ရွှတိဂုံ ဘုရားမှာ ဖိနပ်အပ်ခံသော သူ

ကျွန်တော်တို. "ကမ်းလင်.နေမယ်.လက်လေးများ " အသင်းကနေ.ေ၇ွှတိဂုံ
စေတီတော်မြတ် နှစ် ၂၆၀၀ ပြည်.ပွဲတော်မှာ ဘုရားဖူးများ အကုန်ကြ သက်သာစေရန်
ဖိနပ်ထည်.သော အိတ်များကို သွားေ၇ာက်လှူဒါန်း ခဲ.ပါတယ်။


 ထိုလှူဒါန်းမှူကိုဘုးရားမြောက်ဘက်ဇောင်းတန်း မှ ဖိနပ်အလှူအပ်ခံသော သူက သူတို 
ကန်ထရိုက်ဆွဲ..ထားကြောင်းပြောဆို ပြီး ကျွန်တော်တို. အသင်းသားများကို
ကြိမ်းမောင်းဆဲဆို ပြီး အကြိမ်ကြိမ် ပြောဆိုခဲ.ပါတယ်။ 


ကျွန်တော်မှာသူတပါးအားမထိခိုက်လို သဖြင်. ကားလမ်းအလယ်မှာသွားရောက် ဝေခဲ.ရာ 
တွင်လည်းထပ်ကာ ဆဲဆိုပြဿနာထပ်ရှာခဲ.ပါတယ်။ နောက် NLD ပါတီမှ ရန်ပုံငွေအတွက်
ဈေးရောင်းနေသော သူများမှ ၀င်ပြောတော.မှ ထပ်မပြောတော.ပဲ။
ရပ်တန်.သွားခဲ.ပါတယ်။ 


ကဲ သူငယ်ချင်းတို.ရေ စဉ်းစားကြည်.ပါဗျ ပြား ၅၀ လောက်တန်တဲ. အိတ်ကို ၁၀၀ နဲ.
 ရောင်းနေပြီး ။ သူများလှူတန်းမှူကို မိမိစီးပွားရေးအကြောင်းပြပြီး လာရောက်ပိတ်ပင်
ခဲ.သော ထိုလို.လူစားမျိုးကိုဘယ်လိုများ လုပ်ရင်ကောင်းမလည်း။ ဂေါပက အနေနဲ. 
ဘယ်သို.သော သူများကိုအများနှင်.ဆိုင်သော နေရာမှာ ထားရသလည်း။ အများသူငှာနှင်.
ဆိုင်သော နေရာ မှာလှူတန်းလို.မရတော.ဘူးလား ခင်ဗျာ။

ကိုစော

အသင်းတာဝန်ခံ

ကမ်းလင်.နေမဲ.လက်လေးများ လူငယ့်ရဟိတအသင်း
ရွှတိဂုံ ဘုရားမှာ ဖိနပ်အပ်ခံသော သူ ရွှတိဂုံ ဘုရားမှာ ဖိနပ်အပ်ခံသော သူ Reviewed by သစ်ထူးလွင် on 06:59 Rating: 5

29 comments:

tapaungthi said...

အော် လူတွေ လူတွေ ဘုရားမှာလည်းဒေါသမောဟတွေရှိနေကြပါလားနော်
ငြိမ်းအေးတဲ့ဘုရားဆီကိုလာပြီး အကုသိုလ်ယူနေတာလို့ သဘောထားလိုက်ပါနော် ဒါဆို ကိုယ့်ကိုကိုယ်ဖြေနိုင်သွားပါ့လိမ့်မယ်။

Anonymous said...

Bad Habits are sinking in their body and mind...
They all just see Money, Money, Money...

Do Not Know about Helping, Helping, Helping !

အညတရ said...

