ဝန်ကြီးဦးတင့်ဆန်း NLDပါတီကို အနှောက်အယှက်ပေးနေကြောင်း အဖွဲ့ ချုပ်မှဦးဥာဏ်ဝင်း ကထုတ်ဖော်ပြောဆို

ဝန်ကြီးဦးတင့်ဆန်း
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ
အနှောင့် ယှက်ဖြစ်နေရကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထုတ်ဖော်
ပြောကြား လိုက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို ပြောဆိုလိုက်တာပါ။ 
 ကြားဖြတ် ရွေးကောက်ပွဲ တွင် Fair Play ဖြစ်နိုင်ရန်အတွက် ရွေးကောက်ပွဲ
ကော်မရှင်အား ဖြစ်စေ၊ အခြားသော ပါတီများကို ဖြစ်စေ လိုအပ်သလို တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပါတီစည်းရုံးရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။
Myanmar News Now
ဝန်ကြီးဦးတင့်ဆန်း NLDပါတီကို အနှောက်အယှက်ပေးနေကြောင်း အဖွဲ့ ချုပ်မှဦးဥာဏ်ဝင်း ကထုတ်ဖော်ပြောဆို ၀န်ကြီးဦးတင့်ဆန်း NLDပါတီကို အနှောက်အယှက်ပေးနေကြောင်း အဖွဲ့ ချုပ်မှဦးဥာဏ်ဝင်း ကထုတ်ဖော်ပြောဆို Reviewed by သစ်ထူးလွင် on 13:21 Rating: 5

28 comments:

demon said...

ရုပ်ကိုကတန်းနေတာပဲ ငရဲပြည်ကို။ လစ်ဗျားလိုပြောင်းလဲတာပဲကြိုက်တယ်ဗျာ အဲလိုမကောင်းတဲ့လူတွေအကုန်သေအေးရော။

Anonymous said...

ဦးတင့်ဆန်းခင်ဗျာ

အကပ်များအဖားများဖြင့်ရရှိပွားများထားတဲ့ စည်းစိမ်ဓနများလည်း များစွာ ကြွယ်ဝပြီးဖြစ်နေပါပြီ။ ၄င်း စည်းစိမ်ဥစ္စာများသည် လူကြီးမင်း၏ သားသမီးမြေးမြစ်တီတွတ်ကျွတ်မြော့ အထိ သုံးမကုန်ရှိသည်ကိုလည်း ကျွန်တော်များပြည်သူလူထုက သိရှိပြီး မပြောချင်လို့ကြည့်နေသည်မှာ ကြာပါပြီ။

ဆိုလိုချင်သည်မှာ လူကြီးမင်းအနေဖြင့် အနာဂါတ်တွင် သက်တောင့်သက်သာအနားယူနေဖို့ အချိန်ကောင်းအချိန်ခါ ကျသင့်မြတ်လှပြီဖြစ်ပါသည်။

သို့မဟုတ်ပါက လူကြီးမင်း၏ တစ်ချိန်ကနိုင်ငံအနှံ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့ကြသော အားကစားကွင်းကြီးများ အသုံးပြုခွင့်မပေးဘဲ နှောင့်ယှက်ကန့်ကွက်နေမှုများသည် နိုင်ငံလူထုတိုးတက်မှုကို နှောင့်ယှက်ဟန့်တားနေသည်ဟုယုံကြည်ပြီး ကျွန်တော်များ အများပြည်သူလူထု၏ စိတ်ကိုအထူးပျက်စေပါသည်။

အားကစားဝန်ကြီးဌာနကိုကိုင်တွယ်ရသော လူကြီးမင်းအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုတင်လျှောက်ထားခဲ့သည်များကို Last Minutes မှ ခွင့်မပြုပယ်ချသည်မှာ လူကြီးလူကောင်းမဆန်ပါ။ အကယ်၍ မူအရ ခွင့်မပြုနိုင်သည်ဆိုပါကလည်း ကြိုတင်အကြောင်းကြား၍ Alternative ဖြစ်သော မည်သည့်နေရာတွင်သင့်လျော်မည်ကိုပြောကြား၍ စီစဉ်အကြံပေးစေချင်လှပါသည်။

ဤသို့မဟုတ်ဘဲ နောက်ဆုံးအချိန်ကပ်မှ ခွင့်မပြုနိုင်ဟု ဗြောင်ညစ်သော အပြုအမူသည် လူယဉ်ကျေးတို့အလုပ် လူကြီးလူကောင်းတို့၏အပြုအမူမဟုတ်သည်မှာ သိစေချင်လှပါသည်။

Ar Ga said...

