မဲဆွယ်မိန့်ခွန်း အင်တာနက်ပေါ် ပြန့်နေမှု အန်အယ်လ်ဒီ ငြင်းဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီမဲဆွယ် စည်းရုံးရေး အတွက် နေပြည်တော် မြန်မာ့အသံမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဟာ မြန်မာ့အသံကနေ မလွှင့်ခင် အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။

မတ်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ခုလို ပြင်ပကို မိန့်ခွန်း ကြိုတင် ပေါက်ကြားနေမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မသက်ဆိုင်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“ကျနော်သိတာက ၁၂ ရက်နေ့က နေပြည်တော်ကို သွားပြီး သူတို့ မြန်မာအသံက ကြိုတင်ပြီးတော့ အသံသွင်းတယ်လို့ ပြောတယ်။ အဖွဲ့ချုပ်မှာ လုပ်တာလည်း မဟုတ်ဘူး။ မြန်မာ့အသံမှာ လုပ်တာ ဖြစ်တယ်။ အဲဒါ မနက်ဖြန်ခါမှာ လွှင့်မှာ။ ဒီနေ့ ကြိုထွက်တယ် ဆိုတော့ မြန်မာ့အသံကိုပဲ မေးဖို့ ပိုကောင်းလိမ့်မယ်။” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းက မတ်လ ၁၂ ရက် နေ့က နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာန တပ်ကုန်းမှာရှိတဲ့  မြန်မာအသံ စတူဒီယိုမှာ သွားရောက် ရိုက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို မတ်လ ၁၄ ရက် နေ့မှာ မြန်မာအသံက ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတာဖြစ်ပေမယ့် မတ်လ ၁၃ ရက်နေ့ကတည်းက တရက်ကြိုတင်ပြီး အင်တာနက်ပေါ်မှာ ပြန်နှံ့နေတာပါ။ 
ဒီဗွီဘီ
မဲဆွယ်မိန့်ခွန်း အင်တာနက်ပေါ် ပြန့်နေမှု အန်အယ်လ်ဒီ ငြင်းဆို မဲဆွယ်မိန့်ခွန်း အင်တာနက်ပေါ် ပြန့်နေမှု အန်အယ်လ်ဒီ ငြင်းဆို Reviewed by သစ်ထူးလွင် on 06:11 Rating: 5

17 comments:

မျှော်ရဇ် said...

ဘာမှ မဖြစ်ပါဘူး ဦးအုန်းကြိုင် အမေစုကို ချစ်လိုတင်ကြတာပါ။ ပြီးတော့ ပြည်ပရောက်မြန်မာတွေအတွက် ဒီလိုလေး ကြိုပွိုင့်တင်ထာမှ လက်ဆင်ကမ်းလိုရမှာလေ အချစ်တွေရောအောင်မလုပ်ပါနဲ :P

Tri Asian Taste said...

ဒို့တော့ တိဘူး ရှာဖတ်....

Soe Moe Aung said...

ဒီကိစ္စ ကိုတော့သိပ်သဘောမကျဘူးဗျာ။မြန်မာ့အသံမှာတာဝန်ရှိတာတော့မှန်ပါတယ်။ဒါပေမဲ့ဒီလိုအချိန်မျိုးမှာနည်းနည်းလောက်တော့သည်းခံလိုက်ဖို့ကောင်းတယ်ထင်တာပဲ။ပြီးတော့ ပေါက်ကြားတဲ့သတင်းကလည်း လျို့ဝှက်အစည်းအဝေးလည်းမဟုတ်ဘူးလေ။တင်တဲ့လူလည်းမှားတာဟုတ်ပါတယ်။ဒါပေမဲ့ဗျာ "သေးအမွှားကို အလေးမထားစေချင်ဘူး".အများအမြင်မှာ "စွာလိုက်တာ" ဆိုတာမျိုးဖြစ်သွားမှာစိုးလို့ပါဗျာ

nyotoo said...

မြန်မာ့အသံမှာ တာဝန်ရှိတယ်ဆိုရင်တောင် အခုလိုကြိုသိတဲ့အတွက် ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

Anonymous said...

The Speech is Very Interestable & Valuable ! ! !

khaingkhaing said...

ကြိုတင်ပြီးသိတော့ ဘာဖြစ်လဲကွာ

x-man said...

