ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ

ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။
By: Shwe Thanzin
ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ Reviewed by သစ်ထူးလွင် on 10:42 Rating: 5

12 comments:

ဘကြီးမောင် said...

တားမြစ်တဲ့လူတွေကနားမလည်ဘူးလား...သူတို့ ၈၈ ကိုကြောက်ရင် မလွတ်နဲ့လေ..အထဲမှာ ထားလိုက်ပေါ့..လွတ်လည်းပေးသေးတယ်...သောက်ရူးတွေ....

Anonymous said...

သို...
ကိုဆောင်းဦးလှိုင် နေ့ စွဲ။၁၈၊၀၂၊၁၂
နိုင်ငံရပ်ခြားမှာနေထိုင်နေကြတဲ့ ကျွန်တော်တို့ တွေက စစ်အုပ်ချုပ်တဲ့ နိုင်ငံကနေပြီးဒီမိုကရေစီနိုင်ငံဖြစ်လာပြီလို့ ဝမ်းသာနေကြတာ၊ပြီးတော့ လွတ်လပ်ခွင့် တွေရလာပြီ၊အာစီယံနိုင်ငံတွေအလယ်မှာလည်း မြန်မာနိုင်ငံဆို ထိပ်ဆုံးမှာရှိလာတော့ မှာ မဟုတ်ဘူးလား။ဒါပေမယ့်  ဖတ်လိုက်ရတဲ့  သတင်းတွေမှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် တွေက ရသင့် သလောက်မရသေးပါဘူး။အခုလည်း အကို ကြုံတွေ့ လိုက်ရတဲ့ အခက်အခဲ့ တွေက ကျွန်တော်တို့ တွေကို စိတ်မကောင်းဖြစ်စေပါတယ်။ဘာဘဲဖြစ်ဖြစ် ကိုဆောင်းဦးလှိုင်ရဲ့ နောက်မဆုတ်တဲ့ စိတ်ဓာတ် ကိုတော့ လေးစားပါတယ်။
လေးစားစွာဖြင့် 
ခိုင်မျိုးမြတ်
khaingmyomrat@gmail.com

Myanmar said...

တလွှဲဆံပင်ကောင်းမနေကြနဲ့။ အားလုံးညီညွတ်ကြ၇ဲ့အချိန်ေ၇ာက်နေပီ။ လုပ်ပိုင်ခွင့်ဆိုတာကို ဥပဒေနဲ့ ကန့်သတ်သင့်ပီ။ သို့သော် ကိုယ်ပိုင်အသိ၇ှိဘို့လိုတယ်။ အကောင်းအဆိုးခွဲခြားတတ်ပါစေ။ အမြင်မကျဉ်းကြနဲ့။ သူများပြောလို့ေ၇ှးကလုပ်ခဲ့ဘူးလို့ လက်၇ှိလဲလိုက်နာနေကြဆဲမို့ စသည်စသည်အကြောင်းကြောင့် လိုက်နာလုပ်ဆောင်နေ၇ပါသည်လို့မပြောနဲ့။ ကိုယ်လုပ်တာသည် အများအတွက်ကောင်းကျိုးဖြစ်ထွန်းစေသလား။ ဆိုးကျိုးဖြစ်ထွန်းစေသလားနဲ့ နှိုင်းယှဉ်ပီး အမှားအမှန်ကိုခွဲခြားပါ။ အဓိပ္ပာယ်မ၇ှိတဲ့ အာဏာပြခွင့်၇တာလေးကို သာယာမနေပါနဲ့။ လုပ်ပိုင်ခွင့်၇ှိသူများမှာ တိုင်းပြည်ကောင်းစားေ၇းကို ပိုလုပ်နိုင်ခွင့်၇ှိနေပါတယ်။ ပိုလုပ်ပြဘို့လဲ တာဝန်၇ှိနေပါတယ်။ လူတိုင်းမှာ ဒီလိုအခွင့်ေ၇းမ၇ှိပါဘူး။ ခေတ်ပြောင်းကြပါတော့။ အမှားထဲမှာ တ၀ဲလည်လည် တွယ်ကပ်မနေချင်ကြပါနဲ့တော့။ ကျေးဇူးတင်ပါတယ်။ ။

min yar zar said...

