အောင်ပင်လယ်မှာ လူပင်လယ်

အောင်ပင်လယ်မှာ လူပင်လယ်
ပရိတ်သတ်စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်
ရန်ကုန် ၊ မတ် ၃

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့  သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့ သစ်( အောင်ပင်လယ် ) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများကပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့ အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ ခံများသာမက နိုင်ငံခြားသားမျာ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျားများပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။

ယခု သတင်းရေးသားထုတ်လွှင့်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးကြောင်း The Voice Weekly သတင်းထောက်ကပြောကြားသည်။
The Voice Weekly
အောင်ပင်လယ်မှာ လူပင်လယ် အောင်ပင်လယ်မှာ လူပင်လယ် Reviewed by သစ်ထူးလွင် on 12:22 Rating: 5

16 comments:

tharzaw said...

အားပါးပါး ... မြတ်စွာဘုရား ... မန္တလေးကတော့ အပြတ်ကျဲကုန်ပြီ။ ၀မ်းသာလိုက်တာ။

Unknown said...

woah!!!
woah,,,,woah,,,,,
OMG!!!!!!!!!!!!

min yar zar said...

Proud about you guys from Mandalay........great....great...great...

အမြင်သစ် said...

ကိုသစ်ရေ နောက်ဆက်တွဲ သတင်းဓါတ်ပုံလေးတွေ
လုပ်ပါအုံးဗျို့။ မြန်မြန်လေး။

kiddykid said...

ကျေးဇူးအထူးတင်ပါတယ် ကိုသစ်ထူးလွင်...အချိန်နဲ့ တပြေးညီ သိခွင့်ရ ကြည့်ခွင့်ရ တဲ့ အတွက်ပါ....
ကျွန်မ မျက်ရည်တွေတောင်ကျမိပါတယ်။

su said...

အမေစု ကို ဘုန်းဘုန်းတွေကအစ ချစ်ခင်လေးစားတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ တိုင်းပြည်ခေါင်းဆောင်ဆိုတာ ဒီလိုလူမျိုးပဲ ဖြစ်သင့်တယ်။ မန်းသူ၊ မန်းသားတွေကို ကျေးဇူးအရမ်းတင်တယ်။

ချမ်းမြေ့လွင် said...

ကြည့်၇တာ.....တော်တော်ကျက်သေ၇ ရှိလိုက်တာဗျာ....

aa said...

မန်းတောင်ရိပ်မှာအန်တီစု မန်းသူမန်းသားတွေနဲ့ အတူတစ်သားတည်းဖြစ်နေတာမြင်ရတော့ကြည်နူးမိပါတယ်

gwantaylay said...

ကမ္ဘာ အကြီးဆုံး အင်ပါယာ ထောင်မလို့လား အမေရာ..မန်းလေး လူထုနဲ့မဲယူမယ်ဆိုရင် တောင် အမေနူိုင်ပြီ.။

Simpleman said...

That's mandalay !!! Yeah .....mandalay is really rock ! Very very happy !!!
Thank so much Ko Thit yay ......

Mg Khwe said...

နိုင်ငံပိုင် သတင်းဌာနတွေ တိုင်းပြည်တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဖြစ်နေတဲ့ ဒီ သတင်းတွေကို ဘာလို့ လူထုသိအောင် ထုတ်လွှင့်မှု တွေ မလုပ် ကျတာလှဲဗျာ၊ အင်တာနက် မရှိတဲ့ ပြည်သူတွေကို သနားမိပါတယ်။
တစ်နိုင်ငံလုံးကို ဒီပုံတွေ မြင်စေချင် စမ်းလှပါတယ်ဗျာ။
ကို သစ်ထူးလွင်ရေ၊ ခင်ဗျားကို ဘယ်လို ကျေးဇူးတင်လို့ တင်ရမှန်း မသိတော့ ပါဘူးဗျာ။

gemuk said...

ကျေးဇူးတင်ပါတယ် မန်းသူ၊မန်းသားများ

tkm said...

ဝမ်းသာတယ်ဗျာ..
ကြံဖွတ်ရေ..ဟိုဟာလုပ်ပေးမယ်
ဒီဟာလုပ်ပေးမယ်လို့..မြူဆွယ်စရာမလိုဘူးနော်...
အိုးလူတွေအများကြီး.....

သက်မောင် said...

ကိုင်း... ဦးတင့်ဆန်းနဲ့... ဦးဇော်ဇော် တို့ရေ... ကြားထဲက ငထွားခါးနာယုံပဲဆိုတာ သိပြီမဟုတ်လား... ယုံကြည်မှုကိုယ်စီနဲ့ တည်ဆောက်ထားတဲ့ ရဲရင့်တဲ့လက်တွေကို ခင်ဗျားတို့ ဖြုတ်နိုင်အုံးမလား...

Tomahawk said...

WOWWW,What a fantastic scenery.

Very proud for MDY people (not include chino).

ရာရာ said...

တကယ်ပါ..ဓါတ်ပုံတွေကြည့်ရင်း၊ ပို့စ်တွေဖတ်ရင်းနဲ့ မန္တလေးကလူထုထဲကို ကိုယ်တိုင်ပြေးဝင်ပြီးနွဲလိုက်ချင်စိတ်တောင်ပေါက်လာမိပါရဲ့....။

Powered by Blogger.