MRTV-4 နှင့် ထိုင်းအခြေစိုက် BEC TERO ကုမ္ပဏီတို့ ပူးပေါင်း

MRTV-4 နှင့် အရှေ့တောင် အာရှ၏ အကြီးဆုံး မီဒီယာ ဖြစ် သော ထိုင်းအခြေစိုက် BEC TERO ကုမ္ပဏီတို့ ပူးပေါင်း ၍ ရုပ်သံအစီအစဉ်သစ်များ ထုတ်လွှင့်ကာ နိုင်ငံ တကာ ရုပ် သံလိုင်းများတွင်ပါ ရောင်းချ ပြသနိုင်ရန် စီစဉ်နေကြောင်းMRTV-4 မှ သိရသည်။ ၄င်းတို့ ပူးပေါင်းထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်သစ်များကို MRTV-4 နှင့် လာမည့် ဧပြီတွင် ထုတ်လွှင့် မည်ဖြစ်သော Channel-7 နှင့် 4Digital တို့တွင်လည်း ပြသသွား မည်ဟု Forever Group of Companies မှ CEO ဦးဝင်းမော်က ပြောသည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက် ခြင်းမှာ ရုပ်သံအစီအစဉ်များ အရည် အသွေးကောင်းမွန်ရေးနှင့် နိုင်ငံ တကာ ဈေးကွက်အထိ တက်လှမ်း နိုင်ရန် ရည်ရွယ် ကြောင်း Forever မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ BEC TERO ကုမ္ပဏီသည် ထိုင်း၌ အောင်မြင်ကျော်ကြားနေ သော Channel-3 အစီအစဉ်များ ကို ထုတ်လွှင့်နေသော ကုမ္ပဏီ ဖြစ် သည်။ ထို့အပြင် ယင်းကုမ္ပဏီ၏ ဦးဆောင်သူ မစ္စတာ ဘရိုင်ယန် သည်မြန်မာနိုင်ငံတွင် အသက် ၁၇ နှစ်အရွယ်အထိနေထိုင်ခဲ့သော မြန်မာ လူမျိုးတစ်ဦးဖြစ်သည်ဟု ၄င်းက ပြောသည်။ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ” MRTV -4 ရဲ့ ရှေ့ အလားအလာ ကတော့ ကောင်းပါ တယ်။ အရင်ကထက် စာရင် နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်တယ်။ အရင် ကတော့ Forever Group နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နေတာကနေ အခု ပြည်ပ မီဒီယာတွေက Joint Venture အနေနဲ့ အများကြီးပါဝင်လာ တယ်။ရှေ့လျှောက်မှာလည်း မြန်မာ့ မီဒီယာလောကမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ အများကြီး ဝင်ရောက် ရင်းနှီးမြှုပ်နှံလာနိုင်တယ်။ ဒီလိုပြည် ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာ တဲ့အခါ မြန်မာမီဒီယာ သမားတွေ အနေနဲ့ နိုင်ငံတကာ မီဒီယာရဲ့ လုပ် ထုံးလုပ်နည်းတွေ ရလာမယ်။ ပြည် ပလွှမ်းမိုးချုပ်ကိုင်မှုမပါဘဲ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်လာ မယ်”ဟု သုံးသပ်ပြောကြားသည်။ ဦးဝင်းမော်က ဆက်လက်၍ Forever Group အနေဖြင့် မြန်မာ နိုင်ငံတွင် ရုပ်မြင်သံကြားအစီအစဉ် ကောင်းများထွက်ပေါ်လာစေရန် အတွက် နိုင်ငံတကာ မီဒီယာအဖွဲ့ အစည်းများဖြစ်သော တောင်ကိုရီး ယားနိုင်ငံမှ EBS၊ ထိုင်းနိုင်ငံမှ BEC TERO၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CCTV ရုပ်မြင် သံကြား၊ ဂျာမနီနိုင်ငံမှီ DW ရုပ်မြင်သံကြား၊ တောင်ကိုရီးယား နိုင်ငံမှ Arriang ရုပ်မြင်သံကြား၊ABU (Asia Broadcast Union),AIBD (Asiapacific Institute of Broadcasting Development အစရှိသောအဖွဲ့အစည်းများ ၏ နည်းပညာ၊ အတတ်ပညာဆိုင် ရာ အကူအညီများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြန် ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့် အညီ အရည်အသွေး ကောင်းမွန်သော ရုပ်မြင်သံကြားအစီ အစဉ်ကောင်းများ ထုတ်လွှင့်ရန်အ ပြင် မြန်မာ့ရုပ်မြင်သံကြား အစီ အစဉ် ကောင်းများအား ပြည်ပရုပ် သံဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပြောသည်။
အမျိုးသားကြီးပွား တိုးတက် ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက MRTV-4 အနေဖြင့် ယခုကဲ့သို့ ပြည်ပ မီဒီယာကုမ္ပဏီကြီးတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ကြို ဆိုကြောင်း၊ သို့ရာတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရာ၌ အင်္ဂလိပ်ဘာသာစကား ဖြင့် အစီအစဉ်တင်ဆက်ရာ၌ အသံ ထွက်များ ပီသစေချင်ကြောင်း၊ လက်ရှိတွင် အသံထွက်မပီသမှု စသော ပြဿနာများကို မကြာခဏ တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် ၄င်းပြဿနာအား ဖြေရှင်းရန် အတွက် Presenter များ၏ Skill Level ကိုမြှင့်တင်ပေးရန်လိုအပ် ကြောင်း သုံးသပ်ပြောကြားသည်။ MRTV-4 နှင့် BEC TERO ကုမ္ပဏီတို့ ပူးပေါင်း၍ ထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်အသစ်များ မိတ် ဆက်ရှင်းလင်းသရုပ်ပြပွဲကို ဖေဖော် ဝါရီလ ၁၉ ရက်နေ့ညနေက ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