ဟုတ်တယ်အကိုရေ အဲဒါတော့လက်တွေ့ မြောက်ဘက်မုဒ်ကတက်တော့ လူရှင်းအောင် အပြင်စောင်းတန်းကနေတက်တာ ဖိနပ်တွေအိတ်နဲ့ထည့်မယ်ဆိုလို့ထည့်လိုက်တာ ၁၀၀ တဲ့ မြန်မာတွေ အဲဒီစိတ်မပျောက်သေးသရွေ့တော့ သေအောင်အော်နေ ဒီမိုကရေစီဆိုတာဘယ်တော့မှမရဘူး ဘာလို့အဲလောက်အောက်တန်းကျနေတယ်ဆိုတာကိုတောင်စဉ်းစားလို့မရဘူး ရေသန့်တစ်ဗူး ၅၀၀ ကဲပြောကြလေ ဒီလောက်အောက်တန်းကျတာ ပြောရတာတောင်မတန်ဘူး

အညတရ said...

အဲဒါတော့လက်တွေ့ပဲ မြောက်ဘက်စောင်းတန်းအပြင်ဘက်ကနေတက်တာ အိတ်တလုံးကို ၁၀၀ ပေးခဲ့ရတယ် ကဲ အဲဒါ မြန်မာစစ်စစ်တွေပါ ဗျာ ဘုရားလာတဲ့သူတွေအကိုအဲလို ငရဲပေးတာ သူတို့မို့မကြောက်တာ အဲဒါက လေလံဆွဲတယ်ဆိုရင်လည်း လေလံပေးသူကိုကန့်ကွက်တယ် ဒါက ဘာသာသာသနာကိစ္စ နော် အဲဒိကလေလံက ရမှအခွန်တွေတိုးမယ်ဆိုရင် အခု ကျူပ်တို့ဆိကကောက်နေတာကိုပိုတိုးပြိကောက် ပေးနိုင်တယ် တပါးမှမကျန်ကျန်

Violin Angle said...

ဒီလိုလူတွေလည်းရှိပါသေးလား သူများကုသိုလ်ရေးကိုလိုက်ဖျက်ဆီးနေတာ ငရဲကျမှာမကြောက်ကြဘူးလားမသိဘူး

နွေဦီးသစ်စိမ်း said...

အများသူငါ နှင့် သက်ဆိုင်သောနေရာများအား
ကန်ထရိုက်ပေး ငှားစား သော စီးပွါးရေး ဆန်သည့်
အပြုအမူများအား တားမြစ် ကန့်ကွက် ရှုံ့ချပါကြောင်း..

chawthu said...

အသင်းရဲ့ လှူတန်းမှုတွေကို သာဓုခေါ်ပါတယ်ဗျာ.....။ ရွှေတိဂုံဘုရားပွဲတော်မှာ ကုသိုလ်ကောင်းမှု လုပ်နေသူတွေဒုနဲ့ဒေး ရှိသလိုပဲ၊ စီးပွားရေးနဲ့ ငွေမျက်နှာကိုပဲ မြင်နေသူတွေကလည်း များသားလား.....။ ဘုရားနား ကပ်နေပြီး ငရဲကို ဘွတ်ကင်ယူနေသူတွေပေါ့ဗျာ.....။ တစ်ဘဝ စံတွေလို့ပဲ မြင်မိပါတယ်.......။ အများအတွက် တတ်နိုင်သမျှ ကုသိုလ်ပြုခဲ့တဲ့ အစ်ကိုတို့ ကမ်းလင့်နေမဲ့ လက်ကလေးများ အဖွဲ့ကိုတော့ ဂုဏ်ယူပါတယ်ဗျာ......။

ဖိုးတောက် said...

ကိုစောရေ... စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ..
မျက်ကွယ်ပြုလိုက်ပါ... အရိုင်းအဆိုင်းဆိုတာ ဘယ်နေရာ ဘယ်အချိန်ရောက်ရောက် ရိုင်းဆိုင်းဖို့ ၀န်မလေးကြဘူး... အထွဋ်အမြတ်နေရာတွေမှာ ဒီအရိုင်းအဆိုင်းတွေရောက်လာမှတော့ ပြောမနေပါနဲ့တော့ဗျာ.. ဘုရားကိုပဲ အာရုံပြုထားလိုက်ပါ... ကိုယ့်ကုသိုလ်က ကိုယ့်ကိုပဲ အကျိုးပေးမှာပါ...

Anonymous said...

