ကြံ့ဖွံ့ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် တားမြစ်လိုက်ပြီ
ကြံ့ဖွံ့ ဦးအောင်သောင်း ၏ သား ဦးနေအောင် |
KIO/KIA
အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်နေသည့် တောင်သာမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ
ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်၍
ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ
တားမြစ်လိုက်ကြောင်း သိရသည်။
“ကျွန်တော်တို့လဲ မသိဘူးဗျ။ စာထွက်လာမှ ကျွန်တော်တို့လုပ်နေတာကို ရပ်ပစ်လိုက်ရမယ်လို့သိတာ” ဟု IGE ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးမှ ဆို သည်။
မတ်လတွင်
ကျပ်ငွေသုံးသိန်းအောက်တန်ဖိုးရှိ GSM network အမျိုးအစား
မိုဘိုင်းဖုန်းများအား အများပြည်သူထံ ရောင်းချပေးမည်ဖြစ်ကာ၊ ယင်း GSM
network တည်ဆောက်ခြင်းအား ခရိုနီကုမ္ပဏီများဖြစ်သည့် Elite, Asia Mega Link,
IGE, Cyber net အစရှိသည့် ကုမ္ပဏီခြောက်ခုမှ ကန် ထရိုက် ရရှိထားသည်။
“သူ့နေရာကို
ဘယ်သူအစားထိုးမယ်မသိဘူး။ ကျွန်တော်တို့တော့ ထပ်ပြီး
မမြှပ်နှံနိုင်တော့ဘူး” ဟု Elite ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတစ်ဦးက
ဆိုသည်။
တပ်မတော်အစိုးရလက်ထက်က
အဆင့်မြင့်အရာရှိကြီးများ၏ ကျောထောက်နောက်ခံရှိသည်။ ခရိုနီကုမ္ပဏီ
အချို့သည် အစိုးရသစ် လက်ထက် တွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်ရန်
အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။
KS
ကြံ့ဖွံ့ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် တားမြစ်လိုက်ပြီ
Reviewed by သစ်ထူးလွင်
on
02:51
Rating:
28 comments:
စပ်ဖြဲဖြဲကြည့်မနေနဲ့ ပါးဖျတ်ရိုက်လိုက်မယ်။ ဒါ ဟိုအရင်စစ်အစိုးရမဟုတ်ဘူး။ အခုလုပ်နေတာ သန့်ရှင်းတဲ့ ကောင်းမွန်တဲ့ အစိုးရကွ။ ကြပ်ကြပ်သတိထား။
welcome
good news
very very good.....!
ွှုIGE က တမင်သက်သက် အရပ်ခံရအောင် လုပ်တာလား မှ မသိတာ။
သုံးသိန်းတန် GSM တွေက သူတို့ အတွက် အရှုံးပေါ်နေတာကိုး။ ဒါကြောင့်မို့ ဂွင်ဆင်ပြီး လုပ်ငန်းရပ်ဆိုင်း လို့ရအောင်လုပ်နေတာလား မှ မသိတာ။
ရုပ်ကို က ညာပေါင်း နှင့် ပေါင်းစားဖို့ ကြံနေတဲ့ပုံ
ပနာယူ လှည့်ကွက်တွေ....၃ သိန်းတန်ဖုန်းပြည်သူ လက်မခံဘူး... ဆက်ရောင်းရင်ရှုံးမယ်...အမာခံ အောင်သောင်းလဲ အရှက်မရ အနာခံ နေအောင် လဲ မဖြစ်ရအောင် ပြည်သူကိုလဲ ပနာယူ...ဒင်းတို့ လှည့်ကွက်ရိုးနေပြီ... စုပေါင်းညီညာတဲ့ပြည်သူတွေရဲ့  အောင်ပွဲတခုထပ်ရပြီဟေ့... ရှေ့ ဆက်လက်ပြီး ကလိမ်ကကျစ် ကိုယ်ကျိုးကြည့် စီမံကိန်းမှန်သမျှ စုစုစည်းစည်းနဲ့ ဝိုင်းဝန်းတွန်းလှန်ကြပါစို့ ..
ဒါဆိုရင် ၃ သိန်းတန်ဖုန်းလည်း ပလုံသွားပြီလား...နားမလည်နိုင်တော့ဘူး။ မြန်မာနိုင်ငံက ပြည်သူတွေကတော့ ဖုန်းကိုကံခေပါတယ်....သမ္မတကြီး ကြည့်ကျက်လုပ်ပေးပါဦး ပြည်သူတွေကို....
