ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး လူမဆန်စွာ ဆဲဆိုကြိမ်းမောင်ခြိမ်းခြောက်မှုနှင့် ပါတ်သတ်၍ ထပ်မံရရှိတဲ့ ပေးစာ

ရတနာပုံ တယ်လီပို့ 

၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။
တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။ ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ ပထမဦးစားပေး လူများကို ကြယ်အမှတ်အသားပြ၍ ဒုတိယ ဦးစားပေး လူများကို အမှန်ခြစ် အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီတွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ထိုသို့ သတင်းပို့ရာတွင် ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် ရောက်ရှိမလာသေးသောအချိန်အတွင်း ပထမဦးစားပေးရွေးချယ်ခံရသော အမျိုးသားအဆင့် ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ စကားပြောကြားရာတွင်

 "မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ
  လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်
  တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
  ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
 ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"

ဆိုသော ခြိမ်းခြောက်အရိပ်ပြစကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ လက်ရှိလုပ်ငန်းစဉ်များအား ပြောကြားရာတွင် အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။ ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။ Installation ပိုင်းမှာ GSM Tour တိုင်များကို လိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး Production ပိုင်းမှာ ဖုန်း solar circuit များကို ခဲတို့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ပြောင်းရွှေ့ခံရသော အမျိုးသားအဆင့် ရတနာပုံဝဘ်ပေါ်တယ် ဝန်ထမ်းများမှာ မူရင်းဌာနတွင် ထမ်းဆောင်ရသော တာဝန်များကို ပြောင်းရွှေ့ခံဝန်ထမ်းများကပြောကြားရာ "မင်းတို့ အလုပ်ကို နားမလည်ဘူး အခုငါတို့စက်ရုံကို ရောက်ပြီဖြစ်လို့ ငါခိုင်းချင်တာခိုင်းမယ်" ဆိုပြီး လုပ်ငန်းများနှင့် မတူညီကြောင်း ပြောကြားပြီး ပါဝင်သော ဝန်ထမ်းများမှ ယောကျာ်းလေးများကို " မင်းကားမောင်းတတ်သလား" ဟူသော မိမိပညာအရည်အချင်းနှင့် သက်ဆိုင်ခြင်း မရှိသော မေးခွန်းကို မေးခဲ့ပါသည်။ ပြောင်းရွှေ့ခံရသော ဝန်ထမ်းများ၏ ပညာအရည်အချင်းမှာ BE(IT) နှင့် B.C.Sc (Hons:) များသာ ဖြစ်ပါသည်။ ပြောင်းရွှေ့ခံရသော ဝန်ထမ်းများကို အမျိုးသားအဆင့် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) စက်ရုံသို့ ရောက်ရှိလာချိန်ကို စောင့်ဆိုင်းခိုင်းထားပါသည်။ ထိုအမျိုးသားအဆင့် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) မှာ ၂၅.၂.၂၀၁၂ မနက် ၉ နာရီခွဲအချိန်တွင် ရောက်ရှိလာပြီး ဆိုလာစက်ရုံရှိ ဆိုလာစက်ရုံဝန်ထမ်းများအား "ငါ" ကိုင်တုတ် ဆဲဆိုကြိမ်းမောင်းမှုများကို ကြားရပြီးနောက် ပြောင်းရွှေ့ခံဝန်ထမ်းများကို  မနက် ၁၀ နာရီအချိန်တွင် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ၏ ရုံးခန်းတွင် တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ ပြောကြားသော စကားများတွင် သူ၏ အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြီး လက်ဝါးကြီးကို ထောင်ပြပါသည်။ ထိုသို့ လက်ဝါးထောင်ပြပြီး "မင်းတို့မျက်နှာနဲ့ ငါ့လက်ဝါးဘယ်ဟာပိုကြီးလည်း" ဆိုပြီး လက်ဝါးထောင်ပြမေးမြန်းရာတွင် ပြောင်းရွှေ့ခံဝန်ထမ်းတစ်ဦးမှ မျက်နှာက ကြီးပါသည်ဟု ပြောရာ ထိုဝန်ထမ်း၏ မိဘအလုပ်အကိုင်နှင့် နေရပ်လိပ်စာကို မေးမြန်းပြီး

 "ညည်းကြပ်ကြပ် သတိထား၊
  လူပါးမဝနဲ့
  င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား
 လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
 
ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်ဝတ္တရားများကို ပြောကြားရာ

"အဲဒါတွေ င့ါကို လာမပြောနဲ့
ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ပြောင်းရွှေ့ခံဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး

"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း
 အင်္ဂလန်ကလား အမေရိကန်ကလား
ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"

ခြိမ်းခြောက်ပြောဆိုပါသည်။

ထို့နောက် ပြောင်းရွှေ့ခံရသော ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးရာ

"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။

ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး  ဗိုလ်ကြီးဦးဇော်လွင်ဦးမှ

"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့
စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ

 "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
  ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
 ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။

ထို့နောက် အမျိုးသားအဆင့် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို  မျက်နှာကြီးပါသည်ဟု  ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး  ဖြေဆိုသင့်သည်မှာ

"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်

"မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး
မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ
လူညီရင် ဤ ကျွဲဖတ်ကြပေါ့
စနေနေ့ ရုံးဖွင့်တယ်
ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောပါသည်။

ထို့နောက် ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။

 ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ဆိုလာစက်ရုံသို့ ပြောင်းရွှေ့လိုသော ဆန္ဒတစ်စုံတစ်ရာတောင်းခံခြင်းမရှိဘဲ အာဏာသုံး အတင်းအဓမ္မ လုပ်ဆောင်ခြင်းကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသောကြောင့် ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ရတနာပုံဝဘ်ပေါ်တယ်မှ ၀န်ထမ်းတဦး
Myanmar News Now
ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး လူမဆန်စွာ ဆဲဆိုကြိမ်းမောင်ခြိမ်းခြောက်မှုနှင့် ပါတ်သတ်၍ ထပ်မံရရှိတဲ့ ပေးစာ ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး လူမဆန်စွာ ဆဲဆိုကြိမ်းမောင်ခြိမ်းခြောက်မှုနှင့် ပါတ်သတ်၍ ထပ်မံရရှိတဲ့ ပေးစာ Reviewed by သစ်ထူးလွင် on 02:36 Rating: 5

70 comments:

Unknown said...

အမှန်တရားကို အားပေးတယ်...။

မန္တလေးသား said...

"မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ
လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်
တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့စကားက သူ့ကိုသူ ဘယ်လိုလူမျိုးလည်းဆိုတာပြတာပဲ... သူဒီနေရာကို ဘယ်လိုအရည်အချင်းနဲ့ရောက်လာလဲဆိုတာ သိသာစေတယ်။
"ညည်းကြပ်ကြပ် သတိထား၊
လူပါးမဝနဲ့
င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား
လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
ဆိုတဲ့စကားကတော့ လက်နှက်ကိုင်အာဏာပြည့်သမားတွေရဲ့ တဘက်သက်ဆန်တဲ့ ဝါဒတမျိုးပါ။ ဒီစကားကြောင့် သူဟာ စစ်ခွေးတစ်ကောင်ဆိုတာ ထင်ရှားစေပါတယ်။
"အဲဒါတွေ င့ါကို လာမပြောနဲ့
ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဆိုတဲ့စကားကတော့ တဘက်သက်ဆန်သူဖြစ်ကြောင်း ထင်ရှားစေတယ်.... သူများရဲ့အကျိုးအကြောင်းကိုမကြည့်ဘဲ ကိုယ့်ရဲ့အတ္တကိုသာပြတာဆိုတာ အရှင်းကြီးပါ။ ဒီစကားဟာလည်း စစ်ခွေးတစ်ကောင်ရဲ့ အူသံတစ်မျိုးပါပဲ.... သူတို့တွေပြောနေကြအခြားစကားတခွန်းက ရေပါတာပဲလိုချင်တယ် ဆိုလားဘာဆိုလားပဲ။
"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း
အင်္ဂလန်ကလား အမေရိကန်ကလား
ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"
သူကရော ဘယ်နိုင်ငံက ဘါဘွဲ့ရထားလို့လည်း သတ္တိရှိလို့ ပါးရိုက်ကြေးဆွေးနွေးမယ်ဆိုရင် သူက ယောင်္ကျားပီပီ ပါးအရိုက်ခံရဲလို့လား... မြန်မာ လူကြီးတစ်ယောက်ရဲ့ ယဉ်ကျေးပြီးနားဝင်ချိုစေမယ့်စကားလား... နောက်လူငယ်တွေအတူယူမှားအောင် ရှေ့ဆောင်ကောင်းပီသစွာပြောတဲ့စကားလား... မှတ်သားလောက်ပါတယ်ဗျာ.....
"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုတဲ့ စကားကရော ပြန်မေးရင် မဖြေတက်လို့လား... အိုးမလုံလို့ အုံမပွင့်ခင် အမြန်ဆွဲဖုံးတာလား...း)း)း) ဖြစ်တက်ပါတယ်ဗျာ.. ဦးနှောက်မရှိတဲ့သူတွေ အုပ်ချုပ်နေမှတော့ အောက်ကလူတွေ အနင်းခံရတာပဲလေ... သူတို့တွေရဲ့တကယ့်စိတ်ထဲကိုဝင်ကြည့်လိုက်ပါ အထက်ဖါးအောက်ဖိ လူမျိုးဆိုတာ သိသာပါတယ်.... စိတ်လျှော့လို့ပဲ အကြံပေးပါရစေ... မကြာတော့ဘူးထင်ပါတယ် သူတို့ခေတ်ကုန်တော့မှာပါ.... ကြိုးစားဗျာ... ကိုယ်ကြိုးစားတာ ကိုယ့်အတွက်ပဲ ကျွန်တော်တကယ်ကိုယ်ချင်းစာပြီး အားပေးပါတယ်
ရတနာပုံဝဘ်ပေါ်တယ်မှ ၀န်ထမ်းများ ကြိုးစားကြပါ။ ခွေးဟောင်တိုင်း ထ မကြည့်ကြပါနဲ့လို့လည်း အကြံပေးပါရစေ.... အိပ်ရေးပျက်မှာဆိုးလို့ပါ....

SN said...

ဟုတ်တာတွေ ဘာမှ မတတ်ဘူး.....ကိုယ်ကျိုးဘဲ ကြည့်ပြီး မဟုတ်တာနဲ့ယုတ်မာတာတော့ အကုန်တတ်တဲ့ အရပ်ဝတ်လဲ စစ်တပ်က အရာရှိဟောင်းတွေ ၀န်ထမ်းလောကရဲ့ နေရာတိုင်းမှာ ရှိနေတယ်.....ဒါတွေကို ပြင်သင့်နေပြီ....

Anonymous said...

ဒီလိုကောင်တွေကို မိုက်ရိုင်းခွင့်ပေးထားတာ ဘယ်သူတွေလဲ။

မကျေနပ်ရင် သောက်ခွက်ကိုရိုက်ပြီး ထွက်ခဲ့ကြပေါ့ ခေတ်ပညာတတ်တွေမဟုတ်လား။ စစ်ဖိနပ်အောက် ခေါင်းငုံ့ပြီး ဒီလိုအောက်ကလိအာနေလို့ကတော့ စစ်ကျွန်ဘ၀က လွတ်မြောက်မယ် ယောင်လို့အိပ်မက်တောင် မမက်ကြနဲ့။

Anonymous said...