Yes, they sell the plastic bag with 50 kyat. If we want to use it for 2 person, we must pay 100kys. How stupid they are....I faced with that kind of issue at Shwe Dagon Pagoda in 2011...I dont understand why Gov gives such thing like this to Contractor! They,Gov also so so crazy and StUpiD...Aren't they Buddhism...? We should find out and go ahead to stop that kind of things..since it is so ugly...

su said...

အခုဟာကိစ္စဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ သက်ဆိုင်ရာ တိုင်း၊ မြို့နယ် သံဃာ့နာယကတွေမှာ အဓိက တာဝန်ရှိပါတယ်။ သူတို့ကမှ ဒါတွေကို မသိချင်ယောင်ဆောင် မျက်ကွယ်ပြုထားရင် တို့သာသနာရေး အဆောက်အဦတွေဟာ စီးပွါးရေးသမားတွေရဲ့ လုပ်စားခံရယုံသက်သက် ရှိတော့မှာပေါ့။ တစ်ချို့ က ဘုရားနားနေပေမယ့် ဘုရားကြည်ညိုလို့ မဟုတ်ဘူး။ စီးပွါးရေးမျက်စိနဲ့ နေနေကြတာ။ ဒါတွေကို သက်ဆိုင်ရာတွေက လျစ်လျူရှုမထားသင့်ဘူး။ မဟန အနေနဲ့ အဓိက လုပ်ဆောင်ရမှာက အဲဒီကိစ္စမျိုးတွေ။

su said...

အခုဟာကိစ္စဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ သက်ဆိုင်ရာ တိုင်း၊ မြို့နယ် သံဃာ့နာယကတွေမှာ အဓိက တာဝန်ရှိပါတယ်။ သူတို့ကမှ ဒါတွေကို မသိချင်ယောင်ဆောင် မျက်ကွယ်ပြုထားရင် တို့သာသနာရေး အဆောက်အဦတွေဟာ စီးပွါးရေးသမားတွေရဲ့ လုပ်စားခံရယုံသက်သက် ရှိတော့မှာပေါ့။ တစ်ချို့ က ဘုရားနားနေပေမယ့် ဘုရားကြည်ညိုလို့ မဟုတ်ဘူး။ စီးပွါးရေးမျက်စိနဲ့ နေနေကြတာ။ ဒါတွေကို သက်ဆိုင်ရာတွေက လျစ်လျူရှုမထားသင့်ဘူး။ မဟန အနေနဲ့ အဓိက လုပ်ဆောင်ရမှာက အဲဒီကိစ္စမျိုးတွေ။

myochit said...

ဒီကိစ္စမှာ ဘုရားဂေါပကနဲ့ အဓိကဆိုင်ပါတယ်။ ဘုရားပေါ် ဘုရားဝန်းကျင်စသည့် နေရာအားလုံးကို ကန်ထရိုက်နှင့်ရောင်းချထားပြီးသား ဖြစ်ပါတယ်။ တကယ်တော့ ဂေါပကဟာ ရွှေတိဂုံဘုရားကြီးကို ဈေးကွက်တခု ထွင်ထားတာပါ။ ပြည်သူတွေက ကြည်ညိုလို့ လာဖူးပေမယ့် ဂေါပကတွေ အမြင်က ပြည်သူတွေကို သူတို့ဖောက်သည်လို့ ယူဆထားပါတယ်။ ပြည်သူတွေမှာ စိတ်ချမ်းသာချင်လို့ ဘုရားသွားတယ် စိတ်ညစ်စရာတွေနဲ့ဘဲ ကြုံနေရတယ်။ ဒါကို ကျနော်တို့ ပြည်သူတွေ အနေဖြင့် လုံးဝဆန့်ကျင်ဘို့ လိုနေပါပြီ။ ဒီလူတွေ ကြာလေအရောင့်တက်လေ ပြီးတော့ ဘုရားပေါ်မှာရှိတဲ့ အလှူခံပုံးတွေကိုလဲ ကုလားတယောက်ကို ကန်ထရိုက်နဲ့ ရောင်းစားထားတယ်လို့ မေးလ်တွေမှာ ပြန့်လာသေးတယ်။ ပြည်သူတွေကို ရိုက်စားလုပ်နေတဲ့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို ကန့်ကွက်ဆန့်ကျင် ပေးကြပါ။

Htun said...

