အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ်


အသစ်ချထားမည့် မိုဘိုင်းဖုန်းများ၌ နိုင်ငံတကာတွင်အသုံးပြုနေသည့် MMS စနစ်ကို ထည့်သွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ MMS စနစ်မှာ (Multimedia Messaging Service) ဖြစ်ပြီး မိုဘိုင်းဖုန်းအချင်းချင်း ဓါတ်ပုံများပေးပို့ခြင်း၊ ဗွီဒီယိုဖိုင်များ၊ အသံဖိုင်များပေးပို့ခြင်း စသည်တို့ကို အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ မတ်လတွင်စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးသည့်နောက်ပိုင်းတွင် ၎င်းစနစ်ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းစနစ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် လိုအပ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ စတင်ဆောင်ရွက်ပေးသည့်အခါတွင် ကောက်ခံမည့်ဝန်ဆောင်ခနှုန်းထားများ အသေးစိတ်ကို လတ်တလောကာလတွင် မသိရှိရသေးကြောင်းသိရသည်။ လာမည့်မတ်လအတွင်းတွင် ငွေကျပ်သုံးသိန်းအောက် တန်ဖိုးနည်းဖုန်းများကို စတင်ချထားပေးမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်ချက်ကို မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ၂၃ ခုတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းဖုန်းများတွင် MMS စနစ် လတ်တလောမပါဝင်သေးသော်လည်း အင်တာနက်စနစ်ပါဝင်မည်ဖြစ်ပြီး အင်တာနက်စနစ်အတွက် သီးခြားလျှောက်လွှာတင်ကာ လျှောက်ထားရမည်ဖြစ်ကြောင်း အင်တာနက်အသုံးပြုရန်အတွက် လျှောက်ထားခငွေ ကျပ်တစ်သောင်းကျသင့်မည်ဖြစ်ကာ အသုံးပြုခအတွက် တစ်မိနစ်လေးကျပ်နှုန်းဖြင့် ကြိုတင်ငွေပေးကတ်မှ နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Internet Journal
အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ် အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ် Reviewed by သစ်ထူးလွင် on 01:36 Rating: 5

18 comments:

gawleee said...

ပြောလိုက်ရင်တော့..ရေလယ်မိုက်တယ်..Gtalk .Vzo .Skype. ကိုဘဲ လူချင်းတူအောင်လုပ်ပါဦး.လိုင်းအသစ်တွေထပ်ချရင်..ပိုဆိုးလာဦးမယ်

doha said...

အော် နိုင်ငံတကာ ကတယ်လီဖုန်းလိုင်းတွေမသုံးဘူးတာသိသာတယ်ကွာ။
ကြီးကြီးကျယ်ကျယ် မက်ဆေ့ပို့တဲ့စနစ်ကလေးကိုအဆန်းကြီးလုပ်ပြီး ပြောနေရသေးတယ်
အင်တာနက်သုံးဖို့လျောက်လွာတင်ရဦးမယ်တဲ့ကွာ
နိုင်ငံအပြင်ဘက်ထွက်ပြီး လေ့လာကြပါဦးကွာ
မင်းတို့ဖုန်းကတ် ၂သိန်း တော်တော်စိတ်ပျက်ဖို့ကောင်းတယ်
မသိနားမလည်တဲ့ပြည်သူလူထုကို မတရားဂုတ်သွေးစုပ်နေတာများနေပြီ
အင်း ပြည်ပထွက်ပြီးလေ့လာကြပါဦး အိမ်နီးချင်းနိုင်ငံကဖုန်းကတ်တွေ ဘယ်လောက်နဲ့ရောင်းပေးနေလဲ နယ်စပ်မှာဆို မင်းတို့ဖုန်းနဲ့ ဘယ်သူမှမသုံးဘူး တော်တော်စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ

doha said...

