Missed Calls တစ်ကြိမ် ကျပ် ၃၀၀ နုတ်သည်ဟူသော
သတင်းမှာမှန်ကန်မှုမရှိကြောင်း CDMA 800(09-73f×××)
ဖုန်းသုံးစွဲသူများအနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း
မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA 450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့်ဖြတ်တော်မှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရ သည်။ "Missed Calls တစ်ခါခေါ် ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေ ကို စစ်ပြီးတော့ Missed Calls တစ်ခါခေါ်ကြည်တော့မှ တကယ်ကိုကျပ် ၃၀၀ ဖြတ်ထားတာတွေ့ရတယ်" ဟု ဖုန်းအသုံးပြုသူ မသူသူက ပြောသည်။ အဆိုပါငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ "Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချောမှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ် ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါ ပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါ တယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ အဆိုပါ ဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ် ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရသည်။
ပန်းသတင်းဂျာနယ်
ထိုသို့ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA 450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့်ဖြတ်တော်မှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရ သည်။ "Missed Calls တစ်ခါခေါ် ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေ ကို စစ်ပြီးတော့ Missed Calls တစ်ခါခေါ်ကြည်တော့မှ တကယ်ကိုကျပ် ၃၀၀ ဖြတ်ထားတာတွေ့ရတယ်" ဟု ဖုန်းအသုံးပြုသူ မသူသူက ပြောသည်။ အဆိုပါငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ "Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချောမှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ် ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါ ပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါ တယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ အဆိုပါ ဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ် ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရသည်။
ပန်းသတင်းဂျာနယ်
Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း
Reviewed by သစ်ထူးလွင်
on
05:37
Rating:
30 comments:
ခွီးတဲ့မှပဲ ပြန်ခေါ်မှ ပိုက်ဆံပြန်ရမယ်ဆိုတော့ မင်းတို့ဟာက ဟုတ်သေးရဲ့လား။ စားသုံးသူအကုန်လုံး ထိခိုက်နစ်နာတာကို ရူးချင်ယောင်ဆောင်နေပြီး ကြိတ်ဖြေရှင်းပြီးခါမှ ဒီသတင်းမမှန်ပါဘူးဆိုတော့ မင်းတို့ဆက်သွယ်ရေးလောက်အောက်တန်းကျတာ ကမ္ဘာမှာရှိသေးရဲ့လား။
Repeater ကိစ္စ ပေါ်ပေါ်တင်တင် ကြေငြာသလို မှားယွင်းချို့ယွင်းချက်ရှိရင်လည်း ပေါ်ပေါ်တင်တင်ကြေငြာအသိပေးပါလားကွ။ ဆက်သွယ်ရေးလုပ်နေပြီး ဆက်သွယ်ရေးပစ္စည်းနဲ့ကွန်ယက်ကို ဒီလောက်မှအသုံးမချနိုင်ဘူးလား။
ပုဂ္ဂလိကဆိုထားတော့ အစိုးရကိုတိုင်လို့ရတယ်။ အစိုးရပိုင်အဖွဲ့အစည်းက ဒီလို Quality နဲ့ဆိုတော့ ..
ခွီးတဲ့မှပဲ။
ဟီး..... လူမိသွားလို့ (MPT 420MHz)
ကြားရမှဖြင့် အဆန်းကြီးပဲ...လေတာပေါ့....
THAT IS NOT ACCEPTABLE.