ဘုရားမှာ ကန်ထရိုက်ပေးပြီးမှ ရံပုံငွေ ရှာတယ်ဆိုတာ လွန်စွာ ယုတ်ညံလွန်းပါတယ်။ ကန်ထရိုက်ပေးတဲ့ ဂေါပက အဖွဲ. ကို ရှုပ်ချပါတယ်။
ဘုရားရံပုံငွေဆိုတာ အလှူငွေကရတာပဲဖြစ်သင့်ပါတယ်။ ဘုရားကိုမှီပြီးစီပွားမရှာသင့်ပါဘူး။

ုkyaw said...

အင်း ကျွန်တော်တို့ကော့သောင်းမြို့မှာလဲပြည်တော်အေးဘုရားမှာဆိုင်ကယ်အပ်ဖို့ကန်ထရိုက်ပေးတာအဝေမတည့်ဘူးဖြစ်နေတယ်..ဘုရားပေါ်ကိုလဲဆိုင်ကယ်တက်လို့မရအောင်မုဒ်ဦးအ၀မှာသစ်သားတန်းကြီးနဲ့ပိတ်ထားတယ်ပိုက်ဆံမကုန်ပဲဘုရားဖူးခွင့်မပေးသလိုဖြစ်နေတယ်..ဓါတ်ပုံရိုက်လဲပိုက်ဆံကောက်တယ်..ဘုရားမှာကနောက်ဆုံးအဆင့်မှလှူရတယ်။

ဖိုးထူး(ဖျာပုံ) said...

နောက်တစ်ခုပြောရဦးမယ်ဗျို့
လှူတဲ့လူတွေကလဲလာရောက်လှူတန်းကျပါတယ်
အချိုရည် လာလှူကြတာကို သောက်တဲ့လူတွေကလည်း
စည်းကမ်းမရှိကျဘူးဗျာ့ ကိုယ်သောက်ထားတဲ့အချိုရည် ဘူးခွံကိုယ့်အိပ်ထဲကိုယ်ထည့်သွားကြပေါ့ မဟုတ်ဖူးလား
အခုကသောက်ပြီးဘုရားပေါ်မှာချသွားကြတာဘုရားစောင်းတန်းတစ်လျှောက်
အခွံတွေပွနေတာဘဲ...ဒီစကားလေး ပြန်ကြားမိပါရဲ့ မြန်မာတွေစည်းကမ်းဖေါက်လို့ ထီးနန်း ပျောက်ခဲ့ရတာဆိုတာလေး..
စည်းကမ်းရှိကျပါဗျာ...ကိုယ့်သောက်ထားတဲ့အခွံဘဲ ကိုယ့်ဖိနပ်ထည့်တဲ့အိပ်ထဲထည့်ကျပေါ့ ဘုရားကိုအမှီပြုပြီး မတရားစီပွားရေးသောင်းကျန်းနေတဲ့သူတွေကတော့သူ့အကုသိုလ်နဲ့သူသွားမှာဘဲ ပြောမနေပါနဲ့ဗျာ ငရဲမကြောက်လို့လုပ်ကျတာဘဲ ...

Ei Thuzar said...

ကောင်းတာလုပ်ရင်ကောင်းမယ်မကောင်းတာလုပ်ရင်မကောင်းတာခံရမှာပေါ.

ko lay said...

ဒီလိုလူမျိုးတွေရှိ့လို့မြန်မာနိင်ငံ မတိုးတက်တာပါ ။ စောင့်ကျင့်မကောင်းတဲကောင်းတဲ့ကောင်တွေပါကွာ...

Ar Ga said...

