ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၃)


ဦးမြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
သနပ်ပင်မြို့နယ်
  • မွေးသက္ကရာဇ် - ၁၃-၉-၁၉၅၆
  • ပညာအရည်အချင်း - C.T. Med (YGN)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် - သနပ်ပင်မြို့နယ်
  • အလုပ်အကိုင် - ကောင်းမြတ်သစ္စာ တိုင်းရင်းဆေးကုသခန်းနှင့် လမင်းသစ္စာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် သနပ်ပင်မြို့နယ်၊ မင်းရွာပြည်သူ့ သမဂ္ဂအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ပြီး ကျေးရွာစည်းရုံးရေးမှူး၊ မြို့နယ်စည်းရုံးရေးတာဝန်ခံ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးတာဝန် များကိုထမ်းဆောင်ခဲ့၊ ၂၀၀၁ ခုနှစ်တွင် မြို့နယ်စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်၊ ၂၀၀၈ ခုနှစ်မှစ၍ မြို့နယ်စည်ရုံးရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအောင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

ဒေါက်တာမြင့်နိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊
စစ်ကိုင်းတိုင်းဒေသကြီိး
  • မွေးသက္ကရာဇ် - ၆-၁၀-၁၉၅၁
  • ပညာအရည်အချင်း - M.B.B.S (Mdy)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊စစ်ကိုင်းတိုင်းဒေသကြီး
    (ကန့်ဘလူ-ကျွန်းလှ-ရေဦး-တန့်ဆည်)
နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဆေးတက္ကသိုလ်မှ(၂)နှစ် ထုတ်ပယ်ခံရ၊ ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ကန့်ဘလူ မဲဆန္ဒနယ်မှ NLD ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူပေးရန် ပျက်ကွက်၍ စင်ပြိုင်အစိုးရတည်ထောင်ခဲ့သဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း(၂၅ နှစ်) အပြစ်ပေးခံခဲ့ရ၊ ၁/၉၃ အရ ထောင်ဒဏ် (၁၀)နှစ်သို့ ပြောင်းလဲကျခံရ၊ (၂၉-၄-၂၀၀၆)တွင် ထောင်တွင်းအကျဉ်းသားများ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမှုဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံရ။

ဒေါ်ခင်သန္တာ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
တံတာဦးမြို့နယ်
  • မွေးသက္ကရာဇ် - ၃၀-၅-၁၉၇၇
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တံတာဦးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - အသက်(၂၂)နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်ခဲ့ပြီး သတင်းနှင့် သုတေသနရေးရာမှူးအဖြစ် ဆောင်ရွက်ခဲ့။ ၂၀၀၃ ခုနှစ် မေလ(၂၇)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအစရှိသော အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်အတူ တံတားဦးမြို့တွင် လူငယ်များအား စည်းရုံးဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့။

ဦးစိန်လှ(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်
  • မွေးသက္ကရာဇ် - ၄-၁-၁၉၄၉
  • ပညာအရည်အချင်း - B.Sc(Maths), H.G.P ,R.L(II)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မဟာအောင်မြေမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် ဒီမိုကရေစီ တိုးတက်ရေး မဟာ မိတ်ပါတီကို ပေါင်းတည်သခင်ဟန်ထွန်းအား နာယကထား၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းနှစ် သြဂုတ်လတွင် အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ ၅(ည)ဖြင့် အင်းစိန် ထောင်၌ ၃ နှစ်ကျခံခဲ့ရ။ ၁၉၉၂ ခုနှစ်မှစတင်၍ ရှေ့နေလိုင်စင် ပိတ် သိမ်းခြင်းခံရ။၂၀၁၀ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးခင်မောင်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
စစ်ကိုင်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၆၁
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - စစ်ကိုင်းမြို့နယ်
  • အလုပ်အကိုင် - တောင်သူ
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် တာဝန်ခံအဖြစ် တာဝန်ယူခဲ့။ ၁၉၉၀ ရွေးကောက်ပွဲ၌ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့။ ၂၀၀၀ပြည့်နှစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် စစ်ကိုင်းမြို့နယ်အဖွဲ့ချုပ်ရုံး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ လောင်စာဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် တောင်းဆိုဆန္ဒပြရန် စီစဉ်မှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဦးလှမြင့်(နှုတ်ခမ်းမွှေး)
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မကွေးမြို့နယ်
  • မွေးသက္ကရာဇ် - ၂၈-၇-၁၉၄၉
  • ပညာအရည်အချင်း -
  • မဲဆန္ဒနယ် - မကွေးမြို့နယ်
  • အလုပ်အကိုင် - သမ၀ါယမ(ငြိမ်း)၊ ကုန်သည်
နိုင်ငံရေးအတွေ့အကြုံ - ပထမအကြိမ် မြို့နယ်ပြည်သူ့ကောင်စီ အချိန်ပိုင်းတရားသူကြီး ၊ ဒုတိယအကြိမ် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ တတိယအကြိမ် မြို့နယ်ကောင်စီ အလုပ်အမှုဆောင်၊ စတုတ္ထအကြိမ် ပါတီယူနစ်ကော်မတီဝင် (အချိန်ပြည့်)၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်။