အဲဒီကိစ္စတကယ်ဖြစ်ခဲ့တာပါ။ ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးပါပြီ။
မသိမသာခိုးပြီးလူမိမှ မဟုတ်ဘူးလေးပါလေးနဲ့။
နိုင်ငံခြားကနေ မြန်မာပြည်ကို ခေါ်ရင်လည်း ဖုန်းခေါ်သံကြားပြီး မကိုင်ပေမယ့် ( miss call) ဖုန်းထဲက ငွေရော့သွားတာလည်း ကိုယ်တွေ့တွေ အများကြီးပါ။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတကာက အ၀င် (miss call) ဖြစ်တာတွေမှာ လုပ်စားနေတာ ကြာလှပေါ့
နိုင်ငံခြားကနေ မြန်မာပြည်ကို ခေါ်ရင်လည်း ဖုန်းခေါ်သံကြားပြီး မကိုင်ပေမယ့် ( miss call) ဖုန်းထဲက ငွေရော့သွားတာလည်း ကိုယ်တွေ့တွေ အများကြီးပါ။ မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတကာက အ၀င် (miss call) ဖြစ်တာတွေမှာ လုပ်စားနေတာ ကြာလှပေါ့
How is their Technology ???
How is their Engineers ???
How is their Taking Care to people ???
They just want to get Money from people...
They Do Not Want To Care People...
That is.......
ဟုတ်ပါ့ဗျာ..လူတွေ ကို ငတုံး တွေအောက်မေ့နေကြလား မသိဘူး....အမြီးကျက် အမြီးစား..ခေါင်း ကျက် ခေါင်းစား တွေ လုပ်တာ ရပ်သင့်ပြီလို့ထင်ပါတယ်..ရှက်ဖို့လည်း ကောင်းပါတယ်.. တခါမှ မကြားဖူးဘူး..miss call ခေါ်ရင် ပိုက်ဆံ ဖြတ်တယ်ဆိုတာ...တော်သေးတာ ပေါ့ မှားမှန်း သိလို့....
damn!
so bad dude!
အဲဒါသူခိုးလူမိတာဗျ။ ခိုးမလို.လုပ်တန်းပေါ.ဗျာ။ဘာလို.လည်းဆိုတော.၀9*******တွေခုထိခုထိ
ခိုးနေတုန်းပေါ.ဗျာ။ဘယ်လိုခိုးလည်းဆိုတော.miss call, busy call, out of service call, no answer call တွေကို ၅၀ ကျပ်ပါဘဲ။ complaint တက်တော.လည်းserver တွေကup to date မဖြစ်လို.ပါတည်.။ခုလည်းကြည်.ပါအုန်းဗျာ prepaid system ကိုမကြိုက်သောသူရှိမည်မထင်ပါ။ လူထုရဲ.ဆန္ဒ message ကောက်သလေးဘာလေးနဲ.။အခု ၅၀၀၀ တန် ဖုန်းလုပ်ပေးမဲ့သူရှိနေတာကိုရော လူထုဆန္ဒ မတောင်းခံတော့ဘူးလားဗျာ။ လုထုရဲ့ ဘ၀တွေကို စာနာပြီးတော့ ခင်ဗျားတို့ရဲ့ သူခိုးဘ၀တွေကို စွန့်လွတ်ကြပါတော့။ ဒီကိစ္ဒ္စတွေက ဆက်သွယ်ရေးက နည်းပညာ ချို့ယွင်းခြင်းမဟုတ်ပါဘူး အင်ဂျင်နီယာတွေချို့ယွင်းနေတာပါဗျာ။ ကျွန်တော်တို့လည်း နည်းပညာနဲ့အလုပ်လုပ်နေတဲ့ programer တွေပါ။တစ်ခုခုဖြစ်ရင် နည်းပညာနဲ့ စက်ပစ္ဒ္စည်းတွေ ကိုဘဲလွဲချနေတာ ပညာသည်တွေအလုပ် မဟုတ်ပါဘူး။
No proactive action.
MPT should clarify once false actions are occurred.
Explanations are made when complaints come. Is it normal practice in all the government department?
What customer service department is exercising? Is MPT taking opportunity on customers?
Advise to handover all services to private except defense and home ministry once all the laws are settled.
