စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ (ဓါတ်ပုံ)

စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ 

ဓါတ်ပုံ - သားစု (စစ်ကိုင်း) Myanmar News Now

စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ (ဓါတ်ပုံ) စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ (ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 11:05 Rating: 5

15 comments:

thant said...

Thank You all the people for love Amay Su

luck said...

အားလုံးမြင်ရတာတော့ ကောင်းပါတယ်း ကြိုဆိုတာလည်း အားရစရာပါဘဲ နိုင်ငံတော်အတွက် အတိုက်အခံကောင်း တစ်ခု ကို ကြိုဆိုကြတာပါ ... ဒါပေမယ့်ပေါ့ဗျာ ဆရာတော်များကလည်း ၀ိနည်းတော်နှင့် အညီကြိုဆိုကြမယ်ဆိုရင် ပိုကြည့်ကောင်းမလားလို့ပါ..

thant said...

These are very proud condition.

Pressure said...

very Good

Nyein Ko Ko Oo said...

တကယ့်ကိုအားရစရာပါဗျာ..အထက်က luck ပြောသွားသလိုပဲ..သံဃာတော် တွေရဲ့အပြင်အဆင်ကတော့ သိပ်အဆင်မပြေလှပါဘူး..သာသနာတော်အတွက် ရင်လေးစရာများဖြစ်လာမလားလို့လေ...(သံဃာဆိုတာ ပုထုဇဉ်တွေလို စိတ်ကို အရမ်းလွှတ်ထားလို့ မရပါဘူး စောင့်ထိန်းရမဲ့ဝိနည်းတွေကများ မှ များ....

tapaungthi said...

အပြစ်မပြောပါနဲ့ ဘုန်းဘုန်းတို့ကို နားလည်ပေးလိုက်ပါ။
အခုလည်း အရင်တုန်းကတအားကိုမြိုသိပ်ထားတာတွေများလို့
အခွင့်ရတုန်း ပေါက်ထွက်ကုန်တာပါ။

chitsanmaung2012.mm said...

ကြိုဆိုတာကိုတော့ ဂုဏ်ယူပါတယ်ဗျာ... ဒါပေမယ့် အနာဂတ် သာသနာတော် အတွက် ရင်လေးမိသလိုပဲဗျာ... နည်းနည်းတော့ ၀ိနည်းသိက္ခာလေးတော့ ထိန်းသင့်တာပေါ့နော်...

လွတ်လပ်ရေးကောင်းကင် said...

ဝိနည်းတော်နဲ့ ညီ-မညီ ကို သိကြလို့ပြောနေတာလား ၊ အသေးအမွှား သိက္ခာပုဒ်လောက်က အာပတ်ဖြေရင် ပျောက်ပါတယ် ၊ ကြည့်မကောင်းဘူးလို့ ထင်တာလောက်နဲ့တော့ မပြောပါနဲ့ ၊ ရာနှုန်းပြည့် အပြစ်ကင်းဖို့က ဘယ်သူမဆိုခက်ပါတယ် ၊ ကောင်းတာတွေ လုပ်တာ များနေရင် ပြီးတာပဲလေ ။

ပြည်ချစ်သူ said...

ကောင်းပါတယ်ဗျာ။ ဘုန်းကြီးတွေလည်း သာသနာ့တာဝန်ထမ်းဆောင်ပြီး အေးအေးဆေးဆေးနေချင်မှာပါပဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံအခြေအနေက အားလုံးသိတဲ့အတိုင်းပဲလေ။ စက်တင်ဘာမှာတောင် မြန်မာပြည်သားတွေအတွက် ဘုန်းကြီးတွေ ဘယ်လောက်စွန့်လွတ်အနစ်နာခံခဲ့ကြသလဲ။ ဘုန်းကြီးတွေမေတ္တာပို့မှုကြောင့် မြန်မာနိုင်ငံအခြေအနေကို ကမ္ဘာကသိသွားကြလို့ အခုလိုပြောင်းလဲသွားတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဘုန်းကြီးတွေလည်း ကိုယ့်နိုင်ငံကြီးပွားတိုးတက်မှုကို လိုချင်ကြမှာပေါ့။ ဒါကြောင့် အားလုံးနိုင်ငံချစ်စိတ်လေးတစ်ခုနဲ့တင် ဒါလေးတော့ (သံဃာများကို) ခွင့်လွတ်သင့်ပါတယ်ခင်ဗျား...........။

skn061138 said...