I hate Regime Rulers... :(

Naing Lin said...

ဒီလိုဖြစ်နေတာကို တိုင်ကြလေကွာ..တိုင်ရမှာက ၀န်ထမ်းတွေရဲ့တာဝန်....
ဒါမှာ ဒီမိုကရေဆီက အသက်ဝင်လားမ၀င်လားဆိုတာကိုသိရမှာ....
နောက်ပြီး အခုစိုးရက ပြည်သူလူထုကို ဘယ်လောက်အလေးထားတယ်
ဆိုတာလဲသိရမှာ တိုင်ကြကွာ ဆက်မလုပ်နဲ့...ပညာတန်ဖိုးမသိတဲ့ ငနဲ့သား
တွေ...လုပ်ရင်သူတို့အားပေးသလိုဖြစ်နေမှာ.....

Anonymous said...

ရတနာပုံ web portal မှ သူငယ်ချင်းများ မင်းတို့ကပညာတက်တွေပါကွာ တစ်ချိန်မှာ နိုင်ငံကိုအကျိုးပြုမယ့်ဝန်ထမ်းကောင်းတွေဖြစ်လာတော့မှာဆိုတော့သီးခံလိုက်ပါ
ခွေးဆိုတာကျားရိုးကျွှေးထားရင်ဟောင်တတ်တယ် ကိုက်တတ်တယ် ပြီးရင်အဲဒိခွေးဟာရူးပြီးတော့ဇာတ်သိမ်းတာပဲ အဲဒါကြာင့်ခွေးရူးကောင်းစားတမွန်းတည့်ပါ သိပ်မကြာတော့ပါဘူး......

san san said...

အစိုးရ က အဲ့လိုမိုက်ရိုင်းတဲ့သူတွေ ဘာလို့လူကြီးနေရာပေးထားတာလဲ၊တကယ် ပညာရှိတွေ ဆို အဲ့လို့မမောက်မာဘူး။မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တာလား၊အထက်ဖားအောက်ဖိလား၊အမိတူ နုတ်သရမ်းတာလား။ဘာဘဲပြောပြော ပညာရှင်တွေကို အဲ့လို မဆက်ဆံသင့်ပါဘူး။အဲ့လို ဆက်ဆံတတ်တဲ့ စနစ်ကိုပြောင်းလဲသင့်ပြီး။

Pho jar jar said...

အခုလိုပါဘဲ -နှစ်ပေါင်း(၅၀)ကျော်နိုင်ငံတော်ကို ငါသိ ငါတတ်လုပ်ပြီးဖျက်ဆီးခဲ့ ကြတာ-ဦးတို့လည်းတစ်သက်လုံး ဒီလိုဘဲနေလာခဲ့ -ဌာနအလုပ်လုပ်ပြီး မိသားစုသားသမီးတွေကို လူလားမြောက်အောင် ကျောင်းထားခဲ့ အပြောခံ အဆဲအဆိုခံ နဲ့၊သူငယ်ချင်း ခရိုင်မှူးအရာရှိဆို လူထုရှေ့မှာ ဂျွမ်းထိုးခိုင်း ပတ်ပြေးခိုင်းနဲ့ ၊အလုပ်ထွက်ဘို့ကလည်း သားသမီးတွေကို လူလားမြောက်ဘို့ တာဝန်ရှိတော့ ခံခဲ့ရတာတွေ မိသားစုမသိအောင် ကြိတ်မှိတ်ခံခဲ့ပါတယ်-ခုတော့ပင်စင်လည်းနီးနေပါပြီ-ခေတ်ပြောင်းတယ်ဆိုပေမဲ့ စနစ်ကတော့မပြောင်းမလဲဘဲရှိနေသေးတယ်-ဦးတို့သား/သမီးတွေကိုတော့ စိတ်နာလို့ ဦးတို့ဘဝလိုမဖြစ်အောင်-၀န်ထမ်းလုံးဝမလုပ်ခိုင်းတော့ပါဘူး-ကိုယ်သာခံပါရစေတော့- ရှေးဘဝ ဝဋ်တွေ ဒီဘ၀မှာ ဘဲကြေပါစေတော့-

Leo said...

ခေတ်ပြောင်း စနစ်ပြောင်းပေမယ့် သူတို့ကိုယ်သူတို့ အာဏာ အပြည့်သုံးနေတဲ့အရာရှိတွေ ဌာနတိုင်းမှာ ရှိပါသေးတယ်။ ၀န်ထမ်းစည်းမျဉ်းနားမလည်၊ ပညာတက်ကို တန်ဖိုးမထား၊ သူတို့စစ်တက္ကသိုလ်က အကုန်သင်ပေးလိုက်တာ သူတို့ပဲ အကုန်သိတယ်ဆိုတဲ့ ပုံစံသွင်းခံလိုက်ရတဲ့ သနားစရာလူတွေ၊ အပြင်လောကကလဲ ရောက်ရော၊ အာဏာဆက်ပြနေတုံးပါပဲ။ အထက်က ကွန်မန့်ပေးကြသလို ခေတ်ပြောင်းချင်တယ်ဆိုရင်၊ အဖိနှိပ်ခံ ၀န်ထမ်းများဖက်ကလဲ ပြန်လည်တော်လှန်ဖို့ လိုပါတယ်။ တိုက်ရိုက်စကားမပြောချင်ရင် တိုင်စာပို့ပစ်ပါ။ အကုန်လုံးညီညွှတ်ပြီး ဆန့်ကျင်ကြပါ။ ပညာတက်များကို တန်ဖိုးထားတက်ကြပါစေ။ လက်အောက်ငယ်သားကို ရင်ဝယ်သားသို့ ဆက်ဆံတက်ကြပါစေ။

villager said...

အမေး၎။ အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး ။
အဖြေ၄။ နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ် တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။
လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

အမေး၅။ မျက်နှာနှစ်ဖက် ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေး နေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ၅။ နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့ အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။

အမေး၆။ လူတွေက တစ်သိန်းတန် ရွှေခွက်ကို သန့်နေအောင် လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ၆။ နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆ လာဘ်လာဘတွေ ထိုးသိပ်ရမယ်။

အမေး၁၂။ ကျောက်ဖျာတွေက ရေပေါ် ပေါလော သွားနေတယ်။
အဖြေ၁၂။ အမျိုးကောင်းသား တွေ ပညာတတ်တွေ အရာမရောက် ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက် လိမ့်မယ်။

ကောသလအိပ်မက်ထဲက ကောက်နုတ်ချက်လေးပါ
လက်ရှိအခြေအနေလေးကို ထင်ဟပ်စေတာနဲ့ မျှဝေလိုက်တာပါ

thu ta said...

သက်ဆိုင်ရာနဲ့ ဆက်သွယ်ရေးဝန်ကြီး၊သမ္မတတို့ဆီ တိုင်စာပို့ရန်နှင့် လွှတ်တော်သို့မိတ္တူပေးရန် အကြံပေးပါသည်
ဒါမျိုးသည်းခံရင် နောက်ဒါထက်ဆိုးတာတွေ ဆက်ဖြစ်လာပါမည်

danger said...

သေလိုက်ပေါ့ မကျေနပ်ရင်..ဘာတွေမို့ လို့ လဲ.ကိုယ့်ကိုယ်ကိုယ်
လူပိုတွေဆိုတာလည်းနားလည်ဦး...အိမ်ကမိဘတွေကိုမသနားဘူး
လား..ဌာနကြီးမှူးကိုဘာမှတ်နေကြလဲ..ထမင်းအိုးရိုက်မခွဲချင်လို့ 
ဆက်ထားပေးနေတာကို..ဘာပညာတတ်လဲ..မေးစမ်းပါရစေ... တာဝန်ချိန်မှာ internet မသုံးရလို့ မလုပ်နိုင်ဘူးဆိုရင်လဲသေ
လိုက်ကြပေါ့..နင်တို့ ရနေတဲ့ပိုက်ဆံတွေက.solar ကရှာပေးနေ
တယ်ဆိုတာမသိကြဘူးလား..လူပါးဝလို့ သူခိုးကလူပြန်ပာစ်တယ်..
နင်တို့ ပညာတတ်တယ်ဆို..ဘာပညာလဲ..လိုချင်ရင် ph no
ပေးမယ် portal ဘာေ-ာက်သုံးကျလဲမေးလိုက်စမ်းဘာ....
ပိုက်ဆံတန်ဖိုးနားမလည်တဲ့ပာာတွေ....ရတနာပုံမှာportalမရှိလို့ ဖြစ်တယ်.solar မရှိလို့ မဖြစ်ဘူးဆိုတာစကားမပြောတတ်တဲ့
သတ္တ၀ါတွေတောင်သိတယ်..အပာန့်မရှိတိုင်းပြောချင်ရာပြောမနေနဲ့ ကိုယ်ဘာကောင်လဲကိုယ့် ကိုယ်ကိုယ်သိ....ပြောမှသိတာ
လူမပာုတ်ဘူး....နားလည်လား.Sရူးတွေ........

maymon said...

လေးလေးနက်နက်စကားလုံးတွေနဲပြောပစ်ချင်ပါတယ်။မြန်မာပြည်အုပ်ချုပ်မူ
ယန္တာရာက လူမိုက်တွေနဲ့ဖွဲ့စည်းထားတာပါ။အထက်ဖားအောက်ဖိ၊
အောက်တန်းစားစိတ်ဓါတ်နဲ့ဘယ်လိုလုပ်အထက်လူကြီးဖြစ်သွားပါလိမ့်?

Anonymous said...

(၁၀)တန်းအောင်ဖို့မလိုဘူး....
သူစီးတဲ့ကား ဘရိတ်ပိုက် ဖြတ်တတ်ဖို့လိုနေတာ....

danger said...
This comment has been removed by the author.
OZI said...

Dear all,

U Shwe Mann has already encouraged to write a letter if you has not yet to open your mount. What Ma Lwin Thander Soe has already educated open fire to Minister of sport,hotel & tourism.
This is complaint.Follow her way. Make a complaint instead of letter throwing. You all need to be brave.
I have no idea what kind of so called officer has been assigned among you all. They exercise army's image more worst. Seem they were not trained enough to be a managerial level.

chawthu said...

ဘယ်ရာထူးပဲ လုပ်နေလုပ်နေပါ..... လူက လူစကားပြောမှာပဲ.....။ ခွေး ဆိုရင်တော့ ဟောင်တာ ကိုက်တာတို့ လုပ်မှာပဲလေ.....။ $ ဆင့်မရှိဘူးဆိုတာက ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း ဆိုင်သလို မွေးဖွားကြီးပြင်းလာပုံအရလည်း ဖြစ်နိုင်တယ်......။ အောက်ခြေ ဝန်ထမ်းတွေ အတွက်တော့ စိတ်မကောင်းဘူး......ဒါပေမယ့် အားလုံး စုပေါင်းပြီး အထက်ကို တိုင်ကြားပါ......ဒါဟာ တပါးသူကို တိုက်ခိုက်တာ မဟုတ်ဘူး...... ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တာ...... မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ကော်မရှင်ဆိုတာကြီးကလည်း တကယ်တမ်းတော့ ထင်သလို $သုံးကျတဲ့ လုပ်ဆောင်ချက်တွေ၊ ရပ်တည်ချက်တွေ၊ တရားမျှတမှုတွေကို မရှာပေးနိုင်သေးပါဘူး.......။ အသက်ကြီပြီး သေဖို့ပဲ ထိုက်တန်နေတဲ့သူတွေဖြစ်နေမှတော့ ဘာသွား အသုံးချလို့ ရတော့မလဲ......

