကို ဒီလို လက်လွတ်စပယ် စော်ကားလို့၇လောက်အောင် မြန်မာနိုင်ငံပွင့်လင်းနေလို့လား။ ကြံ့ဖွတ် ပါတီ အလကား။ ကျက်သတုန်းပါတီ။ သိက္ခာမ၇ှိတဲ့ပါတီ။ တာဝန်မခံတတ်တဲ့ပါတီ။ အခွင့်ေ၇းသမားသက်သက်ပါတီ။ လူထုကို စိတ်ဓာတ်ပျက်ပြားအောင် ခြောက်လိုက် ချော့လိုက် အချဉ်ဖမ်းနေတဲ့ပါတီ။

ဘုတလင်သားလေး said...

ကြံ့ဖွတ်ပါတီဝင်တွေအကုန်လုံးကို ထမိန်ပြောင်းဝတ်ခိုင်းမည် ဥာဏ်နီဥာဏ်နက်များတယ်

iban said...

ဗ/ ၈၃၆၆
ဗ/ ၈၃၆၆
ဗ/ ၈၃၆၆
ဗ/ ၈၃၆၆
ဗ/ ၈၃၆၆
ဗ/ ၈၃၆၆

မောင်မောင် said...

ငါးမင်းဆွေ စောက်ရူး..စောက်ရူးလို.ခေါ်၇င်လည်းမာန်တက်အုံးမယ်..

Powered by Blogger.