NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ

ဒေါ်မြင့်မြင့်အေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ မိထ္ထီလာ မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းထိန်က ပြိုင်ဘက်တစ်သီး ပုဂ္ဂလိကိုယ်စားလှယ် လောင်းအား တရားစွဲလိုက်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် နှစ်ပေါင်းများစွာ ပါတီဝင်အဖြစ်ထမ်း ဆောင်ခဲ့သည့်ဒေါ်မြင့်မြင့်အေးသည် ယင်းပါတီပြန်လည်ဖွဲ့စည်း သောအခါတွင် ပါတီဝင်အဖြစ်ပါဝင်ခြင်းမရှိတော့ဘဲ၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲတွင်တစ်သီး ပုဂ္ဂလိကိုယ်စား လှယ်လောင်း  အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ရန်ပြင်ဆင်ပြီး၊ မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင်အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်နှင့် အမှတ်တံဆိပ် ကို အသုံးပြုခဲ့သဖြင့် ယင်းသို့တရား စွဲဆိုရန်စီစဉ်ခြင်းဖြစ် ကြောင်း ဦးဝင်းထိန်က ပြောသည်။

''အဓိကကတော့နာမည်နဲ့တံဆိပ် ကို အလွဲသုံးစားလုပ်လို့တရားဥပဒေ အရအရေးယူရတာပါ''ဟု မိထ္ထီလာ မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြုကာ ဝင်ရောက် ယှဉ်ပြိုင် မည့်ဦးဝင်းထိန်က ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာမည်နှင့်အမှတ်တံဆိပ်ကိုအလွဲသုံး စားပြုမူသည်ဟုဆိုရာတရားစွဲဆိုရာတွင် ဒေါ်မြင့်မြင့်အေးနှင့် အတူ ၄င်း၏ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းအောင်ပါ ပါဝင်သည့်အတွက် ယင်းကို ပါတရား စွဲဆိုထားကြောင်း ဦးဝင်းထိန်က ဆက်လက် ပြောကြား သည်။

အဆိုပါကိစ္စရပ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်၏ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံကမြို့နယ်ရွေးချယ်တင်မြှောက် ရေးကော်မရှင်ထံမှ တဆင့်အဆင့်ဆင့် သော ရွေးချယ်တင်မြှောက်ရေး ကော်မရှင်များထံ အကြောင်းကြားခဲ့ရာ ပြည်ထောင်စုရွေးချယ်တင်မြှောက်ရေး  ကော်မရှင်ကတရားစွဲ ဆိုနိုင်သည် ဟု ပြန်လည် အကြောင်းကြား စာပို့ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မိထ္ထီလာ မြို့နယ် ရွေးကောက် ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းလွင် ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

''အခုတော့ ဒီကိစ္စကိုမိထ္ထီလာ မြို့နယ် တရားရုံးကလွှတ်တော်ရွေးကောက်ပွဲ ဆိုင်ရာဥပဒေပုဒ်မနဲ့ အရေးယူထား တယ်'' ဟု ဒေါက်တာသိန်းလွင်က  ပြော သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိထ္ထီလာမြို့နယ် တရားရုံးက၂၀၁၂ခု ၊ ပြစ်မှုကြီးအမှတ် ၁၁၃၅(လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ)ဖြင့်မှတ်ပုံတင် လက်ခံလျှက်ရှိကြောင်း သိရပြီး၊ ပုဒ်မ၂၀၂အရ ယင်းကိစ္စရပ်ကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေး ရန်လွှဲအပ်ထားကြောင်း သိရ သည်။  
ရန်ကုန်တိုင်းမ်
NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ Reviewed by သစ်ထူးလွင် on 21:46 Rating: 5

17 comments:

မျိုးချစ်ဗမာ said...

ဒေါ်မြင့်မြင့်အေး ခင်ဗျာ စိတ်လျော့စမ်းပါ အမေစုကို အရွဲ့တိုက်သလိုဖြစ်နေပြီ
2015 မှာ ခင်ဗျားက အလွန်အားကိုးရမဲ့သူ ဖြစ်လာမှာပါ ဒီအချိန်မှာ အလွန်အရေးကြီးနေတဲ့အတွက် စိတ်လျော့ပါလို့ပဲပြောပါရစေ။

philosophermgmyathar said...