၇ှိတဲ့နေ၇ာလေး ပျောက်သွားမှာ စိုးလို့ ကြောက်ကြောက်နဲ့ လုပ်မိ လုပ်နေမိတာပါ ခင်ဗျာ ... တားတားကို ခွင့်လွှတ်ကြပါနော်... comment တွေ အ၇မ်းကြီး မေ၇းကြပါနဲ့နော်.. တားတား ကြောက်ကြောက် ..

tharzaw said...

But now, no fair.

tharzaw said...

ှဦးတင့်ဆန်း နှောက်ယှက်နေတာတော့ အသေအချာပဲ။

Anonymous said...

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
မင်းတို့ကမ္ဘာကိုကျေညာထာပီးနေပီနော..
ကလိန်ကကျစ်လုပ်တဲ့.သောက်ကျင့်တွေဖျောက်ဖို့ကောင်းပီ.

ပန်းသတင်း said...

အော်..သူလည်းနောက်ထပ်သမိုင်းတရားခံတယောက်ထဲ ပါချင်တယ်နဲ့တူပါတယ်...။

kmkomin3 said...

အာဏာရှင် လူ့ဂွစာတွေကို နိုင်ငံ တကာကအခြေခံ ဒီမိုကရေစီ ဥပဒေ စာအုပ်တွေကို ပေးဖတ်လိုက်ကြပါအုံးဗျို့ တနားပါတယ် နားမလည် ပါးမလည် ဒီမိုကရေစီ စနစ်ကျင့်သုံးနေရတယ်လို့ ဟတ်ဟတ်ဟတ်

mg myint said...

ငွေရှိလိုဝန်ကြီးဖြစ်လာတဲ.ကောင်တွေ....
တချိန်တော.သမိုင်းတပတ်ပြန်လည်လာအုံးမှာပေါ.
အဲ.တော.မှ........................

Dr.Hellboy2009 said...

ဥပဓိရုပ်ကိုလြဲကည်ြ့ကပါဦးအရပ်ကတို့..‌ပေါင်မုန့်ကို‌ရေစိမ်ပြီးအလည်‌ခေါင်
ကိုဖ‌နောင့်နဲ့အ‌ပေါက်ခံထားရတဲ့ရုပ်မျိုး..း)

right man said...

မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား (ကဗျာရှင် နေရဲနီ)
Monday, February 20, 2012 ဒီမိုဝေယံ 1 comment
မှတ်ချက်။ ။ သူတော်စင် သူတော်မြတ်များအားအခက် မတွေ့တွေ့အောင် ကြံဆောင်တတ်သည့် မသူတော်တို့၏ စိတ်တွင်းမှ ကြိတ်ပြုံးကို အဖြစ်အပျက်များနှင့် ယှဉ်၍ စိတ်ကူးဖြင့် မှန်းဆ၍ ရေးပါသည်။
နေရဲနီ
မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား
(ကဗျာရှင် နေရဲနီ)
ဟင်း..ဘာတတ်နိုင်သေးလဲ
ရွှေည၀ါဆိုတဲ့ ကိုယ်တော်
ဟောချင်ပါဦးလား ဒီမိုကရေစီ
ခုတော့ ဘာတတ်နိုင်သေးလဲ
ပြောင်းရပြီပေါ့ မှော်ဘီ။
နေစရာထိုင်စရာမရှိ ကျောင်းပျောက်အောင်လုပ်တာ
ကျောင်းမပျောက်ဘူး။
နှုတ်ဆက်တဲ့ ဆွမ်းခံပွဲမှာ
တကာမတွေကလည်း အကဲပိုပြီးငိုနေလိုက်ကြတာ
အမြင်ကပ်ဖို့တောင် ကောင်းတယ်။
၈၈ အဖွဲ့ဆိုလား မကြာခင်ကမှ
သမ္မတကြီးကရုဏာနဲ့ ထောင်ကထွက်လာတဲ့အဖွဲ့
အလုပ်မရှိအကိုင်မရှိနဲ့ တက်ကြွနေလိုက်ကြတာ
ဒင်းတို့ကိုလည်း အကွက်ချောင်းနေတာ
ချက်ကောင်းတွေ့မှ တခါတည်း အပြတ်ဆော်ရမယ်။
ဒီပဲယင်းမှာ ဆရာသမားက လုပ်တာမပီပြင်လို့
အဲဒီနေရာမှာ ငါသာဆို
တခါတည်း အပြတ်ရှင်းပစ်မှာ။
တစ်တက်စားလည်း ကြက်သွန်
နှစ်တက်စားလည်း ကြက်သွန်
မထူးဇာတ်ခင်းရမယ့် အတူတူ
ငါသာဆို နွားစားသလို
တခင်းလုံးငန်း တိုက်စားပစ်မှာ။
ကိုယ့်လက်ထဲ သေနတ်ရှိရက်နဲ့
ခုတော့ မျှော့သွေးစမ်းသလို မပီပြင်ဘဲ
အလကား သက်သက်
သမိုင်းမှာ အမည်းစက်ထင်ရပြီ။
ဒယ်အိုးဆိုတဲ့ ကိုယ်တော်လည်း
ဆီခန်းပြီး မီးပါသေသွားပြီ
ခုတော့ဘာသံမှ မထွက်နိုင်တော့ဘူး။
သူ့ကိုယ်သူ၂၀၀၇ ရွှေဝါရောင်ဦးဆောင်ဘွဲ့ တပ်ထားတဲ့
ဦးဂမ္ဘီရဆိုတဲ့ ကိုယ်တော်ကိုလည်း
အပြစ်ကိုဆီလို အပေါက်ရှာပြီး
ဓမ္မစက်ကို ဘေးချိတ်
အာဏာစက်နဲ့ အရေးယူဖို့
တိုင်းသိပြည်သိ ကြေညာပြီးပြီ။
ဟိုအမျိုးသမီး ထားဝယ်သွားတာ
ကြိုလိုက်တဲ့ လူထု
ရင်ထုမနာ အမြင်ကပ်ဖို့ ကောင်းတယ်
ပုသိမ်မှာ တမင်သက်သက်ပွဲပျက်အောင်
မုန့်ဟင်းခါး ပိဿာချိန်၆၀၀နဲ့ တားတာတောင်
ဖြစ်ချင်တော့ အဲဒီအမျိုးသမီးက
၂နာရီနောက်ကျပြီးမှ ရောက်လာတာ
တို့ကြွေးတဲ့ မုန့်ဟင်းခါးကဘဲ ပရိတ်သတ်အတွက် အဆာပြေလိုလို။
လူကြားထဲ ရွှေဥကြမ်းညှပ်သလို
အော်မရပြုမရနဲ့ ခံရခက်လိုက်ပါဘိ။
လှည်းကူးမှာ အားကစားကွင်း ပေးမသုံးဘဲနေတာ
အထက်ကို သွားပြောတော့
ငါတို့ကနဖားကြိုး အထိုးခံလိုက်ရသလို
အဲဒီပွဲမှာသူတို့က တမူးသာ သွားပေမဲ့
ဖျာပုံမှာတရားပွဲ မဏ္ဍာပ်ကိုလည်းဖျက်
အားကစားကွင်းကိုလည်းပိတ်
အာဏာကုန်ထုတ်သုံးပြီး လုပ်ပစ်လိုက်တာ
ဘာရမလဲမြို့ပြင်က တမိုင်ကျော်ဝေးတဲ့ သဲကွင်းကိုသွားကြပေါ့။
နယ်လေးရပ်က လာကြတဲ့ပရိတ်သတ်
အုံးအုံးကျွတ်ကျွတ်ညံလို့
ခုလိုကျတော့ နာဂစ်ဆိုတဲ့ဟိုမုန်တိုင်း
ဘယ်သွားပြီး အလေလိုက်နေပါလိမ့်။
ဒါတောင် အကယ်၍များ
အားကစားကွင်းသာ ငှား၍ရခဲ့သည်ရှိသော်
လာသည့်ပရိတ်သတ်နဲ့ ကြပ်ညှပ်နေမှာမို့
အားကစားကွင်း မငှားသည်ကိုပင်
အကောင်းမြင်၍ ကျေးဇူးတင်ပါသည့် အကြောင်း
ပြောသွားလိုက်တာများ
အသဲကိုအပ်နဲ့ဆွပြီး
ငံပြာရည်အိုးထဲ ပစ်ချသွားသလို ခံရခက်ပါဘိ။
ကော့မှူးက လူတွေကလည်း
နေပူပူဖုံ တစ်ထောင်းထောင်းမှာ
ကြိုးစားပြနေလိုက်ကြတာ
တို့လက်ထက် ဒီကမ္ဘာမှာ
ကော့မှူးဆိုတဲ့အရပ် လျှပ်စစ်မီးဆိုတာဝေလာဝေး
ဘယ်သောအခါမှ
ကတ္တရာလမ်း မဖြစ်စေရဘူး။
လာဦးမယ် နောက်ထပ်ပွဲတွေ
မန္တလေးဗထူးကွင်း
ဒီတသက် ဘယ်ရက်မှမအား
မိုင်ဒါကွင်း မြက်ခင်းလူနင်းလို့မရ
မြန်မာပြည်တဝှမ်း ရှိရှိသမျှ အားကစားကွင်း
ဟိုကွင်းဒီကွင်း ဘာကွင်းညာကွင်း
ကွင်းမှန်သမျှ ဒီအမျိုးသမီးဟောပြောပွဲနဲ့ ပတ်သက်လာရင်
ဒီကမ္ဘာမှာ ဘယ်ရက်မှမအား။
ဒါတောင်တချို့က ပြောကြသေးတယ်
ထမီဝတ်ထား ပါလားတဲ့။
သူတို့ကအခုမှ ပြောတာ
ဆရာသမားက ဦးဆောင်ပြီး
ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်လို့
မျက်နှာပြောင်တိုက်ပြီး လူရှေ့ထွက်ပြခဲ့တာ
၂၀၁၀ ကတည်းက။
အရှက်မရှိမျက်နှာပြောင်တိုက်နည်းနဲ့
မလိမ့်တပတ် ညစ်နည်းအဖုံဖုံကို
ဆရာသမားဆီက လက်ဆင့်ကမ်းယူခဲ့တာ
ဒီလောက်ဆို သဘောပေါက်ရောပေါ့
ရှက်ကြိုးပြတ်နေတဲ့
ကျုပ်တို့တစ်တွေ
ထမီဝတ်ဖို့ လိုသေးလား။
နေရဲနီ
Posted in: နေရဲနီကဗျာများ

