မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားနိုင်ငံတို့ကြား အငြင်းပွားနေတဲ့ရေပိုင်နက်
ပြသနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်
ပြင်ရေပိုင်နက် ခုံရုံးက မတ်လ (၁၄) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပြီ
ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံက စီးပွားရေးဇုန် ရေပြင် ပိုက်နက် မိုင် (၂၀၀) အပြည့်
ခံစား ပိုင်ခွင့်ရှိစေပြီး ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက်
ဘင်္ဂလားဒေ့ရှ် ဖက်က အသုံးပြု နိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ချက်
ချခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွက် အောင်မြင်မှု
တခု ဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက် အင်မတန် နစ်နာ ဆုံးရှုံး မှု
ဖြစ်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီ အခြေအနေ အပြည်အစုံ ကိုတော့
မသင်းသီရိ က ဆက် ပြောပြပေးမှာပါ၊
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နှစ်ပေါင်း (၃၈) နှစ်ကျော် အငြင်းပွားနေတဲ့ နှစ် နိုင်ငံ ရေပိုင်နက် ပြသနာ ကို မတ်လ (၁၄) ရက်နေ့က ဂျာမဏီ နိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးက အဆုံးသတ် လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တာပါ။ နှစ်နိုင်ငံ အငြင်းပွား နေတဲ့ ရေပြင်ပိုင်နက် နယ်နမိတ်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်က ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ကျော်ပြီး ခံစားခွင့် ရှိတဲ့အကြောင်း နိုင်ငံတကာပင်လယ်ပြင်ရေပိုင်နက် ခုံရုံးက ဥက္ကဌ ဂျိုဆေး လူးဝစ်ဂျီးဆပ်စ် က အမိန့်ချပါတယ်။
“နိုင်ငံတကာ ပင်လယ်ရေပြင် ပိုက်နက် ဆိုင်ရာ ခုံရုံးအနေနဲ့ အချက်အလက်တွေကို လေ့လာ သုံးသပ်ပြီး ဆုံးဖြတ်ချက် ချလိုက်တာက နှစ်နိုင်ငံခြား ပြင်ဆင် သက်မှတ်တဲ့ ရေပြင် နယ်နမိတ် ပိုက်နက် မျဉ်းကြောင်းဟာ စီးပွားရေး ဇုံ ရေပိုက်နက် နယ်နမိတ် အရ ရော ကမ်းလွန်ရေတိမ်ပိုင်း နဲ့ ပတ်သက်တဲ့ ဆိုင်ရာ နဲ့ပါ ပင်လယ် ရေပြင် မိုင် (၂၀၀) အတွင်း ရှိရမယ် ဆိုတာနဲ့ အပိုဒ် (၃၃၇) က နေ (၃၄၂) အရ ဘင်္ဂလားဒေ့ရှ်ဘက်က ရေပြင် မိုင် (၂၀၀) ကျော်ပြီး နောက် တတိယ နိုင်ငံရဲ့ ရေပြင် ပိုက်နက် နယ်နမိတ်နဲ့ ထိတွေ့တဲ့ အထိ ရပိုင်ခွင့် ရှိတယ် ဆိုတာပါဘဲ။”
ဒီဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်ဆိုင်တယ် ဆိုတဲ့ နေရာတွေ တော်တော် များများ ရသွားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ (၁၉၇၄) ခုနှစ် က နှစ်ဘက် သဘောတူ စာချွန်လွှာဟာ အခိုင်အမာ ဖြစ်တယ်ဆိုပြီး အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ သူတို့ ပိုင်တဲ့ရေပိုင်နက် လို့ လက်ခံထားပြီးမှ မြန်မာတို့ ဖက်က သူ့တိုပိုင်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုနေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က တရားရုံးမှာ လျှောက်လဲတင် ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေ့ချုပ် ဦးထွန်းရှင်ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မချခင် တရားရုံးမှာ အခုလို နောက်ဆုံး လျှောက်လဲချက် ပေးခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေချုပ် ဦးထွန်းရှင်က နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးမှာ မြန်မာနိုင်ငံဖက်က ပိုင်ဆိုင်မှု နယ်နမိတ်တွေကို လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ နိုင်ငံခြားရေးဌာန ၀န်ကြီး ဒီပြွန်မူနီ (Dipu Monti) ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ အခုလိုပြောပါတယ်။
“ကျမတို့ သိပ် ပျော်သွားတာပေါ့ရှင်။ အရမ်းလည်း ဝမ်းသာမိပါတယ်။ အမှု စီရင်ချက် ချမှတ်တာကို ကျမတို့ လက်ခံရရှိပါတယ်။ ဒါဟာ တရားမျှတမှု ရှိတဲ့ အဖြေ တစ်ခုပါဘဲ။ ဒါကိုလည်း ကျမတို့ က လိုလား နေကြ တာပါ။ အိမ်နီးချင်း နှစ် နိုင်ငံလုံး အတွက် အရေးကြီးတဲ့ စီရင်ချက်ပါဘဲ။ ကျမတို့ နှစ် နိုင်ငံကြားမှာ ဖြစ်နေ ခဲ့တဲ့ ပင်လယ် ရေကြောင်း အငြင်းပွားမှု ဆိုတာကို အတိတ်မှာ ချန်ထားခဲ့လို့ ရပါပြီ ရှင်။ ”
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဌာန ၀န်ကြီး ဒီပြွန်မူနီ (Dipu Monti) ပါရှင်။
အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ကမ်းလွန်သဘာဝ ဓါတ်ငွေတွေ ထွက်လာ ပြီးတဲ့နောက် သူပိုင် ကိုယ်ပိုင် တယ်လို့ အငြင်းပွားခဲ့တာ ဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ နှစ် နိုင်ငံကြား အခြေအနေ အတော် တင်းမာ ခဲ့ပြီး နောက် အခုလို နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးကို အမှု ရောက် လာတာဖြစ်ပါတယ်။ ဒီအမှု ကို (၂၀၁၁) ခုနှစ် စက်တင်ဘာမှာ စတင် စစ်ဆေးတာ နေတာဖြစ်ပါတယ်။ အခု တရားရုံးရဲ့ ဆုံးဖြတ်ချက် ဟာ နောက်ဆုံး အဆင့် ဖြစ်တာမို့ မြန်မာနိုင်ငံဘက် က ဘာမှ ထပ် လုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။ ဒီအဖြေ ဟာ ဘင်္ဂလားဒေ့ရှ် အတွက် အောင်မြင်မှု တခုဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အင်မတန် နစ်နာမှုကြီး ဖြစ်တယ်လို့ အခု ပြသနာ ဖြစ်တဲ့ နေရာမှာ ကိုးနှစ် ကျော်ကြာ တာဝန် ထမ်းဆောင် ခဲ့ဘူးတဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ပါတယ်၊
“မနက် က ကြားလိုက်ရကတည်း က အင်မတန် ကျနော် ယူကြုံးမရဖြစ်တယ်။ စိတ်မကောင်းဘူးဗျာ။ ကျနော့် သဘောထားကတော့ အများကြီး ဆုံးရှုံးတာပေါ့ဗျာ။ ဒီ နတ်မြစ်ဝ နဲ့က အပေါက်ဝ စိန့်မာတင် ကျွန်း အထိ တိုင်းထားတဲ့ ဥစ္စာဟာ ကျနော် တို့ ရေနက် ကြောင်း သာရာ Deep Water Channel လို့ ခေါ်တဲ့ ဟာ အပေါ် မှာ သဘောတူပြီးတော့ စာချုပ် ချုပ်ခဲ့တယ် လို့ ကျနော် နားလည်တယ်။ အဲဒီ အပေါ်မှာ မူတည် ပြီးတော့ က တိုင်းထွာလိုက်တဲ့ သွားမယ် ဆိုရင် ရေကြောင်းသာရာ Deep Water Channel ဟာ စိန့်မာတင် ကျွန်း ဘေးနား ကနေ ကပ်ပြီးတော့မှ နတ်မြစ် အပေါက်ထဲကို ဝင်တာပါခင်ဗျာ။ အဲဒီတော့ အခု ဒီဟာ ဒီရေနက် ကြောင်း သာရာ ဆိုတဲ့ သဘော မဟုတ်တော့ဘဲနဲ့ Equal distance ဆိုတဲ့ နှစ်ဖက် ကျနော် တို့ ဒီ ကမ်းရိုး တန်း က နေ ညီမျှတဲ့ အတိုင်း အတာ လုပ်လိုက်တဲ့ အခါကျတော့ သူတို့ ဘက် က ခုံးခုံး ကြီး ဆိုတဲ့ အခါ ကျတော့ မိုင် (၂၀၀) ပတ်လည် Exclusive Economic Zone တွေ ဘာတွေ လုပ်လိုက်တဲ့ အခါကျတော့ ဟာ ဒီမြေကြီးတွေ ပါသွားမှာပေါ့။”
ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။
“ကျနော် က အားနည်း တယ် လို့ ထင်တယ်။ နောက် တစ်ခုက အဝန်းအဝိုင်းလည်း လိုတယ် ခင်ဗျ။ ဒီလို ကိစ္စမျိုး ဆိုတာက ကိုယ်နဲ့ ချစ်ခင် ရင်းနှီးပြီး ကိုယ်ဘက်ကို ဆောင်ရွက် နိုင်အောင် လုပ်နိုင်တဲ့ Lobbying ပေါ့ဗျာ။ အဲဒါတွေလည်း တော်တော် အားနည်းပုံရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဘက်က ဒီ ကျနော်တို့ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းလေး အားနည်းသလားဗျာ။ အဲဒီလိုလည်း ကျနော် တွက်တာဘဲ။ နတ်မြစ်ဝ ထိပ်မှာ ကျနော်တို့ ခေါင်းတုံး၊ ခေါင်းတုံး ဆိုတာက သူတို့က ဂွန်းတွန်း ခေါ်တာပေါ့၊ ကျနော်တို့ က တော့ ခေါင်းတုံး ခေါ်တာပေါ့၊ အဲဒီမှာ ကျနော်တို့ ကျီးကျွန်းတွေ ရှိသေးတယ် ခင်ဗျ။ အဲဒါတွေကလည်း တော်ကြာ ကျတော့ ဆက်ပြီးတော့ စကားများ လာရင် ကျနော်တို့ ကျီးကျွန်းတွေက ဒုက္ခသုက္ခများ ပေး မလား အဲဒီ လို ကျနော် ဆက်ပြီးတော့ စိုးရိမ် ပူပန်တယ် ခင်ဗျ။ ”
ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးပါရှင်။ နိုင်ငံတကာ ပင်လယ်ပြင် ဆိုင်ရာ စာချုပ်ကို ဘဂ်လားဒေ့ရှ် ဟာ ၂၀၀၁ ခုနှစ်က လက်မှတ် ထိုးတာာဖြစ်ပြီး မြန်မာကတော့ ၁၉၉၆ မေလ ကတည်းက လက်မှတ် ထိုးထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ နဲ့ ပြဿနာဟာ အဆုံးသတ် စီရင်ချက် ချပြီးပြီ ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံ နဲ့ အငြင်းပွားနေတာကို ဆက်ပြီး ဖြေရှင်းရအုံးမှာ ဖြစ်ပါတယ်။
VOA

မြန်မာအဖွဲ့အားနည်းမှုကြောင့် ရေပိုင်နက်အငြင်းပွားမှုရှုံးခဲ့ရဟု ကနဦးပါခဲ့ဝင်သူသုံးသပ်
Reviewed by သစ်ထူးလွင်
on
05:06
Rating:
14 comments:
မြန်မာဖက်ကလည်း Attorney General ပဲလေ။ မစ်နစ်စထရီယယ် လယ်ဗယ်ပဲ။ ခုကိစ္စ ရှုံးတာ မဟုတ်မှန်း သိသာထင်ရှားနေပါပီ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံကို ကြားကောင်းအောင်နိုင်တယ် လို့ ပြောတယ် ဆိုတာ ထင်ရှားနေပါပီ
I think this is not fair for myanmar .can we complain again ?please do something ရှေနေ့ချုပ် ဦးထွန်းရှင် .
I like to share the view by James Harrison
http://internationallawobserver.eu/2012/03/15/judgment-in-bangladesh-myanmar-maritime-boundary-dispute/
နိုင်တယ်ပြောပြော ရှုံးတယ်ပြောပြော ငါတို့ကေတော့ ပိုရချင်တာပဲဟေ့. အစိုးရစီက ရှင်းလင်းချက်သိချင်ပါတယ်. ရခိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ မေးကြပါဦးဟ
ရှုံးတာနိုင်တာစိတ်မ၀င်စားဘူး ငါတို့ ပိုင်ရမယ့် အပိုင်း ငါတို့ ပိုင်ရမယ် ၊ တတ်နိုင်ရင် နယ်မြေ ပို အသာရနေရမယ် ငါတို့ နောင်မျိုးဆက်တွေအတွက်၊ တို့ ပိုင် မြေ ရေ ကျွန်း တစ်လက်မလောက်မှ သူများကို မပေးချင်ဘူး၊ သူများမြေတွေကိုယ်ရရင်သာကိုယ်ယူမယ် ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဒါတရားတယ်၊ ဒီဘကုန်းတွေကို နောက်ဆုတ်သွားအောင် တိုက်ကွာ
ပြည်သူပဲနှိပ်စက်တိုင်းတပါးနဲ့တွေရင်ရှံးပြီ။
ဒီနေ့ထုတ် သတင်းစာများမှာ ပါရှိပါတယ်.. ဖတ်ကြည့်ကြပါ.. ပြီးမှ ဝေဖန်ပါ..
