နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ် ဘုရားတောင် ကျေးရွာက NLD ပါတီ ဆိုင်းဘုတ်ကို အခုလ ၁၀ရက်နေ့ ညဘက် မှာ ဖျက်ဆီးခံခဲ့ရပုံ
နေပြည်တော်က ဇမ္ဗူသီရိနဲ့ ပုဗ္ဗာသီရိ မြို့နယ်တွေအတွက် ဆိပ်နမ်ဒုန်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီ ရုံးခန်းရှေ့ မြေစိုက်ဆိုင်းဘုတ်ကို အမည်မသိသူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့ အာရုံတက်အချိန်မှာ လာရောက် ဖျက်ဆီးသွားကြောင်း သိရပါတယ်။
နေပြည်တော်မှာ အခုလို NLD ဆိုင်းဘုတ် အဖျက်ဆီးခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ်ကနေ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။

NLD ဆိုင်းဘုတ် ဖျက်ဆီးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိရသေးပေမယ့် လောလောဆယ် ပုဗ္ဗ္ဗာသီရိ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားကြောင်း ဒေါ်စန္ဒာမင်းက ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဇမ္ဗူသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
RFA
နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ Reviewed by သစ်ထူးလွင် on 01:21 Rating: 5

8 comments:

ရာရာ said...

ဗေဒင်မေးမနေ နဲ့။ တရားသဖြင့် ယှဉ်ပြိုင်ပါမယ် ဆိုတဲ့ ဖွတ်ကြီးတို့ရဲ့ သေးနှုပ်သိမ်ဖြင်းသော၊အောက်တန်းကျသော၊ ယုတ်မာပက်စက်သော၊ လူစိတ်ကင်းသော၊ ရွံရှာစက်ဆုတ်ဖွတ်အတိဖြစ်သော လုပ်ရပ် ဆိုတာသေခြာတယ်။

Violin Angle said...

ပြောတော့တရားသဖြင့်အနိုင်ယူမယ်တဲ့ သူတို့ပြောတဲ့တရားသဖြင့်ဆိုတာ ဒါကိုပြောနေတာလားမသိဘူး

ဗိုလ်ဖြူ said...

နေပြည်တော်ဆိုတာအစိုးရရုးံဆိုက်ရာမြို့တမြို့ပါအဲဒီမြို့မှာတောင်NLDဆိုင်းဘုတ်ကိုဒုတိယအကြိမ်ဖျက်စီးခံရတယ်ဆိုတော့...ဒီကြားဖြတ်ရွေးကောက်ပွဲဟာတရားမျှတမှု့ရှီနှိင်ပါအုးံမှာလား??? ရွှေညဝါဆရာတော်ကိုသွားဖူးတဲ့NLDပါတီဝင်တွေကိုမြန်မာနှိင်ငံတော်ရဲကသွားပြီးစရင်းကောက်တယ်ဆိုတော့...အခုလိုအဖြစ်အပျက်တွေကိုအုပ်ချုပ်တဲ့ဒေသအာဏာပိုင်တွေကမသိချင်ရောင်ဆောင်နေကြတာလား??????

min yar zar said...

တော်တော်ညစ်စုတ်တဲ့ ကောင်တွေပဲ။ ဒါလား တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ။ ဒါကြောင့် နိုင်ငံတကာ က စောင့်ကြည့်သူတွေကို လုံးဝ လုံးဝ ဖိတ်ခေါ်ပေးပါ လို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို တကယ်ပဲ လုပ်ချင်တယ်ဆိုရင်ပေါ့။ မခေါ်ပေးရင်တော့ အဖြေကရှင်းပါတယ်

Bravo said...

ပြယုဂ်က
(၁)နေပြည်တော်လိုနေရာမှာတောင်မင်းမဲ့စရိုက်ကို တားဆီးကာကွယ်နိုင်ခြင်းမရှိသေး(လုံခြုံမှုမရှိသေး)။
(၂)NLD ကိုနေရာတိုင်းမှာ ပြည်သူတွေသောင်းသောင်းဖျဖျ ကြိုဆိုနေတာဆိုတော့ ဖျက်ဆီးတဲ့သူက အင်း.....စဉ်းစားစရာကောင်းနေပြီ။
(၃)ဖျက်ဆီးတဲ့သူတွေရဲ့ သေးသိမ်တဲ့စိတ်ဓါတ်က ရှေ့ဆက်ရမဲ့ခရီးအတွက်ရင်လေးစရာပဲ။

ကိုငလင်း said...

ဒါလားကွ နေပြည်တော် သင်းတို့လုပ်ရပ်က နေပြည်တော် ဆိုတဲ့စကားလုံးနဲ့လားလားမျှမထိုက်တန်၊ လူနေဘုံဖျား စိတ်နေချုံကြား။ ။

အမြင်သစ် said...

အောက်တန်းကျလိုက်တာဗျာ ...အောက်တန်းကျလိုက်တာ...
အောက်ကပုဂ္ဂိုလ်တွေက လုပ်တယ်ဆိုရင်လဲ . အထက်ကပုဂ္ဂိုလ်
ကြီးတွေက အရေးယူပေးပါလားဗျာ.. အင်မတန်ရှက်စရာကောင်းပါတယ်...ဒီလိုသေးသိမ် စုတ်ပြတ်သပ်နေတဲ့စိတ်ဓါတ်တွေကို ပြင်ကြပါတော့ဗျာ.တောင်း ပန်ပါတယ်.. ကမ္ဘာ့ အလယ်ရော .. အာရှအလယ်မှာရော ဗမာတွေကိုဆိုရင် အနှိမ်ခံရတာ ဒီလို အောက်တန်းကျတဲ့ လူတွေ
ကြောင့်ဘဲဗျ..... တော်ကြပါတော့ဗျာ ..တော်ကြပါတော့...

ဝေဖန်ရေး said...

ရဲ တော့မတိုင်ပါနဲ့။ ရဲက သူခိုးထဲက ပြန်လုတဲ့ သူဝှက်။တပ်ထဲက ကောင်တွေလဲ ကြောက်နေတာ ။ရွေးကောက်ပွဲ မှာလိမ်မရမှာစိုးလို့။မင်းတို့ လက်နက်ကြီးတွေ ကိုင်ပြီးဒီလောက် သွေးမကြောင်ပါနဲ့။ အန်တီစု ကမိန်းမသားပါ။

Powered by Blogger.