သူတို့လိုချင်တုန်းက ယူပြီး အခုမှ ပြန်ထည့်တယ်တဲ့။ ကလေးကစားနေတာများ မှတ်နေလားမသိဘူး။ ပြည်သူက COMPLAINT တက်တော့မှ စက်ကပျက်တယ်လာပြောတယ်။ ဘယ်သူမှမပြော့ရင် အဲဒီ နုတ်ထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်မလဲ။ ပြောရတာတောင် ကျက်သရေကို တုန်းတယ်။
"""""အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ '"""""
အဲဒါပေါ့လွယ်လိုက်တာ...သူတို့ပြန်ဖြည့်တာ ပိုက်ဆံမှမဟုတ်တာ...Server မှာ keyboard ကနေ ဂဏန်းလေးရိုက်ထည့်ပေးရတာကို...တကယ်ဆိုမြန်မာမှာ မြန်မာ့ဆက်သွယ်ရေးတစ်ခုတည်းရှိတော့ ... မြန်မာပြည်အတွင်း ဖုန်းအချင်းချင်းခေါ်တာကို ... တခြားအိမ်နီးချင်းနိုင်ငံတွေလို day free / night free ဆိုပြီး ၁ လကိုဘယ်လောက်ဆိုပြီးတော့ဝန်ဆောင်မှု့ပေးသင့်တယ်....အခုတော့.........
ဆာဗာကလဲအမြဲလွဲချော်နေတာဘဲလား...ပြည်တွင်းမှာတော့အခြုဖတ်၊
မဖြတ်မသိဘူး..ပြည်ပကခေါ်လိုက်ရင်တဖက်ကဖုန်းမကိုင်ဘဲနဲ့ကဒ်ထဲကငွေ
ကုန်ကုန်သွားတာဘဲ..မနေ့ကရန်ကုန်ခေါ်တာအကြာကြီးခေါ်မှလိုင်းဝင်တယ်..
တဖက်ကဖုန်းးကိုင်ပြီးသုံးမိနစ်လောက်ဘဲေ ပြာရသေး..ခုနစ်ဒေါ်လာတန်
ကဒ်ကကုန်သွားရော..ကြာရင်ဖုန်းဖိုးနဲ့မွဲနိုင်တယ်..။
သြော်......မြန်မာပြည်.........မြန်မာပြည်................
စက်ကြောင့် မှားရတာနဲ့ လူကြောင့် မှားရတာနဲ့ မှားလည်း မှားနိုင်လွန်းတယ်နော်၊
လူမိရင်တယ် မှားတယ်ဆိုတဲ့အဖြေရမှာပေါ့၊ လူမမိရင်တော့ ငြိမ်နေကြဦးမှာ သေချာတယ်။
လိုက်ကိုမမီနိုင်လောက်အောင် နားမလည်နိုင်တော့လို့ တစ်ခွန်းတည်းပြောလိုက်မယ်...စိတ်ကုန်တယ်...
မှားတဲ့အခါလည်း များပေဦးမှာပေါ့ ဟားဟား တစ်ခါမှ မမှန်ဘူးတဲ့ မြန်မာ့ ဆက်သွယ်ရေးတဲ့ကွ
သြော် .... မြန်မာ့ဆက်သွယ်ရေး။
ဒီလို လူမိသွားပြန်တော့လည်း ရှက်ရကောင်းမှန်းမသိ။
ဗြောင်လိမ်တယ်။
ဆာဗာ မမှားပါ။ ဆာဗာ အရမ်းတိကျ လို.miss call ကို ပြန်ခေါ်ရင် ဖြတ်ထားတဲ့ ၃၀၀
ပြန်ဝင်တာပေါ့။ဆာဗာ က သူ.ကခိုင်းထားတဲ.အတိုင်း လုပ်တာပါ။
သူခိုးတွေ.....သူခိုးတွေ....ခိုးခဲ့လွန်းလို့နိုင်ငံတော်အကြွေး...ဒေါ်လာသန်းပေါင်း(11000)ကျော်ပါတဲ့.....
