ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ရှုံးနိမ့်ပါက ပြဿနာ ဖြစ်ပေါ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေး မှတ်တမ်း၌ ရေးသားထားသည်။
“NLD ပါတီရှုံးလျှင် ပြဿနာရှာမည်၊ အနောက်နိုင်ငံများက ဝေဖန်မည်၊ သူတို့နိုင်လျှင် တရားတယ် ပြောမည်၊ သို့ဖြစ်၍ မိမိတို့ဘက်က အမှားမရှိစေရေး၊ တရားဥပဒေ ဘောင်အတွင်းက အလေးထား လုပ်ဆောင်ရမည်” ဟု ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထူး အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
အင်တာနက် စာမျက်နှာများတွင်ပျံ့နှံ့နေသည့် ကြံ့ခိုင်ရေးပါတီ၏ စာမျက်နှာ ၁၃ မျက်နှာရှိ ယခုလဆန်းက ပြုလုပ်သည်ဆိုသော ရွေးကောက်ပွဲ အောင်နိုင်ရေးအစည်းအဝေး မှတ်တမ်း၌ အထက်ပါအတိုင်း ရေးသားထားခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ထိုသဘောမျိုး ပြောဆိုခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ တွေ့ရှိရသော်လည်း NLD ပါတီဟု တိုက်ရိုက်ပြောဆိုမထားပေ။
ဦးတင်အေး က “ရွေးကောက်ပွဲတွင် အနိုင်မရလျှင် မိမိနိုင်စေလိုသည့် ကိုယ်စားလှယ်နှင့်ပါတီ မနိုင်ခဲ့လျှင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ပြစ်တင်ဝေဖန်တတ်သည် ဖြစ်၍ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ပေးကြရန်”ဟု ဆိုသည်။
ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်၍ တရားမျှတပါက ပြောဆိုရန် မလိုအပ်ကြောင်း NLD ပါတီ၏ ပြောခွင့်ရသူနှင့် မန္တလေး ဒေသမှ ပါဝင်အရွေးခံရန် ပြင်ဆင်နေသည့် ဦးအုန်းကြိုင်က တုံ့ပြန် ပြောဆိုသည်။
“မမျှတရင်တော့ မမျှတဘူးလို့ ပြောရမှာပဲလေ။ ဒါပေမယ့် ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ တကြိမ်ပဲဝင်ခဲ့သေးတယ်။ အဲဒီတုန်းကလည်းပဲ အပြတ်အသတ် အနိုင်ရခဲ့တယ်။ ရှုံးတဲ့ နေရာ တချို့ရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှ အပြစ်မပြောခဲ့ပါဘူး” ဟု
ဦးအုန်းကြိုင်က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ခြင်းသည် ပြည်သူလူထု၏ တခဲနက် ထောက်ခံအားပေးမှု ကြောင့် အနိုင်ရခဲ့ကြောင်း၊ ယခုရွေး ကောက်ပွဲတွင်လည်း နိုင်ခြင်း၊ မနိုင်ခြင်းသည် ပြည်သူလူထု၏ ဆန္ဒမဲ အပေါ်မူတည်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဘယ်သူတွေက ဘယ်လိုပဲ ပြောနေပါစေ၊ လူထုရဲ့ထောက်ခံမှု ရအောင်ကြိုးစားမယ်၊ လူထုကိုပဲ အားကိုးပါတယ်၊ လူထုဟာ အဓိကပါပဲ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ NLD ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်ဒေသများသို့ စည်းရုံးရေး ဆင်းနေပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု တချို့နှင့်လည်း ကြုံနေရကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီသည် အကြီးဆုံးပါတီအဖြစ် ပါဝင်ခဲ့ကြောင်း၊ ယခု ရွေးကောက်ပွဲ၌ NLD ပါတီသည် လစ်လပ်နေရာ ၄၈ ခုတွင် ၀င်ရောက်အရွေးခံမည် ဖြစ်၍ ၎င်းတို့၏ အဓိကပြိုင်ဘက်ပါတီဖြစ်ကြောင်း၊ NLD အား အထင်သေး၍ မရသကဲ့သို့ အထင်ကြီးရန်လည်း မလိုကြောင်း ကြံ့ခိုင်ရေးပါတီ၏ မှတ်တမ်းက ဆိုသည်။
