ဒဂုံတက္ကသိုလ်ရှိ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန် ကောက်ခံနေခြင်း

ဒဂုံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ
“သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန်ကောက်ခံနေခြင်းလော၊ (သို့) ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူများမှ အဆမတန်ငွေကြေးဖြင့် ကန်ထရိုက်ပေးထား၍ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြှင့်ကောက်ခံနေခြင်းလော”
ဒဂုံတက္ကသိုလ်တွင် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရာ ဓါတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးရေးကို ကန်ထရိုက်ယူထားသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ဒဂုံတက္ကသိုလ်ဝင်း အတွင်း၌ ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူများ၏ မိသားစုများမှ ကိုယ်ပိုင်ကင်မရာများဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးရာတွင် ကင်မရာခွန်အနေဖြင့် (၄၅၀၀) ကျပ် ဖြင့် အဆမတန် ကောက်ခံခဲ့ပါသည်။
ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူ မိသားစုများသည် မိမိတို့၏ ကိုယ်ပိုင်ကင်မရာများဖြင့် အမှတ်တရ (အပျော်တမ်း) ဓါတ်ပုံရိုက်ကူးရာတွင် ထိုသို့ အဆမတန် ကင်မရာခွန်ကို ကောက်ယူသဖြင့် မကျေနပ်ကြပါ။
ဘုရားစေတီ များပေါ်တွင် ဓါတ်ပုံရိုက်ကူးခွင့် ကင်မရာအခွန်ပေးဆောင်ရာတွင် အများဆုံးရှိ (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်လောက်အထိသာ အများဆုံး ကောက်ခံသည်ကို တွေ့ရှိရပြီး၊ ဒဂုံတက္ကသိုလ်ထဲတွင် စီးပွားဖြစ်အနေဖြင့် ကန်ထရိုက်ယူပြီး အဆမတန် အခွန် ကောက်ခံ နေခြင်းသည် သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ အဆမတန် ကောက်ခံနေခြင်း၊ (သို့မဟုတ်) ဒဂုံတက္ကသိုလ်ထဲမှ တာဝန်ရှိသူများမှ အဆမတန်ငွေကြေးဖြင့် ကန်ထရိုက် ပေးထား၍ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြင့် ကောက်ခံနေရခြင်း ကိုတော့ ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူ မိသားစုများ၏ စိတ်ထဲတွင် မကျေမနပ်ဖြင့် ပေးနေရပါသည်။
ထိုသို့ ကင်မရာခွန်ကောက်ခံနေရာတွင် ဘွဲ့ယူရန်လာသည့် ကျောင်းသား မိသားစုဝင် ကိုယ်ပိုင်ကင်မရာကိုင်ရိုက်နေရာမှ အခွန် (၄၅၀၀) ကျပ် ပေးဆောင်ရန် လာရောက် တောင်းခံသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ လူတစ်ဦးနှင့် အခြေအတင် စကားများ နေကြသည့် အဖြစ်အပျက်များ ရှိခဲ့ပါသည်။ ဘွဲ့ယူလာသော မိသားစုများမှလည်း “မိမိတို့၏ ကင်မရာဖြင့် မိသားစု အမှတ်တရ ဓါတ်ပုံရိုက်ကူးတာ စီးပွါးဖြင့် လာရောက် ရိုက်ကူးခြင်းမဟုတ်၊ မင်းတို့ ကင်မရာခွန် ကောက်ခံတာကလည်း အဆမတန် များလှချည်လား၊ ဘုရားမှာတောင် အခွန်ကောက်ရင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ် လောက် အထိသာ ရှိကြောင်း” ပြောကြားသလို၊ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ အခွန် ကောက်ခံသူမှ လည်း “ကျွန်တော်တို့က ဒီအထဲမှာ ကန်ထရိုက်ယူထားရတာ ခင်ဗျားတို့ ကိုယ်ပိုင်ကင်မရာဖြင့် လာရိုက်ကူးနေတော့ ကျွန်တော်တို့ ကန်ထရိုက်ယူထားတာ ရှုံးပြီပေါ့” ဆိုပြီး အပြန်အလှန် ပြောဆိုပြီး စကားများနေခဲ့ပါသည်။
ထို့ကြောင့် ကင်မရာအခွန် ကောက်ခံရာတွင် ဘယ်အတွက်ကြောင့် သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန်ကောက်ခံနေခြင်းလား၊ (သို့မဟုတ်) ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူများမှ အဆမတန် ငွေကြေးဖြင့် ကန်ထရိုက်ပေးထား၍ သိင်္ဂီ ရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြှင့် ကောက်ခံနေခြင်းလား ဆိုတာ ကာယကံရှင်များဖြစ်ကြသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်နှင့် ဒဂုံတက္ကသိုလ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များပင် အသိဆုံးပင်ဖြစ်ပါပေမည်။
ထိုသို့ ဒဂုံတက္ကသိုလ်ထဲတွင် ဘွဲ့ယူရန်လာရောက်သော မိသားစုများ ကိုယ်ပိုင် ကင်မရာဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးရာတွင် ကင်မရာအခွန်ကို အဆမတန် တောင်းခံသည့်အတွက် မိသားစုများမှ မကျေနပ်ချက်များကို ပညာရေးဝန်ကြီးဌာနမှ ယခုအဖြစ်အပျက်လေးများကို သိရှိရလေအောင် ဖော်ပြပေးလိုက်ရပါသည်ခင်ဗျား…။
ဘားမားဗီဂျေ
ဒဂုံတက္ကသိုလ်ရှိ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန် ကောက်ခံနေခြင်း ဒဂုံတက္ကသိုလ်ရှိ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန် ကောက်ခံနေခြင်း Reviewed by သစ်ထူးလွင် on 15:53 Rating: 5