စိတ်မကောင်းပါဘူး။ ကိုဆောင်းဦးလှိုင် ရယ်။ သူတို့က အခု အားလုံးကို ကြောက်နေကြတယ်၊ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ပြည်သူကို အဲဒီလောက်တောင်ကြောက်နေတယ်ဆိုတာ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ကြောက်ပြီး သူတို့ ဘင်လာဒင် တို့ ကဒါဖီတို့လို အသေဆိုးနဲ့သေမှာကို တွေးပြီး မအိပ်နိုင်ကြဘူးထင်တယ်၊ အာနာရှင် စနစ်ဆိုးတွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေတယ်ဆိုတာ လဲ သူတို့ သတိပြုမိကြမှာပေါ့။ အဲဒီတော့ သူများကိုက်ပြီးသား အရိုးကိုကိုက်ပြီး လိုက်ဟောင်နေကြတဲ့ သူတွေကလဲ ရှိသေး....

minkhantaung said...

တိုက်ဆိုင်မှု့လေးတစ်ခုပြော့ပြချင်ပါတယ်
လွန့်ခဲ့တဲ့ ၁လလောက်က သင်္ကန်းကျွန်းမြို့နယ်မှာ စာပေဟောပြောပွဲတခုလုပ်တယ်ဗျ။ဆရာကြီးဦးအောင်သင်းပါတော့လူငယ်လူကြီးတော်တော်များများလာကြတယ်။ ကျွန်တော်လည်းထိုင်စရာနေရာမရှိလို့လူတစုထိုင်နေတဲ့တဲလေးတခုထဲဝင်ထိုင်မိတယ်။ကံစဆိုးချင်တော့ အဲဒီတဲက ရဲနဲ့စရဖတွေစုတဲ့တဲဖြစ်နေတယ် အဲဒီတော့သူတို့ပြောတာတွေအကုန်ကြားနေရတာပေါ့ဗျာ ရီတော့ရီရတယ် ဘယ်ဆရာတက်ဟောပြီး ဘယ်ဆရာကပြန်ဆင်းတော့မယ်။ဘယ်လွှတ်တော်ကိုယ်စားလှယ်လာတယ် ရေသောက်သေးပေါက်တာကအစအထက်ကိုသတင်းပို့နေတယ်။ကျွန်နော်ပြောချင်တာကအဲဒီလိုလုပ်တာပြည်သူတွေလုံခြုံရေးတော့မဖြစ်နိုင်တာသေချာတယ်။ဟောပြောတဲ့ဆရာကြီးတွေကတော့ပြည်သူ့အချစ်တော်တွေဆိုတော့သူတို့အတွက်လည်း မပူရဘူး။လွှတ်တော်ကိုယ်စားလှယ်တွေက လည်းပြည်သူတွေတင်မြှောက်ထားတာဆိုတော့ မဖြစ်နိုင်ပြန်ဘူး။သူတို့ဘာအတွက်လုပ်တာလဲ။ကျွန်တော်အထင်သမတကြီးကတော့ဒီလိုတွေလုပ်တာသူကိုယ်တိုင်လည်းကြိုက်မှာမဟုတ်ဘူး။ကျွန်တော့အထင်အိမ့်စောင့်ခွေးတွေဗျ။ အရင်ကအရှင်သခင်ရဲ့အမိန့်ကိုအခုထိနားထဲစွဲနေကြတယ်။ပွင့်ပွင့်လင်းလင်း
ပြောရရင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကအိမ်ရှင်ဆို ခရိုင်အုပ်ချုပ်ရေးမှူးက အယ်(လ်)ဇေးရှင်း။မြို့နယ်အုပ်ချုပ်ရေးရေမှူးက တယ်ရီယာ။ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရဲကခွေးဝဲစား ခွေးဝဲစားဆိုတာအားလုံးအဆင့်ဆင့်စားပြီးမှ အရိုးအရင်းကိုက်ရတာလေ အဲဒီအရိုးအရင်းလေးကိုက်ပြီးဂုဏ်ယူနေရာတာဆိုတော့လက်လွှတ်ရမှာ
ကြောက်ကြတယ်ဗျသမတကြီးသိဖို့ကောင်နေပါပြီ။ရပ်ကွက်တွေမှာခွေးလေခွေးလွင့်တွေကိုဖမ်းရင်စည်ပင်ကအဆိပ်ခတ်တဲ့အသားတုံးနဲ့ပစ်ပြီးဖမ်းသလို သူတို့ကိုလည်း.....ဟိဟိ ကံကောင်းရင်အယ်(လ်)ဇေးရှင်းနဲ့တယ်ရီယာတောင်မိသဗျား..နောက်ပြီး
ကိုက်တဲ့ခွေးဆို အကိုက်ခံရရင်အိမ်ရှင်ပါပြသနာတတ်နိုင်တယ်နော်...ပြောပြီးပြီနော်အိမ်ရှင်ဘယ်သူလဲဆိုတာ.....