NLD သည် စည်းရုံးရေး စွမ်းရည်ရှိပြီး မီဒီယာ အားကိုးဖြင့် ထိုးဖောက်နေကာ ကြံ့ခိုင်ရေးပါတီအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပါတီ ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသည် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့၏ နိုင်ငံရေး အားစမ်းသော ပြိုင်ပွဲဟု ဦးရွှေမန်းက ပြောဆိုကြောင်း သိရသည်။
ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အချက်အလက်များအား စုံစမ်းပြီး အားနည်းချက်များကို မှတ်သား၍ မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် လိမ်မာပါးနပ်စွာ ဆောင်ရွက်ရမည်ဟုလည်း လမ်းညွန်ထားသည်။
စည်းရုံးရာ၌ လူအား၊ ငွေအား၊ ပစ္စည်းအား၊ စည်းရုံးရေးအားဖြင့် ပုံအောပြီး ပါတီအောင်နိုင်ရေး၊ ပါတီအသာစီးရရေး၊ လွှမ်းမိုး ထားနိုင်ရေး၊ ဒီမိုကရေစီအရေး၊ အချုပ်အခြာ အာဏာခိုင်မြဲရေးတို့နှင့် ပြည်သူအား မိဘနေရာထားရမည်ဟု ဦးရွှေမန်းက ပြောကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အဆင့်ဆင့် ပါတီဝင်များအနေဖြင့် ဒု ဥက္ကဋ္ဌ ပြောကြားခဲ့သည့် အရာများကို လမ်းညွှန်ချက် အဖြစ်ခံယူ၍ ကြားဖြတ် ရွေးကောက်ပွဲအပြင် ရွေးကောက်ပွဲတိုင်း၌ အပြတ်အသတ် အနိုင်ရရေးအတွက် အစွမ်းကုန် နေ့မအား၊ ညမအား ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် မှတ်တမ်းအား နိဂုံးချုပ်ထားသည်။
ယင်းမှတ်တမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
ဧရာဝတီ

NLD ရှုံးလျှင် ပြဿနာပေါ်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဆို
Reviewed by သစ်ထူးလွင်
on
12:30
Rating:
21 comments:
ငကြောင်တွေ
တကယ်ရိုးရိုးသားသားယှဉ်ကြည့်ပါလား
အရှုံးဆိုတာ ဘယ်သူရင်ဆိုင်ရမလဲ...
ကိုယ့်ကိုယ်ကို အထင်ကြီးနေကြ..
သောက်ကျိုးနဲ ခွေးပါးစပ်က ထောပတ်စကားပြောချင်သေးတယ်....
အမှန်အတိုင်းဖြစ်ရင် ဘယ်သူမှ ၀င်စွက်ဖက်လို့မရဘူး
ဒါဟာ နိယာမတရားပါပဲ...
မမှန်ရင်တော့ စွက်ဖက်မှာပဲ...
အမှန်တရားကို မြင်အောင်ကြည့်..
အမှန်ကို သိအောင်ကြိုးစား...
မှန်အောင်လုပ်..
မှန်တာပြော...
အမှန်တရားကိုလက်ခံ....
အဲဒါဆို ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးကွ...
That's why they need to accept the international election monitors. If Kyant Phoot wins transparently , nobody can complain.
“NLD ပါတီရှုံးလျှင် ပြဿနာရှာမည်၊ အနောက်နိုင်ငံများက ဝေဖန်မည်၊ သူတို့နိုင်လျှင် တရားတယ် ပြောမည်၊ သို့ဖြစ်၍ မိမိတို့ဘက်က အမှားမရှိစေရေး၊ တရားဥပဒေ ဘောင်အတွင်းက အလေးထား လုပ်ဆောင်ရမည်” ဟု ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထူး အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
သတ္တိရှိရမယ်ဆိုတဲ့ သူရဦးရွှေမန်း ကြောက်နေပြီဗျို့...။
Shwe Mann seems to try hard to make USDA a democratic party that really represent people's voice for political reform. Problem is, most of its members are ex-military and elite people that long enjoyed the previledges of the ruled that are unaccessible to normal citizen and they are too reluctant to do the reforms for their own sake. We will have to see whether USDP can come out as a really competitive opposition against NLD if the grounds are free and fair.