9 comments:

Anonymous said...

We can see that some people want unfair incomes by unfair ways...
Who teach them to do in this way ???

htoominnaing said...

တင်းတယ်တင်းတယ်တင်းတယ်ဟေ့ဟီးဟေ့ လို့သာအော်လိုက်ချင်ပါတော့တယ်

maxdiego said...

ကဲ စီးပွားေ၇းသမားများလည်း သတိထားသင့်တဲ့ အချိန်ေ၇ာက်ပါပြီ..စားလို့ ဝအောင်စားထားကျပါ.မ၇ှိသူတွေဆီက တဖျဲနဖျဲ စားထားတာ တနေ့ ကျ၇င်တော့ ပြန်အန်ထွက်ကျချိန်ကိုမျှော်နေဦးမယ်.. .စီးပွားေ၇းလုပ်တာလည်းလုပ်ကြပါ.သူသူကိုကို ထမင်းနပ်မှန်အောင် ကြိုးစားနေ၇တဲ့ အချိန်မှာ မ၇ှိတဲ့သူတွေဆီကပဲ မတန်တဆ တွေ ဈေးတွေတင် အမြတ်တွေယူနေကြတာ တဖြည်းဖြည်းလွန်လာပြီ... ဒေါ်လာဈေးတွေတက်တော့ပစ္စည်းတွေ ချက်ချင်းလိုက်တက်တယ်.ဒေါ်လာဈေးပြန်ကျတဲ့အချိန်ကျတော့ဈေးပြန်မချချင်ဘူး..အာဏာပိုင်တွေနဲ့ ပိုင်တယ်ဆိုပြီး ပြည်သူတွေ ဆီကအချင်းချင်း ဂုတ်သွေးစုတ်နေတာတွေ တွေ့ နေ၇တယ်...တော်တော်ဆိုးလွန်းပါတယ်.Company ပိုင်၇ှင်တွေလည်းဒီလိုပါပဲ ၀န်ထမ်းတွေ ကို ခန့်အပ်တဲ့  position နဲ့  ခိုင်းတော့ အကုန်ခိုင်းတယ် လစာ ပေးတော့ နည်းနည်းလေးပေးချင်တယ်.ဒါနဲ့ ပဲ လာလိုက်သေးတယ် နိင်ငံခြားမှာလစာ ဒေါ်လာ ၄၀၀၀ လောက်တန်တဲ့  Certificate တွေ ဘာတွေ ပါမှ လက်ခံမယ်ဆိုပဲ .ပေးတော့ မြန်မာငွေ ၄၀၀၀၀ ပြည့်အောင်မပေးချင်ကျပဲ နဲ့ ..အော်အော် ဆိုးတဲ့ လူတွေပါ...

