NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ

 တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင်
နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။

ယခုနှစ်ဆန်းပိုင်းမှ စ၍ ပါတီဝင်လျှောက်လွှာပေါင်း ၅ သိန်းကျော် ရောင်းချထားရသော်လည်း တကယ်တမ်း ပါတီဝင် လျှောက်လွှာ ၅ သောင်းခန့်သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ အဖွဲ့ချုပ်ရုံးများ
အနေဖြင့် ပါတီဝင် လျှောက်လွှာများ မြန်မြန် ပြန်ပို့ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

“အောင်နိုင်ရေးကိစ္စပဲ ဇောင်းပေးပြီးလုပ်နေတယ်။ ‘အောင်နိုင်ရေး’ မရှိတဲ့ မြို့နယ်တွေကလည်း လျှောက်လွာဖြန့်တဲ့ အလုပ်ကို အေးတိအေးစက် လုပ်နေတော့ ပြန်ရောက်လာမယ့် အချိန် နှောင့်နှေးနေတာပေါ့။ ဒါကြောင့် ဒီနေ့ အဖွဲ့ချုပ်က လျှောက်လွာတွေကို မြန်မြန်ပို့ကြပါလို့ ညွန်ကြားချက် ထပ်ပြီးထုတ်ထားပါတယ်”ဟု ဦးအုန်းကြိုင်က
ပြောသည်။
dskachintri
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ထောက်ခံအားပေးသည့် လူထုပရိတ်သတ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ပါတီဝင်လျှောက်လွှာ ၁ သန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ စတင်ဖြန့်ဝေ
ရောင်းချခဲ့ရာ ယခုအထိ လျှောက်လွာ ၅ သိန်းကျော် ရောင်းပြီးဖြစ်သော်လည်း ပါတီဌာနချုပ်မှ ပါတီဝင်အဖြစ် လက်ခံရရှိသော လျှောက်လွှာပေါင်း ၅ သောင်းကျော်သာ ရရှိသေးသဖြင့် ၁ဝ ပုံ ၁ ပုံသာ ရရှိထားခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
မြတ်ဉာဏစိုးကို NLD ပါတီက ပါတီဝင်အဖြစ် မကြာမီက လက်ခံခဲ့သည်။ သို့သော် ၎င်းကဲ့သို့ လူသိရှင်ကြား ပါတီ ဝင်ရန် လျှောက်ထားသည့် လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကိုမူ တရားဝင် အကြောင်းပြန်ခြင်း မရှိသေးပေ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဘဆွေသည်လည်း ဇန်နဝါရီလက မိမိ၏ ပါတီမှ
နုတ်ထွက်၍ NLD ပါတီဝင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က လျှောက်ထားခဲ့ရာ လက်ခံရေး၊ လက်မခံရေးကို စဉ်းစားနေဆဲ ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် လာမည့် မတ်လ ၈ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၈ ဦးနှင့်
အောင်နိုင်ရေး တာဝန်ခံများ ဗဟိုဌာနချုပ်တွင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းများ သုံးစွဲမည့် မဲဆွယ်စည်းရုံးရေး အသုံးစာရိတ်များ၊ ရွေးကောက်ပွဲ
အောင်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပါတီစည်းရုံးရေးနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည် ၏ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ အအောင်မြင်ဆုံး ဖြစ်သည်ဟု တနလာင်္နေ့က ကျင်းပသည့် ဗဟိုကော်မတီ ပုံမှန် စည်းဝေးတွင် သုံးသပ်ခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“အရမ်းအောင်မြင်ပါတယ်။ မျှော်လင့်ထားတာထက်ကို အောင်မြင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့
တွေ့ဆုံခွင့်ရလို့ စိတ်ကြည်နူးရတယ်။ အရမ်းအားရပါတယ်။ ထားဝယ်၊ မြောင်းမြ၊ ပုသိမ်ခရီးတွေလည်း ကောင်းပါ တယ်။ ဒါပေမယ့် ကချင်ခရီးစဉ်ကတော့ ထိပ်ဆုံးပဲလို့ ကျနော်တို့ သုံးသပ်ကြပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
 ချင်းမိုင်(မဇ္စျိမ)
NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ Reviewed by သစ်ထူးလွင် on 19:16 Rating: 5

6 comments:

paukpauk said...

Online Registration လုပ်လို့ရသားနဲ့ ဘာကြောင့်မလုပ်နိုင်သေးတာလဲ...??

Tai said...

Time is running out. Please NLD boost up your speed.

Type Display Name Here! said...

ကြိုးစားကြပါဗျို့.....ကျွန်တော်တို့လည်း...ပါတီမ၀င်ပေမယ့်...
အမေစုကိုယုံကြည်လို့.....ပါတီဝင်တိုးပွါးအောင် ကူညီပေးနေပါတယ်။

Moe Moe said...