SKy said...

ဌာနမှူးကြီးကို အရူးလို့ ပဲ ထင်ပါတယ်။ ရတနာပုံ တယ်လီက အစိုးဌာနလား၊ ပုဂ္ဂလိကပိုင်လားတော့ မသိပါဘူး။ ဒါပေမယ့် စစ်တပ်မဟုတ်တာ သေချာပါတယ်။
ပြည်သူကို စစ်တပ်ထဲကလို အုပ်ချုပ်လို့ မရပါဘူး။ သူ့ ဘာသာ ဘာအကောင်ကြီးပဲ ဖြစ်ဖြစ်ပါ။ ပြည်သူက ပြည်သူပါပဲ။

နောက်တစ်ခုက နိုင်ငံတော်က ပေးအပ်တဲ့ ဘွဲ့ တွေကို နှိမ်ချပီး ပြည်ပကို အထင်ကြီးတဲ့ သူများ နိုင်ငံတော် စစ်တပ်မှ ထွက်ပေါ်လာတယ်ဆိုတာ တော်တော် အံ့သြဖို့  ကောင်းပါတယ်။

နိုင်ငံတော်က ပေးအပ်တဲ့ဘွဲ့ ကို စော်ကားတာဟာ နိုင်ငံတော်ကို စော်ကားတာနဲ့  အတူတူပါပဲ။ ဖြစ်နိုင်ရင် ပြောထားတဲ့စကားတွေကို အသံဖမ်း( နောက်တစ်ကြိမ်ပေါ့ ) ၊ သက်သေနှင့်တကွ နိုင်ငံတော်သမ္မတနဲ့  လွှတ်တော်ကို တင်ပြ၊ တိုင်တန်းသင့်ပါတယ်။

ပညာတတ်ညီနောင်များ အနှိမ်မခံပဲ ပညာအားကိုးနဲ့  ဒီထက်ကောင်းမွန်တဲ့ အလုပ်တွေကို ရှာသင့်ပါတယ်။

saryanngal said...
This comment has been removed by the author.
နွေညီ said...

နေပါဦး danger ရဲ့ ငွေရှာရမယ့် ဌာနက ငွေရှာရမှာပေါ့ ဒီလောက်လေးတောင် မသိဘူးလား ဝန်ကြီးဌာနတိုင်းမှာ ဘဏ္ဍာရေး ဌာနရှိတယ်ဆိုတာကို လူပိုဆိုတာ ဘာကိုကြည့်ပြောတာလား ပိုချင်ပို နင့်လို စာရေးတာကိုက အဆင့်အတန်းမရှိတဲ့ စကားတွေ ထွက်လာတဲ့ကောင်ကမှ လူပိုဖြစ်ချင်ဖြစ်နေမှာပေါ့ သူများသာ လက်ညှိုးထိုးချင်တာ ကိုယ့်ပြန်ထိုးတဲ့ လက်သုံးချောင်းကျတော့ မမြင်ဖူး အိမ်မှာကျန်နေတဲ့ အဖေ အမေကို သနားရတယ်ပြောရအောင် နင့်ပိုက်ဆံစားပြီးများ နေနေတယ်ထင်လို့လား နင်ကတော့ကြည့်ရတာ solar ပိုက်ဆံစားမှ ထမင်းဝမယ့်ကောင်ထင်ပါရဲ့ သခင်အားရ ကျွန်ပါးဝ လုပ်နေလိုက်တာ နင်တောင် solar ပိုက်ဆံကိုယူပြီး အလုပ်ချိန်အတွင်း အင်တာနက်သုံးလို့ ဒီစာတွေ မြင်ရတာပေါ့ ရေးမယ်ဆိုလည်း အဆင့်အတန်းဖော်ပြတဲ့စကားတွေ သိပ်မရေးနဲ့ မရှိတဲ့အဆင့်က ထပ်ကျသွားဦးမယ်

မင်းမဟာ said...

danger ဆိုတဲ့မင်းက မင်းအဖေလူ့ငနွားက $ဆင့်မရှိလို့ပဲ မင်းဆိုတဲ့ကောင်
ကလည်း $ဆင့်မှမရှိတာကို လူတွေပြောတဲ့ဆီလာပြီး ဂုဏ်လာဖော်တာလားကွ
ဆိုလာမရှိတာထက် မင်းချီးငတ်မှာကြောက်လို့လား...မင်းအဖေလက်ကွေးလို့
ဘာဖြစ်ဖြစ် မင်းလိုခွေးကလေးတွေကိုပဲ လုပ်လိုရမှာပါကွ....ပညာတစ်ခုရဖို့
ကြိုးစားခဲ့ရတဲ့ အချိန်တွေ ငွေတွေက မင်းအဖေလူ့ငနွားပေးထားတာထက်
မြင့်တယ်ကွ နားလည်မဲ့ကောင်တွေလည်း မဟုတ်ပါဘူး....အိမ်သာဘေးသွားပြောစမ်းပါ dangerဆိုတဲ့ခွေးလေး...
ပြည်သူပြည်သားတွေက မင်းတို့ဆီမှာလုပ်မှ ထမင်းစားရမယ်ထင်နေနဲ့ဦး
ဝန်ထမ်းတွေက မင်းတို့ကိုအချိန်တွေပညာတွေနဲ့အလုပ်လုပ်ပေးမှ လစာဆိုတာရတာ..မင်းတို့ဆီမှာလုပ်လို့ရမယ့်လစာက မလောက်လေးမလောက်စားပါ ခွေးကောင်ရ.....မျိုးညွန့်အောင်လူ့ငနွားတပည့် ကပ်ဖားရပ်ဖားခွေးdanger

Yzt said...

အမှန်တရားကိုနားလည်တက်ရင်ဒီသတင်းရဲ.အခြေအနေမှန်ကိုသိအောင်လေ့လာစုံစမ်းသုံးသပ်ပြီးမှဝေဖန်စေချင်စေပါတယ်။ဝန်ထမ်းတစ်ဦးရဲ့ထင်မြင်ချက်နဲ့ ရေး
ထားတဲ့ဒီသတင်းဟာအင်မတန်နိမ့်ကျလွန်းပါတယ်။ဝန်ထမ်းအားလုံးရဲ့သဘောကို
ယူပြီးမှရေးသင့်ပါတယ်။တစ်ဦးတစ်ယောက်ရဲ့ခံစားချက်နဲ့ ဒီလိုပုံကြီးချဲ့ ပြီးမရေး
သင့်ပါဘူး။မျှမျှတတဖြစ်စေချင်ရင်မိမိကိုယ်တိုင်ကလည်းကောင်းအောင်နေပါ။လူကြီးဆိုတာတစ်ယောက်တည်းအုပ်ချုပ်ရတာမဟုတ်ပါဘူး။စစ်ခွေးတစ်ကောင်ရဲ.အူသံ-ဆိုတဲ့အသုံးအနှုန်းဟာပိုပြီးရိုင်းဆိုင်းမနေဘူးလား။ဒီမိုကရေစီခေတ်ဆိုပြီးရေးချင်တိုင်းရေးလို့ မရပါဘူးဒီမိုကရေစီရဲ့သဘောတရားရောနားလည်အောင်လေ့လာထားပါအုံး
အမှန်တရား လိုလားသူ
Web Portal ၀န်ထမ်းများ မှတင်လိုက်ချင်ပါ.........

Rock King said...

ဦးမျိုးညွန့်အောင် ပြောသွားသော မြန်မာပြည်သူ/ပြည်သားတွေအတွက်အရေးကြီးတဲ့ စကားတစ်ခွန်းကျန်ပါသေးတယ်
စနေနေ့ မနက် Web Portal(IC4)မှာ လာပြောသွားတာပါ။

ဗိုလ်ချုပ်ကြီးအောင်ဆန်း မရှိလဲ ငါတို့ နိုင်ငံကြီး လွတ်လပ်ရေးရတာပါပဲ

*ဗိုလ်ချုပ်ကြီးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်းကို မှားပြောချင်းဖြစ်သည်)

ကဲမောင်တို့ရေ သြဘာပေးကြမလား? စော်ပလော်တီးကြမလား

saryanngal said...

အမှန်တရားကို နားလည်တတ်ရင် ဒီသတင်းအမှန်လား မမှန်လားဆိုတာ မကြာခင် သိလာတော့မယ်ထင်ပါတယ် သတင်းနဲ့ မီဒီယာတွေလဲ အဖြေမှန်ကို သိလာရမှာပါ webportal ရဲ့ဝန်ထမ်းတွေကလဲ အမှန်တရားကို မြန်မာက သာမက နိုင်ငံတကာ ကပါ သိရှိအောင် ကြိုးစားကြ လိမ့်မယ်လို့ ....... အမှန်တရားမြတ်နိုးစွာနဲ့

ဘကြီးမောင် said...

danger ဆိုတဲ့ ချာတိတ်ရေ..မနေ့တစ်နေ့ကမှလူဖြစ်လာလို့ လူလိုမပြောတတ်တာကို ဒီတစ်ခါနားလည်ပေးလိုက်မယ်...နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း
အင်္ဂလန်ကလား အမေရိကန်ကလား
ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို...
ပြောသလိုဆို..မင်းကိုလည်း အဲ့လိုမေးမယ်လေ..မင်းကျေနပ်မလား..မေးတဲ့လူက မင်း အဖေဖြစ်ခဲ့ရင်တောင် ..ကျေနပ်စရာမရှိဘူး.....မင်းကတော့ ဘာကောင်မှန်းမသိဘူး.. မင်းအခုလိုပြောတာကတော့ တော်တော်ရိုင်းနေတယ်.. အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ လက်ကြမ်းတဲ့.. မင်း ဘာဖြစ်သွားလဲ ဆိုတာ သိပြီလား...မင်းဌာနမှူးကြီးဆိုတဲ့ အကောင်ကကော ဘာဖြစ်သွားပြီလဲ သိလား.. မင်းတို့ ရတနာပုံဆိုတာ..တိုင်းပြည် အတွက် အလုပ်လုပ်တာလား...လူကြီးတွေအကျိုးစီးပွားလားဆိုတာသေချာပြန်လေ့လာလိုက်ပါ..ပြီးတော့ တပ်မတော်မှာ ဗိုလ်ကြီး အဆင့်ကနေ အရပ်ဘက်ရောက်တယ်...ဆိုတဲ့ အရည်အချင်းကို မင်းနားလည် လား?????.... သိပ်မပြောချင်ဘူး... မင်းတို့လိုကောင်မျီုးတွေကြောင့် ငါတို့နိုင်ငံ အခုလိုဖြစ်နေတာ..... စာများများဖတ်.. လက်တွေ့ဘ၀တွေကိုလေ့လာ..၀ါးလုံးခေါင်းထဲက သာနေတဲ့ လကို ပဲ မကြည့်နဲ့....

