လာမည့်
ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစိအဖွဲချုပ်၏
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မဲဆွယ်စည်းရုံး ဆင်းကြသောသူများကို SB၊
စအဖ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ချို့ နှောက်ယှက်ခဲ့ကြောင်း NLD
ပါတီဝင်တစ်ဦးက ပြောကြားသည်။
မိုးကောင်းမြို့မှ
၆မိုင်ခန့်ကွာဝေးသည့် ရွှေအင်း၊ တိုးပူးရွာများသို့ ပြီးခဲ့သည့်
တနင်္ဂနွေနေ့က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်များ အနေဖြင့်
စည်းရုံးရေးဆင်းကြစဉ် SB(သတင်းတပ်ဖွဲ့)၊ စအဖ(စစ်ဖက်လုံခြုံရေး)များက
နောက်မှလိုက်လံစောင့်ကြည့်ကြပြီး အုပ်ချုပ်ရေးမှူးများက အိမ်ရှင်
တစ်ချို့ကို သတင်းမပို့သဖြင့် ဆူပူကြိမ်းမောင်းခြင်းများ ပြူလုပ်ခဲ့ကြောင်း
၎င်းက ဆက်လက်ရှင်းပြသည်။
"အရင်လိုမဟုတ်ပေမဲ့ စိတ်အနှောက်ယှက်ဖြစ်ရတယ် ပြည်သူတွေကို ခြိမ်းခြောက်သလို အနိုင်ကျင်သလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။
မိုးကောင်းတွင်
ပြည်ခိုင်ဖြိုးပါတီ၊ NDFပါတီ၊ ကျားဖြူပါတီ၊ NLDပါတီနှင့် ဒေါက်တာတူးဂျာ
(တစ်သီးပုဂ္ဂလ)တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရှမ်းနီများနေထိုင်သောဒေသ
ဖြစ်သကဲ့သို့ ဒေါက်တာတူဂျာလည်း ဝင်သဖြင့် မဲများစုစည်းမှု မရှိဘဲ ပြန်ကြဲကာ
ပြည်ခိုင်ဖြိုး အချောင်အနိုင်ရသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံ
ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။
“အပေါ်က
ပြောင်းတယ်ဆိုပေမယ် အောက်ခြေကတော့ နိုင်ငံရေးအမြင်မရှိတော့ အဆူခံထိ
အဆဲခံထိမှာကြောက်ပြီး စားကောင်းရုံ လုပ်တာတော့ ရှိနေဦးပဲ“ ဟု စအဖများ၊
SBများ NLD ပါတီကို လိုက်လံစောင့်ကြည့်ခြင်းနှင့် ပတ်သက်လို့ ၎င်းက
မှတ်ချက်ပြုပြောဆိုသည်။
နိုင်ငံတကာက
ဧပြီလ ၁ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေကောက်ပွဲကို လွတ်လပ်ပြီး
တရာမျှတမှုရှိစွာ ကျင်းပခြင်း ရှိမရှိစောင့် ကြည့်ပြီးမှ
ပိတ်ဆိုဒဏ်ခတ်မှုများ ဖြေလျှော့ပေးမည်ဟု သတိပေးချိန်တွင် ယခုကဲ့သို့
မိုးကောင်းသတင်း ထွက်လာခြင်း ဖြစ်သည်။
MP
မိုးကောင်း NLD ရွေးကောက်ပွဲအကြို စည်းရုံးရေး ဒေသအာဏာပိုင်များ နှောက်ယှက်
Reviewed by သစ်ထူးလွင်
on
09:37
Rating:
1 comment:
မဖြစ်သင့်ပါဘူး.မကူညီချင်နေ မနှောက်ယှက်ကြပါနဲ့.ကြည့်ရတာ..ဘယ်အရာကို ကျေနပ်ပျော်မွေ့နေပါလိမ့်..နိုင်ငံကြီးတိုးတက်တာ မမြင်ချင်ဘူးဆိုတော့..သူတို့ တော်တော်ပြည့်စုံ နေပုံရတယ်..အန်တီစု လာရင်ရော ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..အရင်က မိုးကောင်း ရဲ့စိတ်ဓါတ် ကို မဖျက်သင့်ပါဘူး...
Post a Comment