ဗွီအိုအေ ခင်ဗျား
ဆုံးဖြတ်ချက် စာတမ်းကို သေချာလေး ပြန်ဖတ်ပါဦး၊
နှစ်ပေါင်း ကာလ ကြာရှည် လိပ်ခဲတင်လင်း ဖြစ်နေတဲ့ နယ်နမိတ် ပြသနာကြီး ကို ပြေလည် အောင် ဆောင်ရွက် ပေးနိုင်ခဲ့တာပါ။
လွတ်လပ်ရေး နဲ့ အတူ ပါလာတဲ့ ပြသနာပါ။
သတင်းဌာန တစ်ခု အနေနဲ့ အစိုးရကို အပုတ်ချခြင်တာနဲ့ စွတ်ပြီး ဒီလို မျိုး ပြောဆိုနေတဲ့ လေတွေ လျော့သင့်ပါပြီ။
ကျွန်တော်တို့ အမြင်က တော Win Win ပါဘဲ။
နှစ်ဘက်လုံးကတောင်းဆိုတာကို ကြားချ ပေးလိုက်တာပါ။
ဒါပေမဲ့ မြန်မာ အနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ရေနံ လုပ်ကွက် တွေ မထိခိုက်ပါဘူး၊
St. Martin လို့ ခေါ် တဲ့ ရှင်မဖြူကျွန်း က မြန်မာတွေ အနေဲ့ မဟာဗန်ဒုလ ဘဲ မြန်မာ အလံစိုက်ခဲ့ဘူးတာပါ။ အဲဒီလို ပြောကြကြေး ဆိုရင် အာသံ မဏိပူရ က ကော မြန်မာပိုင် လို့ ပြောလို့ မရဘူးလား
နောက်ဆုံး မှ လက်လွှတ်ခဲ့ ရတဲ့ ဟုတွေလေ၊
ထိုနည်းတူ ထိုင်း ကိုကော မြန်မာပိုင် လို့ ပြောလို့ မရဘူးလား
သတင်း ဌာန မှာ လုပ်ပြီး ကိုယ့်သတင်းကို ကို တာဝန် ယူသင့်ပါတယ်
Dear “My Son” you should not say the side of Bamar and you should see the view of Rakhine .This area is not belong Bamar but belong Union of Myanmar also Rakhine.
Ok, we should not debate and criticize each other on network. We should give good suggestion to native Rakhine.I am a Myanmar but I was serving in Rakhine state some extend of year. So I know some of Rakhine History. Sittagaung, PanWar and Shin Ma Phyu Kyun were Rakhine area and even Detkar was the emperor of King Min Bar Gyi, called Darr Kar. But all were lost. So I like to suggest Rakhine community, you have to object the decision of ITLOS and you must submit the objection letter through Rakhine regional Hluttaw to Pyi Taung Su Hluttaw. If you will miss to do like this, you area will smaller and smaller. On the other hand Bingarlee people have been spreading you whole state. In later you cannot save you nationality, believe and religious like once “Par Shar” now called “Issalammsit Iran”. Even now you cannot protect you nationality, believe and religious in Butheedaung, Maungdaw and Kyauk Phyu. At the time of implementation of Pinlone Federal Policy, all of global community will ask you “Where are Arrken or Rakhine?”
စစ်ရေးအရတိုက်သင့်ရင် တိုက်ရမယ်။ ဒီသောက်ကုလားတွေ လူပါးဝတာ သိသာတယ်။ လုံးဝကိုမကြေနပ်ဘူး။
ဒါက ရှုံးတယ်လို့ပြောလို့မရဘူးဗျ။ ကိုယ့်ဆီကကမ်းလွန်လုပ်ကွက်တွေကိုထိမှမထိတာ။ ကိုယ့်ဆီကပိုတောင်းထားတာလဲဖြစ်နိုင်တယ်လေ။ ကုလားတွေတောင်းတဲ့အတိုင်းပေးလိုက်တာမှမဟုတ်တာ။
Burma: Let's Stand Up Together For Our Motherland
Divided we lost. Burmese are deeply saddened to learn the decision over the maritime dispute between Burma and Bangladesh and we must object this verdict. After reading the statement, Burmese do not believe that it is a fair decision.
Above all, Burmese are totally upset to learn that the decision cannot be appealed and so it is a sham. Time for all political and ethnics leaders of Burma to unite against such unfair decision for the mother land regardless of the political stand or beliefs.
All the Burmese must mobilize our public outcry before too late so as to reject Court's ruling. It would be much stronger if leaders like U Tin Oo, U Win Tin, Daw Aung San Suu Kyi, Ko Min Ko Naing, Ko Ko Gyi, U Khun Htun Oo, and ethnic leaders join in showing solidarity and support.