ကျော်ထိုက် said...

ကျွန်တော်ဟာ ကိုဆောင်းဦးလှိုင် ရဲ့ ပရိသတ် တစ်ဦးပါ...ဘယ်လိုပဲ ဖြစ်ဖြစ် အကို အောင်မြင်စွာနဲ့ ပွဲကိုကျင်းပ နိုင် လို့ ဂုဏ်ယူပါတယ်..အကို ရယ်...အမြင့် ရောက် လေ လေတိုက်ခံ ရတယ်လို့ပဲ မှတ်ထားလိုက်ပါ..ဒီလို ကောင်တွေ နောက်ဆို သူတောင်းစားတွေဖြစ်မယ့်ကောင်တွေ...ဂရုစိုက်မနေနဲ့..ထောင်ထားအုံးပေါ့...ဒင်းတို့ တော့ တနေ့ကျ တွေ့မှာပေါ့..မနာလို တဲ့ကောင်တွေ

maymyothar said...

့ဘယ်လိုတွေဖြစ်နေကြတာလဲဗျာ..၈၈ ကလူတွေကိုတော်တော်ကြောက်တယ်
ထင်တယ်နော်..၈၈ ကျောင်းသားတွေက ၈၈ တုံးကလည်း ကိုလိုခြင်တာတွေ
ကိုဖြစ်ခြင်တာတွေကို ငြိမ်းချမ်းစွာဘဲ တောင်းဆိုခဲ့ကြတာပါဗျာ
ဒါနဲ့များ ဗျာလွတ်လတ်စွာဆိုတဲ့ စကားကိုဘယ်လို ယုံရမှာလဲ
ပုံပြင် ဘဲနေမှာပါ...အရူးကွက်တွေတော့နင်းနေပြီထင်ပါတယ်

gwantaylay said...

ဂီတပွဲတွေကို ခုတလော လိုက်လိုက်ဖျက်နေတယ်ဗျာ ..ဒါလူငယ်တွေကို စိန်ခေါ်လိုက်တဲ့သဘောပဲ..ကျောင်းသားဆိုတဲ့ဝေါဟာရ ကိုသူတို့တော်တော်ကြောက်တယ်ထင်တယ်ဗျ..ဒီလိုဂီတပွဲတွေကိုတော့လိုက်ပြီး ကန့်သန့်မှုတွေမလုပ်သင့်ဘူး..။

Myo Aung said...