မြန်မာလူမျိုးများကို အပြစ်မတင်ပါနဲ့ ။ စနစ်နဲ့ လုပ်ပိုင်ခွင့် ၇ှိတဲ့ သူတွေ၇ဲ့ ဖောက်ပြန်မှုကြောင့် သာ ဒီလို ဖြစ်နေတာပါ ။ မြန်မာဟာ 1960 မတိုင်မီက တိုးတက်ခဲ့ဘူးတာကို ကြည့်၇င် မြန်မာတွေ မညံ့ပါဘူး ။ ညံ့သွားအောင် လုပ်တဲ့သူတွေကြောင့်ပါ ။ ဘု၇ားမှာ ဖိနပ် ၊ ဓါတ်ပုံ စသဖြင့် Contract ပေးတာ မကြိုက်ပါ ။ ဒမြတိုက်တာနဲ့ တူလို့ပါ ။ အမှတ်တ၇လေး ၇ိုက်ချင်တာတောင် ပိုက်ဆံလာတောင်းတော့ အနှောင့် အယှက် ဖြစ်ပါတယ် ။ ဂေါပကများ သတိပြုဖို့ပါ ။

hasi said...

မှန်ကြည့်ကြပါ....စည်းကမ်းရှိမှ...ဒီမိုကရေစီရမယ်ဆိုရင်.....
ဒီမိုကရေစီရမှ.....စည်းကမ်းရှိကြမှာလား...

ပုဂံစစ်သည် said...

ကျွန်တော်တို့ကတော့ ဒါတွေသိလို့ ရွှေတိဂုံဘုရားသွားတိုင်း ကျွတ်ကျွတ်အိတ်ဆောင်သွားတယ်၊ ခွင့်လွှတ်လိုက်ပါဗျာ သူတို့တွေတော်တော် ဆင်းရဲလို့နေမှာပါ။ ဘုရားမှာလဲ လုပ်စားတွေအများကြီးနော်။ ဘုရားမှာ ရှယ်အလှူဆိုတာတွေ့ရတော့ ရင်ထဲမှာတစ်မျိုးကြီးပဲ၊ အလှူတောင်မှ ရှယ်အလှူရှိသေးလို့လား။ ဒီစာသားကြီးက ဘုရားနဲ့ မတင့်တော်ဘူးထင်တယ်၊ တစ်ခါသားကလဲ အလှူခံဌာနသွားလှူတာ လူရှိပြီးတော့ အလှူခံဌာနပိတ်ပြီတဲ့၊ သွားလှူတဲ့သူကြတော့ အောင့်သက်သက်ကြီး။ ဒါမျိုးတွေမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ရွှေတိဂုံဂေါပကအဖွဲ့တွေ ဒါတွေပြင်ဖို့လိုမယ်ထင်တယ်။

အဆင့်ရှိပြည်သူများ said...

ဒါက ဒီလိုလေ ၁၀၀ ကျပ်က ဘုရားအတွက်ဆိုရင်တော့ လှူနိုင်ပါတယ် တစ်ခု တွေးမိတယ် အိတ်လိုချင်ရင်တော့ ဘုရားက ပြန်ဆင်းလာတဲ့နေရာမှာ အိတ်အဟောင်းတွေ အများကြီးပဲ အဲဒီကနေပဲ ကောက်ပြီး ဘုရားကို ယူသွားလို့ရပါတယ်
၁၀၀ က ဘုရားအတွက်ဆိုရင်တော့ လှူပါတယ်

Myanmar said...

ေ၇ွှတိဂုံဘု၇ားလူကြီးဆိုတာ ဘယ်သူလဲကွ။ လူလိုနားမလည်ဘူးလား။ မင်းကို ဘု၇ားကို အကြောင်းပြုပီး စီးပွား၇ှာခွင့်ပေးထားတာမဟုတ်ဘူး။ ။

zinyaw said...

