မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်

မကြာမီ ကာလတစ်ခုအတွင်း ယာဉ်စီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါ i-Pay  ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ဂဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၄င်းကုမ္ဂဏီအနေ ဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။''i-Pay ကတ်စနစ်က တော်တော်ကို ကောင်းတာပါ။ ကစ္ဆပနဒီဆိုတဲ့ ကုမ္ဂဏီက ဒီစက်ကို ကားတစ်စီးစီး ပေါ်မှာ တစ်လုံးအခမဲ့ တပ်ပေးမယ်။ နောက်ခရီးသွားတွေအတွက် လဲငါးရာတန်၊ တစ်ထောင်တန်ကတ်တွေ ကို အခမဲ့စဝေပေး မယ်လို့ပြောတယ်။ အသုံး ပြုရမယ့်ပုံစံက ခြစ်ရတဲ့စနစ်မဟုတ်ဘူး။ ကတ်ကိုစက်နဲ့ကပ်လိုက်ရင် သူရဲ့ခရီးစဉ် ကို အော်တိုဖြတ်ပေးတယ်။ ဘယ်တော့ လောက်ဖြစ်မလဲ ဆိုရင် မကြာတော့ပါဘူး။ သူတို့လဲ လုပ်နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။ထိုသို့ ကတ်စနစ်ကျင့်သုံးနိုင်ရန် အတွက် ကုမ္ဂဏီမှ ယာဉ်လိုင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင် ရာယာဉ်လိုင်း များတွင် စက်ခွဲများထားရှိ၍ ငွေရေးကြေးရေး ကဏ္ဍများကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီလိုလုပ်မယ်ဆိုလဲ ကောင်းပါတယ်။ ဂျာနယ်တွေမှာလဲ ဖတ်ရတယ်။စင် ကာပူလိုလုပ်မယ်ဆိုရင် ဒါတွေ လမ်းတွေ ကစပြီးတော့ လုပ်သင့်ပါတယ်။ ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်။ ခရီးသည်တွေလဲ  ဒီလိုစနစ်လုပ်ရင် စည်းကမ်းရှိဖို့လိုပါတယ်'' ဟု သိမ်ဖြူမှ ကိုညီထွေးက ပြောသည်။''သူတို့လုပ်မယ်ပုံစံက စက်ကို ကားပေါ်မှာ စပယ်ယာက ထိန်းထားရ မယ်။ အဲမှာ ကိုယ်သွားချင်တဲ့နေရာကို ကတ်နဲ့ကပ်ပြီး နှိပ်လိုက်ရင် အော်တို ယာဉ်စီးခကို ဖြတ်လိုက်လိမ့်မယ်။ စက်ခွဲ တွေကို ယာဉ်လိုင်းအသီးသီးမှာ ထားပေး သွားပါမယ်။ အဲဒီ့ကမှ ကျွန်တော်တို့ဆီမှာ လာရှင်းရင် ဖြစ်နိုင်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)က အတွင်း ရေးမှူး ဦးဘမြင့်မှ ထပ်မံရှင်းပြသည်။i-Pay ကတ်ဖြင့် ယာဉ်စီးခ ကတ်များကို ၅၀၀ တန်ကတ် ၁၀၀၀ တန် ကတ်များဖြင့် ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည် မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည် Reviewed by သစ်ထူးလွင် on 07:17 Rating: 5

16 comments:

ရာရာ said...

အလွန်ကောင်းမွန်တဲ့စနစ်တစ်ခုပါပဲ...အကြွေရှားပါးတဲ့ပြသနာ၊ ငွေစက္ကူဟောင်းနွမ်းတွေကိစ္စ တစ်ပြိုင်တည်းဖြေရှင်း လိုက်သလိုဖြစ်မှာပါပဲ။..ဒါပေမယ့်..စီးတီးတက္ကစီတွေမှာတပ်တဲ့ ကီလိုချိုးတဲ့စက်တွေလို မထသနဲ့ပေါင်းပြီးမတတ်မနေရ အတင်းအဓမ္မတပ်ခိုင်း၊ ပြီးတော့ ပြုပြင်ထိမ်းသိမ်းမှုလည်းမလုပ်၊ မပြင်မဆင်နဲ့ တန်းလန်းကြီးပစ်ထားမှာပဲ စိုးရိမ်ပါတယ်....ခု ဘယ်သူမှ တက္ကစီ ငှားစီးရင် ကီလိုမချိုးကြပါဘူး..အသုံးလည်းမတဲ့ပါဘူး။ နောက်တစ်ချက်ရှိပါသေးတယ်...အဓိပဓိလိုင်းမှာ ပထမတုန်းက ၀င်ပေါက်နဲ့ထွက်ပေါက်ကိုခွဲထားတာတွေ့လို တော်တော်လေးစိတ်ချမ်းသာမိပါတယ်။..ဆင်းမယ့်သူက ထွက်ပေါက်ကနေထွက်ပြီး တက်မယ့်သူက ၀င်ပေါက်ကနေတက်..တိုးဝှေ့စရာမလိုတော့ဘူးဆိုပြီး၊ ခုတော့ ဒုံရင်းက ဒုံရင်းပါပဲ...တစ်ပေါက်ပဲထားပြီး တိုးဝှေ့တက်နေရတော့တာပါပဲ။...မြန်မာနိုင်ငံမှာက အစပိုင်းပဲ ၀ုန်းဝုန်းဒိုင်းဒိုင်းလုပ်ပြီးနောက်ပိုင်းတော့ ပစ်ထားတာထုံးစံလိုဖြစ်နေပါပြီ။....လှိုင်မြစ်နားကပ်ပြီး ကုန်တင်ကားကြီးလမ်းဖေါက်တာကိုပဲကြည့်ပါ၊ အဆောက်အဦတွေဖျက်၊ ၀င်းခြံတွေဖျက်ပြီး နောက်တစ်နေ့အပြီးသတ်ရမလို နေ့မအားညမအားလုပ်ပြီး အခု တန်းလန်းကြီးပစ်ထားလိုက်တာကိုပဲကြည့်ပါ...

