အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇဂနာကို RFA မှတွေ့ဆုံမေးမြန်း

မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော

ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇဂနာကို RFA မှတွေ့ဆုံမေးမြန်းနေစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ နေတယ်ဆိုပေမယ့် ဒီထက်မက ပိုပြီးလုပ်ရမှာတွေ ရှိသေးတယ်လို့ ကိုဇာဂနာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဒါးလပ်စ်လေဆိပ် အရောက်မှာ အာအက်ဖ်အေကို ပြောလိုက်တာပါ။ ကိုဇာဂနာနဲ့အတူ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ဟာ မနက်ဖြန် ဖေဖေါ်ဝါရီ ၂ ရက် မနက်မှာတော့ ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် နယူးယောက်မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖို့လည်း စီစဉ်ထားပါတယ်။
RFA
အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇဂနာကို RFA မှတွေ့ဆုံမေးမြန်း အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇဂနာကို RFA မှတွေ့ဆုံမေးမြန်း Reviewed by သစ်ထူးလွင် on 08:57 Rating: 5

3 comments:

kyawtan said...

ဦးဇာဂနာရဲ့ အမေရိက ကပုံက ၀ါးနေသလိုဘဲ။ ဟီ

Anonymous said...

ကိုဇာဂနာကြီးကို ပြောပေးပါ...။ ပုဒ်မက အဓိကမဟုတ်ပါဘူး။ နိုင်ငံရေးလုပ်ဖို့သာ အဓိကပါ။ အစိုးရက နိုင်ငံရေးလုပ်စေချင်လို့ လွှတ်ပေးတာပါ။ ထောင်ထဲမှာဘဲနေနေ၊ အပြင်မှာဘဲနေနေ နိုင်ငံရေးလုပ်မယ့်သူဟာ လုပ်မှာပါဘဲ။ နေရာတကာ အားနည်းချက်ကြီးဘဲလိုက်ကြည့်နေရင်တော့ နိုင်ငံရေးမဟုတ်တော့ဘူး ဝေဖန်ရေးဘဲ ဖြစ်နေပါလိမ့်မယ်။ အမျိုးသားရင်ကြားစေ့ဖို့ရာ ကိုယ်ကပါးနပ်မှုရှိရမှာ မဟုတ်လားဗျာ။ အခုဆို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူနေမှုအဆင့်အတန်းတွေ ဖွံဖြိုးလာဖို့ဟာ တကယ်အရေးကြီးဆုံးဘဲ မဟုတ်လားဗျာ။ ဘယ်သူက တကယ်လုပ်နိုင်မှာလဲ...။ အစိုးရကို အားမကိုးဘဲ ဘယ်သူ ဘယ်လောက်စွမ်းလဲ ကြည့်ချင်သေးတယ်ဗျာ။...

Anonymous said...

လာပြန်ပီ ၇န်ဖြစ်ချင်တာလားးP

Powered by Blogger.