ဦးအောင်စိုးမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တောင်ငူမြို့နယ်
  • မွေးသက္ကရာဇ် - ၂၃-၈-၁၉၅၃
  • ပညာအရည်အချင်း - B.Econ(M.S)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တောင်ငူမြို့နယ်
  • အလုပ်အကိုင် - ကုန်သည်
နိုင်ငံရေးအတွေ့အကြုံ - - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး၊ တိုင်းတွဲဖက်အတွင်းရေးမှူး၊ ဗဟိုဦးစည်းအဖွဲ့ဝင် အကျဉ်းသား ကူညီစောင့်ရှောက်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ရွေးချယ်ခံခဲ့ရ၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ သုံးနှစ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံခဲ့ရ၊ သွင်းကုန်ထုတ်ကုန်(ယာယီ၅(၁))အရ ထောင်ဒဏ်(၇)နှစ် ချမှတ်ခြင်းခံခဲ့ရ။

ဦးမြ၀င်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)၊
    HGP,RL,MA(Defence Study)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
  • အလုပ်အကိုင် - ဗိုလ်ချုပ်(ငြိမ်း)
နိုင်ငံရေးအတွေ့အကြုံ -

ဒေါ်မြင့်မြင့်အေး(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မိတ္ထီလာမြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၇-၁၉၅၈
  • ပညာအရည်အချင်း - B.Econ (Economic)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မိတ္ထီလာမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းတွင် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ဖြင့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲအောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့။ ၁၉၉၇ ခုနှစ်တွင် မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်များကို နှစ်ပေါင်း (၂၀)ကျော် ဆောင်ရွက်ခဲ့။ ၂၀၁၁ ခုနှစ်တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်နှင့် ချိတ်ဆက်ပြီး လူ့အခွင့်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့။ တရားမဲ့ပြုကျင့်ခံရသူများ၊ လူ့အခွင့် အရေးချိုးဖောက်ခံရသူများက လာရောက်ကူညီ တောင်းခံမှုများအား သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ။

ဒေါ်ခင်စန်းလှိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုလဲမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၅၆
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပုလဲမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှာမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀က်လက်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူရေးနှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုကြောင့် ပုဒ်မ ၁၂၂/၁ ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရသော ကိုယ်စားလှယ်လောင်း ၃၅ ဦးတွင် တစ်ဦး အပါအ၀င်ဖြစ်၊ ၁၉၉၂ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်၊ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရ၊၂၀၁၂ NLD ပြန်လည်တည်ထောင်သူ ၂၁ ဦးတွင် ပါဝင်၊ NLD ဗဟိုအောင်နိုင်ရေးကော်မတီတွင် ဘဏ္ဍာရေးကော်မတီ အဖွဲ့ဝင်ဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီတွင်လည်း တာဝန်ပေးခံရ။

ဒေါ်သန်းသန်းနွဲ့(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ပဲခူးတိုင်းဒေသကြီိး
  • မွေးသက္ကရာဇ် - ၅-၇-၁၉၅၅
  • ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၇)၊ ပဲခူးတိုင်းဒေသကြီိး
    (အုတ်တွင်း-ထန်းတပင်)
  • အလုပ်အကိုင် - ကြယ်နီဆေးပေါ့လိပ်လုပ်ငန်း
လူမှုရေးဆောင်ရွက်မှုများ - သီရိသုဓမ္မသိင်္ဂိဘွဲ့ကို (၄-၁-၂၀၀၆)နေ့တွင် ချီးမြှင့်ခြင်းခံရ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိ။

