Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်
ဖေဖော်ဝါရ်ီလ ၂၂ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှ ပြန်လည် ထွက်ခွာလာသော ဂျပန်နိုင်ငံသားအား တွေ့ရစဉ်
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံ သားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပုဇွန်တောင် တရားရုံးမှ စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင် တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကိုတရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်ကခေါ်ယူခဲ့သော်လည်း နှစ်ဖက်အကျိုးဆောင်မည့် ရှေ့နေ့များ က ကိုယ်စားလှယ်အဖြစ်လိုက်ပါ ဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားခဲ့ ခြင်း၊ စကားပြန်များ ထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းရင်းများကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင်စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။
မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.... (၂၄)နှစ်မှ ဂျပန်နိုင်ငံသား ....(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပ မှမိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ်စည်းကမ်း အရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာ မှ၊ ဂျပန်နိုင်ငံသား . . .က မကျေနပ် ၍ ဒေါ်. . . အား ပါးရိုက်သည့်အတွက် ဒေါ်. . . မှ ဂျပန်နိုင်ငံသား . . . အပေါ် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ် ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာ မပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြင့် အမှုဖွင့်ပြီး တိုင်ကြားထားခြင်းဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရပါသည်။
EMG
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်
Reviewed by သစ်ထူးလွင်
on
10:45
Rating:
10 comments:
အမှုက ရှင်းရှင်းလေးကို ဘာမှ စစ်စရာတောင် အကြောင်းမရှိဘူး ဟော်တယ်မှာ ဟော်တယ်လိုနေပေါ့... ဖာသည်ခေါ်ချင်ရင် ဖာတန်းသွားပေါ့ S ရေးမပါတာတွေလုပ်နေတယ် .. ပြသာနာမရှိ ပြသာနာရှာတာကို သိသိကြီးနဲ့ ဘာမှ စစ်စရာ အကြောင်းကို မရှိဘူး... အဲ့ဒိတရားရုံးက ဟာတွေလဲ သေသေချာချာစစ်ပါ... အမှုကို မျက်နှာလိုက်လို့ကတော့... ရန်ကုန်က ပြည်သူတွေ ဘာဆိုတာ သိသွားစေရမယ်...
အမှုက ရှင်းရှင်းလေးကို ဘာမှ စစ်စရာတောင် အကြောင်းမရှိဘူး ဟော်တယ်မှာ ဟော်တယ်လိုနေပေါ့... ဖာသည်ခေါ်ချင်ရင် ဖာတန်းသွားပေါ့ S ရေးမပါတာတွေလုပ်နေတယ် .. ပြသာနာမရှိ ပြသာနာရှာတာကို သိသိကြီးနဲ့ ဘာမှ စစ်စရာ အကြောင်းကို မရှိဘူး... အဲ့ဒိတရားရုံးက ဟာတွေလဲ သေသေချာချာစစ်ပါ... အမှုကို မျက်နှာလိုက်လို့ကတော့... ရန်ကုန်က ပြည်သူတွေ ဘာဆိုတာ သိသွားစေရမယ်...
ခွေးမသား Hotel စည်းကမ်းနဲ့မညီပဲနဲ့
အထဲအ၀င်ခံရမလား...သူများနိုင်ငံလာပြီးတော့
စော်ကားတဲ့ကောင် ပြည်နှင်ဒဏ်သာပေးလိုက်....
အားနွဲ့သူ..အမျိုးသမီးတစ်ယောက်ကို...ယခုလို့..တဏှာယတ်မက်ကြောင့်..ကိုယ်ထိလက်ရောက်ကျူးလွန်တာဟာ...လုံးဝကို...မှားတဲ့..အမှားပါ.. သက်ကြီးဆံပိုင်ဘုရင်စနစ်မှာတာ...အခုလို..မတရားမှုမရှိပါဘူး..။ တရားသူကြီးတွေရေ...အဂတိ (၄)ပါးနဲ့လွတ်အောင်..အမိန့်ချပေးတော့... မင်းတို့တရားစီရင်ရေးကို စောင့်ကြည့်နေကြတာ..ကြာပြီနော်...
ဘာပဲဖြစ်ဖြစ်ခင်ဗျာ...အားနွဲ့တဲ့..အမျိုးသမီးတစ်ဦးကို..ကာမတဏှာရမ္မက် ကြောင့်..ကိုယ်ထိလက်ရောက်ကျူးလွန်တာဟာ..လုံးဝမှားတဲ့..အမှားပါ.. ဒီလိုမတရားမှုမျိုးကို..သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင်..မျှတအောင် ဆုံးဖြတ်ခဲ့တာ...။ အခုလည်း..တရားသူကြီးတွေရေ...ခင်ဗျားတို့လည်း ဘယ်လိုဆုံးဖြတ်မလဲဆိုတာ..စောင့်ကြည့်ပါအုံးမယ်..။ အဂတိ(၄)ပါး လွတ်အောင်ချဖို့လည်းသတိပေးလိုက်ပါရစေ..။ ပြည်သူလူထုကို တရားစီရင်ရေးကို အာရုံစိုက်နေပါပြီ...။ ကဲကြည့်ကြတာပေါ့
အပြန်အလှန်ပေါ့လေ...
ဒီအမှုကို မြန်မာတရားရုံးက ဘယ်လိုဆုံးဖြတ်မရ စောင့်ကြည့်ရအောင်။
အဖြစ်အပျက်တွေက လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေပြီးသားကို..
တရားရုံးကိုတောင်တင်စရာမလိုဘူး။ထင်ရှားနေတာဘဲ။ဟိုတခါတုံးက ဂျပန်မ အမှု့ ကြတော့ မြန်မာ ကိုသေဒဏ်ပေးတယ်။ဒီ ဟာကြတော့ ဂျပန်ဘက်က အလွန်ကို သက်ဆိုင်ရာ လူကြီးတွေ ဘာလုပ်နေကြတာလဲ။တရားသဖြင့်လုပ်ကြပါ။
ဥပဒေအတိုင်းအတိအကျအရေးယူရင် ကောင်းပါတယ်
CCTV မှာရိုက်ပြထားတာရှင်းနေတာပဲ ဒါတောင် မြန်မာရှူံးအောင်စစ်လို့ကတော့ တရားသူကြီးတွေအသုံးမကျလို့ပဲ ဘယ်မှာလဲအမျိုးသမီးရေးရာ ဟွန်း ပြောချင်ဘူး ဂယ်ပဲ သူများနိုင်ငံလာပြီး လာစော်ကားလို့ကတော့ ဒီဂျပန် ကောင်းကောင်းမွန်မွန်တော့ ပြန်ရမှာမဟုတ်ဘူး
Post a Comment