ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ
ပျော်ဘွယ်NLDအဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်းမှ အရာရှိများက မှတ်တမ်းယူနေပုံပါ |
ရွှေည၀ါဆရာတော် |
ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော်
နှင့် အတူ ဒါယကာ ၊ ဒါယိကာမများ(200)ခန့် ဖေဖော်ဝါ၇ီလ (25) ၇က်နေ့ မနက်
(6) နာ၇ီခန့် က ရောက်ရှိလာကြောင်းသိရပါတယ်။
ရွှေည၀ါဆရာတော်ကို ပျော်ဘွယ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှအဖွဲ့ဝင်(၅၀) ကားနှစ်စီးနှင့် မနက်(11)နာရီခန့်ကသွားရောက်ဖူးမြော် ဂါရ၀ပြုခဲ့တယ်။
NLD အဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွာတန်းရဲစခန်းမှ အရာရှိများက
လာရောက်စောင့်ဆိုင်း မှတ်တမ်းယူခဲ့ကြပါတယ်။
အဆိုပါ အရာရှိနှင့်စကားပြောနေပုံကို ဓါတ်ပုံရိုက်တော့ အရာရှိက ``ဓါတ်ပုံမရိုက်ပါနှင့် ``
လို့ ပြန်လည်ပြောကြားကြောင်း ပျော်ဘွယ် NLD က Myanmar News Now
ကိုပြောပါတယ်။
ထီးတင်ပွဲမှာ ပြန်တော်ပြန် သီးလေးသီးအဖွဲ့ဝင်များက ကပြဖျော်ဖြေမှာဖြစ်ပါတယ်။
မနက်ဖြန် ထီးတော်တင်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ လည်းလာရောက်မည်ဖြစ်
ကြောင်း ရွှေည၀ါဆရာတော်မှ ပြောကြားပါချက်ကို လည်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။
ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ
Reviewed by သစ်ထူးလွင်
on
14:15
Rating:
10 comments:
ရဲ ကစားရင်းကောက်ပြီး ဘာလုပ်မှာလဲ အကျင့်တွေ မကုန်း သေးဘူး ။ စခန်းမှာ မပေါ်သေးတဲ့ အမှုတွေ မရှိတော့ ဘူးလား၊ ဓာတ်ပုံအရိုက်မခံဘူးဆိုတော့ ကြောက်လို့ပေါ့ ကြောက်တယ် ဆိုတာ သတ္တိမရှိတာ သတ္တိမရှိတာဟာ အဂတိလိုက်စား တာပဲလို့ လွှတ်တော် ဥက္ကဌ ကြီးက ပြောထားတယ်နော်
လွှတ်တော် ဥက္ကဌ ကြီးလျာထွက်တော.မယ် အောက်ကနွားတွေကတော.တွင်းတူးပြီး အောက်တန်းကျတုံး. နယ်တွေမှာဒီလိုဘဲ
လွှတ်တော် ဥက္ကဌသို့
လွှတ်တော် ဥက္ကဌကြီးခင်ဗျား ကျွန်တော်က ပြည်သူတစ်ဦးပါ။
ဥက္ကဌကြီးတို့က လွှတ်တော်ထဲကနေ လူတွေသိအောင်ပဲ မပိတ်ပင်ရဘူးဒါဒီမိုကရေစီကိုသွားနေတာလို့ ပြောပြီးတော့ ကွယ်ရာမှာ ဥက္ကဌကြီးတို့ရဲ့ ၀န်ထမ်းတွေကို ငါတို့ အထက်က ဘာပြောပြော မင်းတို့ အောက်ကနေ အရင်လိုပဲ ဆက်လုပ်လို့များ မှာထားသလားမသိ ဘူးနော်။။ အထက်က ဘယ်လောက်ဘယ်လို အမိန့်တွေ ထုတ်နေ ထုတ်နေ သူတို့အောက်က ၀န်ထမ်းတွေက တားဆီးပိတ်ပင်ရေးတွေ ဘာကြောင့်လုပ်ရဲနေရတာလဲ ။ (ဒီလိုတွေလုပ်နေရင် နိုင်ငံတကာကလဲ မသိမှာမဟုတ်ပါဘူး။ )
သူတို့လုပ်ရဲနေတယ် ဆိုကတည်းက အမိန့်ထုတ်ကတည်းက ပြင်းထန်သော အမိန့်မဟုတ်လို့ တသွေမတိမ်း မလိုက်နာတာပေါ့။ အမိန့်ထုတ်တဲ့သူကိုပဲ လေးစားစရာ လူမဟုတ်ဘူးလို့ သဘောများ ထားနေသလားမသိဘူး။ .. (ကိုယ်ထင်တာပြောကြည့်တာပါ အပေါ်က တမျိုး အောက်ကတမျိုး လုပ်နေကြလို့ သေသေချာချာ စဥ်းစားရင် ဘယ်လိုမှ သည်းမခံချင်စရာ ကောင်းနေလို့)..
