မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second Mobile Operator
အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း
ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း
သိရသည်။
''Second Mobile Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ပြည်ပကဆို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ ပြည်ပကဆို ရုရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အမေရိကန်၊ ယူကေ စသဖြင့် အများကြီးပါ။ တချို့က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံချင်တယ်လို့ တင်ပြလာပြီး Business Plan တွေလည်း တင်ပြလာပါတယ်။ တချို့ကုမ္ပဏီတွေဆို Sim Card အလကားပေးမှာတောင် ရှိပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးလုပ်ငန်းက အရင်းအနှီးကြီးသလို အမြတ်အစွန်းလည်းများတဲ့အတွက် လုပ်ချင်တဲ့သူလည်း များတယ်။ အဲဒီအတွက် လုပ်ခွင့်ပေးမယ်ဆိုရင်တောင် သင့် တင့်တဲ့သူကိုပဲပေးသွားမှာပါ။ လက် ရှိမှာဆက်သွယ်ရေးဥပဒေရေးဆွဲ နေတုန်းဖြစ်ပြီး ရှေ့အပတ်ထဲမှာရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ ဖို့ရှိပါတယ်။ ပြင်စရာမရှိတော့ဘူးဆိုရင် လွှတ်တော်ကို တင်ပြသွားမှာပါ။ နောက်တစ်ချိန်မှာ လွှတ်တော်က အတည်ပြုပြီးရင် ဖုန်းအော်ပရေတာ ကုမ္ပဏီလုပ်ကိုင်ခွင့် ချပေးတာတွေ ဖြစ်လာမှာပါ။ လုပ်ခွင့်ရရင် အားလုံးကို ဖိတ်ခေါ်မှာပါ။ အဲဒီထဲကမှ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှက ပြောကြားခဲ့သည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေမူကြမ်းအား လွှတ်တော်တွင် တင်ပြသွားရန်ရှိပြီး ယင်းဥပဒေတွင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍများ၌ ပုဂ္ဂလိကဘက်မှ ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သတ်၍ ပိုမိုဦးစားပေး ရေးဆွဲထားကြောင်းလည်း သိရသည်။
EMG

ဆက်သွယ်ရေးဥပဒေမူကြမ်း အတည်ပြုရင် တချို့ကုမ္ပဏီတွေက Sim Card အလကားပေးမည်ဆို
Reviewed by သစ်ထူးလွင်
on
17:07
Rating:
16 comments:
thanks a lot. good news to us.
သိပ်ကောင်းတဲ့ အစီအစဉ်ပဲ ဒါဆို ၅၀၀၀ တောင် ပေးစရာ မလိုတော့တဲ့ sim card တွေ ထွက်လာတော့မှာပေါ့ . . .လွှတ်တော်ကနေ မြန်မြန်ကျလာဖို့ ပဲ ဆုတောင်းပါတယ်...အားလုံးသော ပြည်သူတွေ ပြုံးပျော်နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ် . . .
ဟုတ်မှလည်းလုပ်ကြပါဗျာ....တော်ကြာပြည်သူတွေကိုပုံပြောနေတာကြာနေပြီနော်...:0
လုံးဝဖြစ်သင့်တဲ့ကိစ္စပါ။ကိုလိုနီလက်ထက်ကဥပဒေကိုမဖျက်ပဲ။ဖြတ်။ညှပ်။ကပ်။လုပ်ပြီးပြည်သူကိုဖိနှိပ်ဖို့ လုံခြုံရေးအကြောင်းပြ။ခေတ်အဆက်ဆက်လုပ်
စားခဲ့တာကြာပါပြီ။အခုကစပြီး ဥစားခြင်း။ဟစားခြင်း။ငါးကြင်းဆီနှင့်ငါးကြင်းကြော်စားခြင်း(ဆယ်လူလာproject ကစခဲ့တာပါ)။ကော်စားခြင်း(% ယူခြင်း)။ဝေစားခြင်း။ပေါင်းစားခြင်း။ဟောက်စားခြင်း
များဆက်လက်လုပ်ဆောင်ခဲ့ပါကပြည်သူရဲ့ တုန့် ပြန်မှုကိုမနှေးအမြန်ခံကြရတော့မှာပါ။ ။
အခုပြောနေတာက ယုံတမ်းစကားပုံပြင်တွေလားဟင်..နောက်ရ ဘူးနော်..သွားလူဆိုး..ငါးထောင်တန်ကိုဖဲ့ချင်လို့..စကားနာထိုးနေကြတာလားဗျာ..ဆက်သွယ်ရေးနဲ့ရွှေပြည်တံခွန်ရေ..တော်ကြပါတော့ဗျာ..လက်တွေ့ချပြမှပဲယုံတော့မယ်..
ဟယ်လို .... ဟယ်...လို .. ကြားလား!
