မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲတော် MCC ၌ ကျင်းပ

ယနေ့ညနေ၄နာရီမှ၈နာရီ မြန်မာကွန်ဗင်းရှင်းစင်တာဝင်းအတွင်း ပဉ္စမအကြိမ် အနုပညာရှင်များ၏ မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပနေစဉ်။ အဆိုပါဈေးရောင်းပွဲကို ဇော်ဝင်းထွဋ်၏သမီး ချန်ချန်က ဦးစီး၍  ကျင်းပလာခဲ့ခြင်းဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်က ဇာဘော်လီရောင်းပြီး  ဘန်နီဖြိုးကအမျိုးသမီးဝတ်ည၀တ်ကအကျီ င်္ ရောင်းကာ၊ သူထူးစံက ဘူးသီးကြော်၊ ဖွေးဖွေးက အစိမ်းစားဆူရှီ၊ ငယ်ငယ်က အာလူးပူရီစသဖြင့် အသီးသီးဈေးရောင်းနေကြသည်ကို တွေ့ရသည်။ လာရောက်သောပရိသတ်အများစုမှာ ဈေးဝယ်ရန်ထက် အမှတ်တရလက်မှတ်ရေးထိုးရန်နှင့် ဓာတ်ပုံရိုက်ရန် အာရုံရောက်နေကြသည်ကိုလည်း တွေ့ရသည်။ သို့သော် ညနေစောင်းလာသည်နှင့်အမျှ ဈေးဝယ်သူ ပိုများလာကြောင်းလည်း ဈေးရောင်းပွဲသို့ သွားရောက်သတင်းရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဓာတ်ပုံများ-ဝေယံ










7Day News Journal
မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲတော် MCC ၌ ကျင်းပ မိဘမဲ့ကလေးများ ရန်ပုံငွေဈေးရောင်းပွဲတော် MCC ၌ ကျင်းပ Reviewed by သစ်ထူးလွင် on 20:53 Rating: 5

1 comment:

Anonymous said...

Rocker ကြီးက လန်းတုန်းပဲ

Powered by Blogger.