နိုင်ငံတကာထွက်ပြီးလေ့လာကြပါဦး
အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ကိုနိုင်ငံကဈေးအရမ်းကြီးတယ်
ပြည်ပကနေခေါ်မယ်ဆိုရင် မြန်မာနိုင်ငံဆို ဈေးအကြီးဆုံးနိုင်ငံပဲ
နယ်စပ်မှာဆို ပြည်တွင်းကဖုန်းဘယ်သူမှမသုံးဘူး
ပြည်သူတွေကို ဈေးအသက်သာဆုံး ဆိုရင် ၅၀၀၀နဲ့ကောမရောင်းနိုင်ဘူးလား
အင်တာနက်ကလျောက်လွာတင်ရသေးတယ် တသောင်းတောင် တာတော့မဖြစ်သင့်ဘူး တော်တော်ဗဟုသုတနဲသေးတာပဲ

Anonymous said...

ကျွတ် ကျွတ် ကျွတ်

Nyan Win Bo said...

ဒီကောင်တွေ ဘောင်းဘီချွတ်တွေ ဟာ ၀ါးလုံးခေါင်းထဲ လသာနေတဲ့ကောင်တွေ..အနီးနားက မြန်မာထက် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံတွေရဲ့ ဆက်သွယ်ရေးကို အယင်လေ့လာသင့်တယ်..တသက်လုံးကလဲ
မျက်စေ့ပိတ်ခံလာရတော့ ပိုဆိုးတယ်....
တရုတ်ကို အဖေခေါ်ချင်ယင်လဲ တရုပ်လုပ်တာ တရုပ်အတတ်ပညာ အကုန်ပုံ
တူကူးကွာ...နောက်ဆုံး တရုပ်ကျွန်ဖြစ်သွားယင်တောင် ဒီကောင်တွေထက်
အများကြီးသာအုံးမယ်...

paukpauk said...

MMS နဲ့မျှားပြန်ပြီ။ အရင်ကလဲ SMS နဲ့ မြူပြီးပြီ။
လာမယ်လေ ဒီလိုပဲပေါ့။ ဒါမှ ၀ယ်ကြမှာ။
လုပ်လို့ရရဲ့သားနဲ့ GSM ဖုန်းတွေကို မလုပ်ပေးလဲ့တာလေ။
ဒါမှ ၀ယ်ကြမယ်မလား၊
ဖြစ်နိုင်ရင် မ၀ယ်ကြနဲ့ဗျာ..။
ဘာလို့ အဲဒီလို ပြည်သူကို နားလှည့်ပါးရိုက်နေတာ ကြည့်နေကြတာလဲ....?

Bravo said...

အဲဒီကုမ္မဏီပိုင်ရှင် ၂၃ ယောက်ဟာမြန်မာလူမျိုးတော့မဖြစ်လောက်ဘူး။
ဒီလောက်ဂုတ်သွေးစုတ်နေတာ ချစ်တီးကုလားအမျိုးအနွယ်တွေပဲဖြစ်မယ်။
အဖေဘက်ကလား၊ အမေဘက်ကလား။ သေချာ DNA လုပ်ဖို့တော့လိုနေပြီး။
Clean Gov. ရေ..ဒီလိုဂုတ်သွေးစုတ်တွေကိုအမြန်ဖယ်ရှားပါဗျို့။
အသေအချာ မြင်မြင်သာသာသီချင်ရင် နိုင်ငံခြားကုမ္မဏီတခုကို ဖိတ်ခေါ်ကြည့်။ အဲဒီ ၂၃ခုသော ကုမ္မဏီတွေ မြောင်းထဲရောက်ချက်ချင်းရောက်သွားမယ်။ ဘာလဲ တိုင်းရင်းသားအချင်းချင်းအထင်မကြီးဘူးထင်လို့လား။ မဟုတ်ပါ၊ ချစ်တီးတွေဖြစ်နေလို့ပြောနေတာပါ။

Geek said...

တော်တော်နောက်တဲ့ ဆက်သွယ်ရေး....ဟက်ဟက်

Anonymous said...

"NO",,,"NO",,,"No to buy"...

tharzaw said...

တစ်မျိုးဖန်ရ ကြံရပြန်ပြီ။ အင်တာနက်အတွက်လည်း တစ်သောင်း
ထပ်ဆောင်း။ ဖွတ် ... ။ အလိုမရှိ။

Future Generation said...

အသစ်ချပေးမယ့်ဖုန်းတွေဆိုတော့ အရင်ဝယ်ထားတဲ့သူတွေက အဲဒီဝန်ဆောင်မှုကိုမရဘူးဆိုတဲ့သဘောပေါ့..
စောက်ရူး MPT

Mr Naruto said...