အရှက်တော့ လုံးဝကို မရှိဘူးဗျို့။ သူတို့ကပဲ မှန်မှန်ကန်ကန် လုပ်နေတာလိုလိုနဲ့။ထုံးစံ အတိုင်းဝန်ထမ်းတွေကတော့ ကြံ့ခိုင်ရေးကိုမဲထည့်ရမှာပေါ့ဗျာ။
Only want to ask this question to Thura U Shwe Mann while recognizing his current democratic sounded efforts in parliament, can he confess and believe that USDP won the majority seats for the current parliament in a democratic, free and fair manner. Is his conscious is clear?
please answer directly or indirectly and make that announcement public, if you are really courageous man.
My name is Thu Reign
What is really important is to have believe in oneself while others criticizing you. But unfortunately, USDP know damn well that their past election was a sham one and pretended as if they were democratically elected people. What a shame!
Regardless of what Shwe Mann and Thein Sein saying now, what USDP did in its past election was already written in history and cannot be deleted.
Wow, it is quite interesting to see that Shwe Mann's voice changes significantly when it comes to make a decision between the interest for people and USDP.
ယုယမောင် ပြောတာမှန်တယ်၊ နေပြည်တော်က၀န်ထမ်းတွေကို ကြံ့ခိုင်ရေးကိုမဲထည့်ရမယ်လို့ ခြိမ်းခြောက်အုံးမှာသေချာတယ်၊ ၂၀၁၀ တုန်းကလည်း ဒီလိုဘဲလုပ်ခဲ့တာဘဲ၊ ဘယ်လိုခြိမ်းခြောက်ပါစေ နယ်ဝန်ထမ်းတွေက ကြံ့ခိုင်ရေးကိုမပေးဘူး၊ နေပြည်တော်မှာ အိုးအိမ်စီမံကိန်းတွေ ဆောက်ပြီးစည်းရုံးနေတာ ဘယ်သူ့ပိုက်ဆံတွေလဲ၊ ရှက်တတ်ရင် ပြည်သူကြားထဲတောင် သွားရဲမှာမဟုတ်ဘူး၊ ဒါပေမယ့် ရှက်ကြောပြတ်နေကြတယ်၊ ခြင်္သေ့မြင်ရင် လှည့်တောင်မကြည့်ချင်ဘူး(ပိုက်ဆံမှလွဲရင်)၊အဲဒီလောက်ထိအားပေးတယ်
တစ်ခါ အချီကြီး ခံလိုက်ရပြီးပြီ... ကျုပ် အသက်သေသည်ထိ ဒီလူတွေကိုဘယ်တော့မှ မယုံပါ။
အဲတာလည်း သိတာပဲလား....ဟ ဟ ဟား
NLD မဲနိုင်တုံးက မပေးတာတွေ ၊ုကိုတင်မဲတွေနဲ မတရားအနိုင်ယူခဲတာတွေ ကို ထည့်မေူပာဘူးလား ၊တိုင်ူပည်ရဲ အာဏာကို
မတရားယူ၊ူပည်သူငွေတွေနဲ ချမ်းသာနေပြီ ၊ ခုထိမျက်နှာပြောင်တိုက်နေတာ
မရှက်ကြသေးဘူးလား
It is quite easy to be courageous when you have majority power and the whole of legal system to justify or back up what you do but to be courageous in face of danger for the truth, for the well fare of whole country, against a ruthless regime, is quite a different thing
"Thu Reign"
ဟိုး..အရင်ရွေးကောက်ပွဲမှာ ခမောက်(ယခင် NLD ၏ လိုဂို) ကိုမဲထည့်ရင်ဖမ်းချုပ်မယ်၊ ထောင်ချမယ်လို့ ချိန်းခြောက်လို့တစ်မျိုး၊ မဲလိမ်လို့တစ်နည်း၊ မဲခိုးလို့တစ်ဖုံ၊ နည်းပေါင်းစုံသုံးတာတောင် ရှုံးခဲ့တဲ့မဲဆန္ဒနယ်တွေ အများကြီး၊ အခုအခြေအနေနဲ့ ဖွတ်ကြီးတို့နိုင်တယ်ဆိုရင် လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ရှားနေမှာဖြစ်တာကြောင့် NLD ရှုံးခဲ့ရင်တော့ သေခြာပေါက်ပြသနာအကြီးကြီးတက်ပါလိမ့်မယ်...ကိုယ့်လိပ်ပြာကိုယ်လုံခြုံစွာနဲ့ အရှုံးကိုကျေကျေနပ်နပ်ကြီးခံလိုက်ပါ။ ဒီလောက်ထင်ထင်ရှားရှားကြီး ဖြစ်နေတာကို ဖွတ်ကြီးတို့နိုင်ပြီဆိုပြီး ဇွတ်မမိုက်လိုက်ကြပါနဲ့...ဧပြီလအလွန်ညများကိုအေးချမ်းစွာလိပ်ပြာသန့်စွာနဲ့ အိပ်ပျော်ချင်ပါတယ်ဆိုရင် သိက္ခာရှိစွာ အရှုံးပေးလိုက်ကြပါ။...