မိဘတွေ က စစ်အာဏာရှင်အုပ်စုဝင်များ ဖြစ်ကြပြီး ယင်းမိဘတို့ လက်ဝယ်တွင် ရာထူး အာဏာ လက်နက် ပိုင်ဆိုင်ထားကြသောကြောင့် ၎င်းတို့ ၏သားသမီး ဆွေမျိုးတို့ သည် နိုင်ငံ၏အဆီအနှစ် အဓိကကျသည့် စီမံကိန်းနှင့်စီးပွားရေး လုပ်ငန်းများတွင် ကျွမ်းကျင်သည့် အရည်အချင်းမရှိဘဲ ဥုံဖွ ကုမ္ပဏီ ပိုင်ရှင်များ ဥုံဖွ လုပ်ငန်းရှင်ကြီးများ ဖြစ်နေကြပါသည် ။ ဆင်မွေးလျှင် ဆင်ဖြစ် ဆိုသကဲ့ ပြည်သူ့ အကျိုးကိုမကြည့်သော အာဏာရှင် ဆင်များကမွေးလာသော အရည်အချင်းမရှိသည့် ဆင် များသည်လဲ ဆင်မိဘများအတိုင်း ပြည်သူ့ အကျိုးကိုလုံးဝမကြည့်ကြပေ...ကိုယ်ကျိုးကိုသာကြည့်တတ်ကြပါသည်...( သာဓက။ ။ ၅၀၀၀တန်ဖုန်း ကိုပြည်သူများက တညီတညွတ်တည်းလက္ခံနေကြသောအခါ ၎င်းတို့ ၏နောက်ဆုံးပိတ် အမြတ်ကြီးစားရန်လုပ်ကိုင်နေသော ၃သိန်းတန် ဖုန်းရှုံးရတော့မည်ကိုအဖြစ်မခံလို၍ ကိုယ်ကျိုးကြည့် ကိုယ်ကျိုးကိုသာ ကာကွယ်လိုစိတ်ဖြင့် နောက်ဆုတ်လက်ရှောင်လိုက်ပြီဖြစ်ပါသည်)....... အချိန် ခဏကြာစောင့်ကြည့်ပါ ၃သိန်းတန်ဖုန်းပြည်သူကို အမြတ်ကြီးစား မလုပ်သင့်ဘူး ဆိုပြီး အာဏာရှင်အုပ်စုတို့  အသံကောင်းဟစ်ပြီး ကျောထောက်နောက်ခံမကောင်းသည့် ၎င်းတို့ နှင့်အခြေအနေအရ ဖက်စပ်လုပ်ကိုင်နေရသည့် ကုမ္ပဏီငယ် လေးများ ကို ကလိမ်ကကျစ်ဥာဏ်ဖြင့် အရေးယူပြပါလိမ့်မည်....
ဖြိုးလင်းရာ...မင်းမို့ ဒီ တန်ဖိုးနည်းပါတယ်ဆိုတဲ့သုံးသိန်းတန်ဖုန်းကို မျှော်နေတယ်လို့...ထားလိုက်စမ်းပါ...ထွက်လာလည်း ရာရာတို့ကတော့ နိုး ပဲ....
အခုကျန်နေတဲ့ ကုမ္မဏီ ၅ ခုကလဲ ခရိုနီအုပ်စုတွေပါပဲ . . . ခင်ရွှေ တို့  တေဇ တို့  ထွန်းမြင့်နိုင်တို့ အုပ်စုတွေပဲလေ ဒါတွေ အကုန် ဖြုတ်ထုတ်ရှင်းပြစ်မှ တရားမျှတမယ် . . .အရာအားလုံး ၁ ကပြန်စမှ မြန်မာပြည်သစ်ကြီး သန့် ရှင်းမယ် . . .စီးပွားရေးလောကထဲမှာ ရှိနေတဲ့ ခရိုနီ အုပ်စု စစ်အစိုးရ အထောက်အပံ့နဲ့ အခွင့်ရေးယူ လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္မဏီတွေကို အကုန် ဖြုတ် ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ပေးလုပ်လိုက်ပါ အရည်အချင်းရှိတဲ့ သူတွေ သူ့ ဟာနဲ့  အသီးသီး ထွက်ပေါ်လာပါလိမ့်မယ် . .
very good
ကောင်းတယ်..ဒါပေမဲ့.ဘာမှဖြစ်သွားမဲ့ပုံမပေါ်ဘူး..ဆင်ပိန်ကျွဲ လောက်ပဲ ဖြစ်လိမ့်မယ်.
ကျေးဇူးတင်လိုက်ပြန်ပီ သမ္မတကြီးခင်ဗျာ။ ။
All bussiness he want to occupy. Car ( Myanamr pajero , CNG , Bank )> Should stop all his companny.
လုပ်စားလို့ကို မပြီးနိုင်ကြသေးပါလား
nice...!very nice to hear it!
Bravo!
သုံးသိန်းဖုန်းပေါ်လည်း ကျနော် မ၀ယ်ပါ အများပြည်သူဝယ်မသုံးဖို့တိုက်တွန်းပါတယ်... အချိန်အကြာကြီးဖုန်းမသုံးနိုင်ပဲဒီလိုပဲနေခဲ့ရတာ ခုမှ အလောတကြီး မဖြစ်ကြပါနဲ့.... နည်းနည်းလောက် သည်းခံပေးပါ... သိပ်မကြာပါဘူး... နည်းနည်းလောက်ပါပဲ (တစ်နှစ်/နှစ်နှစ်)
ဒါဆို ဘယ်လိုဖြစ်ဖြစ် ဈေးလျှော့ရောင်းပေးရတော့မှာပါ....