မင်းတို့ပြောတော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပါပြီဆို?အခုတော့လူ့အခွင့်အရေးဆိုတာကြီးကဘယ်မှာ
လဲ????
ကျေးလက်နေပြည်သူတွေကို ခြောက်စား၊ဟောက်စား အောက်တန်းစား စိတ်ဓါတ်တွေ ခုထိမပျောက်သေးဘူးလား။ ခိုင်းတဲ့ကောင်ကလည်းခိုင်း၊လုပ်တဲ့ကောက်ကလည်းလုပ် ယုတ်လိုက်တဲ့စိတ်ဓါတ် တွေပါလား။
ရဲအရှိကြီးများခင်ဗျာ
မြန်မာနိုင်ငံမှာ လွတ်လပ်စွား သွားလာခွင့်တောင်မရှိတော့တာလာ
စာရင်ကောက်နေတာဆိုတော့ အိမ်ထောင်စုစာရင်းလား
လူဝင်မှုကြိးကြပ်ရေး လုပ်တဲ့သဘောလား
ဘုရား၊ကျောင်းသွားလုပ်တာတောင် လူဝင်မှုစာရင်တင်ပြနေတာဘာကြောင်းများလဲ
ဒါဟာ အမျိုးဘာသာ သာသနာကိုစော်ကားလိုက်တာနဲ့အတူတူပဲ
မင်းတို့ ဗုဒဘာသာဝင်တွေမဟုတ်ကြဘူးလား
ဘုရားသွားကျောင်းသွားလုပ်တာကိုလိုက်လံပိတ်ပင်နေတာလား
ဝေစိငရဲကို တန်ပြီးကြမှာမကြောက်ကြဘူးလား
ဘာလုပ်မှာလဲမောင်၇ဲ၇ယ်
မင်းတို့ပြောတော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီဆို???အခုတော့လူ့အခွင့်အရေးဆိုဒါဘယ်မှာလဲ?လုပ်ချင်သလိုလုပ်နေတော့ဒါဘဲ.......
ရဲ...သောက်ကျင့်ကတော့ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး....ဦးရွှေမန်းအဂတိတရားကင်းဖို့ အသားကုန်ပြောနေတာဘာမှမထူးဘူး....ဦးရွှေမန်းအသက်သာထွက်သွားမယ်......ဒီကောင်တွေသောက်ကျင့်ဘယ်တော့မှ မပျောက်ဘူး....အောက်ခြေကသူတွေကို မနိုင်တော့ဘူးလားဦးရွှေမန်းရေ...တော်ကြာ ဒီကောင်တွေလုပ်တာနဲ့....နိုင်ငံတကာက ၀ိုင်းစော်တာခံနေရဦးမယ် ....
ရဲတွေစာရင်းကောက်တာ.သာမက်းလောင်းရွေးမလို့ဗျို့..
သူ့သမီးတွေနဲ့ပေးစားမလို့တဲ့..
စောစောသာစာရင်းသွားပေးထာလိုက်.
Post a Comment