အင်း .ခင်ဗျားတို့ကတော့ အမတ်ရောဂါကလည်း နေမြင့်လေ.အရူးရင့်လေ.
ဆိုသလိုပါလား ..ခေါင်းဆောင်ပြောလဲမရတော့ဘူး.အင်ဒီအက်ဖ် လိုလူတွေ
က ဒီချုပ် မှာ ကျန်သေးသကိုး ...မျက်ဖြူဆိုက်လေ ဆ၇ာကြိုက်လေပေါ့
ဒီချုပ်က အထက်ကကောင်းမယ်ထင်လို့လုပ်တာကိုအောက်က ငါတကောကော
ကော ပြီးအမတ်ရူးရောဂါကြောင့် ပြိုင်ဖက်.ရန်သူ ကြံ့ဖွတ်ကတော့ကြိတ်ပြီးဝမ်းသာနေလောက်ပြီ ဒေါ်မြင့်မြင့်အေးရေ .ခင်ဗျား
လုံးဝ မနိုင်ပါဘူး..ပြောရဲပါတယ်.ဒါပေမဲ့ခင်ဗျားမသိလိုက်တာတခုကတော့
မဲတွေဟာ ပြန့်သွားမှာတော့သေချာတယ် ဒေါ်မြင့်မြင့်အေး..ရွံစရာကောင်း
တယ်ဗျာ..

Tri Asian Taste said...

ဒေါ်မြင့်မြင့်အေး ခင်ဗျားနဲ့ တော်တော်ဂွကျတာဘဲ ခင်ဗျားအနစ်နာခံတာ သိပါတယ်။ ဒါပေမဲ့ တချိန်ကျရင်အကျိုးပေးမှာပါ။ အဲဒီလို မသာမာ တဲ့နည်းနဲ့ တော့ ဟိုဟာတွေလို မယုတ်မာပါနဲ့ ခင်ဗျားလည်း ဟိုဟာတွေနဲ့ တတန်းတည်းဖြစ်သွားပြီးပေါ့

ko htat said...

လူတွေက နေ၇ာတို့ ၇ာထူးတို့နဲ့ပတ်သတ်လာ၇င်
ဘာမှမမြင်တော့ဘူး လုပ်သင့်တယ်မလုပ်အပ်ဘူးဆိုတာ
လဲမသိတော့ဘူး ကိုနေ၇ာ၇၇ှိဘို့ကအေ၇းကြီးနေတယ်
တိုင်းပြည်အတွက်လုပ်ဆောင်တဲ့နေ၇ာမှာ ကိုယ့်အ၇ည်
၇ှိမယ်ဆို၇င် ပြည်သူကလက်ခံသွါးမှာပါ ခုလိုမျိုးပါတီက
ခွဲထွက်ပြီးမှ ပါတီနာမည်နဲ့အမှတ်တဆိပ်ကိုယူသုံးတာဆို
တော့ သူဟာတကယ်ကိုအ၇ည်အချင်းမ၇ှိတဲ့သူဆိုတာ
ပေါ်လွင်သွားတာပေါ့ ဒါမျိုးတွေကခုထဲက၇ှင်းလင်းထား
၇မယ် လူတွေကဒီလိုပဲ နေ၇ာနဲ့၇ာထူးလေးကိုမြင်သွား
၇င်ဘာမှမဝေခွဲနိုင်တော့ဘူး ငါမှားနေလားမှန်၇ဲ့လားလဲ
မတွေးတော့ဘူး ကိုလုပ်ခဲ့သမျှတွေအလကားဖြစ်တာပေါ့

shweminthar said...

မိမိစိတ်ထဲမှာ အားလုံးအတွက်ကောင်းအောင်။အရာရာ ပြောင်းလဲအောင် တတ်စွမ်းသရွေ့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားရင် "နေရာ" ဆိုတာ အလကားပါ။ ကိုယ်ကသာ စေတနာနဲ့ စိတ်ဓါတ်ပြင်းပြင်းလုပ်ဆောင်ရင် အရာရာဟာ ဖန်တီးစရာမလိုပါ။သူ့အလိုလို ရရှိလာမှာပါ။
ကိုယ်က နှစ်နဲ့ချီပြီး လုပ်ခဲ့သမျှ ဒီအချိန်မှာ သဲထဲရေသွန်သလ်ုဖြစ်သွားပြီ။
လူသာအသေခံလိုက်ပါ။နံမည်နဲ့ သိက္ခာတော့အသေမခံပါနဲ့။အားလုံးညီညွတ်ရမဲ့
အချိန်မိုလို့ စည်းလုံးမှုကသိပ်ကိုအရေးကြီးနေပါတယ်။ ခုနေခါမှာ တော့ နောက်တလှမ်းဆုတ်ပြီး အာမွေးထားစေချင်ပါတယ်။။

kotawmyo2982@ezweb.ne.jp said...