ဂင်္ဂါ said...

danger ဆိုတဲ့ ခွေးသားအုပ်မသား။ ဆိုလာက ပိုက်ဆံရှာပေးတယ်ပြောရင် ဆိုလာစက်ရုံဆိုတာ မနေ့တစ်နေ့မှပေါ်လာတာပါ။ ဆိုလာစက်ရုံမရှိခင်ကတည်းက ရတနာပုံ တယ်လီပို့ ကုမ္ပဏီဆိုတာ ဖြစ်နေပြီးသား ၊ရပ်နေတည်ပြီးသားပါကွ။

phayoung2009@gmail.com said...

အော် danger က ခွေးလား ... danger ရေ အို့ ... အို့...အို့....

အယ် အောက်မှာ နောက်တကောင် အော် ဟုတ်ပါဘူး နောက်တယောက် ... M@mတဲ့ ဘာတွေလဲ တဦးတယောက်ရဲ့ ခံစားချက်ဆိုလဲ နင်တို့ ၀န်ထမ်းတွေပဲ ဒီစာပေးပို့တာလေ ကောင်းသည် မကောင်းသည်ကတော့ ဖတ်တဲ့သူ ဝေဖန်တာ အပြစ်လာမပြောနဲ့..

မင်းမဟာ said...

အမှန်တရားဆိုတာ မင်းတို့ကောင်းတွေသွားပြောရင် ဒီကောင်မျိုးညွန့်အောင်မှန်တယ်လို့ ပြောမှာပေါ့ကွ မင်းလည်းကပ်ဖားလေးပါပဲလား M@m ၀န်ထမ်းတစ်ဦးရေးထားတာဆိုလည်း
မကြေနပ်လို့ရေးတော့ မင်းအပူပါလားကွ....မင်းတို့ကောင်တွေကငယ်စဉ်
ကတည်းက ကပ်ဖားလေးတွေလားကွ....ကပ်မှစားလို့ရမယ့်ကောင်တွေ
ဆိုတော့ကပ်ကြ....ငါတို့ကပ်စရာမလိုဘူးမင်းရင်ထဲမှသေတဲ့ထိမှတ်ထားကြားလား......မင်းမှာ ၀န်ထမ်းခြင်းတောင် စာနာတတ်မှုမရှိပဲ ဘာအတွက်ဖင်ကျယ်နေရတာလည်း....ဖင်ကျယ်ရင်တော့ မင်းအိမ်ပြန်ကျယ် မပြန်နိုင်ရင်လည်း မင်းအဖေလူ့ငနွား မျိုးညွန့်အောင်နဲ့နေလိုက်ကွ.......

ငပေ said...

M@m ခင်ဗျားက အမှန်တရားကို နားလည်တတ်ရင် အခြေအနေမှန် သိအောင်လုပ်လို့ ပြောရအောင် ခင်ဗျားက ဘယ်လောက်သိလို့လည်း.... သတင်းဆိုတာ ဟုတ်လို့ကျော် ပုပ်လို့ပေါ်တာ....ဝန်ထမ်းတစ်ဦးထဲရဲ့ ထင်မြင်ချက်နဲ့ရေးတာလို့ ပြောရအောင် ခင်ဗျားမှာ ဘာသက်သေရှိလို့လည်း.....ကိုယ်ကောင်းအောင်နေလို့ သူများကို ခင်ဗျားလိုက်ပြောနေမယ့်အစား ခင်ဗျားလည်း အခုကောင်းနေလားလို့ ပြန်စဉ်းစားကြည့်လိုက်ပါအုံးဗျာ.....စစ်ခွေးတစ်ခွေးတစ်ကောင်ရဲ့ အူသံလို့ ပြောရတာလည်း တကယ်ပဲ စစ်ခွေးဖြစ်နေလို့ပဲ..ခင်ဗျားလေသံကြည့်ကတည်းကလည်း ခင်ဗျားက စစ်ခွေးတစ်ကောင်ဆိုတာ အသိသာကြီး....အမှန်တရားလိုလားသူ Web Portal ဝန်ထမ်းများမှ တင်လိုက်ခြင်းပါလို့ေ-ာက်ရှက်မရှိ ခင်ဗျားမို့လို့ အောက်ဆုံးမှာ ရေးရဲတယ်...သူများတွေကြားထဲ ကုလားဖန်ထိုးဖို့ စဉ်းစားမနေနဲ့ဗျ..ကိုယ့်ထမင်းလေးကိုယ် နပ်မှန်အောင် စားနိုင်ဖို့လုပ်ထားလိုက်အုံး..ဒါနဲ့များ ဘယ်လိုေ-ာက်ခွက်နဲ့ ကိုယ်ကောင်းအောင်ဆိုပြီးပြောရဲသေးတယ်...ခင်ဗျားလည်း ထမင်းဝအောင် စားထားပြီး ကြည့်သွားအုံးနော်...ပြီးတော့ ကိုယ်ကောင်းအောင်လည်း ကြိုးစားလိုက်အုံး.......:)

4C said...

ဒီထဲမှာရေးထားတဲ့ danger ဆိုတာ ဘယ်သူလဲ .... သခင်အားရ ကျွန်ပါးဝလုပ်မနေနဲ့ ... ဌာနကြီးမှုးကို ဘာမှတ်နေလဲ ဟုတ်လားးး မင်းပထွေးလားးး ဒီလောက်နာနေရအောင် .. ထမင်းအိုးရိုက်မခွဲချင်ဘူး ပြောရအောင် ဒီမှာ ငတ်လို့လာလုပ်နေတဲ့သူ တယောက်မှမပါဘူးးး နားလည်လားးး

november said...

နင်သာ သေလိုက် danger ဆိုတဲ့ေ-ာက်ကောင် နင်ကရော ဘာကောင်လဲ ဘယ်လောက်အသုံးဝင်နေလဲ နင့်ပထွေး ရုံးမှာ ဘာပြောသွားတယ်ဆိုတာ စာမတက်ဘူးလား အပေါ်ကစာဖတ်ကြည့်လေ ခေါင်းပေါ်တက်နင်းတာ နင်ပဲခံလိုက် Solar ဆိုတာ နောက်မှရောက်လာတာပါ Solar ကိုထိခိုက်အောင် ဘာတွေ ပြောနေလို့လဲ အေးအခုရော ဘယ်လောက်ငွေရှာနေလို့လဲ ဟိုဘက်အိတ်က ဒီဘက်အိတ်ကို ပြောင်းထည့်နေတာများေ-ာက်ရှက်မရှိ လူပါးဝလိုက်တာ အမျိုးသားအဆင့် Web Portal ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်ဆိုတာ နားလည်လား အေး နင်တို့ Solar မရှိလို့ ရတနာပုံက ဘာဖြစ်သွားမှာလဲ

Andy said...

အပြင်မှာလုပ်စားစရာတွေ အများကြီးပါ။ တကယ်ရိုးသားကြိုးစားရင် တိုးတက်ချမ်းသာတဲ့ဘ၀ကိုရဖို့ မခက်ပါဘူး။ မတရားတာကို ခေါင်းငုံ့မခံသင့်ပါ။ အားလုံး ဟိုနှစ်ယောက်ကို နားရင်းရိုက်ပြီး ထွက်စာတင်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

saryanngal said...

danger ရေ နင့်ပါပါ ပြောတဲ့ ရင်နှင့်စရာ စကားတစ်ခွန်း‎ကတော့" ဗိုလ်ချုပ်အောင်ဆန်း မရှိတော့လည်း ဘာဖြစ်လဲ.. မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ရသွားတာပါပဲတဲ့လေ..

သက်မောင် said...

အမှန်က အဲဒီလူ (ငမျိုးညွန့်အောင်) က သူပြောတဲ့အတိုင်းပါပဲ..
မိမိဘယ်လိုလူဆိုတာ လူသိရှင်ကြား ကိုယ်တိုင် ဖော်ထုတ်ပြသလိုက်ခြင်းပါပဲ...
အော်... သနားစရာသတ္တ၀ါတစ်ကောင်ပါလား...
မွှန်နေလိုက်တာ လောဘ၊ ဒေါသ၊ မောဟ နဲ့ မာန်မာနတွေ......

Zin said...

သူ.လိုစိတ်ဓာတ်အောက်တန်းကျတဲ.လူကြောင်.မြန်မာလူမျိုးနိုင်ငံတကာမှာအရှက်ရရပါတယ်၊၊မြန်မာအင်ဂျင်နီယာများလည်းနိုင်ငံတကာမှာအရှက်ရရပါတယ်၊၊President မှလက်ပိုက်ကြည်.မနေဘဲထိရောက်စွာအရေးယူပေးပါရန်။

tharzaw said...

ကျုပ်ကတော့ ဘာပဲပြောပြော ပြည်သူတွေရဲ့ငွေနဲ့
နှစ်သီးစားတွေ အခွင့်ထူးခံလူတန်းစားတွေကို
သိပ်ကြည့်မရတာတော့အမှန်ပဲဗျို့ ..

ရာရာ said...

ဒိန်းဂျားရဲ့ ကောမန့်ကိုဖတ်လိုက်တော့ ဟိုးတစ်လောဆီက X-man နတ်လူမုန်းဆိုတဲ့ တစ်ယောက်ကိုသွားပြီးသတိရမိတယ်..

Acmv Org said...

"တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"

ဒီလိုမျိုးဆုံးမတဲ့လူက အကြီးအကဲဖြစ်တာ အံ့သြတယ်။

အကိတ္တိရှင်ရသေ့ ဆုတောင်းထဲက တစ်ခုက လူမိုက်နှင့်မပေါင်းရပါစေနှင့် လူမိုက်ပြောတာတွေကို နားမထောင်ရပါစေနှင့်လို့မှတ်သားခဲ့ဘူးတယ်။

Myanmar said...

စစ်သားတွေ စစ်တန်းလျားကို ပြန်သွား...။ ။

phyo1980 said...

သခင်အားရကျွန်ပါးဝတဲ့ danger ...မင်းလည်ပင်းကို လည်ပတ်လှလှပတ်
ပေးထားလို့လားကွ။

babagyi said...

အရူးကိုမတူမတန်နေရာပေးပြီးဘုံမြှောက်ထားတာကို

wakamono said...

crazy burmese that's why country is going down

win said...

နင့် ဘွဲ့ကဘယ်နိုင်ငံကရတဲ့ဘွဲ့မို့လဲ အင်္ဂလန်လား အမေရိကန်လား ဒီနိုင်ငံကဒီဘွဲ့စုတ်လောက်နဲ့ ငါ့ကိုေ-ာက်ဖင်ကောင်းလာမကျယ်နဲ့ ...ဒီလိုပြောတယ်ဆိုရင် ဒီကောင်အမှန်အတိုင်းပြောတာပဲ ဒီကောင်တွေတခေတ်လုံး ကျောင်းသားလူငယ်တွေအပေါ်မှာသူတို့နဲ့ပတ်သက်တာကလွဲလို့ ဘယ်သူ့အပေါ်မှမကောင်းခဲ့ဘူး....

Anonymous said...