ဦးရွှေမန်းကြောက် နေပြီးဆိုတော့ သတ္တိမရှိဘူးပေါ့ ၊ သတ္တိမရှိတာ ဟာ အဂတိလိုက်စား နေပြီပေါ့ကွာ၊ ဒါကြောင့် ရွှေမန်းကြီး လွှတ်တော်မှာ အပြောနဲ့ ဆွာနေတာပေါ့ ၊၊ ဟေ့ ဖွတ်ကြီးရေ ၁၉၉၀ခုနှစ်တုန်းက မင်းတို့လိမ်ခဲ့တာကော ဘယ်လို ရှင်းမလဲ? ပြောစမ်းဖွတ်ကြီး၊ ၁၉၉၀ တုန်းက NLD နိုင်ရဲ့သားနဲ့ တရားမမျှတာစွာ အလုပ်ခံရတာကြတော့ မင်းတို့ မပြော တော့ဘူးလား? မင်းတို့တွေ အောက်ပေါက် နဲ့ အပေါ်ပေါက် ပြောင်းတတ်ထားပါလားကွ။
ခင်ဗျတို့ခြင်္သေ့အဖွဲ့တွေ အခုလက်ထိအသိတရား မရသေးပဲကိုး။
ဒီမှာခင်ဗျတို့ သိအောင်ပြောလိုက်မယ် ခင်ဗျတို့ဝေမယ့် လက်ကမ်းစာစောင်တွေက ကျုပ်တို့ပြည်သူတွေ လက်ထဲရောက်တာနဲ့ အီးကုန်းပစ်မှာပဲ မှတ်ထား။ အခုလက်ထိ NLD ရဲ့စည်းရုံးရေးအောင်နေတာ မသိသေးဘူးလား၊ ခင်ဗျတို့အဖွဲ့လို လာပါလာပါနဲ့ လက်ရှပ်မခေါ်ပဲနဲ့ လာတဲ့ပြည်သူတွေဗျ။ ဒါကိုအခုကထဲက ခင်ဗျတို့ရဲ့အကျင့်ဆိုတွေက ပြနေပြီ။ သိပါတယ် NLD ဘယ်လောက်ပဲမဲပေး ပေမယ့်ခင်ဗျတို့်ပဲ အနိုင်ရမှာဆိုတာ ကြိုသိပြီးသားပါ။ အော် ဒီခြင်္သေ့တွေ ဘယ်တော့မှများတောတိုးတော့ မှာလဲမသိဘူး၊ ခင်ဗျတို့တောမတိုးသးရင် ကျုပ်တို့သံပုံးတီး မှအဆိုးမဆိုနဲ့နော်...
