Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ

Maxဆီဆိုင်
ဖေဖော်ဝါရီလ ၁၆ရက်နေ့ ရန်ကုန်မြို့တွင်ဖွင့်လှစ်ရောင်းချနေသည့် Max’s ဆီဆိုင်များထံမှလိုက်လံ၍ ငွေသိမ်းသည့်ကားပေါ်မှ ငွေသိန်းပေါင်း ၃၂၅သိန်းပါအထုပ်တစ်ထုပ်အား လုယူထွက်ပြေးသွားသည့် လုယက်မှုတစ်ခု သိမ်ဖြူမီးပွိုင့်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အဲဒီကားက မက်စ်ဆီဆိုင်တွေကနေ ငွေလိုက်သိမ်းတဲ့ကားလို့တော့ ပြောသံကြားရတယ်။ အလုံဘက်ကနေပတ်ပြီး ငွေလိုက်သိမ်းပြီး ပြန်လာတာလို့ ကြားတယ်။ သိမ်ဖြူမီးပွိုင့်မှာ မီးပွိုင့်မိလို့ ရပ်နေတာ။ အဲဒါကို မီးပွိုင့်လမ်းဆုံမှာ ရပ်စောင့်နေတဲ့ လူနှစ်ယောက်က အနောက်မှာ ထားထားတဲ့ ငွေထုတ်ကို ယူပြီးပြေးသွားတာ။ သူတို့က ကားမပါဘူး။ တက္ကစီငှားပြီး ထွက်ပြေးသွားတာ။ ယူပြေးသွားတာကို ငွေသိမ်းတဲ့ကားပေါ်က လူ သုံးယောက်လုံးက မသိဘူး။ နောက်ကနေ ကျော်တတ်လာတဲ့ကားက လူပြောတော့မှ သိရတာ။ ပိုက်ဆံပမာဏကတော့ တော်တော်များတယ် ထင်တယ်။ သူတို့ ပြောတာကြားရတာတော့ သိန်းပေါင်း ၃၂၅သိန်းလို့ကြားတယ်”ဟု ယင်းဖြစ်စဉ်အား မြင်တွေ့လိုက်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ Max’s ဆီဆိုင်များမှ လိုက်လံ၍ ပိုက်ဆံသိမ်းသောကားသည် Light Truck ကားအမျိုးအစားဖြစ်ပြီး ရှေ့ခန်းတွင်သာ လူသုံးယောက် ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် လုယက်ရန်အတွက် အစီအစဉ်ချထားသည့် လူနှစ်ယောက်သည် နောက်မှ ငွေကျပ်သိန်းပေါင်း ၃၂၅သိန်းပါ ပိုက်ဆံထုတ် တစ်ထုပ်အားယူ၍ တက္ကစီတစ်စီးဖြင့် ထွက်ပြေးသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုလုယက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများက တက္ကစီသမားနှင့် တွေ့ဆုံမေးမြန်းရာ တက္ကစီသမားမှ ထိုလုယက်မှု ပြုလုပ်ခဲ့သည့် လူနှစ်ယောက်၏ ပုံပန်းသဏ္ဍာန်အား ပြောပြခဲ့ပြီး သုဝဏ္ဍတွင်ဆင်းသွားခဲ့ကြောင်း ပြောကြားသောကြောင့် တာဝန်ရှိသူများမှ ထိုလူများ၏ ရုပ်ပုံအားပန်းချီဆွဲ၍ ယင်းအမှုအား ဆောင်ရွက်ဖော်ထုတ်နေပြီဖြစ်ပြီး ယင်းကဲ့သို့ လုယက်မှုဖြစ်ပွားရခြင်းမှာ အတွင်းလူတစ်ယောက်နှင့် ပေါင်း၍ အစောကတည်းမှ အစီအစဉ်ချ၍ လုပ်တာဖြစ်မည်ဟု Max ဓာတ်ဆီဆိုင်မှ ဝန်ထမ်းတစ်ဦးမှ ပြောကြားသည်။
ATM
Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ Reviewed by သစ်ထူးလွင် on 07:34 Rating: 5

14 comments:

Myo Chit Thu said...

ဒီဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အရေးကြီးသော လမ်းဆုံလမ်းခွများတွင် CCTV ကင်မရာတပ်ဆင်သင့်နေပါပြီ။ လွန်ခဲ့တဲ့ ၁လလောက်က ကျွန်တော့်မိတ်ဆွေတစ်ဦး ပစ်စည်းဖိုးများပေးချေရန် တက်စီ တစ်စီးစီးပြီး ကုမ်ပဏီကို သွားပါတယ် ။ ပိုက်ဆံ သိန်း ၁၀၀၀ ကျော်နဲ့ လူနှစ်ယောက်စီးသွား တာ အဆင်းမှာ ရှေ့လူ က သူ့ဘေးမှာထားတဲ့ သိန်း ၂၀၀ ကျော် အထုပ်ကို မချမိပဲ နောက်ဖုန်းထဲ က ဟာကိုဝိုင်းချပေးရင်းမေ့ကျန်ခဲ့တာ လုံးဝပြန်မရတော့ပါဘူး။ ကျွန်တော့်ကိုပြောပြတော့် သူတို့ က အထင်ကရမီးပွိုင့် ၂ ခုကိုဖြတ်ပါတယ် ဦးဝိစာရမီးပွိုင့်နဲ့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မီးပွိုင့်ပါ။ သူတို့ကတက်ဆီနံပါတ်မမှတ်မိတဲ့အတွက် အဲ့ဒီမီပွိုင့်တွေမှာ ကင်မရာတပ်ထားရင် အချိန်နဲ့ပြန်လိုက်ရင် တက်ဆီနံပါတ်တော့ သိရမယ်လို့ ကျွန်တော်အကြံပေးလိုက်ပါတယ်။ မီးပွိုင့်တွေမှာ စည်းကမ်းမဲ့ယာဉ် ဖမ်းဖို့ ကင်မရာတပ် တယ် လို့ ကြားမိလို့ပါ။ ဒါပေမယ့် သူတို့သွားမေးကြည့်တော့ ကင်မရာမရှိပါဘူးတဲ့ဗျာ။ သူတို့လည်း ရဲတိုင်ပါတိုင်နဲ့တော့ လုပ်ကြတာပဲ။ ဒါပေမယ့် ပြန်မရပါဘူးဗျာ။ ရဲတွေကတော့ ကူညီပေးရှာပါတယ်။ ဒါပေမယ့် ကားနံပါတ် မမှတ်မိတော့
ရှာမရတော့ဘူး။ တက်ဆီသမားကလည်း ငတိုပဲနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တက်ဆီကိုငှားတာကလမ်းကနေဖြတ်ငှားတာမဟုတ်ဘူး။ အိမ်ကနေငှားတာ
ပိုက်ဆံပြန်လာပေးမယ်ဆိုပေးလို့ရရဲ့သားနဲ့။ ကျွန်တော်ဆိုလိုချင်တာကတော့
လူစည်းကားရာလမ်းတွေမှာ လုံခြုံရေးကင်မရာတပ်သင့်နေပါပြီဗျာ။

Anonymous said...

သောက်ကျိုးနဲ ကိုယ့်ကားပေါ်က ငွေ ယူသွားတာတောင်မသိဘူး။ ဘယ်လိုကြီးလဲဟ

မီဒီယာ said...

အော်..MAX...MAX..ယူသွားတော့လည်းပေးလိုက်ပေါ့ကွာ..မင်းအကောင်ကြီးက တတ်နှိင်ပါတယ်..ပါးပါးလေးပါ..။

TTMY said...

ဒီကားပေါ်မှာပိုက်ဆံဘယ်လောက်ပါမယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲ
ဒီလောက်ငွေအများကြီးသယ်လာပီးမှဘာဖြစ်လို့အနောက်မှာလူမထိုင်ဘဲလိုက်
လာရတာလဲ
ပေါ်အောင်စစ်နိုင်မယ်လို့ရောထင်ပါသလား

Anonymous said...

သိန်းရာပေါင်းအများကြီးပါတဲ့ငွေထုတ်တွေနောက်ခန်းမှာထားတယ်။ ယာဉ်မောင်းအပြင် လူ၂ယောက်လဲပါတယ်။ ၀န်ထမ်းအားလုံး ရှေ့ခန်းမှာစီးတယ်။ ဘာဖြစ်လို့လဲ။
ရှင်းရှင်းလေးပါ။ ကားနောက်ခန်းကငွေထုတ်ကို တက်ယူနိုင်အောင်လို့ ဟ ထားပေးတာပါ။ ပြီးတော့ ကျွန်တော်တို့ရှေ့မှာထိုင်နေလို့ မသိပါဘူးခင်ဗျာ လို့ပြော - - - ပြီးရော ...... လား။ အဲဒီ၃ယောက်ကိုသာစစ်၊ ပေါ်မှာပါ။

ဘကြီးမောင် said...

ကိုဇော်ဇော်... မယ်လိုဒီနဲ့ ဂျင်းနီကို အမ်းသလောက်ပါသွားတာပါ ... ဒါပေမယ့် မကောင်းပါဘူး... တရားဥပဒေစိုးမိုးရေးဆိုတာ NLD ဟောပြောပွဲ၊အဆိုတော် ရဲ့ Stage Show တွေကို လိုက်ပိတ်၊ လိုက်တားတဲ့နေရာတွေမှာပဲသုံးတာလားဆိုတာ သိပါစေ.....

tharzaw said...

CCTV တပ်သင့်တာတော့ အမှန်ပဲဗျို့။

ကျော်ထိုက် said...

ပါတာတောင် နည်းသေးတယ်......ဦးဇော်ဇော် သင့်ရဲ့လုပ်ရက် တွေက သင့် ကို ပြန် အကျိုးပေးနေပါပြီခင်ဗျာ..ဟဟ

Solomon said...

how can he lift that amount of money bag??? Really Heavy weight !!!! it's impossible all are 5000 Ks/- ..Maybe 500 , 1000 Ks/- ...impossible news, i think

tarteegyi said...

ROBBER VS ALIBABAR

မြတ်နိုး said...

ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်
မကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်

Black666 said...

RAM ပြောတာဖြစ်နိုင်ပါတယ်. ကိုယ့်ကားပေါ်လူတက်တာတောင်မသိဘူးလား။ ဒင်းတို့သုံးယောက်လုံးကိုသာမေးပါ။ သူတို့ဘဲသေချာတယ်။

soecyclone said...

အင်း...'အ'တဲ့သူခံဆိုတာဒါမျိုလားမသိဘူးနော်...

waiwaimonn said...

အင်း ကောင်းလေစွ .......ကောင်းလေစွ

Powered by Blogger.