MPP ! Say is Right.
I am IGE staff too , most of the comment are little bit strange for me because we don't know about this new and U Nay Aung is not so bad man like their comment . He is our boss and ,when he come to nay pyi taw ,he always have lunch ,breakfast at our dining like his staff. So i think he is not so bad like this comment .
comment ပြောချင်သူ said...
ွှုIGE က တမင်သက်သက် အရပ်ခံရအောင် လုပ်တာလား မှ မသိတာ။
သုံးသိန်းတန် GSM တွေက သူတို့ အတွက် အရှုံးပေါ်နေတာကိုး။ ဒါကြောင့်မို့ ဂွင်ဆင်ပြီး လုပ်ငန်းရပ်ဆိုင်း လို့ရအောင်လုပ်နေတာလား မှ မသိတာ။
မသိလို့ တစ်ခုမေးမယ်နော် သုံးသိန်းတန်က သူတို့ အတွက် အရှုံးပေါ်နေတာလား။ အမြတ်အများကြီး မရတော့တာလို့ ထင်ပါတယ်။ ဧရာမြေက ငွေတွေလိမ်သွားတုန်းကလဲ လူကြီးတွေ မထိခိုက်ခဲ့ပါဘူး။ ပင်စင်စားကြီးတွေပဲ ထိခိုက်ခဲ့တာပါ။ အခုလည်း သုံးသိန်းတန်ဖုန်းကို တန်ဖိုးလျော့ရောင်းစေဖို့ ပြောလို့ သူတို့ ဆက်မပါတော့တာ ဖြစ်နိုင်ပါတယ်။
ကိုယ်လူကိုယ်ဆွဲထုတ်နေပါတယ်ဆိုနေမှ ကျေးဇူးတင်နေပြန်ပြီ၊လစ်လပ်သွားတဲ့ ရှယ်ယာဘယ်သူထည့်ဝံ့သလဲနော်.........ဟင်းဟင်း၊လူလယ်အုပ်စုတွေ ၊သတိထားနော်........
Good News For us!!!
ရုပ်ကိုက ဘူဇွာရုပ်။
ဒီလိုသူဌေးတွေရှိလို့ အလုပ်တွေရှိတာပေါ့ဟ။ သူဌေးအလုပ်လုပ်မှ ကျန်တဲ့သူ တွေလဲ အလုပ်ရှိမှာပါ။ ဟိုလူနဲ့ပတ်သက်လို့ မလုပ်နဲ့ ဒီလူနဲ့ပတ်သက်လို့ မလုပ်နဲ့ ဆိုရင် မြန်မာနိုင်ငံမှာ အိမ်သာတောင် ဆောက်စရာမလိုတော့ဘူး။
အင် ဒီလိုဆို သုံးသိန်းဖုန်းတွေ ရပ်လိုက်တဲ့ ပုံစံ ပေါက်နေပြီး ၅၀၀၀ တန်ဖုန်းတို့ SIN ကဒ် အလကားပေးမဲ့ ဖုန်းထွက်လာဖို့ က တော်တော်နီးစပ် သွားပြီးပေါ့ ခု သုံးသိန်းဖုန်းအတွက်ရင်းထားတဲ့ Elite ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှူတွေကို ဆက်မလုပ်ဘူးဆိုထဲက သေချာသလောက်ဘဲပေါ့ တို့ပြည်သူတွေ ဖုန်းကဒ် အလကားရဖို့ နဲနဲလေးဘဲ စောင့်ကြရတော့မှာပေါ့ ......ဟဲ..ဟဲ ......အားလုံးမင်္ဂလာပါ....ပေါ့ ဟုတ်ဘူးလား
ငါတို့ ကတော့ 5000နဲ့ မရမချင်း မ၀ယ်နိုင်ဘူး
ပိုက်ဆံမရှိလို့ 
အခုလို ပြည်သူ့ ပြောကြားချက်တွေကို ရဲရဲဝံ့ဝံ့ ဖော်ပြပေးရဲတဲ့ သစ်ထူးလွင်ဝက်ဆိုက်ကို ချီးကျူးပါတယ်
ကျွန်တော်လုပ်ငန်းသဘာဝအရ လိုအပ်လို့ ငါးသိန်းဖုန်း(ပိုက်ဆံချေးပြီး) ၀ယ်သုံးနေရပါတယ် အကြွေးတောင်မကျေသေပါဘူး အများပြည်သူ အားလုံးသုံနိုင်အောင် ငါးထောင်ဖုန်း အမြန်ပေါ်ပါစေ အစိုးရပြောနေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လူတိုင်းဖုန်းသုံးနိုင်ပြီး ဆက်သွယ်ရေလျှင်မြန်ဘို့လိုပါတယ်
ဘာကြေး၊ ညာကြေး၊ လမ်းတံတားကြေးများ လဲလျော့ကျဘို့လိုပါတယ်
ရှုံးမှာမို့လို့ရပ်ခိုင်းလိုက်တာကတော့အသေအချာပဲ။
Post a Comment