ရတနာပုံဝန်ထမ်းအချို့အား ဆက်သွယ်မေးမြန်းထားပြီးဖြစ်သည်။
ဖော်ပြချက်များအားလုံး မှန်ကန်ပါသည်။
ထို့အပြင် မျိုးညွန့်အောင်မှ ရတာပုံအား မီးရှို့ဖျက်ဆီးပစ်ရန် အစီအစဉ်ရှိကြောင်းပါ ဝန်ထမ်းများရှေ့မှောက်တွင် ဝန်ခံသွားပါသည်။
မျိုးညွန့်အောင်မှာ terrorist တစ်ယောက်ဟု ယူဆရပါသည်။
danger နဲ့ M@m မှာ သူ၏ ကြံရာပါများဖြစ်နိုင်ပါသည်။
အချိန်မှီ ရဲတပ်ဖွဲ့သို့အကြောင်းကြားအသိပေးထားသင့်ပါသည်။

zeromen said...

ဘယ်သူတွေဘယ်လိုပြောပြောပြည်သူတွေက ၀န်ထမ်းတွေဘက်မှာရှိတယ်
သူတို့တွေဘာလုပ်နေတာဆိုစောင့်ကြည့်နေတယ် သတိထားပါ Danger
မင်းလည်းတစ်နေ့ သရုပ်မှန်တော့ပေါ်ဦးမှာပါ

May said...

ကျွန်မ က ရတနာပုံဆိုလာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်
ပါတယ်။ အခုရက်ပိုင်း website တွေ မှာ တင်ထားတဲ့ web portal
သတင်းတွေ နဲ့ ပတ်သက်လို့  ကျွန်မ အပါအဝင် ဝန်ထမ်းအားလုံးဟာ
တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ လွတ်လပ်ပွင့်လင်းမြင်သာ
တဲ့ ယခု ခေတ်ကို ကျွန်မသဘောကျပါတယ်။ media ကို အသုံးချပြီး အမှန်တရားကို သေချာ မသိဘဲ တစ်ဖက်စောင်းနင်း ထင်မြင်ချက်ပေးကြ
တာကိုတော့ မကောင်းဘူးလို့ထင်ပါတယ်။ ကျွန်မတို့ ခံစားချက်ကို အားလုံး
သိရှိနားလည်စေဖို့  တကယ့်အမှန်တရားကို အားလုံးသိအောင် ပြောပြ
ချင်ပါတယ်။ ကျွန်မတို့ ဆိုလာ စက်ရုံမှာ ဝန်ထမ်း (၃၃)ယောက်ရှိပါတယ်
အများစုမှာ BE, BTech များနဲ့ B.C.SC (Hons:) များဖြစ်ကြပါတယ်
စက်ရုံ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့  စီမံကိန်းလုပ်ငန်းသုံး ဆိုလာ စက်ပစ္စည်း
တွေကို အချိန်ပြည့် မခိုမကပ် လုပ်နေကြပါတယ်။ကျွန်မတို့ စိတ်မညစ်ပါဘူး
တစ်ခါတစ်ရံမှာ လိုအပ်လာရင် ရုံးပတ်ရက်များမှာတောင် အားလုံးစုစည်း
ပြီး အလုပ်လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့  နိုင်ငံတော် သမ္မတ
ခရီးစဉ်မှာ ကျွန်မတစ်တွေဟာ ဘယ်လောက်အလုပ်လုပ်ခဲ့ကြတယ်ဆိုတာ
လူကြီးတွေ အသိဆုံးပါ။ အခုလို media ခေတ်မှာ media ကို ရင်းနှိး
ကျွမ်းဝင်တဲ့ webportal မှ ဝန်ထမ်းတွေဟာ သူတို့  မဖြစ်ချင်တဲ့ အဖြစ်ကို ဖြစ်မှာ စိုးရိမ်ပြီး လူကြီးတွေနဲ့ ကျွန်မတို့ အပေါ်ကိုအခု လိုရေး
ချင်သလို ရေးနေတာကို တွေ့ရတော့ အရမ်းခံပြင်းမိပါတယ်။ webporta်l
က အင်အား (၁၀၀) ကျော်ရှိပါတယ် ရုံ့းချိန်အပြည့် online ပေါ်မှာ
chat နေတာဟာ သူတို့ တွေပါပဲ။ ကျွန်မတို့မှာလည်း internet
access ရှိပေမဲ့  စည်းကမ်းအရ ရုံးချိန်အတွင်း အသုံးပြုခွင့်မရှိပါ ။
တစ်နေ့ပြီးစီးရမဲ့ production ပမာဏကိုသာ ရှိတဲ့ အင်အားနဲ့  လုပ်
နေရတဲ့ အပြင် စီမံကိန်းလိုအပ်ချက်အရ အချိန်ပို လည်း ဆင်းရပါတယ်။
သူတို့ပြောသလို ဌာနကြီးမှုး ပုံစံ ကြီးနဲ့ ဆိုရင် ကျွန်မတို့ ထွက်ပြေးတာ
ကြာပါပြီ။မယုံရင် လာကြည့်ကြပါ။ ကျွန်မတို့အားလုံး အေးအေးဆေးဆေး
ပါပဲ ။အားလုံးပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ ပြောပုံကြီးက ကျွန်မတို့ဝန်ထမ်း
အားလုံးကို အနိမ့်ကျဆုံး အဆင့်ထိ ချိုးနှိမ်သလို့ ဖြစ်နေတဲ့အတွက်
ပညာတတ် အချင်းချင်း ပြောဖို့ မသင့်ပါဘူး။ကျွှန်မတို့တွေ လည်း (BE)
(B.C.Sc)တွေပါဘဲ။မိမိဆန္ဒ တစ်ခုကို ရှေ့တန်းတင်ပြီး လုပ်ချင်တဲ့ 
အလုပ်တစ်ခု အတွက် သူတစ်ပါးကို စိတ်ဓါတ် ထိခိုက်ပျက်ပြားအောင်
မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

babylon said...

သြော် Web Portal Web Portal...
ခုတလောကြားနေရတဲ့ သတင်းတွေက စိတ်မချမ်းသာစရာပါလား
Solar စက်ရုံကို မပြောင်းချင်လို့ Media ပေါ်မှာ တောပြောချုံပြော(တောင်
ဆိုမြင့်လို့ )ပြောနေကြတာ တကယ်ပါပဲ မင်းတို့ ကအစိုးရ အမှုထမ်း မပာုတ်ဘူး ကုမ္ပဏီ ဝန်ထမ်းတွေပါကွယ်..တစ်လကို တစ်သိန်းကျော်.ရန
တာပါ..မင်းတို့ လိုဆိုရင် Solar ကအဖွဲ့ တွေ ဘယ်လိုနေကြမလဲ သူတို့ နဲ့ စာရင် မင်းတို့ က Online နဲ့ လည်ပင်းဖက်နေတာကို ပိာုအဖွဲ့ တွေက လုပ်လည်း လုပ်ရသေးအပြာလည်းခံရသေးဆိုတော့ မကောင်းဘူးပေါ့ မင်းတို့ အရွယ်တွေပါဘဲ ကိုယ်လုပ်ချင်တဲ့ကိစ္စ တစ်ခုအတွက် သူများကိုနင်းပစ်လုက်တာတော့ မကောင်းဘူးလို့ မြင်မိတယ်
ထိန်းကြပါ မင်းတို့ အားလုံးက Teleport တစ်ခုတည်းပါ နွားကွဲရင် ကျားဆွဲမယ်နော့ ဆင်ခြင် စည်းရုံးနိုင်ကြပါစေ......

ot said...

အများပြည်သူမှားခင်ဗျား
ကျွန်တော်တို့ ကရတနာပုံဆိုလာမှဝန်ထမ်းများဖြစ်ပါသည်။ သစ်ထူးလွင်မှ အကြောင်းအရာများကို ဖတ်ရသည်မှာ များစွာစိတ်မကောင်းဖြစ်ရပါသည်။ ဆိုလာကုမ္ပဏီဆိုသည်မှာ Webportal မရှိခင်ကထဲက တည်ထောင်ခဲ့ပါသည်။ ၀န်ထမ်းများမှလည်း B.E၊ Bc.Sc သိပ္ပံဝိဇ္ဇာ ဘွဲ့များဖြင့် ကောင်းမွန်ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နေပါသည်။ တကယ်အလုပ် လုပ်ပြီး ကုမ္ပဏီအတွက် အကျိုးရှိအောင် နိုင်ငံအတွက်အကျိုးရှိအောင် ဌာနကြီှးမှူးရဲ့ လမ်းညွန်းချက်ဖြင့် ဆောင်ရွက်နေတဲ့ကုမ္ပဏီဖြစ်ပါသည်။ သို့သော် Webportal ၀န်ထမ်းများက မဟုတ်မမှန်သော စကားများဖြင့် ပြော်ဆိုထားခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ကျွန်တော်တို့ ကုမ္ပဏီသည် မိသားစုစိတ်ဓါတ်ဖြင့် သာသည်နာသည် သဘောမထားပဲ ချစ်ချစ်ခင်ခင် အလုပ်လုပ်ကျသည်ကို အချိန်မရွေးလာရောက်ကြည့်ရှု့နိုင်ပါသည်။ Webportal မှ ပြောင်းရွေ့လာသည်ဆိုသည့် ၀န်ထမ်းများသည် စက်ရုံသို့လာရောက်ကျရာ၌ မည်သူ့ကိုမှ သတင်းပို့ခြင်းမရှိခဲ့သည်ကို ကျွန်တော်တို့အားလုံးသိပါသည်။ စက်ရုံရှေ့တွင်သာ မတ်တပ်ရက်နေကျပါသည်။ သို့သော်ကျွန်တော်တို့ လူကြီးမှ ရုံးတွင်းသို့ဖိတ်ခေါ်ပြီး နေရာပေးထိုင်စေကာ လုပ်ရမည့် လုပ်ငန်းတာဝန်များ ရှင်းပြခြင်း ဆောင်ရွက်နေချိန်တွင် ၄င်းတို့၏ အနေထားသည် ကျွန်တော်စက်ရုံသည် သူတို့အတွက် နှိပ့်ကျလွန်းသည့် အသွင်ဆောင်နေပါသည့်အပြုအမူများကို ကျွန်တော်တို့ အားလုံးသိပါသည်။ ထို့နောက် ဌာနကြီးမှူးမှ သြ၀ါဒ ပေးရတွင်လည်း ကျွန်မတို့ ဘာလုပ်ရမှာလည်း ကျွန်မတို့ ကျွမ်းကျင်တာ ဒဇိုင်နာဖြစ်ကြောင်း BC.Sc ဖြစ်ကြောင်း ဘွဲ့နှင့်တန်သည့်အလုပ်ပဲ လုပ်နိုင်ကြောင်း မထီမဲ့မြင် ပုံစံဖြင့် ပြောဆိုပါသည်။ ဌာနကြီးမှူးမှ လုပ်ရမည့် တာဝန်များကို ပြောကြားရာတွင်လည်း စက်ရုံ၏ လုပ်ဆောင်ရမည့် စက်များ အခန်းများကိုတောင် ၀င်ရောက်ကြည့်ရှု့ခြင်းတောင် မပြုခဲ့ကြပါ။ အလုပ်လုပ်ချင်ပါက ဘယ်လိုစက်များဖြင့် ဘယ်လိုအလုပ်များ လုပ်ရသည်မည်ကို စိတ်ဝင်စားကြမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုဝန်ထမ်းများသည် မည်သည့်အလုပ် မည်သည့်စက်များကိုမှ ၀င်ရောက်ကြည့်ရှု့ခဲ့ခြင်း မရှိသည်ကိုကြည့်ခြင်းဖြင့် အလုပ်မလုပ်ချင်ကြောင်း ထင်ရှားပါသည်။ အလုပ်ချိန်မှာ အင်တာနက်မသုံးရလို့ အလုပ်မလုပ်နိုင်ပါဘူး B.E. BC.sc ဖြစ်လို့ အလုပ်နှင့်မသက်ဆိုင်ပါဘူးဆိုလျှင် ကျွန်တော်တို့ B.E.BC.Sc Hon; များကို နှိပ့်ချလွန်းတယ်လို့ ထင်ပါသည်။ ပညာတက်ချင်း နှိပ့်ချသည်မှာ မဖြစ်သင့်ဘူး ထင်ပါသည်။ ဆိုလာဆိုသည်မှာ ဘယ်လိုမျိုးလည်း စက်ရုံမှာ ဘာတွေ ထုတ်လုပ်လည်း ဘယ်လိုမှုဝါဒတွေ စည်းကမ်းတွေ ဘယ်လိုရည်ရွယ်ချက်တွေ ရှိသည်ကိုမသိ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ့်ဘက်ကိုယ့်ရပ် ပြောဆိုသည်မှာ သဘာဝ မကျပါ ။ ထိုအကြောင်းအရာများကို ဆင်ခြင်ညဏ်ရှိသူများဆိုရင် သိနိုင်ပါသည်။ Webportal မှ ၀န်ထမ်းများပြောဆိုသည် မှန်နေပါက ကျွန်တော်တို့ ဆိုလာဝန်ထမ်းများ တစ်ယောက်မျှ ရှိတော့မည်မဟုတ်ပါ။ မဟုတ်မမှန်ချင်းကြောင့်သာ ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ ယခုအချိန်ထိ အလုပ်လုပ်နေခြင်းသာ ဖြစ်ပါသည်။ အများပြည်သူများ ခင်ဗျား အထက်ပါကိစ္စများအား အမှန်တိုင်းသိချင်ပါက ဆိုလာစက်ရုံသို့ အချိန်မရွေး လာရောက်ကြရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။