Burma lost sea territory since the nation is so divided due to the rubbish military regime ruling the country combining with sanction which deter Burma not possible to hire international law firms, which deter Burma foreign minister to travel Germany attending court and no information and awareness whatsoever in
Burma regarding the matter.
With reference to the HISTORY, in 1800s, the beginning of the problem was because of British who unlawfully and illegally hoisting her flag on the St. Martin's island (in Burmese Shin-Ma-Phyu Island) which is Burma's territory. By taking advantage of advance in weapons, British provoked Burmese into the war.
Burmese King responded by sending the troops to destroy the invading illegal British troops. But, cunning British invaders evaded escaping the attack. With the help of Bengali and Indian mercenaries, culprit invading British navy attacked Rangoon.
British troops stationed at the Burmese Buddhist's holy land, Shwe-Da-Gon Pagoda, as the fortress. In short, in 1824 Burma lost first Anglo-Burmese war. British annexed the St. Martin's island into British territory which is British India, Bengal. Before 1824 in reality -- Assam, Chittagong, Manipur, Kachar, and St. Martin islands are all belonged to Burma.
In past recent years, we are very upset to learn co-military exercise between USA and Bangladesh navies after the stand-off between Burma and Bangladesh regarding the dispute over sea territory.
Burmese would like to send the message to the USA Government that even though we don't agree with military government but it doesn't mean that we will stand still and do nothing in regard to external threats. We will fight against them. USA navy should stay away from Burma and Bangladesh sea dispute.
ဒီနေရမှာပြောချင်တာက အစိုးရရဲ့ protocolမှာ ပြည်ထောင်စုရှေ့နေချုပ် ဟာ ၀န်ကြီးအဆင့်ဖြစ်တယ် ဆိုတာကို ပထမဆုံးသိထားဘို့လိုတယ် ၊ နောက်တစ်ခုကဥပဒေတွေကိုနားလည်တဲ့ပညာရှင် ၀န်ကြီးအဆင့်ရှိသူ ပြည်ထောင်စုရှေ့နေချုပ်ကို ရွေးချယ်တာဝန်ပေးတာဟာ မှန်ကန်တဲ့လူရွေးချယ်မှုဖြစ် တယ်ဆိုတာ ပါဘဲ ၊မြန်မာနိုင်ငံဘက်က နှုတ်ထွက်လျှောက်လဲချက်များ တင်သွင်းသူအဖြစ် လိုက်ပါဆောင်ရွက်တဲ့ အမေရိကန်ပြည်ထောင်စု မီယာမီတက္ကသိုလ်မှ ပါမောက္ခ ဘားနပ်အော့စမန်ဟာ ဒီလိုပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှုတွေမှာကမ္ဘာကျော်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိထားမှဖြစ်မယ်( ဒေါက်တာဆိတ်ဖွား)
http://www.doctorsatephwar.blogspot.com/2012/03/blog-post_15.html
ကျနော် အဓိက ပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှ ပေးရတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ဆက်လက် ဆွေးနွေးပါမယ်။
ကျနော် ပထမဦးဆုံး တင်ပြတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူက သပ်သပ်တစ်ကျွန်းဆီဆိုတဲ့ အယူအဆ အရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာ မပိုင်ခဲ့ဘူး၊ တလျောက်လုံးလည်း မြန်မာ ပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့တာဆိုတာကို ကျနော်အနေနဲ့ မငြင်းပါ။ ပဒေသရာဇ်ခေတ်တစ်လျောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အင်အားကြီးတဲ့ အချိန်တွေ မှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ သြာဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။
မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ်ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့တာ မဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာ ချဲ့ထွင်ရင်းနဲ့ သိမ်းခဲ့တဲ့ နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော် ဘဝက သိမ်းပိုက်ခဲ့တဲ့ နေရာတွေတိုင်းသာ ခုမပိုင်တော့လို့ အငြင်းပွားကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊မဏိပူ၊ ဇင်းမယ်၊အယုဒယ စတဲ့ အဆက်ဆက် နယ်ချဲ့သိမ်းပိုက်ခဲ့ဖူးတဲ့ နေရာတွေအားလုံးအတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့လက်လွှတ်လိုက်ရပါတယ် ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကို ပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်၊ ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစား စေချင်တယ်။
တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။
ငြိမ်းချပ်းအေး
၁၇၊ မတ်၊ ၂၀၁၂
http://moemaka.blogspot.com/2012/03/article-by-nyein-chan-aye.html#more
Post a Comment