pinegapore said...

Good

Anonymous said...

People want,people need everything in RIGHT WAYS...Not for a show as short term...Please make sure for lasting and proper ways...

The above comments are definitely true and happening now...

master said...

အလွန်ကောင်းမွန်တဲ့စနစ်ပါလို့ပြောရမှာပဲ ဒါပေမဲ့ အဖျားရှုးမသွားဖို့အရေးကြီးပါတယ် စနစ်တွေဘယ်လိုပဲကောင်းပေမဲ့ အခြေခံကြတဲ့ စိတ်ဓာတ်တွေမကောင်းရင်တော့ စနစ်ဟာစနစ် လုပ်ရပ်တွေက အပြစ်တွေပဲဖြစ်နေမှာပဲ အဲဒီလို i-pay ကဒ်တွေသုံးလာရင် ခရီးသည်တွေဘက်ကလည်း ဘယ်လိုခိုးစီးမလည်မကြံစည်ဖို့ စပါယ်ယာကလည်း ဘယ်လိုပိုဖြစ်ရင်ကောင်းမလည်း မစဥ်းစားဖို့ supply လုပ်ပေးမဲ့ company ကလည်း အဲးဒါကို ဘယ်လိုထိန်းချုပ်မလည်းစဉ်းစားထားဖို့တော့လိုမယ်လို့ပြောချင်တယ်

minkhantaung said...

aircon ka yaw?

Unknown said...

အခုလိုသတင်းတွေကြားရတာ အရမ်းဝမ်းသာပါတယ်။ ညနေပိုင်းဆို ကားခကို အမြဲတမ်းနှစ်ဆပိုပေးနေရလို့ စိတ်ပိန်နေတာ တော်တော်ကြာပြီ.. ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်ဗျာ..

ktd said...

လွှတ်တော်မှာ လူကြီးမင်းတွေတင်ပြထားတာကတော့ မထသ ဆိုတာ မလိုအပ်ဘဲ ရှိနေတဲ့ အဖွဲ့အစည်း၊ အပိုဖြစ်နေတယ်တဲ့လို့ ပြောသံကြားတယ်။ မထသရယ် အနာဂတ်စီမံချက်တွေ၊ စီမံကိန်းတွေချမနေပါနဲ့ အဲဒါကို အရင်သွားဖြေရှင်း သင့်တယ်။

22zaw said...

အခုစင်ကာပူမှာသုံးနေတဲ့စနစ်ကပိုကောင်းပါတယ်။အတက်ပေါက်မှာစက်ကိုကဒ်နဲ့တခါကပ်(start reading) လိုက် ပြီး ဆင်းရင် ဆင်းတဲ့အပေါက်မှာရှိတဲ့စက်ကိုကဒ်နဲ့တခါကပ်ပြီး (End reading) လုပ်တဲ့အခါ စီးလာတဲ့အကွာအဝေးပေါ်မူတည်ပြီး ငွေကိုဖြတ်လိုက်ပါတယ်။စပယ်ယာမလိုတော့ပါ။အခုတပ်မဲ့စနစ်က စက်တလုံးတည်းတပ်ပြီး သွားမည့်မှတ်တိုင်ကို နှိပ်ရတါဆိုယင် မှတ်တိုင်လျှော့နှိပ်တဲ့မရိုးသားမူတွေပေါ်လာမယ်။စပယ်ယာထားစောင့်ကြည့်ပြီး ပြောရမယ်။စကားများကြမယ်။အဲဒါကြောင့်ဖြစ်နိုင်မယ်ဆိုယင် စင်ကာပူမှာသုံးနေတဲ့စက်ကို လာလေ့လာပြီး အဲဒီစနစ်ကိုသုံးလျှင့်ပိုကောင်းမည်ဟု ထင်ပါတယ်။

22zaw said...