ot said...

-------

ot said...

ကျွန်တော် ရတနာပုံ ဆိုလာစက်ရုံ မှ ဝန်ထမ်းတစ်ဦးပါ။ အခုတစ်လော
တင်ထားတဲ့ webportal ကိစ္စနှင့် ပတ်သက်လို့ တစ်ခု ပြောချင်ပါတယ်။
webportal က လူတွေ ရွေ့မယ် ရွှေ့ မယ် ဆိုတဲ့ သတင်းတွေက ကြာ
ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဌာနအတွင်း အသစ်မခန့်ဘဲ လှည့်ပတ် တာဝန်
ထမ်းဆောင်ကြရမည် ဆိုတာ အားလုံး ကြားပြီးသားပါ။ဒါဟာလည်းဝန်ထမ်း
အင်းအားနဲ့ ထမ်းဆောင်ရတဲ့ လုပ်ငန်းပမာဏ အပေါ်မူတည်ပြီး လူကြီးတွေ
စီစဉ်တာပါ။ ဆိုလာ စက်ရုံကို အရွှေ့ခံ ရတဲ့ (၁၇)ဦးဟာလည်း
webportal ရဲ့ အင်အားစာရင်းအပေါ်မှာ ဌာနမှုးနဲ့  လက်ထောက်မန်
နေဂျာ(စီမံ) တို့ က သူတို့ ကို ပေးလို့ မရပါ၊ သူတို့ ကိုပေးလို့ ရပါ
သည်စသဖြင့်စီစစ်ထုတ်နှုတ်ခြင်းဖြစ်ပါသည်။ သတင်းကွန်ယက် စီမံကိန်းဌာနတွင်moderator များ ကြိုက်သူယူနိုင်သည်ဟုပင် ပေးသဖြင့် ရွေးခဲ့ခြင်းဖြစ်ပါသည်။ အထူးသဖြင့် သူတို့ ၏လုပ်ငန်းအတွက် မရှိမဖြစ်များကို ချန်လှပ်၍ စီစစ်ထုတ်နှုတ်ပေးခြင်းဖြစ်ပါသည်။အဆိုပါ အမည်စာရင်းပါသူများသည်
မည့်သည့်ဘွဲ့မှန်း webportal မှ လူကြီးများသာ သိနိုင်ပါသည်။
(၂ဝ)ကျော် အမည်စာရင်းရပြီး ချိန်တွင်တောင် (၅) ဦးကို webportal မှ ဦးအောင်စံမြတ် စိတ်ကြိုက်ထပ်မံ လျှော့ပေးခဲ့ပါသည်။
ထိုအချိန်သည့် (၄) နာရီပင် မထိုးသေးပါ။ နောက်ဆုံး(၆)နာရီ အချိန်
တွင် ဦးအောင်စံမြတ်ကိုယ်တိုင် ဆိုလာစက်ရုံသို့ အူယားဖာယား ရောက်
လာပြီး လူပြန်လဲချင်လို့ဆိုကာ အမည်တွင် မပါသည့် ဦးဝင်မင်းသူအား
ထည့်၍ အမည်ပါသည့် ဦးစိုးဝေဖြိုးအား ပြန်ဖြတ်ခဲ့ခြင်းကို ဆိုလာမှ
လက်ခံပေးခဲ့ပါသည်။ သူတို့ ပြောသလို တွေ့ရာလူ ကောက်ထည့်ခြင်းမျိုး
လုံးဝမဟုတ်ပါ။ ဒါကို အားလုံးသိစေချင်ပါသဖြင့် အမှန်တိုင်း တင်ပြပါသည်။

အမှန်တရားလိုလားသူတစ်ဦး said...

အော်အော်အော်.... about Love ရေ ရှက်တတ်ရင်...မင်းအဲမှာ..လဲသေလိုက်ပါ့လား..။။။ ......မင်းလို့ ကပ်ဖားလျက်ဖားတွေ...ရှိနေသေးသ၍တော့.......ကျန်တဲ့သူတွေကို...မင်းအပိုတွေ..ပြောမနေပါနဲ့..ကိုယ့်ကိုကိုယ်
ပြန်ကြည့်လိုက်ပါ...ကိုယ့်အကြောင်းကိုယ်သာလျှင်သိပဲ။

အခုမင်းပြောလိုက်တဲ့အထဲမှာတင်....မင်းရဲ့ ဂုဏ်ပုဒ်ကပေါ်လွင်သွားပီ...အဲဒါကြောင့် မင်းရှက်တတ်ရင် လဲသေလိုက်ပါ။။

အခုမှ မျိုးညွှန်အောင်မှာ....နောက်ထပ် အဝှာလားရှိသေးပါ့လား သိလိုက်ရသလိုပဲ။။။ (ကိုယ့်အတွေးကို စဉ်းစားကြည့်လိုက်ပါ)

Web Portal မှာ သူငယ်ချင်းအပေါင်းတို့...အားလုံးတစ်စည်းတစ်လုံးတည်း..ဆက်လုပ်စရာရှိတာသာ....လုပ်သွားကျပါ...သူငယ်ချင်းအပေါင်းတို့

Leo said...

@About Love --- web portal ၀န်ထမ်း၈၇ ယောက်လက်မှတ်ထိုးတိုင်တယ်ဆိုတော့ သူတို့အကုန်လုံးကမှားပြီး ညီမတို့ရဲ့ ဌာနကြီးမှူးက မှန်နေတယ်လို့ ဆိုလိုတာလားဗျာ။ အခုပြသနာက အလုပ်ချိန်မှာချက်တင်ဝင်နေတာက အဓိကမဟုတ်ဘဲ၊ ၀န်ထမ်းတွေကို ငွေဝယ်ကျွန်တွေလိုပြောဆိုဆက်ဆံတာကို အဓိက တိုင်ကြားတာ မဟုတ်ဘူးလား။ အင်း---- ၈၇ ယောက်နဲ့ (၁) ယောက်နဲ့ ဘယ်သူများမှန်ပါလိမ့်။

sulatt said...

အင်း..အပေါ်က အမ ပြောသွားတာ သဘာဝကျတယ်ဗျာ.... comment ၀င်ရေးတဲ့ သူတွေကလည်း သတင်းကို ရုပ်တည်ရှိ မရှိ အရင် ကြည့်ပြီးမှ ရေးသင့်ပါတယ် ။ စစ်တပ်က ဖြစ်တာနဲ့ ၀ိုင်းပြီး ဆော်လိုက်ကြတာ.. ခုခေတ်ကြီးမှာ လူတိုင်း ( နီးပါး ) ဖုန်းတစ်လုံးတော့ ရှိကြပါတယ်ဗျာ...အဲဒိ ဗိုလ်မှုးအလိုသာ တကယ် ဖိနှိပ်နေတယ်ဆိုရင် recording လုပ်ထားလို့မရဘူးလား... ခန်းမထဲမ၀င်မှီ electronic ပစည်းတွေ များစစ်ဆေးနေလို့လားဗျာ... သူ ဒါဘာ လုပ်နေတုန်း အလို ဆဲဆိုကျိန်းမောင်းတာကို အသံသွင်းပြီးတိုင်လို့မရဘူးလား... ဒါ အလွယ်ကူဆုံးသက်သေကိုပြောတာနော်... ခုက ဘာမှ အခြေအမြစ်မရှိတဲ့ စာကြီးပဲ ရေးထားပြီး မည်သူမည်ဝါမှန်းမသိတဲ့ လူတစ်ယောက်က ရေးတင်ထားတာကို ၀ိုင်းပြီး စစ်တပ်ကို ဆော်ပလော်တီးနေကြတာ ၊ သင်္ကြန်နားနီးလို့ သင်္ကြန် အမြှောက် ပစ်နေသလိုပဲ... အလုပ်က ထွက်ပါလားလို့ မြှောက်တဲ့ သူကလည်းမြှောက်.... အလို အလုပ်က ထွက်ခိုင်းတဲ့ ဟိုးအပေါ်က အကိုတစ်ယောက်ရေ..ခင်ဗျား အလုပ်လုပ်နေတဲ့ နေရာမှာရော human rights တွေ အပြည့်အစုံရနေရဲ့လားဗျာ..ခင်ဗျားကိုယ်တိုင်ရော ဘယ်လောက် တွန်းလှန်နိုင်ခဲ့လဲ...ခင်ဗျားကိုယ်တိုင်ရော ဘ၀နဲ့ ရင်းပြီး ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်အစိုးရရဲ့ ဒေါက်တိုင် ဆိုတာကြီးကို ရိုက်ချိုးပစ်နိုင်ခဲ့လဲ.... ( ကိုယ်ကိုကိုယ်တိုင်တောင် ဘာမှ မလုပ်ရဲလို့ လက်ရှိ အလုပ်မှာ အလုပ်ရှင် အနိုင်ကျင့်သမျှ ဆူဆဲသမျှ ငြိမ်ခံနေပြီး..သူများကျမှ သွေးထိုးပေးလေရဲ့.. ××× ) တော်တော် ရက်စက်ပြီး ကိုယ်ချင်းစာတရားမရှိတဲ့ လူဗျာ... ကဲ သက်သေ အတိအကျရှိတဲ့ သူ တင်ဗျာ...နော်.. ခုခင်ဗျားတို့ ငါ့စကားနွားရ ဗလက်ချီးနမ်းလျှောက်ပြောနေတဲ့ စစ်တပ်ဆိုရင် ၃ ယောက်ပေါင်း ၇ တန်းမအောင်တဲ့ လူ မဟုတ်ဘူးဆိုတာတော့ သိစေချင်တယ် ။

we love true said...