ဟုတ်ပါတယ် ဘောလုံးကတောင်းကျိုက်ပြီးကန်ခဲ့တဲ့ ကိုယ်တော်တွေတောင် သူ့ဝါသူအချိန်ရောက်လာတဲ့အမျှ အနြေ္ဒသိက္ခာရှိတဲ့ပုဂ္ဂိုလ်ထူးတွေဖြစ်သွားတာအများကြီးပါဘဲ။ ကိုယ်တော်တွေလဲ မွန်ကျပ်လာတာတွေသူတို့အတွေးလေးတွေနဲ့ပျော်နေတာပါဗျာ။ နေရာတစ်ကာ လိုက်အပြစ်မြင်နေရင် မြန်မာပြည်မှာသာသနာပျောက်တာကြာရောပေါ့။ ခင်ဗျားတို့ရဲ့ အရင်းခံစိတ်လေးတွေကတော့ တော်တော်ကိုမွန်မြတ်လှပါတယ်။ ဒါပေမဲ့ သံဃာဂုဏ်ကို သံဃာတွေကထိန်းပါလိမ့်မယ် ကျွန်တော်တို့တောင် အဝေးရောက်နေပင်မဲ့ အမေစုရဲ့ ကြိုဆိုရေးမြင်ကွင်းတွေမြင်တိုင်းမျက်ရေဝေနေရတာ အပြင်မှာလက်တွေမြင်တွေနေရတဲ့လူတွေဆို ဘယ်လိုလုပ်မလဲတွေးကြည့်ပေါ့.. ကြိုဆိုနေတဲ့ သံဃာတွေကလဲ ပြည်သူထဲကပြည်သူဘဲလေ။ သူတို့လဲ တစ်နေ့နေ့အနေထားတစ်ခုတစ်ခုရောက်နေမယ်ဆိုရင် ဘယ်လုပ်ပါလိမ့်။

မျိုးစင်ဆွေဆက် said...

ကျနော့်ရဲ့  ...တကိုယ်ရေ အတွေးအမြင် အသိလေးပါ.....ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သာမန်လူသားဖြစ်သော ကျနော်သည် ငါးပါးသီလတွင် ငါးပါး လုံး မြဲအောင်မစောင့်ထိန်းနိုင်သေးသည့်အတွက်... ဘုန်းကြီး သံဃာတော် များ အား ဝိနည်း ဆိုသည့် စကားပြောထွက်ရန် ၊စာချရေးရန် မတန်သေးဟု သာ မိမိကိုယ် မိမိ................(အမျိုးသားရေးအတွက် ဒီအချိန်မှာအားတွေလိုတယ် ..ညီညွတ်ရေးအင်အားတွေ အများကြီးလိုအပ်တယ်...အားလုံးညီညွတ်ကြရမှာ...)

မောင်မျိုးချစ် said...

လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်တုန်းက လှည်းတန်းက ဦးထွန်းလင်းခြံလမ်းမှာ
တရာပွဲတစ်ပွဲလုပ်တယ်။ အဲဒီတရားပွဲမှာ ဖြူးဆရာတော်၊ အရှင်ညာနိသရ
လည်းပါတယ်။
တရားပွဲပီးသွားတဲ့အခါမှာ တကာတစ်ဦးက ယနေ့ခေတ်ဘုန်းကြီးတွေ အများ
စုဟာ .. ၂-လုံး၊ ၃-လုံး၊ ဘောလုံးလောင်းကစားအပါအ၀င် ဘုန်းဘုန်းတွေကို
အများစုတွေ့ရတော့ ဗုဒဘာသာကို အခြားဘာသာဝင်တွေမြင်ရင် အထင်သေး
ခံရလိမ့်မယ်.. ဒါကြောင့် ဆရာတော်ကြီးအနေနဲ့ သာသနာတော်သန့်ရှင်းစင်
ကြယ်အောင် ဦးဆောင်လုပ်ဆောင်ဖို့ကို တကာကလျောက်ပါတယ်။
အဲဒီအခါမှာ ဆရာတော်ကြီး ( အရှင်ညာနိသရလား .. ဖြူးဆရာတော်လား
သေချာစွာတော့ မမှတ်မိတော့ပါ။ အရှင်ညာနိသရဖြစ်ဖို့တော့ များတယ်) က
ဘာပြောလဲဆိုတော့ .. တကာကြီး အဲဒါကုန်ကြမ်းတွေ... ကုန်ကြမ်းမရှိရင်
ကုန်ချောထုတ်လို့မရဘူးလို့ ပြန်ပြီးမိန့်ပါတယ်။
( အဲဒီစကားကိုတော့ ကျနော်အနေနဲ့ တော်တော်ကို သဘောကျပါတယ် )
နောက်ဆက်ပြီး ဆရာတော်က ၀ိနည်းတော် အားလုံးနဲ့ညီမှ ရှင်သာမဏေ၊
ရဟန်းလုပ်ကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘုန်းကြီးကိုမြင်ဖူးဖို့တောင်
မလွယ်လို့ သာသနာက အချိန်တိုတောင်းစွာအတွင်းမှာပဲ ပျောက်ကွယ်
သွားနိုင်တယ်လို့ မိန့်ပါတယ်။
(ဗမော်ဆရာတော်ငယ်ငယ်က တော်တော်ဆိုးတယ်လို့တော့ကြားဖူးတယ်။
ဒါပေမယ့် ရင့်ကျက်သွားချိန်မှာတော့ သာသနာ့အကျိုးကို အများကြီး
ဆောင်ရွက်သွားနိုင်ခဲ့ပါတယ် )

