ကိုယ်စားလှယ်လောင်းတွေ ကွင်းအခက် တွေ့နေတဲ့ နေပြည်တော်ခရိုင် (ရုပ်/သံ)


နေပြည်တော်ခရိုင် အတွင်း လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်နှင့် ပတ်သတ်ပြီး ကွင်းနေရာ အခက်အခဲ ကြုံတွေ့ နေရတဲ့အကြောင်း ကြားဖြတ် ရွေးကောက်ပွဲ အတွင်း နေပြည်တော်ခရိုင်
ပုဗ္ဗသီရိမြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောဆို လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တော်ဝင်
နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ ဒီစာနယ်ဇင်း ရှင်းလင်းပွဲ အတွင်း နေပြည်တော်ခရိုင် သီရိလေးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကိုယ်စား ဦးဖြိုးဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်း
တို့က သတင်းထောက်တွေ မေးမြန်းတာတွေကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။ လာမယ့် ရက်အနည်းငယ် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်
တော်ကို လာရောက်မယ့် အချိန်မှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ကွင်းနေရာ အခက်အခဲ၊ ပုဗ္ဗသီရိမြို့နယ် ဆိပ်နံတုံးကျေးရွာက NLD ပါတီဆိုင်းဘုတ် ဓားနဲ့ ခုတ်ဖြတ်ခံရတဲ့ အခက်အခဲ စတဲ့
အကြောင်းခြင်းရာတွေနဲ့ ပတ်သတ်ပြီး ဦးဖြိုးဇေယျာသော်က စာနယ်ဇင်းသမားတွေကို ရှင်းပြ ခဲ့ပါတယ်။
ဘားမားဗီဂျေ
ကိုယ်စားလှယ်လောင်းတွေ ကွင်းအခက် တွေ့နေတဲ့ နေပြည်တော်ခရိုင် (ရုပ်/သံ) ကိုယ်စားလှယ်လောင်းတွေ ကွင်းအခက် တွေ့နေတဲ့ နေပြည်တော်ခရိုင် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 00:40 Rating: 5

3 comments:

ywarthar said...

ဦးဇေယျာသော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ဖြေကြားချက်တွေကိုကြားရတော့ အားရ ကျေနပ်မိပါတယ်။ နောက်တက်လာတဲ့လူငယ်တွေထဲမှာ ဒီလိုရှင်းလင်:စွာပြောနိုင်မယ့်သူ ရှိပါ့မလားလို့ သံသယဖြစ်ခဲ့မိတာတွေကို ကျော်လွှားနိုင်ပါပြီ၊ ဒီချုပ်အနေနဲ့ လူရွေးမှန်ပါတယ်။
တစ်နပ်စာလေးဘန်းပြပြီး စည်းရုံးနေတဲ့ ကြံ့ ဖွတ်ကို မဲပေးမှားရင်တော့ ဒို့နိုင်ငံ ဖွတ်ဖြစ်နေတဲ့ဘ၀က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး ဆိုတာကို ပြည်သူတွေ သိစေချင်ပါတယ်။ လမ်းပြင်တံတားဆောက် ကျောင်စရိတ်ထုတ်ပေး ဆိုတာတွေ က တစ်နပ်စာ ဗန်းပြထားတာတွေပါ၊ သူတို့စေတနာရှိလို့ လုပ်ခဲ့ရင် နှစ် ၂၀ ကျော်အတွင် ဘာတွေတိုးတက်ခဲ့သလဲ။
လာမယ့် နှစ် ၂၀ ကို အမေစုတို့ ပါတီကိုလုပ်ခွင့်ပေးလိုက်စမ်းပါ၊ ကိုယ့်တိုင်းပြည်တိုးတက်ဖို့ ဘယ်သူတွေ ဘယ်လောက်စေတနာရှိတယ်ဆိုတာ ထင်ရှားလာမှာပါ၊
ပြည်သူများအနေနဲ့ တစ်နပ်စာလေးကို မကြည့်စေချင်ပါ၊ ကြံ့ ဖွတ်ပါတီက ဘယ်လိုပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် ဒီပုတ်ထဲကဒီပဲတွေဆိုတာကို သိစေချင်ပါတယ်။ ပုဂ္ဂိုလ်ရေးကို မကြည့်ဘဲ သူ့နောက်က ရပ်တည်နေတဲ့ ပါတီက ဘာတွေလုပ်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်ကြည့်ပြီးမှ မိမိရဲ့ မဲတစ်ပြားကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးပြုလိုက်စမ်းပါ၊ တစ်နပ်စာလေးသာကြည့်ရင်တော့တစ်နပ်စာပဲ ရပြီး တစ်ဘ၀စာ ငတ်နေရအုံးမှာပါ။
ကဲ-- ပီပီပြင်ပြင် ဆုံးဖြတ်လိုက်ကြစမ်းပါ။ ဒါမှ စစ်ဖိနပ်အောက်ကလွတ်ကြမှာ။

Anonymous said...

ကျွန်တော်နဲ့ ကျွန်တော့ မသားစု ကတော ကိုဇေယျာသော်တို့ NLD ကို မဲပေးမည် ဖြစ်ပါကြောင်း....

phayoung2009@gmail.com said...

ကဲ .. ဘယ်လိုလုပ်ကြမလဲ ရက်တွေက တဖြည်းဖြည်း နီးကပ်နေပြီနော်.. နေရာ ခု ထိ မရသေးဘူးလား ဟင်... အမေ့အတွက် အမေ့ကို ချစ်တဲ့ ပြည်သူတွေအတွက် နေရာလေး တခုလောက် ဖန်တီးကြပါအုံး...

Powered by Blogger.