ဖေဖော်ဝါရီလ
၆ ရက်နေ့ မနက် (၇)နာရီအချိန်က လှိုင်သာယာစက်မှုဇုံ(၃)မှာရှိတဲ့
တရုတ်လူမျိုးပိုင် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား၂၅၀၀ကျော်ဟာ
ဇန်န၀ါရီလအတွက်
ပေးရမယ့်လုပ်ခလစာတွေ ဖြတ်တောက်ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင်မဝင်ပဲ ဆန္ဒပြခဲ့ကြပါတယ်။
စက်ရုံပိုင်ရှင်မှ ဇန်နဝါရီလက အလုပ်ပိတ်ရက်တွေ များတယ်လို့
အကြောင်းပြပြီး လုပ်ခ လစာငွေတွေကို ဖြတ်တောက်လိုက်တာကြောင့်
စက်ရုံအလုပ်သမားတွေက
သူတို့ရဲ့လစာငွေတွေ အပြည့်ပြန်ရဖို့ အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
အစိုးရအာဏာပိုင်တွေဘက်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စာရွက်တွေမှာ
ချရေးခိုင်းပြီး ယူသွားကြတယ်လို့ သိရပြီး တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမျိုးတော့မရှိသေးပါဘူး
နိုင်ငံတကာအလုပ်သမားဥပဒေအရ တရက်ကို အလုပ်ချိန်
(၈)နာရီသက်မှတ်ထားပေးမယ်လည်း တိုင်ရီစက်ရုံက အလုပ်သမားတွေဟာ တရက်ကို
(၉)နာရီထိ အလုပ်လုပ်ကြရပြီး အချိန်ပိုလစာငွေ ကိုလည်း မရရှိကြပါဘူး။
ဆန္ဒပြအလုပ်သမားတွေက သူတို့ရဲ့ တောင်းဆိုချက်တွေမရမချင်း
ဆက်လက်ဆန္ဒပြသွားမယ်လို့ သိရှိရပြီး တိုင်ရီစက်ရုံးမှာပဲ
အလားတူဆန္ဒပြမှုမျိုးကို၂၀၁၁ခုနှစ် ဖေဖော်ရီလကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ဘားမားဗီဂျေ
တိုင်ရီ (Tai Yi) ဖိနပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြ (ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
07:21
Rating:
5
6 comments:
အော် တစ်နာရီကို (၇၅)ကျပ်ကနေ၊ (၂၀၀)ကျပ်အထိ လစာရကြတယ် ဆိုပါလားဗျာ .. ။ ဒါတောင် ဖြတ်တောက်ချင်သေးတယ်ဆိုတဲ့ တ၇ုတ်အလုပ်ပိုင်ရှင်တွေ ... တော်တော်ဆိုးတာပဲ .. ။
တရုတ်လူမျိုးလုပ်ငန်းရှင်တွေကတော့ကွာ အာဏာရှင်တွေနဲ့ပေါင်းပီး မြန်မာပြည်ရဲ့အဖိုးတန်သဘာဝရတနာတွေကို လက်ဝါးကြီးအုပ်ထုတ်ယူနေတာမ၀သေးဘူးမရှိဆင်းရဲသားအလုပ်သမားတွေဆီကပါ ခေါင်းပုံဖြတ်အမြတ်ထုတ် နေပါလား။ တော်တော်တရားလွန်နေပီကွာ။ အာဏာပိုင်တွေဘယ်နားသွားသေနေလဲ မြန်မြန်ဖြေရှင်းပေးသင့်နေပီ။
ဘယ်ကြည့်လိုက်ကြည့်လိုက် အလုပ်ရှင်ဆို တရုတ် အလုပ်သမားဆို ဗမာနဲ့ မန်းလေးလည်း ကြည့်လိုက်ရင် တရုတ်ကားနဲ့ ကုလားကားပဲကြည့်ရတယ်...တကယ်ပြောတာ ကားအကောင်းစားများစီးသွားလို့ ကြည့်လိုက် တရုတ်နဲ့ ကုလားပဲ ..ဒါကြောင့်ပြောပါတယ် တို့ဗမာတွေ ဘယ်နေရာညံ့နေလဲ ဆန်းစစ်ဖို့လိုပြီ..