ကျမလဲ ပါတီဝင်ချင်ပါတယ် နိုင်ငံခြားရောက်နေလို ဘယ်လိုဝင်ရမလဲ မဲလဲပေး ချင်ပါတယ် မြန်မာပြည်ကိုပြန်လာဘို့  အခက်ခဲလေးနဲနဲရှိလိုပါ အန်တီစုနှိင်မှ မြန်မာပြည်သူပြည်သားတွေ အေးချမ်းသာယာမှာ အားလုံးအတွေး မှားကြပါစေနဲ့  အမှန်ကိုကြည့်တတ်အောင် ကြည်ကြပါ အားလုံးစည်းစည်းလုံးလုံး နဲ့ ညီညီညွတ်ညွတ် အန်တီစုကို အားပေးကြပါ အန်တီစုဟာ သူအတွက်ဘာမှ မစဉ်းစားပဲကျမ တို့ မြန်မာပြည်သူလူထုအတွက် လင်ပြစ် သားပြစ်ပြစ်ပြီး လာပြီး ဒုက္ခမျိုးစုံနှစ်ပေါင်းများစွာခံပြီးမာမာမတ်မတ်ရပ်တည် ပြီးတိုက်ပွဲဝင်ပေးတဲ့သူပါ အန်တီစုကြောင်လည် ဒီလောက်အထိဖြစ်လာတာပါ အားလုံးကြိုးစားလိုက် ကြရအောင်နော်

Anonymous said...

ကျနော်က တော်နယ်ကဗျ ဘယ်လိုလုပ်ရမလဲ သိတဲ့အကို အမများ အကြံပေးပါဦး" ကျေးဇူးတင်ပါတယ်" အားလုံးကို
တတ်နိုင်တဲ့ နေရာမှ ပါဝင်ဆောင်ရွက်ချင်ပါတယ်

ရာရာ said...

ကိုသစ်ထူးလွင် ဘလော့ဂ်မှာ NLD ပါတီ အဖွဲ့ဝင် အားနည်းနေသေးတယ်လို့ ပို့စ်တစ်ခုမှာဖတ်လိုက်ရတယ်...နောက်နေ့ ကျွန်တော်နဲ့ကျွန်တော့် ညီတစ်ယောက် ရွှေဂုံတိုင်က ရုံးချုပ်ကိုသွားပြီးလျောက်လွှာလေးစောင်(ကျန်တဲ့ နှစ်ယောက်ကထပ်မှာလို့)၀ယ်တယ်..အမှတ်တရပစ္စည်းတစ်ချို့ဝယ်ယူအားပေးတယ်...ဓါတ်ပုံမရှိလို့ဓါတ်ပုံရိုက်တယ်...အဲ့ဒီအပတ်အတွင်း ကျွန်တော်တို့လျောက်လွှာတင်ဖြစ်တယ်...လျောက်လွှာတင်တော့ သက်ဆိုင်ရာနယ်မြေရုံးခွဲများကတစ်ဆင့် အကြောင်းကြားမယ်ဆိုပြီး ဖြတ်ပိုင်းတစ်ခုပေးခဲ့တယ်..တစ်လလောက်ကြာပါပြီ..ဘာအကြောင်းကြားမှုမှမရပါဘူး..။
ကျွန်တော်နယ်မှာရှိတုန်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကျွန်တော်တို့အိမ်ကိုဖွတ်ကြီးတွေရောက်လာခဲ့တယ်...အိမ်သားတွေနာမည်၊မွေးသက္ကရာဇ်၊ မှတ်ပုံတင် စတာတွေမေးပြီးဖေါင်အတင်းဖြည့်တယ်၊ဓါတ်ပုံတွေတောင်းတယ်... နောက်တစ်ပတ်လောက်ဆို သူတို့ ကြံ့ဖွတ်အဖွဲ့ဝင်ကဒ်တွေအိမ်တိုင်ရာရောက် ရောက်လာတယ်၊ သိပ်မြန်တယ်..။ အဲ့ဒီတုန်းက အော်တိုမစ်တစ် ကျွန်တော်တို့ဖွတ်တွေဖြစ်ခဲ့ကြတယ်။ အဲ့ဒီတုန်းကအခြေအနေနဲ့ အခု ကျွန်တော်တို့ ဟာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ပဲ အထောက်အပံ့လေးရရ ဆိုတဲ့စိတ်နဲ့ NLD ပါတီဝင်ခွင့်ရရှိဖို့ကျိုးစားခဲ့တဲ့အခြေအနေနဲ့ ခိုင်းနှိုင်းပြလိုက်တာပါ။..

Powered by Blogger.