ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည်

ပင်လုံကျောက်တိုင်
ဖေဖော်ဝါရီ ၁၂ရက်နေ့၌ ကျရောက်မည့် ၆၅နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် များမှ ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် တည်ရှိသည့် “ပြည်မတောင်တန်း ပူးပေါင်းစာချုပ်ကျောက်တိုင်”အား သွားရောက်အလေးပြု မည်ဟု NLD အဖွဲ့ ဝင် ဒေသခံများမှ သိရှိရသည်။
“အဲဒီ ကျောက်တိုင်ကို သွားရောက်ဂါရဝမပြုရသည်ဟု ၂၃နှစ်ရှိပြီ။ အခုနှစ်မှစပြီး အလေးပြုခွင့်ရတာဖြစ်တယ်။ အဲဒီကို ပင်လုံမြို့၊ လဲချား၊ လွိုင် လင်နဲ့ နမ့်စန်မြို့တွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက ဦးဆောင်ပြီး ပြုလုပ်မှာဖြစ်တယ်” ဟု NLD အဖွဲ့ဝင် ဒေသခံတစ်ဦးမှ ပြောကြားသည်။
ထိုသို့ သွားရောက်အလေးပြုခြင်း၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့် ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံတို့ကို မျိုးဆက်သစ်လူငယ်များ သိရှိစေရန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ရာစု ပင်လုံအား ဦးတည်ထားသောကြောင့် ဖြစ်သည်ဟုလည်း ၎င်းထံမှသိရှိရသည်။
ထိုကျောက်တိုင်အား သွားရောက်အလေးပြုရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ခ) ကျားဖြူ ပါတီတို့မှလည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယခုအချိန်ထိ ဆုံးဖြတ်ချက်မချရသေးကြောင်းကိုလည်း သိရသည်။
ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများဖြစ်ကြသည့် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များနှင့်အတူ နယ်မြေမခွဲခြားပဲ လွတ် လပ်ရေးအား အတူတကွရရန် ၁၉၄၇ခုနှစ်တွင် ချုပ်ဆိုသည့် စာချုပ်ဖြစ်ပြီး ထိုစာချုပ်ချုပ်ဆိုနိုင်ခြင်းအပေါ် အထိမ်းအမှတ်အဖြစ် ယင်း “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”အား စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။
ယင်းကျောက်တိုင်အား ၁၉၈၈ခုနှစ် အရေးခင်းပြီးသည့်နောက်ပိုင်း ၁၉၈၉ခုနှစ်တွင် နောက်ဆုံး အလေးပြုခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၂တွင် အလေးပြု ခွင့်အား ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
ATM
ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည် ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည် Reviewed by သစ်ထူးလွင် on 06:39 Rating: 5

5 comments:

SN said...

ကြံခိုင်ရေးရဲ့အဖြစ်က NLD ဘာလုပ်မလဲကြည့်ပြီး နောက်က လိုက်လုပ်တဲ့ အဖြစ်မျိုး ဖြစ်နေတယ်...ကိုယ်ပိုင်အိုင်ဒီယာထုတ်ပြီး လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိတော့ဘူးလား...သူတို့လုပ်တာ လူထုက ထောက်ခံတော့ ငါတို့လုပ်လဲ ထောက်ခံမှာဘဲဆိုတဲ့ ခလေးအတွေးထဲက မထွက်နိုင်တော့ဘူး...မနာလိုခြင်းနဲ့ကလေးဆန်ခြင်းကတော့ အပြည့်ဘဲ.....ကော်ငးတာလုပ်ရင် ပြည်သူက ပါလာမှာဘဲ...အရိုအသေခံချင်ရင် ကလေးဆန်ဆန် လုပ်ရပ်တွေ လျော့ချပါလား...

Unknown said...

haha! right!

Anonymous said...

ကြံွ့ဖွတ်တွေက ပင်လုံကျောက်တိုင်ကို မသွားနဲ့လေ။ သူတို့  အဘက သေတော့မှာ။ သေတော့မှ သူတို့အဘ အုတ်ပုံမှာ အလေးပြုပစေ

chipi said...

သူငယ်ချင်း SN ရေ ဒီကြံဖွတ်တွေကို ကလေးတွေနဲ့ မနှုင်းပါနဲ့လားဗျာ ၊ ကလေးအတွေးက ရီရပေမယ့် ရိုးသားမှုက အပြည့် ရှိပါတယ်။ ဒီကောင်တွေက အရှက်မရှိတာ၊ ယုတ်မာတာ ၊ မနာလိုတာ ၊ ကောက်ကျစ်တာ ၊ စိတ်ဓါတ်တွေက လုံးဝကို အဆင့်အတန်းမရှိတာ ၊ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ ဒီ ခွေးသူခိုး ကြံ့ဖွတ်တွေကို။

ပုဂံစစ်သည် said...

ဖွတ်. ဖွတ်.. ဖွတ် ကြံ့ဖွတ် အကြံကဖွတ် လူကဖွတ် တဖွဲ့လုံးဖွတ် ကြံ့ဖွတ် သုံးစားမရတဲ့ဖွတ် ဒီလိုပွဲတောင်မှ စဉ်စားတုံးဆိုတော့ ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲ အနိုင်ရလာတာလဲ

Powered by Blogger.