ဦးဝင်းဇော်(အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မိတ္ထီလာမြို့နယ်
  • မွေးသက္ကရာဇ် - ၂၉-၈-၁၉၆၂
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မိတ္ထီလာမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်လူငယ်အဖွဲ့ဝင်၊ ၁၉၈၉ မှ ၁၉၉၆ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် မိတ္ထီလာနှင့် မြင်းခြံအကျဉ်းထောင်များတွင် ခုနစ်နှစ် အထိန်းသိမ်းခံခဲ့ရ။ ၁၉၉၉ မှ ၂၀၀၂ ထိ ကိုးလေးလုံး လှုပ်ရှားမှုနှင့် NLD ပါတီစာစောင်များ ဆောင်ရွက်ခဲ့သဖြင့် အင်းစိန်နှင့် မော်လမြိုင်အကျဉ်းထောင်များတွင် သုံးနှစ် အထိန်းသိမ်းခံခဲ့ရ။ ၂၀၀၆ ခုနှစ်တွင် ပါတီမှ နှုတ်ထွက်ခဲ့ပြီး အမျိုးသားနိုင်ငံရေးလူငယ် NLD (မြန်မာနိုင်ငံ) အင်အားစုကို ဖွဲ့စည်းဦးဆောင်ခဲ့။ ၂၀၀၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစုများ၏ ဗဟိုသဘာပတိအဖွဲ့ဝင် တာဝန်ယူခဲ့။ ၂၀၀၉ ခုနှစ်တွင် အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့။

ဦးစိုင်းစံမင်း(ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ရှမ်းပြည်နယ်
  • မွေးသက္ကရာဇ် - ၁၉၅၉ ခုနှစ်
  • ပညာအရည်အချင်း - ဥပဒေဘွဲ့
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
    (လားရှိုး- တန့်ယန်း- မိုင်းရယ်- သိန်းနီ- ကွမ်လုံ)
လူမှုရေးဆောင်ရွက်မှုများ - ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ရှမ်းတိုင်ရင်းသားများ ဒိမိုကရက်တစ်ပါတီ (SNDP/ ကျားဖြူပါတီ)သို့ ၀င်ရောက်ခဲ့ပြီး လားရှိုးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လျက်ရှိ။

ဦးစိုင်းမောင်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
  • မွေးသက္ကရာဇ် - ၁၈-၇-၁၉၄၆
  • ပညာအရည်အချင်း - B.Sc(R.L)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
    (လားရှိုး- တန့်ယန်း- မိုင်းရယ်- သိန်းနီ- ကွမ်လုံ)
  • အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းတွင် သပိတ်အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူရင် နိုင်ငံရေးလောကသို့ ရောက်ရှိခဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ။

ဒေါ်ခင်ဌေးကြွယ်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၁၁-၁၉၄၆
  • ပညာအရည်အချင်း - B.Sc(R.L)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင်ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့၊ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၇ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၁၉၉၉ထိ(၉)လခန့် ထိန်းသိမ်းခြင်းခံခဲ့ရ၊ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သော ထင်ရှားသည့် အမှုများမှာ ဒေါ်အောင်ဆန်းစုကြည်ပါ (၃) ဦး အမှု၊ ဦးဇဂနာ(ခ) ဦးသူရပါ (၄)ဦး အမှု၊ မစုစုနွေးပါ (၂)ဦး အမှု၊ ဦးဥက္ကံသ (ခ) ဦးဇင်းအောင်ဇော်လတ် အမှုအပါအ၀င် ယုံကြည်ချက်ကြောင့် တရားစွဲဆိုခံရသော နိုင်ငံရေးအမှုများ။

ဒေါ်မြင့်မြင့်ဝေ (ခ) မိမြင့်မြင့်ဝေ
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်
  • မွေးသက္ကရာဇ် - ၆-၂-၁၉၅၉
  • ပညာအရည်အချင်း - LL.B ၊ ဒီပလိုမာ(ရေထွက်လုပ်ငန်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်
  • အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ -

EMG
ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၃) ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၃) Reviewed by သစ်ထူးလွင် on 05:17 Rating: 5

1 comment:

စိုးလွင်ဥိး said...

ဒေါ်ခင်စန်းလှိုင် နဲ့ ဒေါ်သန်းသန်းနွဲ့  တို့ ကို ဥပဓိရုပ်ချင်းယှဉ်ကြည့်မိတာ
ဒေါ်ခင်စန်းလှိုင် မျက်နှာက အေးချင်းပြီး ဒေါ်သန်းသန်းနွဲ့ မျက်နှာက
ဝှက်ဖဲတစ်ချက်ကိုင်ထားသလားလို့ ။

Powered by Blogger.