အခု ပြန်ထွက်နေတဲ့ FEC 20 တန် ကဒ်တွေကိုလည်း .......တစ်ဆိုင်နဲ့ တစ်ဆိုင် ဈေးမတူဘူး......မှတ်ပုံတင်ပြဝယ်ရတဲ့ ဆိုင်နဲ့ ....မြန်မာငွေ နဲ့ ဆိုရင် ၁၉၀၀၀ ၊ ၂၀၀၀၀ ကျပ်လောက် ပေးဝယ်နေရတယ်........သူတို့ က ပြောတော့ တဆင့် ပြန်ယူရောင်းရတာမို့လို့ပါတဲ့..အဲ့ဒါ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ......
မြန်မာတွေညံ့တယ်ထင်နေတာ..ဘယ်ဟုတ်မလဲ..တော်တော်ဥာဏ်ကောင်း
တာပဲ..ဒါပေမယ့်ကောင်းတဲ့မှာကောင်းတာမဟုတ်ဘူး မကောင်းတဲ့ဘက်မှာပါ.
မောင်ဆက်သွယ်ရေး crazy,crazy,crazy,crazy မေ-ေ-း
သူတို့ ခိုးချင်တိုင်းခိုးလို့ရအောင် prepaid စံနစ်ကို အတင်းပြောင်းခိုင်းနေတယ်၊ ခိုးတာသိသွားလို့ပေါ့ မသိလို့ကတော့ ဘယ်အထိဆက်ခိုးနေကြမလဲ မသိဘူး၊ တစ်ကယ်ဆို server ကြောင့် ဖြစ်ဲပြီဆိုကတည်းက သုံးစွဲသူကို အကြောင်းကြားရမှာပေါ့၊ လူမိတော့မှ အရှက်မရှိ ပြောနေတယ်၊ ရှက်တက်ရင် သေသင့်တာကြာပြီ၊ ဒီလိုစိတ်ဓါတ်နဲ့ ခောတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူတောင်မလို့တဲ့ အရပ်ကတို့ရေ။
ဖာတစ်လုံးဂေါင်းကြားလို သာအော်လိုက်ချင်တော့တယ်...အို...အသင်လောက...ခုမှပဲကြားဖူးတော့တယ်....မစ္စခေါ ကို သုံးရာကျပ်တဲ့...။ အင်း...ဖုန်းဘီလ်တက်မှာစိုးလို့ မစ္စခေါ ပေးပေးပြီးခေါ်တတ်တဲ့ ကောင်တွေတော့ ထိပြီဟ....
လန်ကျောက်တဲ့ဗျာ..
ခိုးနေတုန်းပါ။ဘယ်လိုခိုးလည်းဆိုတော.miss call, busy call, out of service call, no answer call တွေကို ၅၀ ကျပ်ပါဘဲ။
ဖုန်းအခိုးခံရလို့simကဒ်အသစ်လျောက်ထားကဒ်ခ-၅၀၀၀၀။ပေးသွင်းရမည်ပြော
ရဲစခန်းထောက်ခံချက်ပါရမည်ဆိုကာထောက်ခံချက်ယူပေးရသေး။အားလုံး၇၀၀၀၀ ကျသွားပါတယ်။၂ပတ်ပြည့်ရင်ကဒ်ရမည်ပြောသော်လည်းဒီနေ့၂ပတ်ကျော်ထိကဒ်မရသေးပါ။ဘယ်တိုင်းပြည်မှဒီအခြေအနေမျိုးမရှိပါ။မိမိမလုပ်နိုင်ရင်တခြားလုပ်ပေးသူတွေပေးလိုက်ပေါ့။မြန်မာ့ဆက်သွယ်ရေး(ရွှေဂုံတိုင်)လုပ်ပုံများတော်ဆိုးဝါးနေပါလား။ဘယ်လိုမှပြောင်းမှာလဲ
Alright, may I know SPDC mobile numbers to call, I can make miss-calls to their numbers, let's see how much they can pay the bills hahaha.
Post a Comment