အဲဒီလို ဘုရားပေါ်မှာ ကန်ထရိုတ်ပေးတဲ့သူ ၊ ကန်ထရိုတ်ဆွဲစားနေတဲ့ သူတွေက ယနေ့ ခေတ်ကိုမမြင်နိုင်တဲ့ ၊ ဥာဏ်နဲ့မယှဉ်တဲ့ စီပွားရေးသမား ၊ လူတွေကို ကိုယ်နဲ့ကိုယ်ချင်းမစာနာတတ်တဲ့ ဟိုတုန်းက အကျင့်စရိုတ်တွေပါ...။ အရင်ခေတ်တွေတုန်းကတော့ အဲဒီလို လုပ်လို့ရကြပေမဲ့ ခုခေတ်မှာ လုပ်လို့မရတော့ဘူးဆိုတာ သူတို့တွေ တွေးမိဟန် မတူကြဘူး..။ တဖြည်းဖြည်းနဲ့ တိုးပွားလာတဲ့ လူမှုရေးအသင်းအဖွဲ့  ဖွဲ့ စည်းခွင့် ၊ အများပြည်သူ မထိခိုက်စေတဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ ဖေါ်ထုတ်လာခွင့် ၊ ရှိလာတဲ့ ခုလိုအချိန်မျိုးမှာ လူထုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အလှူအတန်းဆိုတာ ရှိလာကြတော့မယ် ဆိုတာ သူတို့တွေ တွက်ထားမိပုံမရဘူး....။ သူတို့သိထားတာက အလှူအတန်းလုပ်တာ အိမ်နဲ့ ဘုန်းကြီးကျောင်းတွေပဲရှိတယ်လို့ သတ်မှတ်ထားပုံရတယ်...။ ဒီလိုအကျင့်စွဲတွေကို ကျွှန်တော်တို့ကိုယ်တိုင် ခုကစပြီး အိမ်တွင်း ၊ အိမ့်ပြင် ပြုပြင်ကြ၍ သူတို့တွေကို သင်ခန်းစာထားပြီး မလုပ်မိကြဖို့ တိုက်တွန်းအပ်ပါတယ်...။

Anonymous said...

ဖိနပ်အိတ်ပါ မကဘူး။ အလှူခံ သေတ္တာ ကို ပါ ကန်ထရိုက်ဆွဲထားတာ။
အဲဒါကြောင့် လှူမယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းသင့်ပါတယ်။

ဘကြီးမောင် said...

ဟုတ်ပါတယ်..ကျွန်တော်က တော့ ကိုတွေ့ပါ..အဲ့ဒီနေ့ က မနက် ၁၀ နာရီလောက် ဘုရားကိုရောက်ပါတယ်.တောင်ဘက်မုခ် ဓာတ်လှေကားက တက်မယ်လုပ်တော့ တစ်စင်းက ပိတ်ထားပါ၊ကျန်တစ်စီးကို စီးဖို့စောင့်နေတဲ့လူက ၈၀၊ ၁၀၀ လောက် တန်းစီနေရပါတယ်၊ သက်ကြီးရွယ်အိုတွေလည်း ပါတယ်...ကျွန်တော်က ပိတ်ထားတဲ့ ဓာတ်လှေကားက ဘာလို့လဲ လို့မေးတော့ ယူနီဖောင်းဝတ် တစ်ယောက်က နိုင်ငံခြား သား သီးသန့်လို့ ပြောပါတယ်... ဒီနေရာမှ ကျွန်တော် ဘုရားကို လာရတဲ့ ကုသိုလ်စိတ်ကလေးပျောက်ပြီး ..ဒေါသထွက်သွားမီတယ်..ကြွားတာ မဟုတ်ပါ ကျွန်တော်က သဘောင်္သားတစ်ယောက်ပါ အခြားနိုင်ငံတွေကို ရောက်တဲ့ အခါ ဘယ်သူမှ ကျွန်တော်တို့ ကို နိုင်ငံခြားသားဆိုပြီး အထူး အခွင့် အရေးမပေးပါ၊ သူများတန်းစီရင် ကျွန်တော်တို့လည်း တန်းစီရတာပါပဲ..အဲ့ဒါကို ဘာဖြစ်လို့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားသားက အထူးအခွင့် အရေးရနေတာလဲ၊အဲ့ဒီတော့ ကျွန်တော်ကမေးလိုက်တယ်.နိုင်ငံခြားသားလာပြီလားလို့ ဆိုတော့ မလာသေးဘူးတဲ့..အဲ့ဒါဆို ဖွင့်လေဆိုတော့ အဲ့ဒီလူပြန်သွားပြီး ... နောက်တစ်ယောက် (လက်မှ အရစ် ၂ ရစ်) ရှိသူကိုခေါ်လာပါတယ်။အဲ့ဒီ လူကတော့ ဒီဓာတ်လှေကားက VIP အတွက်လို့ပြောပါတယ်... ကျွန်တော်နဲ့ အတူပါလာတဲ့ မိသားစု က ပြသာနာတက်မှကြောက်ပြီး ကျွန်တော့ကို ဆက်မပြောဖို့ တားလို့ ဘာမှ ပြန်မပြောခဲ့ရပေမယ့်..အမှန်အတိုင်းပြောရင် အဲ့ဒီနေ့က ကျွန်တော် ဘုရားသွားတာ ကုသိုလ် လုံးဝ မရခဲ့ပါဘူး... ပြောချင်တာကတော့ အများသူငါအကျိုးကို ရှေးရှုပြီး ပွင့်တော်မူခဲ့တဲ့ ဘုရားကိုတောင် VIP ကြောင့်၊နိုင်ငံခြားသားကြောင့်၊လွတ်လပ် အဆင်ပြေစွာဖူးခွင့် မရခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်လူဖြစ်ရတာကို အသဲနာတယ်ဗျာ....(4.03.2012)မနက် ၁၀ နာရီခန့်က တောင်ဘက်မုခ်မှာ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတာပါ.......