တူညီဝတ်စုံဝတ်ဖို့ထက် တူညီတဲ့စိတ်ထားရှိဖို့အရေးကြီးတယ်။ ကျွန်တော့အမြင်ကိုပြောရရင်တော့ စတိတ်ချိုးဖြစ်တဲ့အတွက် ဂီတကိုမြတ်နိုးတဲ့ သာမန်လူတယောက်အနေနဲ့ မည်သူမဆိုသွားရောက်အားပေးနိုင်ပါတယ်။ ၈၈-တို့၊ နာရေးကူညီမှု့တို့ တူညီဝတ်စုံနဲ့လာတည်ဆိုရင် ဂီတကိုအားပေးဖို့လာတည်ဆိုတာထက် ပိုပြီးအဓ္ပိာယ်သက်ရောက်နေတယ်။ ဘုန်းကြီးဘဲဆွမ်းခံကြွကြွ၊ စတိတ်ရှိုးဘဲဆိုဆို၊ ဘာဘဲလုပ်လုပ် နိုင်ငံရေးပါနေရင်တော့ ဒီမိုကရေစီဘက်တော်သားနဲ့ စစ်ယူနီဖေါင်းချွတ်တွေကြားမှာ ဘယ်တော့မှ နားလည်မှု့ရမှာမဟုတ်တော့ဘူး။ ကျွန်တော်က ပါတီပရောဂမပါဘဲ ရိုးရိုးအမြင်ကို ပြောပြတာပါ။ ကျွန်တော်လေ့လာမိသလောက် မြန်မာအစိုးရဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို နှိပ်ကွက်တဲ့ အစိုးရတွေရဲ့စာရင်းမှာ ထိပ်ဆုံးနီးပါးဖြစ်နေသလို မြန်မာအစိုးရကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကလည်း ကမ္ပာမှာ အများဆုံးဖြစ်နေပါတယ်။
၈၈-အစ်ကိုကြီး၊ အမကြီးတို့ရေ။ ထောင်ထဲ့မှာ ဆင်းရဲ့ဒုက္ခခံပြီး အများအကျိုးအတွက် ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်တာ အများကြီးလေးစားပါတယ်။ ကျွန်တော်သာဆိုရင် တွေးကြည့်တာနဲ့တောင် ခံနိုင်ရည်ရှိမယ်လို့ မထင်ဘူး။ ပင်ပန်းလှပါပြီ။ ခဏနားကြပါအုံး။ သင်္ကြန်ပြီးရင် ဗမာနှစ်ဆန်းတရက်၊ နောက်တစ်နှစ်ဖြစ်သွားပါပြီ။ အဲဒီအချိန်ကျရင် ဦးဆောင်ပြီး လုပ်ချင်တာလုပ်ကြ။ နောက်ကလိုက်ပေးမယ်။

Web Walker said...

ဘယ်သူတွေကဒီလိုလိုက်ပြီးတားဆီးတာတွေ၊ပိတ်ပင်တာတွေကိုလုပ်နေကြတာ
လဲ။အထက်ကဆိုပြီးရောချလို့မရဘူးလေ၊ကိုဆောင်းဦးလှိုင်ရေ။ကိုယ့်ကိုဘယ်
သူတားတာလဲဆိုတာ၊အမည်၊ရာထူးနဲ့တကွဖေါ်ထုတ်ဖို့တော့လိုတယ်နော်၊
နို့မို့ဆို၊အဲဒီစနစ်ဆိုးအောက်မှာမှ၊လုပ်စားတတ်တဲ့လူတွေက၊ဘာမှဥဏှောက်
မရှိ၊ခိုင်းတာတခုကလွဲပြီးဘာမှလုပ်မတတ်တဲ့သူတွေကိုလွှတ်ပြီး၊ဒီလိုပဲကန့်လန့်
ကာနောက်ကွယ်က၊အမြဲလိုက်တားနေမှာပဲ။

Unchange in Manner said...

လေးစားပါတယ်ကိုဆောင်းဦးလှိုင်။ ဆက်လုပ်ပါ။ ထာဝရအားပေးသွားမှာပါ။ အချိန်တန်ရင်အားလုံးမျှော်လင့်တဲ့ပန်းတိုင်ကိုရောက်လာမှာပါ။

Unchange in Manner said...

လေးစားပါတယ်ကိုဆောင်းဦးလှိုင်။ ဆက်လုပ်ပါ။ ထာဝရအားပေးသွားမှာပါ။ အချိန်တန်ရင်အားလုံးမျှော်လင့်တဲ့ပန်းတိုင်ကိုရောက်လာမှာပါ။

Powered by Blogger.