စလုံးမှာ S pass နဲ့  အိုတီမပေး၊ တစ်ရက်ကို ၁၂နာရီ ၊ တစ်လမှာ ပိတ်ရက် ၁ရက်၊မြန်မာပြည်ပြန်ရင်တောင် လစာမဲ့ခွင့်ပဲပေးတဲ့ တရုတ်လုပ်ငန်းရှင်တွေရှိတယ်၊မတရားမှန်းသိပေမဲ့ အများကြီးပဲ လုပ်နေရတာပဲ၊မြန်မာနိုင်ငံသားတွေ ဘယ်နေရာရောက်ရောက် အဖိနှိပ်ခံရေတာပါပဲလား။
ကျွန်တော်အင်မတန်မှဝမ်းနည်းတယ်ဗျာ၊ ကျွန်တော်တို့မြို့လေးကနေ မန်းလေးကိုေ ကျာင်းသွားတက်တော့ မြို့ထဲဝင်ပြီဆိုတာနဲ့ ဘေးဘယ်ဝဲယာ လှည့်ကြည့်လိုက်တော့ တဲစုတ်ကလေးတွေနဲ့ ဒါဗမာတဲ့ မြို့အတွင်းထဲလဲရောက်ရော ကြည့်လိုက်တော့ စာလုံးနီနီကြီးတွေနဲ့ တကယ့်ကိုတခမ်းတနား အဆောက်အဦးတွေနဲ့ ကိုယ်တောင် တရုတ်နိုင်ငံ ရောက်သွားလား အောက်မေ့ရတယ် အဲ့ဒါတရုတ်တဲ့ဗျာ။ မျိုးချစ်စိတ်ရှိသူတိုင်း ဝမ်းနည်းမိမှာအမှန်ပင်။ ကိုယ့်တိုင်းပြည်မှာနေပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့အသီးအပွင့်ကို ကိုယ်တိုင်မစားရရှာတဲ့ပြည်သူတွေ ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲဗျာ။ ဒါဟာအုပ်ချုပ်တဲ့သူ ညံ့လို့ဖြစ်ရတာ၊ ဒီအာဏာရှင်ဆက်ရှိနေသမျှ ကတော့ ဒီနိုင်ငံကြီးပျောက်ပြီး တရုတ်နိုင်ငံဖြစ်တော့မှာသေချာတယ်။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် မြန်မာလူမျိုးတွေငတ်ပြတ်တယ်လို့ ဘယ်သမိုင်းထဲမှာရှိခဲ့လဲဗျာ၊ ဒီလူတွေလက်ထက်ကြမှ တို့ပြည်သူတွေ ငတ်တဲ့သူငတ်၊ ဘဝပျက်တဲ့သူပျက်၊ တိုင်းတပါးသွားကျွန်ခံနဲ့ ဘဝအတွက်ခက်ခဲစွာ ရုန်းကန်နေရတဲ့အချိန်မှာ အုပ်ချုပ်သူလူတန်းစားကတော့ ပုလင်ပေါ်မှာငြိမ့်ပြီးတရုတ်နဲ့ပေါင်းကာ သူတို့ဆွေစဉ်မျိုးဆက် စားမကုန်တဲ့စီမံကိန်းတွေရေးဆွဲနေပါရော့လား။ သြော် တရုတ် တရုတ် ဘယ်အချိန်ထိ နှိပ်ဆက်အုံးမလဲမသိဘူး။
ရွေးကောက်ပွဲပြီး ခါစသာကေတ ရှူခင်းသာ နားမှာ လမ်းမဘယ်ဘက်အခြမ်း စည်ပင် နယ်မှာ ဆိုင်ခန်း၁၀ ခန်းတွဲ ၂ တွဲပေါ်လာတာ သွားစုံစမ်းကြည့်တော့ ပြည်ခိုင်ဖြိုးသာကေတ မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ရံပံငွေ အတွက်ဆောက်တာ တဲ့ ဆောက်တည့်သူတွေ က ကုလားတွေ ပြည်ခိုင်ဖြိုး က ရလားမရလာူတော့မသိဘူး ကုးလားတွေတော.ထောသွားတယ်
Post a Comment