Thet Lwin Oo said...

သူတို့က လူပါးဝတာမှ တစ်အိတ်ကိုတင် တစ်ရာယူတာ မဟုတ်ဘူးဗျာ တစ်ရံကိုတစ်ရာယူတာဗျ...

TTMY said...

ရေးတဲ့သူအားလုံးကအမှန်တွေရေးထားတာပါ..အသိဥာဏ်ရှိတဲ့..မြန်မာစစ်စစ်
ဖြစ်တဲ့ဂေါပကတွေဒီစာတွေကိုဖတ်ပီးရင်တော့ပြင်လိမ့်မယ်ထင်ပါတယ်.ရွှေတိဂုံ ဘုရားတွင်သာမဟုတ်ပါ..ဘုရားတွေအားလုံးမှာကန်ထရိုက်စနစ်ကိုပျောက်သွား
အောင်လုပ်ဖို့လိုပါတယ်..ကျိုက်ထီးရိုးဘုရားဖူသွားရင်တောင်ငွေထုတ်ပါမှသွား
ကြလို့ပြောနေကြတဲ့အဆင့်ရောက်နေပါပီ..

ကျော်ထိုက် said...

စိတ်မကောင်းမဖြစ်ပါ နှင့် သူငယ်ချင်းတို့ရာ...ဂေါပက က အရမ်းစားထားတော့ .....ဖြစ်နိုင်ရင်တော့ အဲ့ဒီ့ ဂေါပက တွေသာ နောင် ဘ၀ ကျရင် ပြိတ္တာ တွေဖြစ်ကြမှာပေါ့....ခု တောင် မှ ဖြစ်ချင်နေပြီ ကြည့်ပါလား ရုပ်တွေကိုက...

cold peace said...

ကြားဖူးတဲ့ပုံပြင်တပုဒ်
ဒို့မြန်မာတွေမှာ လူကြီးသူမတွေဆို ရိုသေရတယ်မဟုတ်လား
ရှေ့ကဖြတ်လျှောက်ရင်တောင်ခေါင်းလေးငုံ့သွားရတယ်လေ
လူပေါ်ကနေ ကျော်ဘို့ဆိုရင်ဝေလာဝေးပေါ့ ငရဲကြီးမှာ
အဲဒီတော့ လူတယောက်ကပြောတယ်
သူ့ကိုကျော်ရင် ခေါင်းပေါ်ကကျော်ရင်တော့ရတယ် ငရဲမကြီးဘူးတဲ့
ဗိုက်ပေါ်ကမကျော်နဲ့တဲ့ အ၀ီစိ ဂျိုးကပ်သွားမှာတဲ့
ဘာလို့လဲဆိုတော့ သူက ဂေါပက(ဘုရားလူကြီး)လုပ်လာတာကြာပြီးဘုရားပိုက်ဆံတွေ ၀ါးတာများလို့တဲ့---ရွှေတိဂုံက လူကြီးတွေမပါလောက်ပါဘူးထင်ပါရဲ့

Powered by Blogger.