ဒီလိုလူတွေဟာ ဒီယောက်နဲ့မကုန်သေးပါဘူး. ပေါ်လာကြအုန်းမှာပါ. ဒါလိုချင်လို့ဒါတွေလုပ်ခဲ့တာဆိုတာဒေါ်မြင့်မြင်အေးကပြည်သူကိုပြလိုက်တာပါဘဲ. အော်လောကလောက. ဟန်ဆောင်ပြီးလုပ်ခဲ့တာတွေပေါ်ကုန်ပြီဗျ. ပြီသွားပြီတစ်ယောက်တော့ မိမိကိုယ်ကိုယ်အထင်ကြီးပြီး ဖားတုပြီးခရုမ. ဒေါ်မြင်မြင်အေးရဲ့အိုင်ပျက်တော့မယ်ဗျိ့. အရပ်ကတို့ရေ.

Weik Zar said...

အင်းလူတိုင်းသာ အမတ်ရူး
ရူးနေယင်တော့ လွှတ်တော်
နောက် ၅ လုံးလောက်ထပ်
ဆောက်ပေးရမယ်ထင်တယ်။
ဒီအပျိုကြီး ပြောလို့ ဆိုလို့လဲမရပါလား။

မီဒီယာ said...

ကြားရဒါတွေကတော့ စိတ်မကောင်းပါဘူး..အန်တိမြင့်ရယ်..စိတ်လိုက်မန်ပါတွေမလုပ်ပါနဲ့ ခုတော့သူများတွေ တံတွေးခွက်မှာပက်လက်မြောရပြီလေ..တိုင်းပြည်ကို အမေစုလို ညိမ်းချမ်းချင်ဒါလား နေရာလိုချင်ဒါလား..ခုတော့ အ၇င်က အနျစ်နာခံခဲ့ဒါတွေ ကိုယ်ကျိုးစွန့်ကျိုးစားခဲ့ဒါတွေခုဘယ်ကို ရောက်သွားပြိလည်း..ခုတော့ ငွေကုန်လူပန်း စိတ်လည်းနွမ်းရပြီလေ..အော်လူတွေ လူတွေ....တယ်လည်းခက်ပါလား...။

Myo Aung said...

ကျွန်တော်က ဘယ်ပါတီမှမ၀င်ဖူးတော့ ပါတီအကြောင်း၊ ပါတီဝင်တွေအကြောင်းကို မသိပါဘူး။ အခုလိုသတင်းတွေကြားလာရတော့ လူတွေပြောပြောနေတဲ့ ဒေါ်စုကိုသာ အယုံအကြည်ရှိတာ NLD ပါတီဝင်တိုင်းကို အယုံအကြည်မရှိဘူးဆိုကြတဲ့သူတွေ ဘာကြောင့်လည်းဆိုတာ အခုမှ သဘောပေါက်တော့တယ်။
၁၉၉၀ ခုနှစ်တုန်းက NLD ပါတီအားကောင်းမှန်းသိလို့ ခံယူချက်မရှိဘဲ ပါတီထဲ့ဝင်ခဲ့ကြတာ အများကြီးဘဲ။ အခုလည်း အဲသလိုလူမျိုးတွေ ပါတီထဲ့မှာ တော်တော်ကျန်သေးတယ်နဲ့တူတယ်။
ဒေါ်မြင့်မြင့်အေးရေ၊ နောက်မဆုတ်ဘူးလို့ ခံယူထားရင်တော့ ကိုယ့်နာမည်ကိုယ်သုံးပါ။ သူများနာမည်ကိုသုံးရင်တော့ ရှက်ဖို့ကောင်းတယ်။

khristimatic said...