ခုပြောနေတာတွေက တကယ်လား ဟင် .. ဟယ်လို...
တကယ်ပဲ 5000 မပေးရပဲနဲ့တောင် ဖုန်းကိုင်ရတော့မှာလား....
ဟယ်............လို.......... အင်း....
မဟုတ်ဘူးထင်တယ် ဘာသာလဲ မပြန်သေးဘူး!'
ဒါမှမဟုတ် ပြောတာပဲ မကြားတာလားမသိဘူးနော်........
ဟယ်လို......ဟယ်........လို............
နော်ဝေဆိုအကောင်းဆုံးပါပဲ၊တကမ္ဘာလုံးမှာinternet နှုန်း over200kb/s ရတယ်၊ိကိုယ်တိုင်သုံးဘူးတာပါ။
companies တွေကဒီလောက် လုပ်ပေးမယ်ပြောတာတောင် ငတုန်းတွေက သူတို့စားပေါက်ပိတ် မှာစိုးလို့ ဆင်ခြေ မြင်းခြေကန်နေဦးမှာ မြင်ရောင်သေးတယ်ဗျာ... နာနာဖိတွန်းရင်တော့ ဘာမဆိုလဲပြိုသွားကြစမြဲပါ...အဆိုတင်သွင်းမှုတွေ အောင်မြင်ပါစေလို့တော့ ကြိုတ်ပြီး ဆုတောင်းရမှာပဲ

သွားလူဆိုး ဆိုတော့ ငါက ဘယ်သွား၇မှာတုန်း)))))) ကြောက်တတ်တယ် တွားဘူး
လုပ်လို့ ရလို့ လုပ်ပါရစေလို့ ပြောတော့ မဖြစ်နိုင်ဘူးလို့ တွင်တွင်ငြင်းတယ်.....အခုတော့ အခြားလုပ်ချင်လို့ ကမ်းလှမ်းထားတာ ၁၀၀ ကျော်ရှိတယ်လို့ပြောတယ်.....မင်းတို့ ဘာခြေလှမ်းတွေ လှမ်းနေတာလဲ အဆီရစ်တွေ.......ဥပဒေအသစ်တွေ ပြဌာန်းပြီး လုပ်ပိုင်ခွင့်ရရင် ချပေးမယ်လို့ပြောတယ်..တန်ဖိုးနည်း ( ၃ သိန်း) ဖုန်းတွေစီမံကိန်းအရ ရောင်းမယ်ပြောတယ်...မင်းတို့ စကားတွေ ရှေ့နောက်ကို မညီပါလား အဆီရစ်တွေရာ........၅၀၀၀ ထက် တန်ဖိုးနဲတဲ့ ဖုန်းတွေကို ပြည်သူတွေ မကြာခင်ကိုင်နိုင်အောင် အားလုံး တောင်းဆိုနေကြပါတယ်...နောက်ဆက်တွဲ မင်းတို့တစ်ဖွဲ့လုံး မြန်မြန်နှုတ်ထွက်တာကိုလဲ ပိုပြီးလိုလားပါတယ်လို့ အဆီရစ်ညွှန်မှူးဆိုတဲ့လူနဲ့ အပေါင်းအပါများရေ.......
If the gov looks into the benefits of the people it should give 2-3 private service providers for mobile or internet services. What the gov need to do is to draw the rules and regulations that would benefit both the service providers and the public. The gov or a private organization should not monopolize the market. Let the private companies compete in price and service for the peoples on the free and fair ground. In the mean time the gov should control the pricing, and service quality if not appropriate.
SOE MIN ---v-right.Gov; must follow open policy.They let know the people proposing companies, prices,qualities,and warranty etc;. And then choose 2 or 3 according to the polls in HLUTTAW. WHO do not know should not take part in HLUTTAW.
မင်းတို့ပဲပြောကြတော့ ငါတို့ကတော့ ဖုန်းကဒ် တွေဗန်းထဲထည့်ပြီး လမ်းဘေးထိုင်ရောင်းမှပဲ ၀ယ်နိုင်တယ်...။
That's right. u two comments were nice and perfect.
but i wanna doubt about the law which the gov drew. In gov there are so few technician. some tech in gov have not the authority to do so. So I worry about the incomplete law and preventing the gov profit.
ကမ်းလှမ်းထားတဲ့ Company တွေထဲမှာ Sim Card အလကားပေးနိုင်တဲ့သူတွေ ပါနေတာတောင် တန်ဘိုးနည်း GSM ဆိုပြီး
3 သိန်းနဲ့ ရောင်းမည့်သူကို လုပ်ပိုင်ခွင့်ပေးတဲ့ ဆက်သွယ်ရေးရဲ့  စေတနာကတော့ အင်မတန်လေးစားစရာ....
Post a Comment