ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ကင်တားနားတို့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ရစဉ် (ဓါတ်ပုံ-EMG)
ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ ယနေ့ ညနေ ၃း၃၂ အချိန်မှ ၄း၃၃ အချိန်အထိ တက္ကသိုလ်ရိပ်သာလမ်း ရှီ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တစ်နာရီကြာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်တစ်နာရီ ကြာမြင့်ခဲ့ပြီး
ဆွေးနွေးမှု၌ လူ့အခွင့်အရေးကိစ္စ မှန်သမျှကို ဆွေးနွေးခဲ့သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
မစ္စတာ Quintana ကမူ ခရီးစဉ်နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်ကို တနင်္ဂနွေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ မေးမြန်းသည်ကို ထပ်မံ ဖြေကြားခဲ့ရာ၌
မန္တလေးသို့ သွားရောက်မည့် ခရီးစဉ် ယာယီ ရွှေ့ဆိုင်းခဲ့ရခြင်းမှာ နေရာ အခက်အခဲကြောင့်
ဖြစ်ပြီး နေရာ အဆင်ပြေသည်နှင့် သွားရောက်မည်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကော့မှူး မဲဆန္ဒနယ်ကို ရွေးချယ်ခဲ့ရခြင်းမှာ ကရင် တိုင်းရင်းသားများ အများစု ရှိနေသည့်အတွက် ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြည်သူများအတွက် အကျိုးမရှိသော အချက်များကို ပြင်ဆင်သွားရမည် ဖြစ်ကြောင်း စသည့် အချက်များကို ပြောကြားခဲ့ပါသည်။
EMG
ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ကင်တားနားတို့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ကင်တားနားတို့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ Reviewed by သစ်ထူးလွင် on 19:19 Rating: 5

No comments:

Powered by Blogger.