ကသာမီးဝိုင်းကူငြိမ်းပေးတဲ့ ၀န်သိုမီးသတ်ကား တိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ဦးသေဆုံး
(၇.၃.၂၀၁၂)ရက်နေ့၊ နံနက်ကဖြစ်ပွားခဲ့သည့် ကသာစည်ပင်ဈေးမီးလောင်မှုသို့ 
သွားရောက်ခဲ့သည့် ကသာနှင့်နီးစပ်တဲ့မြို့တွေက မီးသတ်ကားတွေထဲက ၀န်းသို
အရန်မီးသတ်က မီးသတ်ကား(၁)စီးဟာ လမ်းအလွန်ကြမ်းတဲ့ မဲဇာအဆင်းမှာ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။ 
မီးသတ်ကားတိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ယောက်သေဆုံးပြီး၊
ကြားရတဲ့သတင်းကတော့ တယ်(စိတ်မကောင်းစရာ) မီးသတ်ကားလည်းပျက် သွားတယ်၊ ဒါပေမယ့်ကသာဈေးမှာရှိတဲ့မီးသတ်တွေကတော့တစ်နေ့လုံး/တစ်ညလုံးငြိမ်းသတ်နေကြ
တုန်းဘဲ၊ မီးစလောင်တာကတော့ ဈေးနားမှာရှိတဲ့ လူနေအိမ်ဆိုင်ခန်းက
 နေ စလောင်တာဈေးနဲ့ ဆက်စပ်နေတဲ့ ပလပ်စတစ်အမိုးတွေကြောင့် ဈေးကိုကူးလောင်
Myanmar News Now
ကသာမီးဝိုင်းကူငြိမ်းပေးတဲ့ ၀န်သိုမီးသတ်ကား တိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ဦးသေဆုံး ကသာမီးဝိုင်းကူငြိမ်းပေးတဲ့ ၀န်သိုမီးသတ်ကား   တိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ဦးသေဆုံး Reviewed by သစ်ထူးလွင် on 11:24 Rating: 5
7 comments:
datha said...
သေသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် 2 ယောက်ကို သူရဲကောင်း ဘွဲ့
တစ်ခုခု ပေးသင့်တယ်လို့ တောင်းဆိုပါတယ်
tapaungthi said...
စိတ်မကောင်းစ၇ာပါပဲနော်
သေးဆုံးသွားတဲ့ မီးသတ်(၂)ဦးကောင်းရာသုဂတိရောက်ပါစေ
nyi lay said...
"ကသာ" က သူငယ်ချင်းဆိုင် မီးထဲပါသွားတာ အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။-မင်းရဲ.သူငယ်ချင်းများ
ဖိုးတောက် said...
ဟူး.. စိတ်ပျက်စရာတွေ ချည်းပါပဲလား.. ကိုသစ်ထူးရယ်...
JuMaung said...
“ မီးဘေးရှောင် မလောင်ခင်တား လောင်မှငြှိမ်းတော့ အလကား”
တစ်ဦးတစ်ယောက်ပေါ့ဆလိုက်တာနဲ့ အကုန်လုံးဆုံးရှုံးကြရတယ်၊ လူတိုင်း မီးသတိရှိဖို့လိုတာပေါ့။
Chit San Maung said...
ကသာမီးဘေးအတွက် စိတ်မကောင်းဖြစ်ရသလို မီးသတ်ရဲဘော်တွေအတွက် ထပ်ဆင့် စိတ်မကောင်းဖြစ်ရပါတယ်..။
အရေးပေါ်အခြေအနေမှာ သက်စွန့်စံဖျား တာဝန်ထမ်းဆောင်ရတဲ့ မီးသတ်တပ်ဖွဲ့အတွက် ပြည့်စုံလုံလောက်တဲ့ ပစ္စည်းကိရိယာတွေ၊ အကာအကွယ်တွေ၊ Drill လေ့ကျင့်မှုတွေ လိုအပ်နေဆဲလို့ ထင်ပါတယ်..။ မီးသတ်ရဲဘော်တွေရဲ့ စားဝတ်နေရေးလုံလောက်ဖို့နဲ့ မတော်တဆ ထိခိုက်သေဆုံးခဲ့ရင် သင့်တော်တဲ့လျော်ကြေးပမာဏ ရရှိဖို့ ဆောင်ရွက်ပေးသင့်ပါတယ်..။
ကျော်ထိုက် said...
အဖြစ်ကလည်း ကွား မီးလောင်တယ် ဆို မီးသတ်သမား တွေ သေသေနေကြတာ စိတ်မကောင်းစရာပဲ...
Powered by Blogger.