၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် အမှာစကားပြောကြားစဉ် |
ရွှေည၀ါဆရာတော် နှင့် ၈၈-မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဖေဖော်ဝါရီလ
(26)ရက် မနက် (9) နာရီအချိန်တွင် ထီးတော်တင်လှူကြပါသည်။
ထီးတင်ပွဲအပြီးတွင် ၈၈-မျိုးဆက်ကျောင်းသားများမှ ပျော်ဘွယ်မြို့နယ် ၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၏ ဖိတ်ကြားချက်အရ မနက် (10)နာရီ
အချိန်တွင် ပျော်ဘွယ်မြို့ ၊ ရွှေပြည်ဘုရားပွဲတွင် ဖွင့်လှစ်ထားသော
အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဈေးရောင်းပွဲတော်သို့ လာရောက်ခဲ့ပါသည်။
ကိုဂျင်မီ မှ ၈၈-မျိုးဆက်ကျောင်းသားများကို တစ်ဦးချင်းမိတ်ဆက်ပေးပြီး
၈၈-မျိုးဆက်ကျောင်းသားခေါင်းဆော
တစ်သားထဲ ညီညီညွတ်ညွတ်လုပ်ကြဖို့နဲ့ ၊ ဘယ်ခြိမ်းခြောက်မှုမျိုးကိုမှ
မကြောက်ကြဖို့ `ပြည်သူများကို (10)မိနစ်ခန့် ပြောကြားခဲ့ပါသည်။
ထိုနောက် ရွှေပြည်သာဘုရားသို့ သွားရောက်ကြပြီး ဖူးမြော်လှူဒါန်းခဲ့ပါသည်။
အဆိုပါ ၈၈-ကျောင်းသားအဖွဲ့နှင့် ပျော်ဘွယ် NLD အဖွဲ့အား သက်ဆိုင်ရာ
သတင်းတပ်ဖွဲဝင်များ ၊ စရဖအဖွဲ့များ ၊ ရှမ်းပွဲရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးမောင်ညွန့် နှင့် နယ်မြေခံ သတင်းပေးများက စောင့်ကြည့်ကာ
ဓါတ်ပုံမှတ်တမ်းများ ယူခဲ့ကြပါသည်။
Myanmar News Now
၈၈-မျိုးဆက်ကျောင်းသားများ ပျော်ဘွယ် NLD ဈေးရောင်းပွဲတော်သို့ လာရောက်ခြင်း
Reviewed by သစ်ထူးလွင်
on
02:28
Rating:
No comments:
Post a Comment