ဘာလဲဟ.. about love ပြောတာတွေနဲ့ဝက်ပေါ်တယ်က၀န်ထမ်းတွေနဲ့တင်ပြထားပုံနဲ့ကလွဲနေသလိုပဲ အခုကြားနေ၇တဲ့သတင်းတွေက၀န်ထမ်းတွေကလူကြီးကိုမကျေနပ်တာပါ ဆိုလာက၀န်ထမ်းတွေအကြောင်း ဆိုလာအလုပ်အကြောင်းမတွေ့မိပါဘူး တခုခုလွဲနေသလိုပဲ အဘောက်လပ်ေ၇.... လူကြီးကြိုက်လုပ်နေတာဆို၇င်တော့မကောင်းပါဘူးးးး

Kandawlay yelay said...

ဒီလူကြီးက မွေးကထဲက အခုအချိန်ထိ ယဉ်ကျေးမှုသင်တန်း မတက်ဘူးသေးဘူးနဲ့ တူတယ်, မိဘတွေကလဲ ဆုံးမမှု မရှိခဲ့လို့ နေမှာပါ, အမိယုတ်တော့ နှုတ်ကြမ်းတယ် အဖယုတ်တော့ ကိုယ်ကြမ်းတယ် ဆိုတဲ့စကားရှိတယ်လေ ဒီတော့ ဦးမျိုးညွန့်အောင်က အမိယုတ် အဖယုတ် ကမွေးလာတဲ့ မိမဆုံးမဖမဆုံးမသားကြီးပေါ့်နော်။ အခုလိုကိစ္စမျိုးတွေ ထပ်မဖြစ်ရအောင် ဝန်ထမ်းအားလုံး ညီညီညွတ်ညွတ်နဲ့ အလုပ်ထွက်ခဲ့ပါ ပညာတတ်တွေ အတွက်အလုပ်မရှားပါဘူးဗျာ။ သက်ဆိုင်ရာကလဲ အရေးယူသင့်ပါတယ်။

waiyan said...

ဘာတဲ့ ရတနာပုံမှာ ပေါ်တယ်မရှိလည်းဖြစ်တယ်၊ ဆိုလာမရှိရင် မဖြစ်ဘူး ဟုတ်လား ဘယ်လို အရူးကများ မွေးလာပြီး အရူးစကား ပြောနေရတာလည်။ မင်းတို့ ဆိုလာ ဆိုတာ တရုတ်က လာတဲ့ဟာတွေကို ကော်လေးကပ်၊ အရောင်လေး ဆိုး ပြီး လိမ်နေတာ လူတိုင်းသိတယ်ဟ။ ပေါ်တယ်က သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး အနီးစပ် အမှန်ကန်ဆုံးဖြစ်အောင် တင်ပေးနေတာကွ။ မင်းတို့ ဆိုလာမှာ ပညာတတ် ဘယ်နှစ်ယောက်ပါလို့လည်း ။ လူစာရင်းနဲ့ ဘွဲ့ အတိအကျတောင် ပြောပြနိုင်တယ် ရှင်းလား ဌာနကြီးမှူးက မင်းကို ဘာတွေများ ပေးထားလို့ မင်းက နာပြနေရတာလည်း။ ရတနာပုံ တယ်လီပို့ ပရ၀ုဏ်အတွင်းမှာ စစ်တပ်က အသုံးမ၀င်လို့ ထုတ်ထားတဲ့ အရာမရောက်တော့တဲ့ အရာရှိတွေက အာဏာတွေ ပါဝါတွေ ပြနေတာကို မင်းက အဟုတ်ထင်နေတာလားဟင်။ သနားလိုက်တာ ငါ့ကောင်ရယ်။

virus jap said...

ဗီယက်နမ်နိုင်ငံကြီးတောင် ပြည်သူလူထုညီရင် အစိုးရဘာဖြစ်သွားလဲဆို တစ်ကမ္ဘာလုံးသိတယ်။ အမေရိကန်နိုင်ငံဆို ပိုတောင်သိပေါ့။ အရင်တုန်းကဆို သေနတ်တွေ ဓါးတွေနဲ့ဒေါသကို ရှေ့ထားပြီးတော့ စစ်တိုက်ကြတယ်။ အခုခေတ်က စစ်တိုက်ရမယ့်ခေတ် မဟုတ်တော့သလို စစ်အေးကာလလည်းဖြစ်သွားပြီ။ အိုင်တီနည်းပညာနဲ့ ပြိုင်ဆိုင်နေတဲ့ခေတ် ရောက်သွားပြီ။(လက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား) အဲ့ဒီစကားက သေနတ်ကိုင်ပြီး ရှေ့တန်းထွက်လာပြီးတော့ အချိန်တွေကြာပြီးမှ ဒီရာထူးကို ရတဲ့လူမှပြောတာ။ (သူ့ဘ၀မှာ သေနတ်ကလွဲပြီး ဘာမှမရှိဘူး။ သေနတ်ရှိရင် အာဏာရှိတယ်။)နောက်ပြီးတော့ စစ်တပ်မှာဆိုရင် ကိုယ်ကြိုက်တဲ့စစ်သား ကိုယ့်ဆီလာ သူတို့သဘောမပါပဲနဲ့ လုပ်လို့ရတယ်။ ရတနာပုံတယ်လီပို့ မှာ အခုခန့်ထားတဲ့ဝန်ထမ်းတွေက ဘယ်လိုအင်တာဗျူးမျိုးဖြေထားလဲတော့မသိဘူး။ ခက်ခဲတဲ့မေးခွန်းနဲ့ လွယ်ကူတဲ့မေးခွန်းရှိတယ်လို့ ကြားဖူးတယ်။ တချို့က လူကြီးနဲ့ဆိုင်ရာဆိုင်ရာတွေလဲ ပါတယ်။ သတိထားမိတာကတော့ ဆိုင်ရာဆိုင်ရာတွေကတော့များပါတယ်။ အဲ့ဒါကြောင့်မလို့ သူတို့ကိုယ်ရှူးကိုယ် ပြန်ပတ်တာလို့ထင်တယ်။

cnc said...

မင်းတို့တွေအားလုံးတဖက်နားပေါက်ပြီးလျှောက်အော်မနေသင့်ဘူးနော်။ ဥသျှစ်သီးကြွေတာကို မြေပြိုပါတယ်ဆိုပြီးကြောက်ကန်ကန်ပြေးခဲ့တဲ့ ယုန်တစ်ကောင်ကြောင့် တစ်တောလုံးတစ်တောင်လုံးမှာရှိတဲ့ တိရစ္ဆာန်တွေ ပြေးကြလွှားကြနဲ့ ဒုက္ခရောက်ခဲ့ဖူးတယ်ဆိုတဲ့ ပုံပြင်ကိုမင်းတို့ငါတို့ ငယ်ငယ်ကသင်ခဲ့ဖူးကြပါတယ်။ ကိုပြောချင်တာကကိစ္စတစ်ခုကို ဂဃနဏ သေချာသိသင့်တယ်။ မသိရင်သိအောင်လေ့လာစုံစမ်းသင့်တယ်။

နွေညီ said...

နေပါဦး Ot နဲ့ about love ရယ် နေပါဦး နင်တို့က နင်တို့ရဲ့ စက်ရုံမှူး ကြမ်းတမ်းယုတ်ရင့်တဲ့စကးတွေ ပြောနေတုန်းက နင်တို့ အနားမှာရှိနေတယ်လို့ နင်တို့ ပါးစပ်က ပြောရဲတယ်ပေါ့ "ကျွန်မတို့ ဘာလုပ်ရမှာလည်း ကျွန်မတို့ ကျွမ်းကျင်တာ ဒဇိုင်နာဖြစ်ကြောင်း BC.Sc ဖြစ်ကြောင်း ဘွဲ့နှင့်တန်သည့်အလုပ်ပဲ လုပ်နိုင်ကြောင်း မထီမဲ့မြင် ပုံစံဖြင့် ပြောဆိုပါသည်။" ဆိုတဲ့စကားက နင်တို့က ဘယ်အချက်ကိုကြည့်ပြီးပြောတာလည်း နင့်နားနဲ့ စက်စက်ကြားရလို့လား သခင်အားရ ကျွန်ပါးဝလာပြောနေတယ် တိုင်ကြားစာထဲမှာ နင်တို့နဲ့ အဆင့်မတူလို့ မလုပ်နိုင်ဘူး တစ်ခွန်းပါသလား နင်တို့ လူကြီးရဲ့ လူကြီးနဲ့ မတန်တဲ့ ကိုယ့်အဆင့်ကို ဖော်ပြတဲ့ ထမင်းစားရေသောက် အမြဲတမ်းပြောနေကြစကားဖြစ်တဲ့ ယုတ်ရင်း ကြမ်းတမ်းတဲ့စကားတွေ ပြောတာကို တိုင်တာ နားလည်လား ကြားစကားတွေနဲ့ လာပြီး သွေးထိုးမနေနဲ့ ဘာတဲ့ "အများပြည်သူများ ခင်ဗျား အထက်ပါကိစ္စများအား အမှန်တိုင်းသိချင်ပါက ဆိုလာစက်ရုံသို့ အချိန်မရွေး လာရောက်ကြရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။" နင်တို့တောင် လုပ်စရာ အလုပ်မရှိလို့ ကုပ်ကပ်တွယ်ကပ်ပြီး လုပ်နေတဲ့ နေရာမို့ မထူးဇာတ်ခင်းနေလိုက်တာကိုများေ-ာက်ကြီးကျယ်လို့ ပျော်ရွှင်နေတယ်တဲ့ ပျော်တယ်ဆိုလည်း နေပေါ့ ကိုယ့်ဘာသာ ကိုယ့်အလုပ်ကိုယ် နိုင်အောင်လုပ်ပေါ့ ကိုယ့်အတက်ကိုယ်စူးနေဦးမယ်

"သူတို့ ပြောသလို တွေ့ရာလူ ကောက်ထည့်ခြင်းမျိုး လုံးဝမဟုတ်ပါ။" Ot ဆိုတဲ့ကောင် နင်က ဒါဆိုရင် တွေ့ရာ လူကောက်ထည့်တာ မဟုတ်ကြောင်းအာမခံနိုင်တယ်ပေါ့ ဒါဆိုလည်း စီအီးအို အစည်းအဝေးတုန်းက နင်လိုကောင်တွေ ဘယ်ရောက်နေလည်း ထပြောပါ့လား အခုမှ ဝါးလုံးခေါင်းထဲ လသာနေတယ် သူခိုးပြေးမှ ထိုးကွင်းထနေတယ် ကိုယ့်အဆင့်ကိုယ်သိဦး နင့်က ဦးမျိုးညွန့်အောင် လူလာရွှေးတုန်းက အနားမှာ ရှိတယ်ပေါ့ နင့်သခင်က ဘယ်လိုပြောသွားတယ်ဆိုတာ လူတိုင်းသိတယ် ဘာတဲ့ မျိုးရိုးကောင်းတဲ့လူတဲ့ နာမည်လှရမယ်တဲ့ ဘာတဲ့ မွေးနံတူရမယ်ဆိုလား ဒါကို နင်က တွေ့ရာလူကောက်ထည့်တာ မဟုတ်ဘူးလို့ အပ်ချမတ်ချ ပြောနေရအောင် နင်က ဘာတွေ သိလို့ ပါးရပ် နားရပ်လုပ်နေတာလည်း သိပ်သိနေရင်လည်း ဝါးလုံးခေါင်းထဲလသာ မနေနဲ့ အတက်စူးနေဦးမယ်