MMS ကို အသာထား SMS ကိုပဲ ခုပို့ ခုရောက်နိုင်အောင် အရင်လုပ်ပေးစမ်းပါဦး ဆက်သွယ်မှု ဧရိယာ ပြင်ပရောက် ဆက်သွယ်ရေး လူကြီးမင်းအပေါင်းတို့ရယ်...

Mr Naruto said...

MMS ကို အသာထား SMS ကိုပဲ ခုပို့ ခုရောက်နိုင်အောင် အရင်လုပ်ပေးစမ်းပါဦး ဆက်သွယ်မှု ဧရိယာ ပြင်ပရောက် ဆက်သွယ်ရေး လူကြီးမင်းအပေါင်းတို့ရယ်...

Anonymous said...

ဟားဟားဟားးးးးးးးးးး
ရေရေလေလေမိုက်တယ်ဗျာ အင်ဘာတဲ.
Gtalk.Vzo.Skyp ကိုဘဲလူချင်းတူအောင်လုပ်ပါဦးတဲ့
အားလုံထဲမှာ ဒီစကားလုံးကို အကြိုက်ဆုံးဘဲ,.
ဟားးဟားဟားဟားဟား

Anonymous said...

ဟားဟားဟား
ရေရေလေလေမိုက်တယ်ကွာ ဘာတဲ့
Gtalk . Vzo . skype ကိုဘဲ လူချင်းတူအောင်လုပ်ပါအုံး
အားလုံးထဲမှာဒီစကားလုံကိုအကြိုက်ဆုံးဘဲ
ဟားဟားဟားဟားဟားဟားဟားဟား

ဘကြီးမောင် said...

အမလေး.... မဟားဒယားကြီးကို ကျေးဇူးတင်ဖို့ကောင်းနေပြီ..အရင်တုန်းက ၁၅ သိန်းနဲ့ ခပ်တည်တည်လုပ်စားခဲ့တဲ့ 09 ××××××× ဖုန်းတွေကိုတော့ စားပြီး နားမလည်..၀ါးပြီးပြန်ထွေး လုပ်လိုက်ပြီပေါ့ MPT ....ဘာနဲ့ မှ မမြူဆွယ်နဲ့ နင်တို့လောက်တော့ ပုဇွန်တောင်ဈေးရှေ့က ××××× တွေလည်း လုပ်တတ်ပ........

ရာရာ said...

အသစ်ချပေးမယ့်မိုဘိုင်းဖုန်းမှာ " လူကြီးမင်းခေါ်ဆိုသော...." ဆိုတဲ့ အသံကို မြန်မာဘာသာအပြင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း...တိုင်းရင်းသားဘာသာအားလုံးနဲ့ကြားနိုင်အောင် လုပ်ပေးမယ်ဆိုပဲ...အင်း...စိတ်ဝင်စားစရာတော့ကောင်းနေပြီ။ တစ်ခုသတိထားမိတယ်ဗျ...အဲ့ဒီ လူကြီးမင်းခေါ်ဆိုသောဆိုတဲ့ အသံပိုင်ရှင်အကြောင်းပါပဲ....သူ့ခမျာ ဘုမသိဘမသိနဲ့ အဆဲခံရဆုံးလူထဲမှာ ထိတ်ဆုံးကပါနေပါတယ်။ မေတ္တာတုံးကြီးဘိုးသန်းရွှေထက်တောင် အဆဲခံရဦးမှာပါပဲ...။ ကျွန်တော်ပြောရဲတယ်...မိုဘိုင်းဖုန်းသုံးတဲ့သူတိုင်းသူ့အသံကြားတာနဲ့ မဆဲဖူးတဲ့သူရှိမယ်ကိုမထင်ပါဘူး.....ဒါ့ကြောင့်..ဒီစာသားလေးအသံသွင်းချင်လို့ပါဆိုရင် ဝေးဝေးသာပြေးကြဗျို့.....

မြတ်စန္ဒာ said...

အမှန်အတိုင်း ပြောရရင် မြန်မာ့ဆက်သွယ်ရေးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အထင်မကြီးတာပါ....

Powered by Blogger.