soecyclone said...

ကိုယ့်အဆင့်နဲ့ကိုယ်နေပါ မောင်တင့်ဆန်း...
ထမင်းငပ်ချင်ပြီထင်တယ်...

Anonymous said...

ဦးဥာဏ်ဝင်းရေ NLD ပါတီတစ်ခုတည်းရှိတာမဟုတ်ဘူးနော်
မြန်မာပြည်မှာ အခြားပါတီတွေ အများချည်းကျန်ပါသေးတယ်..
ဦးဥာဏ်၀၀င်းအားကစားဝန်ကြီးဖြစ်ရင် ကျွန်တော်စည်းရုံးရေးဆင်းဖို့ လာလျှောက်မယ်..ခွင့်ပြုမှာလား..

မောင်မှန် said...

ဦးတင့်ဆန်းရေ ယူထားတဲ့ရာထူးက မြန်မာ့အားကစား မြင့်မားလားဖို့ လုပ်နေတာတွေ အောက်တန်းစားလူတွေ လုပ်နေတဲ့ အလုပ်တွေ ဖြစ်နေတယ်ဗျာ မိဘမျိုးရိုးဂုဏ်သိက္ခာလေး ထိန်းပြီး အခုလို သိက္ခာမဲ့တဲ့ ဟိုပိတ်ပင် ဒီပိတ်ပင်အလုပ်မျိုးတွေကို ကြီးလေးတဲ့တာဝန်ကြီးတွေကို ထမ်းဆောင်နေတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်အောင် လုပ်ဆောင်ပေးပါ သမိုင်းမလှရင် ဦးတင့်ဆန်းမျိုးဆက် အဲဒီအမွေဆိုးတွေ ဆက်ခံရပါလိမ့်မယ် အပြစ်မဲ့တဲ့မျိုးဆက်လေးတွေရဲ့ ဘ၀ကို အရောင်မဆိုးပါနဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေလည်း ရပ်တန်းက ရပ်ပေးပါ..