အများပြောတဲ့အထဲမှာ နင်တို့ ဝန်ထမ်းတွေ မပါဘူး နင့်သခင် ကျွေးတဲ့ မဝရေစာ စားပြီး ပါးရပ်နားရပ်တွေ ထပ်လုပ်မနေနဲ့

နွေညီ said...

sulatt နင်လည်း ဦးမျိုးညွှန့်အောင်ရဲ့ ကျေးဇူးမကင်းတဲ့ လူတစ်ယောက်ပဲ နေမှာပါ ငါထင်ပါတယ် အခြေအမြစ်မရှိတဲ့ စကားပြောတယ်လို့ ပြောရအောင် နင်စာသေချာမဖတ်ဘူးလား

http://www.thithtoolwin.com/2012/02/web-protal.html

ဒီလင့်မှာ မမြင်ဘူးလား

"ပြောင်းရွှေ့ခံ ဝန်ထမ်းများ အပေါ် ရတနာပုံ ဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင်၏ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုမှာ မှန်ကန်ကြောင်းဦးမျိုးညွန့်အောင်ကိုယ်တိုင် အမှုဆောင်အရာရှိချုပ်ထံ ဝန်ခံကတိပြုသွားကြောင်း သိရပါသည်။"


ကိုယ်ကိုတိုင်တောင် အခြေအမြစ်ရှိအောင် မတွေးပဲ မသိပဲနဲ့များ ကွန်မန့်ရေးနေတဲ့ လူတွေကို ထင်ရောင် ထင်မှားဖြစ်အောင် သွေးလာခွဲနေသေးတယ် နင့်သခင် ကျွေးတာ နင်စားပြီး အေးအေးသက်သာနေရင်နေပေါ့ တော်ကြာ အစားလွန်ပြီး ကန်ထွက်မှ အသက်ဘယ်က ထွက်ရမှန်းမသိဖြစ်နေဦးမယ် လူပါးလာဝမနေနဲ့ အားလုံးဟာ နည်းပညာသမားတွေ နင့်ထက် တွေးတက်တယ် စကားလာအစ်မနေနဲ့

"ခုခေတ်ကြီးမှာ လူတိုင်း ( နီးပါး ) ဖုန်းတစ်လုံးတော့ ရှိကြပါတယ်ဗျာ...အဲဒိ ဗိုလ်မှုးအလိုသာ တကယ် ဖိနှိပ်နေတယ်ဆိုရင် recording လုပ်ထားလို့မရဘူးလား... ခန်းမထဲမ၀င်မှီ electronic ပစည်းတွေ များစစ်ဆေးနေလို့လားဗျာ... သူ ဒါဘာ လုပ်နေတုန်း အလို ဆဲဆိုကျိန်းမောင်းတာကို အသံသွင်းပြီးတိုင်လို့မရဘူးလား... ဒါ အလွယ်ကူဆုံးသက်သေကိုပြောတာနော်..."

မြန်မာစာတောင် ဖြောင့်အောင်မရေးတက်တဲ့ကောင်ကများ လူပါးလာလာဝနေတယ်

Robot said...

ဌာနမှူးကြီးကို အရူးလို့ ပဲ ထင်ပါတယ်။ ရတနာပုံ တယ်လီက အစိုးဌာနလား၊ ပုဂ္ဂလိကပိုင်လားတော့ မသိပါဘူး။ ဒါပေမယ့် စစ်တပ်မဟုတ်တာ သေချာပါတယ်။
ပြည်သူကို စစ်တပ်ထဲကလို အုပ်ချုပ်လို့ မရပါဘူး။ သူ့ ဘာသာ ဘာအကောင်ကြီးပဲ ဖြစ်ဖြစ်ပါ။ ပြည်သူက ပြည်သူပါပဲ။

နောက်တစ်ခုက နိုင်ငံတော်က ပေးအပ်တဲ့ ဘွဲ့ တွေကို နှိမ်ချပီး ပြည်ပကို အထင်ကြီးတဲ့ သူများ နိုင်ငံတော် စစ်တပ်မှ ထွက်ပေါ်လာတယ်ဆိုတာ တော်တော် အံ့သြဖို့  ကောင်းပါတယ်။

နိုင်ငံတော်က ပေးအပ်တဲ့ဘွဲ့ ကို စော်ကားတာဟာ နိုင်ငံတော်ကို စော်ကားတာနဲ့  အတူတူပါပဲ။ ဖြစ်နိုင်ရင် ပြောထားတဲ့စကားတွေကို အသံဖမ်း( နောက်တစ်ကြိမ်ပေါ့ ) ၊ သက်သေနှင့်တကွ နိုင်ငံတော်သမ္မတနဲ့  လွှတ်တော်ကို တင်ပြ၊ တိုင်တန်းသင့်ပါတယ်။

ပညာတတ်ညီနောင်များ အနှိမ်မခံပဲ ပညာအားကိုးနဲ့  ဒီထက်ကောင်းမွန်တဲ့ အလုပ်တွေကို ရှာသင့်ပါတယ်။
sky ပြောတာငါထောက်ခံတယ် တိုင်ကွာ
နိင်ငံတော်ကိုပါစော်ကားနေတာ

Robot said...

ှုငါလည်းပြောချင်သေးတယ် ခွေးdanger ကို
ပညာတန်ဖိုးနားမလည်တဲ.ကောင်
မင်းစားနေတဲ.ထမင်းကိုဌာနမှူးကြီးကျွေးထားတယ်ထင်လား
မင်းေ၇ာဌာနမှူးကြီးေ၇ာ ငါတို.ပြည်သူပြည်သားတွေကကျွေးထားတာကွ
ခွေးတောင်သူ.ကိုဘယ်သူထမင်းကျွေးလဲသိတယ်

ပြီးတော.sulatt စစ်တပ်ကိုအပြစ်ပြောနေတာမပာုတ်ဘူး
မင်းထက် တပ်မတော်ကို ငါပိုချစ်တယ်
ငါသိမ့်ချစ်၇တဲ.တပ်မတော်မှာ ဒီလိုလူမျိုးတွေမရှီစေချင်ဘူး

phohtaung said...

အင်း .. တခုလောက်ပဲပြောချင်ပါတယ် ... ဆိုလာစက်ရုံကလို.ပြောကြတဲ. ..about love, baby lone, ot တို. ကွန်းမန်.တွေရေးကြတဲ. အချိန်က တနေ.တည်းနဲ. အချိန်ကလည်း နဲနဲစီပဲခြားတာကထူးခြားမနေဘူးလားဗျာ .. about love - 28 feb: 10:51 am , baby lone - 28feb: 11:05 am , ot - 28 feb: 11:13 am, ot - 28 feb: 11:51 am. အဲဒီအချိန်က သူတို.ထမင်းစားနားတဲ.အချိန်လား .. ထမင်းမစားခင်လားမသိပါ ... ထမင်းမစားခင်ဆိုရင်တော. .. အပေါ်မှာ အလုပ်ချိန် အင်တာနက်သုံးခွင်. မပြု လို. ဖတ်လိုက်ရတယ်ထင်ပါတယ် .. သူတို.ပြောတာတွေက ထမီ တိုတို ၀တ်ပြီး ကောက်စိုက်သလိုပဲ .. ရှေ. ကို ကုံးလိုက်တာ နောက်က ပေါ်သွားတယ် ....

Zani Bwar said...

ဘာပဲပြောပြော ပြည်သူတွေရဲ့ငွေနဲ့
နှစ်သီးစားတွေ အခွင့်ထူးခံလူတန်းစားတွေကို
သိပ်ကြည့်မရတာတော့အမှန်ပဲဗျို့ ..
အားလုံးဝိုင်းဝန်း တင်ပြသင့်ပါသည်.

Sandi said...

လူလိမ္မာသား = ယဉ်ပါး
လူမိုက်သား = ရမ်းကား
သူ = ဘယ်သူ့ သား ?????

thuthu said...

အရမ်းသန့်ရှင်းတယ်ဆိုတဲ့ အစိုးရရေ ... အဲဒီမသန့်ရှင်းတဲ့ အကောင်ကြီးကို သန့်ရှင်းရေးလုပ်ပေးလိုက်ကြပါဦး ...

ဒီမိုလူဆိုး said...

ဒီကောင်တွေက အခုချိန်ထိ အရှိန်မသေသေးဘူး အရက်သားပညာတက်တွေကို သူတို့စစ်တက်ကလို လုပ်လို့ရမယ်ထင်နေတာ....အခုခတ်မှာမရတော့ဘူးဆိုတာသိအောင်တော့ ခင်ဗျားတို့ပညာတက်တွေပြရလိမ့်မယ်.နောက်တစ်ခုက သူတို့မတက်ရင်ပြောရမှာရှတ်ပြီး အာနာသုံးတက်တာ ....စစ်တက်က လူတော်တော်များများရဲ့အကျင့်ပဲ......

whitelight said...

မည်သူမှန်မည်နည်း။
အမှန်တရားကိုနတ်စောင့်ပါတယ်။
သိသာထင်ရှားအောင်လုပ်ကြပါ။
တစ်ဆိတ်ကိုတစ်အိတ်လုပ်ရင်ဖောင်းပွကုန်မှာပေါ့။
သေသေချာချာစီစစ်ပြီးမှမှတ်ချက်တွေရေးကြပါ။
ဘယ်သူစကားကိုယုံရမှန်းတောင်မသိဘူးနော်။

မြားနတ်မောင် said...

ဘယ်လိုပြော၇မှန်ူကို မသိတော့ပါဘူး ဘယ်လိုမှတ်ချက်မျိုးပေး၇မယ်လို့ကို မတွေးတတ်တော့ဘူး ဘာလို့လဲ ဆိုတော့ ထုံးစံအတိုင်း လူဆိုတာမျိုးက ကောလာဟာလနဲ့ မကင်းကြဘူးလေ ဒါကြောင့်မို့ ဘယ်လိုမှ မှတ်ချက်မပေးချင်တော့ပါဘူး အကြံပေးချင်တာ တခုကတော့ သတင်းတခုကို သေချာခိုင်မာအောင် စုံစမ်းပြီးမှ မှတ်ချက်ပေးတာ အကောင်းဆုံးပါ ပြီးတော့ ပြောချင်တာ တခုကတော့ ဘု၇ား၇ှင်၇ဲ့ နည်းလမ်းအတိုင်း လိုက်နာတာ အကောင်းဆုံးပါ အဲဒါက ဘာလဲဆိုတော့ မဇျ္စိမ ပဋိပဒါ ဆိုတဲ့ အလယ်အလတ်လမ်းစဉ်ကိုလိုက်တာ အကောင်းဆုံးပါပဲ အားလုံးကို လေးစားလျက်ပါ

Powered by Blogger.