ပေါ်ပြူလာဂျာနယ်
MRTV-4 နှင့် ထိုင်းအခြေစိုက် BEC TERO ကုမ္ပဏီတို့ ပူးပေါင်း MRTV-4 နှင့် ထိုင်းအခြေစိုက် BEC TERO ကုမ္ပဏီတို့ ပူးပေါင်း Reviewed by သစ်ထူးလွင် on 05:26 Rating: 5

4 comments:

မောင် said...

mrtv4 ဟာ မြန်မာပြည်ရဲ့တစ်ခုတည်းသော ဖက်စပ် မီဒီယာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။
သို့သော်
mrtv4 လူတန်းစားတခုတည်းအတွက်ဘဲ ဦးတည်နေတယ်လို့ ခံစားရပါတယ်။
မြန်မာ့မီဒီယာတခုဖြစ်လို့ မြန်မာဆန်စေချင်ပါတယ်။
တင်ဆက်သူကအစပေါ့။ အပြောအဆို၊ အ၀တ်အစားကိုဆင်ခြင်စေချင်တာပါ။
မြန်မာ့ကိုယ်ပိုင်ဟန်တွေကို ဦးစားပေးချင်ပါတယ်။

စကားသရမ်းလို့ အစီအစဉ်မျိုးတွေကိုတော့ စီစစ်သင့်ပါတယ်။
အခုမတွေ့တော့လို့ စိတ်ချမ်းသာရပါတယ်။

min yar zar said...

ကျော်ဆန်းရဲ့ အာဘော်နဲ့ ဆက်လုပ်ရင်တော့ ဘာမှ ပြောင်းလဲမှာမဟုတ်ပါဘူး၊ အရာကြီးနဲ့ ကုလားကြီးပဲ ဖြစ်ပြီး ပြည်သူတွေဆီက ပိုက်ဆံ ညာယူနေတာနဲ့ အတူတူပဲ။

Romantic said...

ဦး ဘရိုင်ယန် မာကာ နှင့် ဘက်က် တဲရို အဖွဲ့ အား လှိုက်လှဲစွာ ကြိုဆို ပါတယ်.... အောင်မြင် ပါစေ... London Music (Yangon, Myanmar) / London Music (Mandalay, Myanmar) တွေ တုန်း က ထက် ပိုမိုကျယ်ပြန့်အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်.........

tharzaw said...

MRTV4 မှာ ကျော်ဆန်းရှိနေသမျှ မြန်မာ့ရုပ်သံ ဖွတ်ပဲ။ အားကစားမှ တင့်ဆန်းရှိနေသမျှ ဖွတ်ပဲဖြစ်နေဦးမှာပဲ။

Powered by Blogger.