ဒါက အရေးမကြီးပါဘူး။ ပိုတောင်ကောင်းသေးတယ်။ ပိုပြီးပျံ့နှံ့တာပေါ့။ ဘယ်သူမှ ရုပ်မြင်သံကြားကို စောင့်မကြည့်ဘူး။ တင်တဲ့သူကလည်း အပြုသဘောနဲ့တင်တယ်လို့ ထင်ပါတယ်။ မြန်မာ့အသံဘက်က ပေါက်ကြားဖို့ ဖြစ်နိုင်ချေ များတယ်လို့ ထင်ပါတယ်။ အဲလိုလူမျိုးတွေရှိတော့ NLD အတွက် ပိုကောင်းပါတယ်။ ဒါပေမဲ့ နေရာတိုင်း ထစ်ကနဲဆို တိုင်တာ ကန့်ကွက်တာတွေ လုပ်တာတော့ သိပ်သဘောမကျဘူး။ အခြေနေကို ကြည့်ပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်။ သူ့အတွက် လုပ်တာလား၊ ကိုယ့်အတွက် လုပ်ပေးနေတာလားဆိုတာ ထည့်တွက်သင့်ပါတယ်။

x-man said...

ဒါက အရေးမကြီးပါဘူး။ ပိုတောင်ကောင်းသေးတယ်။ ပိုပြီးပျံ့နှံ့တာပေါ့။ ဘယ်သူမှ ရုပ်မြင်သံကြားကို စောင့်မကြည့်ဘူး။ တင်တဲ့သူကလည်း အပြုသဘောနဲ့တင်တယ်လို့ ထင်ပါတယ်။ မြန်မာ့အသံဘက်က ပေါက်ကြားဖို့ ဖြစ်နိုင်ချေ များတယ်လို့ ထင်ပါတယ်။ အဲလိုလူမျိုးတွေရှိတော့ NLD အတွက် ပိုကောင်းပါတယ်။ ဒါပေမဲ့ နေရာတိုင်း ထစ်ကနဲဆို တိုင်တာ ကန့်ကွက်တာတွေ လုပ်တာတော့ သိပ်သဘောမကျဘူး။ အခြေနေကို ကြည့်ပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်။ သူ့အတွက် လုပ်တာလား၊ ကိုယ့်အတွက် လုပ်ပေးနေတာလားဆိုတာ ထည့်တွက်သင့်ပါတယ်။

minmin said...

နည်းနည်းလေး ပြည်တွင်းမှာ ထူးခြားတော့မယ်ဆိုရင် internet connection ကသုံးမရအောင်နှေးကွေးလွန်းတာကြောင့် အခုလိုကြိုသိရတော့ ကောင်းပါတယ်။ အခုဘဲကြည့်လေ ဧပြီလ ရွေးကောက်ပွဲအကြို email က ဘာဖြစ်လို့၊ ဘယ်ရေအောက်ကြိုးက ပြတ်လို့ဆိုတာတွေ ကြားရအုံးမယ်။
media ရယ် ရှင်းရှင်းလင်းလင်းကြီး လွှတ်လပ်ခွင့်ပေးပါလို့။

tharzaw said...

ဘယ်လိုပြောရမလဲမသိဘူး။
ဒါပေမယ့် Download ဆွဲပြီး ကြည့်ရှုနားထောင်ရတာတော့
ဝမ်းသာမိတယ်။ ၁၄ ရက်နေ့ကတော့ အင်တာနက်မသုံးနိုင်တဲ့
နယ်သူနယ်သားတွေအတွက်ပဲ ဖြစ်သွားတော့တာပေါ့။

purewhite said...

အမှန်အတိုင်းပြောရရင် လူတွေကမြန်မာ့အသံတွေဘာတွေက မိန့်ခွန်းတွေကို အချိန်ပေးပြီးနားမထောင်ကြပါဘူး၊ အမေစုမိန့်ခွန်းကိုလည်း နားထောင်ချင်ပေမယ့် မြန်မာ့အသံကလွှင့်မှာဆိုရင် သိပ်အာရုံရှိကြမှာမဟုတ်ဘူး ဒါကြောင့်အမေစုကိုချစ်လို့တင်ပေးတာနေမှာပါ။
အကောင်းမြင်စိတ်ကလေးနဲ့ပဲ အပြီးသတ်လိုက်ပါ။

lwannaymie said...

ဒါကိုအပြစ်မမြင်သင့်ပါဘူး။... ပြည်သူချစ်တဲ့အမေစုဘဲဟာ၊...စစ်ပစ္စည်းဝယ်တာမှမဟုတ်တာ။

ထွန်းထွန်း မြန်မာပြည်သား said...

