MAIလေကြောင်းလိုင်းအား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်စာကြောင့် ရန်ကုန်ရှိ ကုလ၀န်ထမ်းများအကြား သတိပေးချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၂
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း( MAI) အား ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ တို့ တွင် ဗုံးခွဲရန် ခြိမ်းခြောက် သတိပေးစာပို့ ခံရမှုကြောင့် ရန်ကုန်ရှိ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများနှင့် သံရုံးများအကြား ဖေဖော်ဝါရီလ ၇ ရက်နေ့ ကသတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။ "Son of Allah" အလာရဲ့ သား လို့ အမည်ပေးထားတဲ့ အစွန်းရောက်အဖွဲ့ တခုက MAI ကို ပေးပို့ တဲ့ ဒီစာမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ဂရက် နေ့ တို့ မှာ ရန်ကုန်ကနေ ပျံသန်းမယ့် MAI ရဲ့ ညနေပိုင်း လေကြောင်းခရီးစဉ် တခုခု အပေါ်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ပါရှိကြောင်း သတိပေးစာတွေ ထဲမှာ ဖော်ပြထားပါတယ်။ ဒီစာကို ဘယ်သူဘယ်ဝါတွေကပို့ တယ်၊အစစ်အမှန်လား၊ခြိမ်းခြောက်မှု သက်သက်လား စတာတွေကို သေချာမသိသေးပေမယ့် ၀န်ထမ်းတွေအနေနဲ့ အဲဒီနေ့ တွေမှာ ပျံသန်းမယ့် လေကြောင်းလိုင်းတွေကို ရှောင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။ ဒီအသိပေးချက်ကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကနေ စတင်ရရှိခဲ့တာဖြစ်ပြီး ကုလ၀န်ထမ်းတွေ အတွင်းကြားမှာပဲ အသိပေးထားတာ ဖြစ်တယ်လို့ ရန်ကုန်ရှိ ကုလ၀န်ထမ်းတဦးက ပြောပါတယ်။ ဘန်ကောက်ရှိ MAI လေကြောင်းရုံးကို မေးမြန်းကြည့်ရာမှာတော့ အခုလို သတင်းနဲ့  အသိပေးချက်တွေကို မဟုတ်ကြောင်း ပြောဆိုပါတယ်။ရန်ကုန်ကလုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းတွေဆီကလည်း အခုလို ခြိမ်းခြောက် စာနဲ့ ပက်သက်လို့ အသိပေး ထုတ်ပြန်ချက်တွေ မတွေ့ ရသေးပါဘူး။ ၁၉၅၀ က စတင်ပျံသန်းခဲ့တဲ့ MAI လေကြောင်းလိုင်း ရဲ့ ပြည်တွင်းခရီးစဉ် တချို့ မှာ အရေးပေါ်ဆင်းသက်ရမှုနဲ့ ထိခိုက်ပျက်စီးရမှုတွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာပေါ်မှာတော့ ရာနှုန်းပြည့် ထိခိုက်မှုမရှိ ခဲ့ဘဲ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းဖြစ်နေသေးကြောင်း ဖော်ပြထားပါတယ်။
ဘားမားဗီဂျေ

Reviewed by သစ်ထူးလွင်
on
19:24
Rating:
9 comments:
တကယ်လားဗျာ နောက်၇ဘူးနော်။ ။
It's not a "Humanitarian Work". So stupid action.We condemned on this work. But please take great with care. "May God protect to all the passengers and all crews ".
(Sai Kum Lake) Aeronautical Engineer,Zurich Airport. God will save you all Pal!
မနောက်နဲ့ဟာ တကယ်လဲမလုပ်ပါနဲ့ဟာ
စာပို့သည့်အဆင့်ကိုမှတ်ချက်ပေးရန်စောသေးသော်လည်း
မြန်မာ့မြေ မြန်မာ့ရေ အချုပ်အချာပိုင်နက်ကိုထိပါးလာသော
မည်သည့်အဖွဲ့အစည်းကိုမဆိုအပြီးတိုင်ချေမှုန်းခံရမည်ဖြစ်ကြောင်း
အသိပေးအပ်သည်
သတ္တိရှိလျှင်မြန်မာတိုင်းရင်းသားလက်နက်ကိုင်များကဲ့သို့အစိုးရကိုဗြောင်စိန် ခေါ်၍လက်နက်ကိုင်ပြီးတိုက်
မြန်မာတို့သည်အရေးကြီးလျှင်သွေးစည်းကြောင်းသိစေအပ်သည်
ဟုတ် ချင် မှ လည်း ဟုတ်မယ် MAI က ပုဂ္ဂလိ က ပိုင် ဖြစ် သွားတော့စီး ပွားရေး အရ ထိုးနက် ချင်တာ ဖြစ်နိုင်သည်။ အရင်တုံး က တော့လက်နက် ကိုင် တိုင်းရင်းသားအ ဖွဲ့ အ စည်း တ ခု ခု ကို ရိုးချ လေ့ ရှိ သည်။ အခု ထို ကဲ့ သို့ လုပ်မရ သော ကြောင့် တစ်ခါ မှ မကြား ဘူး တဲ့နာ မည် နဲ့ လုပ် လာ ပြန် ပီ။လူ တိုင်း လုပ် နိုင် ပါသည်။အား လုံး သတိ နဲ့ ဝေ ဖန် ပိုင်းခြား စေ လို ပါ သည်။
IT'S A JOKE ! WHO WANT TO GIVE ADVANCE NOTICE IF THEY REALLY WANT TO BOMB THE AIR LINE ? IT'S JUST A POLITICAL TRICK OR THE BUSINESS TRICK.
VERY OBVIOUS THAT IT'S DONE BY EITHER MILITARY OR KYAUNT-FOOK TO MAKE PEOPLE SCARE AND AS THE WAY DONE BY THE Ma-Sa-La DURING THEIR TIME. ANYWAY IT'S JUST A FOOL'S PRANK.
ဒီသတင်းကမဖြစ်နိုင်ပါဘူးဗျာယုတ်တိမရှိတဲ့ရေးသားချက်တွေနဲ့
ယုတ်တိမရှိတဲ့အကြောင်းအရာတွေကများနေပါတယ်။ဒီသတင်း
ဟာဖန်တီးထားမှုတွေအလွန်များနေပါတယ်။အစ္စလာမ်ဘာသာဝင်
တွေကိုစော်ကားချင်လို့ဆိုတဲ့ရည်ရွယ်ချက်ကများနေတယ်။ဘာ့ကြောင့်လဲဆိုရင်အစ္စလာမ်ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ထဲမှာALLAHမှာ
သားတော်ဆိုတာရှိမှမရှိတာ။စဉ်းစားဆင်ခြင်တတ်ပါစေ။
အမလေး နော် ကြောက်လိုက်တာ ....
သားသားတို့ ဆင်းရဲသားတွေ လေယာဉ်ကွင်းသွားဖို့ ကားခမရှိဘူး။ လေယာဉ်ပျံ ကို ရပ်ကွက်ထဲက လ္ဘက်ရည်ဆိုင်မှာ နိုင်ငံခြားကားတွေမှာဘဲ မြင်ဖူးပါတယ်။ ညီလေးတွေ ကိုတော့ လူကြီးတွေ ပြောသလို လေယာဉ်ပျံတို့ ကွန်ပျူတာတို့ ဆိုတာ စားစရာ မဟုတ်တာ သိအောင် လက်ဆင့်ကမ်း သင်တန်းပေးရတယ်။ အခုတော့ မီးရထားလည်းမစီး နိုင်တော့ပါဘူး။
Post a Comment