မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ရပ်ကွက်ရုံး နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့တွေ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိ ရပ်ကွက်အပိုင်ရှိ ကော်မရှင်အဖွဲ့ခွဲရုံး
တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက်
စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက်
 ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။ 

မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ  လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော်
မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။

အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က
  အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
 (၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။

Myanmar News Now
မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ  မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး Reviewed by သစ်ထူးလွင် on 12:52 Rating: 5

9 comments:

Anonymous said...

ညစ်ကြကွာ။ မင်းတို့ပဲ ညစ်လွန်းယုတ်လွန်းကြတယ်။

ချစ်ရာ မ said...

ပုသိမ်မြို့ပေါ်ရပ်ကွက်ရှိ မဲရုံးတိုင်းတွင် သေဆုံးသူများ မဲစာရင်းတွင်ပါရှိပြီး၊ သန်းခေါင်စာရင်းတွင် ပါသော မဲပေးနိုင်သူ အားလုံး မဲစာရင်းတွင် မပါရှိပါ။ဘာတရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ လဲကွ။
သေဆုံးသူတွေ မင်းတို့ အမေတွေ၊နှမတွေ၊မိန်မတွေ ဆီလာပြီးလာထည့်လိမ်မယ် ကောင်းကောင်းသတိထားကွ။
သမ္မတကြီးရေ ခင်ဗျာလူတွေကို ကြည့်လုပ်ပါအုံးဗျာ။

အိတုတ် said...

တို့လည်းမေးကြည့်ဖူးပါတယ် ဘာကြောင့် အန်တီစုက တောင်ကြီး ကိုမလာလည်းလို့ပေါ့ လစ်လပ်မဲနေရာမဟုတ်တဲ့အတွက်မဲဆွယ် စည်းရုံးခြင်းမလာပါတဲ့ ဒါဆို တို့ကဘယ်သူကိုမဲပေးရမှာလည်း NLD ကို 88 ကတည်းကထောက်ခံလာတာ NLD ကိုမဲပေးချင်လို့ အိမ်ပြောင်းရမလို။ ဘာတွေလည်း ပြောတော့တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပမှာဆို တို့ဘဲနားမလည်တာလား ကျန်တဲ့သူတွေကောနားလည်ကျလား
သိရင်လည်းဝေမျှပါအုံး

tharzaw said...

စတင်ညစ်နေကြပါပြီခင်ဗျား ... ။
စတင်ယုတ်မာနေကြပါပြီခင်ဗျား ... ။
လူသေတွေကိုလည်း အသက်သွင်းနေကြပါပြီခင်ဗျား ... ။

paukhlange said...

မုသားကိုချိုသာစွာရယ်ဘကြီးတင်ညာခဲ့သလားကွယ်။

ရာရာ said...

ဟုတ်ပြီဗျို့....ကျုပ်တော့ ခုညနေပဲ ကော်မရှင်အဖွဲ့ခွဲရုံး ကိုသွားစုံစမ်းလိုက်မယ်..အရင်တစ်ခေါက်ရွေးကောက်ပွဲမှာ ကျုပ်တို့ခမောက်မနိုင်လောက်ဘူးဆိုတာသိသိကြီးနဲ့ထည့်ခဲ့ရတာ..ဒီတစ်ခါတော့လက်လွှတ်လို့မဖြစ်ဘူး..ကျေးဇူးပါပဲ ကိုသစ်ထူးလွင်ရေ...

အမြင်သစ် said...

အိတုတ်ရေ
ခုရွေးကောက်ပွဲက ၄၈ နေရာဘဲဝင်ပြိုင်ရမှာဖြစ်လို့ အမေစုက
အဲဒီနေရာတွေကို ဦးစားပေးသွားနေရတာပါ။
NLD ကိုမဲပေးဖို့ ၂၀၁၅ ဆိုရင်တစ်တိုင်းပြည်လုံးမဲပေးလို့ရပါပြီ။
အိမ်ပြောင်းစရာမလိုပါဘူး။ အခုရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲမို့ တောင်ကြီးက လစ်လပ်နေရာမှာ မပါတဲ့အတွက်အခုမဲပေးစရာမလိုသေးပါဘူး။ လစ်လပ်နေရာဆိုတာက အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေထဲက ၀န်ကြီးတွေဖြစ်သွားတဲ့ လူတွေနေရာအတွက် ပြန်ပြီးတော့အစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ရတာပါ။ အဲဒီတော့ လစ်လပ်မဲဆန္ဒနယ်မှ မဟုတ်တဲ့ပြည်သူများ ၂၀၁၅ ထိ
စိတ်ရှည်လက်ရှည် နဲ့ သည်းခံပြီး NLD ကိုမဲပေးဖို့စောင့်ကြပါအုံးဗျာ။

iban said...

((...ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူး))..
တာဝန်သိစိတ်မရှိတာကို ရှက်ရကောင်းမှန်းတောင် မသိတော့ပါလား။ တကယ်တော့... ((...နာရီကျော်ပါက စာရင်းပိတ်မည်ဖြစ်ပါသည်)) လောက်ဆိုလုံလောက်ပါပြီ။ တာဝန်မယူချင်တဲ့ လူတွေက တာဝန်ရှိတဲ့နေရာတွေကို လက်ဝါးကြီးအုပ်ထားရင် တိုင်းပြည်နာတယ်ဗျာ..။

seazinyaw said...

ပြီးခဲ့သည်.ရွေးကောက်ပွဲတုန်း က မွေးခါစ ကလေးများ၏ အမည်များပင်ပါနေ ပါ သည်။ မလာရ်ျ ကြံ့ဖွံ မဲ ဖြစ်သွားခဲ့ ပါသည်၊ သတိချပ်ကြ ပါလေ ကုန်

Powered by Blogger.