Chit San Maung said...

ဒဂုံတက္ကသိုလ် Canteen မှာ ကျောင်းသားများအတွက် ဈေးနှုန်းကြီးမြင့်ပါတယ်..။
ကန်ထရိုက်စနစ်ကို ပြင်ဆင်ပြီး မိမိတက္ကသိုလ် ကျောင်းသားကျောင်းသူများရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့နည်းစေသင့်ပါတယ်..။

Mr.Physics said...

2003-2004 ပညာသင်နှစ်မှာ ဒါမျိုးအခွန်ကောက်တယ်ဆိုတာ လုံးဝမကြားဖူးပါ..။ ကြိုက်တဲ့ကင်မရာယူပြီး ကြိုက်တဲ့နေရာမှရီုက်လို့ရတယ်။ သူ့ဆီမှာ ဓါတ်ပုံရီုက်ချင်တဲ့သူနည်းသွားတာက ဈေးမတရားကြီးနေတာကိုး။ ဘွဲ့ယူရင်ကစလို့ ဒီဂျစ်တယ်နဲ့ဖြစ်သလိုရီုက်ပြီး 1 ပုံကို 85 ကျပ်လောက်နဲ့ ကူးလို့ရနေတာကို မတရားတောင်းတော့ ဘယ်လိုရိုက်မလဲ။ ပရင်တာနဲ့ထုတ်ရင်တောင် 1 ပုံကို 200 ထက်မပိုဘူး။

ညိုချောကြီး said...

ဟုတ်တယ်.... ကိုယ်လည်း ၂၀၀၀၃-၀၄ မှာကျောင်းပြီးတာ.... အဲလိုမကြားမိဘူး..... ခုမှပြောင်းသွားတာလား...... မသိတော့ဘူး...... ဘာပဲ ဖြစ်ဖြစ် ကောက်ကိုမကောက်သင့်တော့ပါဘူး...... သူတို့ ဆီက ဈေးနှုန်းမှန်ပြီး ကွာလတီကောင်းရင် ၀န်ဆောင်မှု ကောင်းရင် ဘယ်သူမဆို ပရော်ဖက်ရှင်နယ် ကင် မရာနဲ့ ရိုက်ချင်ကြမှာပါ.... ခုတော့ မုန့် လုံးကိုစက်ကူ ကပ်နေပါဘီ......

မေ said...

အလားတူပါပဲ
မန်းတလေးကွန်ပျူတာuniversity မှာလည်း ဓါတ်ပုံကြေးက်ု(၁၇၀၀၀) ပေးရမယ်တဲ့
မပေးရင်ဘွဲတက်မယူရဘုးတဲ့
ဘွဲ့ ၀တ်စုံရောဆိုရင် ၂၁၀၀၀ တဲ့
မရှိတဲ့သူတွေဘယ်လိုလုပ်ကြမလဲ
ကျောင်းကပဲကောက်တာလား
ကန်ထရိုက် ကပဲကောက်တာ လား
ကင်မရာလည်းအယူမခံဘူး

brenda said...

theingi shwe yi owner is kyant phwint amat .. representative of. dagon tsp....

http://makeyourowneconomy.biz said...

ကဲ စီးပွားေ၇းသမားများလည်း သတိထားသင့်တဲ့ အချိန်ေ၇ာက်ပါပြီ..စားလို့ ဝအောင်စားထားကျပါ.မ၇ှိသူတွေဆီက တဖျဲနဖျဲ စားထားတာ တနေ့ ကျ၇င်တော့ ပြန်အန်ထွက်ကျချိန်ကိုမျှော်နေဦးမယ်.. .စီးပွားေ၇းလုပ်တာလည်းလုပ်ကြပါ.သူသူကိုကို ထမင်းနပ်မှန်အောင် ကြိုးစားနေ၇တဲ့ အချိန်မှာ မ၇ှိတဲ့သူတွေဆီကပဲ မတန်တဆ တွေ ဈေးတွေတင် အမြတ်တွေယူနေကြတာ တဖြည်းဖြည်းလွန်လာပြီ...

Powered by Blogger.