အမေစု အခုစည်းရုံးရေးခရီးစဉ်တွေ ကိုကြည့်ပြီးအဖြေကထွက်ပြီးသားပါ. .. ဒီကြားထဲ NLD ရှုံးရင်. .. မသာမှုရှိလို့ပေါ့။ ရှင်းနေတာဘဲ. .. ( ကြံ့ဖွံ့တွေ ကြိုကန်ထားတာ မဟုတ်တာလုပ်တော့မယ် )
တရားမျှတအောင်လုပ်မယ်ဆိုပြီးအခုတော့လည်းအမေစုဟောပြောပွဲတွေ
ပိတ်ပင်နေတယ် မန်တလေးဘောလုံးကွင်းကဘာကြောင့်မရတာလဲတရားမျှားတလို့လား
ပုသိမ်အားကစားကွင်းကကောဘာကြောင်မရတာလဲဒါလဲတရားမျှာတလို့လား
NLD ပါတိကိုအထင်းကြိးရန်မလိုကြောင်းဆိုတော့ အထင်မသေးရဲတာဖြစ်နိုင်တာပေါ့။
ပြည်သူအာမိဘနေရာထားမယ်ဆိုတော့ ငါတို့တွေ ကြံ၊ဖွတ် တွေရဲ့
မိဘနေရာမှာမနေချင်းပါဘူး၊
လူသားအားလုံး အနိုင်းကိုပျော်အောင်နေနိုင်သလို
အရှုံးကိုလည်း ခံနိုင်ရည်ရှိစွာနဲ့နေနိုင်းအောင်ကြိုးစားပြိး ကောက်ကျစ်သောနည်းလမ်းများကို
မသုံးသင့်ပါ ပြည်သူများကိုယ်စား ပြောကြားပါရစေ။။။
အာဏာပိုင်တွေကလိုက်ပိတ်မှာပေါ့ လက်ပေးလက်ယူများတာကို
အထင်းကြီးစရာဘယ်လိုမလဲ အထင်းမသေးရဲတာကိုကကြောက်နေတာ
ပြည်သူကိုမိဘနေရာထာမယ်ဆိုရင် ငါတို့ပြည်သူတွေ ကြံ့တွေဖွတ်တွေရဲ့
မိဘတွေတော့မဖြစ်ချင်ဘူး နာမည်လှတဲ့ခွပ်ဒေါင်းရဲ့မိဘတွေဘဲဖြစ်ချင်တယ်
စည်းရုံးရာမှာသုံးမယ့်အရာတွေကလည်းကြည့်အုံးနော်
ပြည်သူရှိကရတဲ့ငွေ၊နိုင်ငံမှထွက်တဲ့ကျွန်းသစ်ထပ်လာပြန်ပြီအာဏာဆိုးဆိုတဲ့
စနစ်ကိုကျင့်သုံးချင်နေတယ်။
NLDကမီဒီယာအားကိုးမှာပေါ့အမှန်တရားကိုဖျော်ပြချင်တာကို
မီဒီယာဆိုတာဥပဒေရဲ့နံပါတ်လေးမန်တိုင်မှာရှိတာကိုအဲဒါတော့ကြောက်သား။
ဥိးသူရရွှေမန်း သူရဘွဲ့ခံယူထားတောင်မလိုက်ဘူး
ကောက်ကျစ်ချင်တာ သူရဘွဲ့ရတာလဲ ကောက်ကျစ်လွန်လို့ထင်တယ်
သူရရွှေမန်တော့မဖြစ်နိုင်ဘူး သူရရွှေအီးပန်းပဲဖြစ်နိုင်တယ်
ကြောက်ချီးပန်းနေလိုက်တာလွန်ရောဘဲ...
ကိုကိုဖွတ်တော့ သနားပါတယ်..
အားပေးချင်လွန်းလို့ ကောင်းကွက်ကလေးတွေရှာကြည့်လိုက်တော့
စိတ်ထဲမှာ စကားတခွန်း ထွက်လာတယ်
ဒီကောင်တွေ ဒီလောက်ယုတ်မာတာ ဒီလိုပြောတာတောင် နဲသေးတယ်လို့...
အကြံပက်စက်တဲ့ ဖွတ်တွေ မရှိတော့မှ ဒို့နိုင်ငံလဲ
သူတို့မျက်ခွက်တွေလို ပြောင်ပြောင် ရောင်ရောင် ရှိတော့မယ်..
ကိုသူရိန်ရဲ့ ကော်မန့်တွေဟာ တော်တော်လေးဖတ်လို့ကောင်းတယ်။မြန်မာလိုရိုက်နိုင်ရင်ပိုကောင်းမယ်ထင်တယ်ဗျ...။ ခင်ဗျားအင်္ဂလိပ်စာ စကေးက တော်ရုံဖတ်နိုင်ဖို့ တကယ်မလွယ်တာ။ တကယ်ပြောတာ..ကျွန်တော်လည်း အကုန်နားမလည်ဘူး။ အဲ...လယ်ဗယ်တစ်ခုအတွက်ပဲ ရေးတာဆိုရင်တော့ မပြောတော့ပါဘူး။
Post a Comment