အားလုံးကတော့ တသမတ်ထဲ တသားထဲ ဖြစ်နေပါတယ် “အဲဒီလို ကန့် ကွက်နေမဲ့အစား ရှေ့ခရီးဆက်တာဟာ ပို့ ကောင်းမယ်ထင်ပါတယ် အချိန်ကနီးကပ်လာနေပါပြီ အောင်မြင်တဲ့ ပန်းတိုင်ကို အနှောင့်အယှက်မရှိ သွားချင်ပါတယ် နိုင်ငံရပ်ခြားရောက်နေတဲ့ ကျွန်တော်တို့ က အင်တာနက်ကနေ အမေ ရဲ့ အသံ အမေရဲ့ ပုံရိပ်တွေကို ကြည့်ပြီးအင် အားတွေဖြည့်နေကြတာပါဆိုရင်ကန့် ကွက်သူ ဘာပြောချင်ပါသလဲ....

myan pyae thu said...

I do think NLD is doing their job to avoid unnecessary problem before vote.

kyawkyawoo said...

may i want to say pls use your mine , for nld

ppw said...

အဲ့ဒါများ big big deal လုပ်လို့။ နောက်လဲ ပျံ့မဲ့အတူတူ စောစောပျံ့တော့ စောစောနားထောင်ရတာပေါ့။ စောစောတင်ပေးတဲ့ သူကို တောင်ကျေးဇူးတင်သင့်တယ်။ တစ်ရက်စောတော့ တစ်ရက် ကမ္ဘာက ပိုသိတာပေါ့။

အမြင်သစ် said...

NLD ကို အထင်မလွဲစေချင်ပါ။ အနာဂါတ်မှာတိုင်းပြည်ရဲ့ခေါင်း
ဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ်လို့အားလုံးကမျှော်လင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တစ်နိုင်ငံလုံးကို ဟောပြောတဲ့
မိန့်ခွန်းဟာ တီဗီ ကနေ ခန့်ခန့်ညားညား ထုတ်လွှင့်ပြသပြီးမှ ဒီလိုပျံ့နှံ့နေတယ်ဆိုတာမျိုးကပိုပြီးသဘာဝကျပါတယ်။သမ္မတ ကြီးဦးသိန်းစိန်ရဲ့ မိန့်ခွန်းလိုပေါ့ဗျာ။ ဦးသိန်းစိန်ရဲ့မိန့်ခွန်းသာ ဒီလိုတီဗီကနေမထုတ်လွှင့်ခင်ပျံ့နှံ့နေမယ်ဆိုရင် ပြည်သူတွေအတွက်ပေါ့ပျက်ပျက်ဖြစ်သွားတော့တာပေါ့။ ဒေါ်စုဆိုတာ ပြည်သူတွေကနောင်တချိန်မှာ ဦးသိန်စိန်ထက်တောင် လေးစားရမဲ့ သူလေဗျာ။ ဒီသဘောပါဘဲ....ရိုးရိုးလေးတွေးမယ်ဆိုရင်တော့
ဘာဖြစ်လဲဗျာ .နောက်လည်းသိရမှာဘဲ .စောစောသိရတော့
ပိုတောင်ကောင်းသေးတယ် ဒါလေးများရေးကြီးခွင်ကျယ်လုပ်
လို့ဆိုပီးတော့ တွေးလို့ရပါတယ်။ ဒါပေမယ့် အထက်မှာကျွန်
တော်ပြောခဲ့သလိုပေါ့ဗျာ။တိုင်းပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်
တစ်ယောက်ရဲ့မိန့်ခွန်းကို ဒီလိုမလုပ်သင့်ဘူးဆိုတဲ့အနေနဲ့
အန်အယ်ဒီက ကျောင်းမှန်းကန်မှန်းသိအောင် ကန့်ကွက်ရတာ
နေမှာပါ။သဘာဝကျပါတယ်။အင်တာနက်ပေါ်ဆိုတာကအခု
မဟုတ်လည်းနောက်ကျ ပျံ့နှံ့နေမှာဘဲ။ ကျွန်တော်တို့ စောစော
ပိုသိရတာနဲ့ နည်းနည်းလေးနောက်ကျတာဘဲကွာမှာပါ။
ဒါကို ဒေါ်စု ရော အန်အယ်ဒီရော ကောင်းကောင်းသိပါတယ်။
အဲဒါလေးကိုအားလုံးကသဘောပေါက်ကြစေချင်ပါတယ်။ အန်အယ်ဒီကို အထင်မလွဲစေချင်ပါဘူး. ။နားလည်ကြမယ်ထင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ စောစောကြည့်
ရလို့ တင်ပေးတဲ့ လူကိုကျေးဇူးတင်ပါတယ်ဗျား။

Powered by Blogger.