ဒါလိုချင်လို့ဒါတွေလုပ်ခဲ့တာပေါ.အမတ်ရူးရောဂါသည်ကု၇ာနတ်ထိဆေးမ၇ှိ

Min Min said...

ဒေါ်မြင့်မြင့်အေးယခင်လွှတ်တော်ကိုယ်စာလှယ် ဒေါက်တာသိန်းလွင် တောင် ပြန်ဝင်မပြိုင် တာကို ကြည့်ပါ။ မိမိကြောင့် မဲဂေါင်း မကွဲပါစေနဲ့ ။

kothantun said...

ခက်တာက nld ဘက်က ဝိုင်းပြီး အာနေကြတာ nld က ခွပ်ဒေါင်း
မဟုတ်ဘဲ ခွပ်ကျီးတွေဖြစ်ကုန်ပြီ ဒေါ်မြင့်မြင့် အေး ကသူ့အမှတ်အသားနဲ့သူ ကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတာက ကြယ်ဖြူ တံဆိပ်နဲ့ ဝင်ပြိုင် မှာပါ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေအရ မိတ္ထီလာ အခြေအနေကို
လေ့လာကြည့်လိုက်တော့ ဦးထိန်ဝင်းက ဒေါ်မြင့်မြင့်အေးကို ရှုံးမဲ့
အခြေအနေပါ ဒေသခံတွေကို ဒေါ်မြင့်မြင့် အေးဘက် ရပ်တည်ကြတော့ nld ခွပ်းကျီးတွေက တဖက်လှည့်နဲ့ ဒေါ်မြင့်မြင့်
အေးအောင်နိုင်ရေး လုပ်ငန်းစဉ် အတွင်းမှာ ဝင်ပူးပေါင်းပြီး
အောက်လမ်းနည်းသုံးသွားတာခဲ့တာကို မသိတဲ့သူတွေကတော့
ပြသနာမရှိပေမဲ့ သိသိကြီးနဲ့ အာနေကြတာကတော့ နိုင်ငံရေး
အောက်တန်းကျတဲ့လုပ်ရပ်ပါ၊ကြံ့ဖွတ်တွေ ဝမ်းသာမှာကတော့
ဧကံမလွဲ ပါ အဲဒီလို မဖြစ်ရအောင် ထိမ်းသိမ်းဖို့ တာဝန်အရှိဆုံး
က ဒီချုပ်ပါ ဒီချုပ်မထိမ်းသိမ်းနိုင်လို့ ဒီလို အဖြစ်တွေဖြစ်နေရတာပါ၊ဒေါ်မြင့်မြင့်အေးကို အပြစ်တင်ရမှာမဟုတ်ပါ ၂၀၁၀ မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့ အခုဆိုရင် လွှတ်တော်က ခြင်္သေ့ကြီးဆိုးတဲ့
လွှတ်တော် ဖြစ်သွားပြီအခုမှ မိတ္ထီလာက ကြံ့ဖွတ်တွေဝမ်းသာမှာဆိုးရိမ်တာက လုံးဝသဘာဝမကျပါ၊
၂၀၁၀ nld ကို ကျောခိုင်းခဲ့တဲ့ သင်္ဃန်းကျွန်းက ဦးသိန်းညွန့်
က လွှတ်တော် အတွင်းမှာ ကော် လွှတ်တော် အပြင်မှာ ကော
ဘာတွေလုပ်နေသလဲ မျက်လုံးဖွင့်ပြီးကြည့်ရင်မြင်ရမှာပါ တိုင်းပြည်နဲ့ပြည်သူလူထုကောင်းစားဖို့ လုပ်တဲ့နေရာမှာ ဒေါ်စု
လုပ်မှ nld လုပ်မှ ကောင်းမယ်ဆိုတဲ့ အယူအဆက သိမ်းဖျင်း
လွန်တဲ့ ပုဂ္ဂိုလ်စွဲ အယူအဆပါ၊ဦးဝင်းတင်ပြောတယ် ၂၀၁၀ မှာ
သပိတ်မှောက်ရတာဟာ ဒေါ်စုပါဝင်ခွင့်မရလို့ပါတဲ့ ကဲ တိုင်းပြည်အရေးနဲ့ ဒေါ်စုအရေး ကို nld ကဘာကိုဦးစားပေးသလဲဆိုတာ ရှင်းနေပါတယ် အခုလဲ ဒေါ်မြင့်မြင်းအေးရဲ့ဆုံးဖြတ်ချက် နဲ့ ရပ်တည်ချက်ဟာ
ဒေသခံပြည်သူတွေအတွက်ရှေ့ရှုပြီး ရပ်တည်တာဂုံယူရမဲ့ကိစ္စပါ ပြာယာခတ်နေတဲ့ nld ရဲ့နိုင်ငံရေးလမ်းကြောင်းမှာ ခွပ်ကျီးတွေကြီးဆိုးနေအုံးမယ်ဆိုရင် nld ဟာ နိုင်ငံရေး အမှိုက်ပုံထဲ ရောက်သွားမှာပါ ဘာပြုလို့လဲဆိုရင် ဒေါ်စု မရှိရင်
nldထဲက ခွပ်ကျီးတွေဟာ အတွေးအခေါ်ဆင်းရဲလို့ပါ အခုဆိုရင်
ရန်သူ မိတ်ဆွေမခွဲနိုင်တော့ပါဘူး ၄၈ နေရာလုံး နိုင်ဖို့ အိမ်မက်
ပျက်ပြယ်မှာ စိုးရိမ်စိတ်တွေလွန်ကဲပြီး မြင်မြင်သမျှကို ရန်သူလို
သဘောထားနေတဲ့ အချိန်မှာ ခြင်္သေ့ကြီး ကတော့ nld လုပ်သမျှဟာ ငါတို့ အတွက် အားဆေးတွေကြီးပါဘဲတဲ့ ၂၀၁၀
မှာလဲ nld က ရွေးကောက်ပွဲကို သပိတ်မှောက်ပေးပြီး အားဆေးကြွေးပြီးသွားပြီတဲ့ အခုလဲ ငါတို့ ကိုအားဆေးကြွေးဖို့
ဦးဝင်းထိန်တို့အုပ်စုက ဆေးဖေါ်နေတယ်တဲ့