မောင်မျိုးချစ်

luck said...

သံဃာတော်များအား အပြစ်ဆိုတာမဟုတ်ပါ.. ဆိုရအောင်လည်း ကျွန်တော်တို့ ဟာ ပုတုဇဉ်တွေဖြစ်တဲ့အတွက် နှိုင်းယှဉ်၍ မရကောင်းပါ .. ဆရာတော်များသည် လူများမလုပ်နိုင်သော အလုပ်၊ သိက္ခာပုဒ်များကို စောင့်ထိန်း နေကြသော ရဟန်းတော်များဖြစ်ပါသည်.နားလည်မှုလွဲနေကြပါသည်. ပြောချင်သည့် အကြောင်းအရာအား လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါသည်. အန်တီစုအား ကျွန်တော်လည်း အပြည့်အ၀ထောက်ခံပါသည်. အတိုက်အခံကောင်းတစ်ခုအား လိုချင်နေပါသည်.

အမြင်သစ် said...

မောင်မျိုးချစ်ရဲ့အတွေ့အကြုံ စကားလေးကြားရတာ အင်မတန်
ကောင်းတယ်ဗျာ။ ဘာတဲ့ (တကာကြီး အဲဒါကုန်ကြမ်းတွေ... ကုန်ကြမ်းမရှိရင်ကုန်ချောထုတ်လို့မရဘူး၊၀ိနည်းတော် အားလုံးနဲ့ညီမှ ရှင်သာမဏေ၊ရဟန်းလုပ်ကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘုန်းကြီးကိုမြင်ဖူးဖို့တောင်မလွယ်လို့ သာသနာက အချိန်တိုတောင်းစွာအတွင်းမှာပဲ ပျောက်ကွယ်သွားနိုင်တယ်)
တဲ့ ကောင်းလိုက်တဲ့ စကားလေးဗျာ.၊ အရှင်ညာနိသရ က လောကီပညာရော . လောကုတ္တရာ ပညာပါ ပြည့်စုံတဲ့
ဆရာတော်ကြီးတစ်ပါးပေဘဲ ....

iban said...

တိုင်းပြည်ကောင်းစားမှ စစ်မှန်တဲ့သာသနာ ရေရှည်တည်တံမှာပါ။ သာသနာကို စောင့်ရှောက်ကြတဲ့ကိုယ်တော်တွေ ဒါကို သာမန်ပြည်သူတွေထက် ပိုသိကြပါတယ်။
ချဲဘုန်းကြီး၊ ဓာတ်ဘုန်းကြီး၊ နတ်ဘုန်းကြီး၊ ဗေဒင်ဘုန်းကြီး၊ ယတြာဘုန်းကြီး၊ ဆေးဘုန်းကြီး၊ ရာထူးပွဲစားဘုန်းကြီး၊ ဘိုးတော်ဘုန်းကြီး၊ ဘွဲ့တံဆိပ်ဝယ်ဘုန်းကြီးတွေ နေရာမရဖို့ သာသနာစောင့်ရှောက်သူ ဘုန်းဘုန်းတို့က ခင်ဗျားတို့ ကျုပ်တို့ထက် ပိုလိုလားကြတယ်။

Powered by Blogger.