Unknown said...

ဦးတင့်ဆန်းပဲ ဖြစ်ဖြစ် ဦးမြင့်ဆန်းပဲ ဖြစ်ဖြစ် ပွင့်လင်းမြင်သာ ခေတ်ရောက်ပြီ ဆိုတာ သတိထားစေချင်ပါတယ်။ ကိုယ်တစ်ယောက်ထဲနဲ့ ဘာမှ လုပ်လို့မရတော့ဘူး။ မြန်မာပြည်အပြောင်းအလဲက သိပ်ကိုမြန်ဆန်နေပြီ။ ဦးတင့်ဆန်း ပြည့်သူအမုန်းမခံလိုလျှင် တနည်းပြောရလျှင် အမှန်တရားကို မြတ်နိုးတဲ့ လူကြီးလူကောင်းပီသလျှင် ငါ့ခွင်ပဲဆိုပြီး ပညာပြတာကို ရပ်မှ ဖြစ်တော့မယ်ဆိုတာ သိစေချင်ပါတယ်။ (ဆရာတော်တစ်ပါး)

kungmalay said...

ဦးတင့်ဆန်းသို့

ဘယ်လိုလဲ ဦးတင့်ဆန်းကြီးရေ ဘာတွေကို တွေးပြီး စိတ်တွေပူ ၊ စိုးရိမ်၊ သောကဗျာပါတတွေများနေရတာလဲဗျ... ဒေါ်စုကို ထောက်ခံသလိုမျိုး လူစုလိုချင်လို့လား.. ဟား ဟား ဘ၀အဆက်ဆက် ခင်ဗျားခွေးဖြစ်တောင် မရဘူး မှတ်။ ဒီလောက် အသုံးမကျ အတွေးအခေါ် ရှေ့ရေးမသိတဲ့ ကောင် ဘာကြောင့်များ အားကစား ၀န်ကြီး ခန့်ထားရတာလဲ နိုင်ငံတော် လစာ အလကား ယူနေတဲ့ ကောင် ရုပ်ကိုက ဖားပုံပေါက်နေပြီ ဖားနေတာ။

Unknown said...

မာရ်နတ်တင့်ဆန်း။။။ဦးလဲမဆောင်ဦးဆောင်တဲ့သူရှိတော့လဲလွယ်အိတ်လုပ်ရတဲ့ရာထူးလုပ်တဲ့အလုပ်အားလုံးတလွဲလုပ်တိုးတတ်ဖို့ထက်ခိုးထက်ဖို့ကိုဦးစားပေးအဲဒါတင့်ဆန်းလေ။။။မရိုင်းချင်ဘူးရိုင်းပြနေလို့ရိုင်းရတာပါ။။။အားတဲ့အချိန်ဒီရေးထားတဲ့commentတွေ့ကိုဖတ်ပြီးသေမယ်ဆိုသေလို့ရတယ်။။။။အားမငယ်နဲ့ဦးကျော်သူရှိတယ်။။။။မာ၇်နတ်မတင့်ဆန်းရေ

Myanmar said...

ဘယ်လိုလဲဟ...။ ခုတလော တင်၇ီတွေ တင့်ဆန်းတွေနဲ့ စနေဂြိုလ်မွှေနေပါလား။

Anonymous said...

ကိုမောင်မှန်, နောက်လာမယ့် အပြစ်မဲ့မျိုးဆက်ကလေးတွေဖြစ်တဲ့ မြေးမြစ်ထား၊ သားသမီးကတော့ ဆွေစဉ်မျိုးဆက် ပြည်ဖျက်ဖို့ တာဝန်စယူကြပြီ။

ဒီမှာရှု>>ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း က ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ မြောင်းမြ မြို့နယ်တွင် ယှဉ်ပြိုင်မည်ဟု သိရသည်။

စစ်မုန်းသူ said...

ကောင်းပါ့ဗျား ။ အထက်ပါ ကွန်မန့်အားလုံးကို သဘောတူပါ၏ ။ နောင်လာလတ္တံ့သော ကွန်မန့်များအားလည်း သဘောတူနိုင်ရန်အလို့ဌာ ဖိတ်ခေါ်အပ်ပါသည် ။ ကိုင်း ....... လာကြ ၊ ဆော်ကြ ၊ နှိပ်ကွပ်ကြပါဗျို့ ။ ( ကိုယ့်စည်းစိမ်ပျက်မှာကြောက်၍ ချီးဦးနှောက်နှင့်အုပ်ချုပ်သော အုပ်ချုပ်သူလူတန်းစား အလိုမရှိ )

maymyothar said...