ရာရာ said...

ကိုသန်းထွန်းရဲ့ ကော်မန့် ဟာ အပြုသဘောဆောင်တဲ့ ကော်မန့်တစ်ခုလို့ မြင်ပါတယ်။ ရဲရင့်ပွင့်လင်းတဲ့ ဝေဘန်မှုတစ်ခုမို့လို အသိအမှတ်ပြုပါတယ်။

Weik Zar said...

ကိုသန်းထွန်း ၊ခင်ဗျားရဲ့ ကွန့်မန့်တိုင်းမှာ NLD ကို
တိုက်ခိုက်နေတာ နေရာတိုင်းမှာ တွေ့နေရတယ်။
ခင် ဗျား ဘလော့ကြီးက ကိုသိန်းညွန့်ရဲ့
ပါတီနာမည်ကြီးနဲ့နော်၊ဒီလုက လူရိုး၊လူကောင်းပါ၊
ခင်ဗျားကြောင့် ပြည်သူ့ချဉ်ဖတ် ဖြစ်မသွားပါစေနှင့်။

lastEvil said...

‎2 bad infra -structure in NLD, kothantun commemt is 100% right.

kothantun said...

သူငယ်ချင်းweik zar ရဲ့ဝေဖန်မှုကို ကြေကြနပ်နပ်နဲ့ ဘဲလက်ခံမှာပါ အယူအဆတစ်ခုမှာ ကိုယ့်အပေါ်တုန့်ပြန်မှုတိုင်းမှာ
ကြိုးကြောင်းစီလျှော်မှုကို မူတည်ပြီး သုံးသပ်ကာ ဆင်ခြင်သင့်တာ
တွေကို ဆင်ခြင်ရမှာပါ မိတ်ဆွေပြောသလို တော့အဖြစ်မခံနိုင်ပါ

kothantun said...

မိတ်ဆွေ weik zar ရဲ့ ဝေဖန်မှုကိုခံယူပြီးပါပြီ သင်္ဃန်းကျွန်းနဲ့
မင်္ဂလာဒုံတွေမှာ နာယကကြီးဦးတင်ဦး ပြောကြားသွားခဲ့တဲ့
မိန့်ခွန်းတွေနဲ့ပါတ်သက်ပြီး Cmment ဝင်းရးတာကို မတွေ့ရတာ
ကတော့ ဝမ်းနည်းစရာပါ။

Powered by Blogger.