တင့်ဆန်း မင်းက အဆင့်အတန်း မှမရှိတာ
အရားသမက်ရုပ် နဲ့မတရားတတ်မက်နေတာ က နေရာ
ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတဲ့မင်းကိုနေရာတစ်နေရာပေးမယ်
သုံးဂျင်းဂိုဏ်းမှာကွ အရားသမက်ရ

gwantaylay said...

ဒီမယ် မတင့်ဆန်း..အဲ..ယောင်လို့ ယောကျာ်းမှန်ရင်..ဒဲ့..သာလုပ်လိုက်စမ်းပါ..နောက်ကွယ်ကနေဟိုလုပ်ဒီလုပ်မလုပ်ပါနဲ့..မတင့်ဆန်း..အဲ..မောင်မောင်တင့်ဆန်းလေးရာ..။

know said...

ဝံကြီး...ခေါင်းနဲ့စဉ်း စားပီးလုပ်နေတာလား...

အမေစုကို ချစ်တဲ့သား said...

ဟေ့ မတင်ဆန်ရေ ဘာကြောင့်တောင် ဒီလောက်တောင်များ
ကြောက်နေရတာလဲကွာ ရွှေဘုံစားလို့လား...ငွေဘုံစားလို့လား....
မဟုတ်ရပါ အကိုကြိးရာ ကြံဖွက်က ကြံဖွက်က အာဏာတွေပေးထားလို့လား ခင်ဗျာ...
တင်ဆန်ရေ မင်းရဲ့လုပ်ပိုင်ခွင့်တွေက မင်းအတွက်ကောင်းသလိုထင်ရပေးမယ့်
အချိန်တန်ရင် မင်းရဲ့လုပ်ပိုင်းခွင့်တွေက မင်းရဲ့ ရာထူးအကောင်းစားလေးကို
ပြန်ပြီးတော့ဖြုတ်ပြစ်လိမ့်မယ် အဲဒီအချိန်ကြမှ ငါမှားပါလားလို့
ပြန်ပြီးမတောင်းတနဲ့ဘယ်တော့မှပြန်မရတော့ဘူး
အဲ မတင်ဆန်း အမြန်ဆုံအမြင်မှန်ရနိုင်ပါစေ

ဘကြီးမောင် said...

ပြောပြီးတာ ရေးပြီးသားပါ..တင့်ဆန်းကို ဘာမှ ထပ်comment မပေးကြပါနဲ့ ခမျာ သနားစရာ...မြန်မြန်သာရိုက်သတ်လိုက်ကြအေးရော.......

ko htat said...

ပြည်သူပိုင်ကွင်းတွေကို သူ့အိမ်ကကွင်းလိုများတဘော
ထားလားမသိဘူး သူ့အိမ်ကကွင်းတွေကိုသူ့ထက်ကြီးတဲ့
သူတွေပေးမလို့

Bravo said...

နိုင်ငံတကာမှာ ဘောလုံးကွင်းကို လိုအပ်ရင်ဘယ်ပွဲမဆို လက်ခံကျင်းပပေးပါတယ်။ မြန်မာပြည်မှာ မရဘူးဆိုလဲ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီပွဲမပေးရင် နောက်ဘာပွဲမှမပေးနဲ့။ ဒါမှတရားမျှတမှာ။ ကိုယ့်တာဝန်ကိုယ်ယူရဲဖို့ပဲလိုတာ။ ဝန်ကြီးအများစုက ရာထူးနဲ့ လစာတာယူထားတာ၊ ဘာမှကိုယ်ပိုင်ဆုံးဖြတ်ချက် ရဲရဲဝံ့ဝံ့ ချရဲတာမဟုတ်ဘူး။

ကျော်ထိုက် said...

ဒီလောက်တောင် ကွင်း တွေ ကိုချစ်နေရင် ခင်ဗျာကြီး သက်တမ်းစေ့ တယ့် အခါကျရင် ကွင်းဘေးမှာ နတ်စင်လေး ခင်ဗျာကြီး အတွက် ထိုးပေးပါ့မယ်..စိတ်သာချ

Powered by Blogger.