အခုစင်ကာပူမှာသုံးနေတဲ့စနစ်ကပိုကောင်းပါတယ်။အတက်ပေါက်မှာစက်ကိုကဒ်နဲ့တခါကပ်(start reading) လိုက် ပြီး ဆင်းရင် ဆင်းတဲ့အပေါက်မှာရှိတဲ့စက်ကိုကဒ်နဲ့တခါကပ်ပြီး (End reading) လုပ်တဲ့အခါ စီးလာတဲ့အကွာအဝေးပေါ်မူတည်ပြီး ငွေကိုဖြတ်လိုက်ပါတယ်။စပယ်ယာမလိုတော့ပါ။အခုတပ်မဲ့စနစ်က စက်တလုံးတည်းတပ်ပြီး သွားမည့်မှတ်တိုင်ကို နှိပ်ရတါဆိုယင် မှတ်တိုင်လျှော့နှိပ်တဲ့မရိုးသားမူတွေပေါ်လာမယ်။စပယ်ယာထားစောင့်ကြည့်ပြီး ပြောရမယ်။စကားများကြမယ်။အဲဒါကြောင့်ဖြစ်နိုင်မယ်ဆိုယင် စင်ကာပူမှာသုံးနေတဲ့စက်ကို လာလေ့လာပြီး အဲဒီစနစ်ကိုသုံးလျှင့်ပိုကောင်းမည်ဟု ထင်ပါတယ်။

သက်မောင် said...

ရည်ရွယ်ချက်ကကောင်းပါတယ်
အကောင်အထည်ဖော်ဖို့ လိုပါတယ်...
ရန်ကုန်မှာ TAXI တွေ မီတာတပ်ထားပေမယ့် ဘယ်သူမှ မီတာဖြင့် မကောက်ခံ/မပေးဆောင်ရပါ. ပါစပ်ခေါ်ဈေးဖြင့်သာ အလုပ်ဖြစ်နေပါတယ်...
ဘာကြောင့်ပါလဲ...
ယာဉ်မောင်းကပြောသေးတယ်..
လမ်းမှာ စစ်ရင် မီတာနဲ့စီးတယ်ပြောပေးပါတဲ့.........
ကောင်းပေစွ ကောင်းပေစွ..
နောက်ဆုံးတော့ အဲဒီမီတာ ရောင်းပေးတဲ့ ကုမ္မဏိပဲ အဆင်ပြေသွားတာပါပဲ..

Wai*Linn*Aung said...

အသုံးပြုသွားမည် so yin m thay char thay woo pop ... right ?

tharzaw said...

ကိုရာရာပြောသလိုပါပဲ ..
အစကောင်းပြီး အနှောင်းမသေချာတာ အကျင့်လိုဖြစ်နေကြတယ်။

ktd said...

တကယ်တော့ ဘယ်နိုင်ငံကိုမှ တုပနေစရာ မလိုပါ။ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးကို တာဝန်ရှိနေသူတွေက လုပ်ပိုင်ခွင့်ရှိတုံးမှာ အကောင်းဆုံးကို လုပ်ဆောင်သွားနိုင်မှုက အရေးကြီးပါတယ်။ ရန်ကုန်မှာ ဘတ်စကားစီးခရီးသွားတွေအတွက် မထသရယ်၊ သမသရယ်၊ ဗန္ဒုလရယ် စုံနေတာဘဲ၊ သက်သာချောင်ချိရေးလဲ ခုထိကို မရှိသေးဘူး၊ ဘယ်ရှိပါ့မလဲ၊ ဂိတ်ကစထွက်တာနဲ့ ဒီနေ့ဘယ်နှစ်ခေါက်တက်/ဆင်းမယ်၊ တစ်ခေါက်ဘယ်ရွေ့ဘယ်မျှရှာမယ်။ ဘယ်လိုကျော်၊ ဘယ်လိုဝိုက်၊ ဘယ်လိုရှာပလိုက်မယ်လို့ မိုက်လုံးကြီးကြတယ်၊ မြန်မြန်လဲမောင်းတယ်။ မောင်းချင်သလိုလဲမောင်းတယ်၊ ၀င်ငွေအပေါ်မှာ အဓိကထားကြတယ်။ ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေမှ မဟုတ်ဘူး၊ ဦးဆောင်မှုပြုနေတဲ့သူတွေကပါ၊ ခရီးသွားများအတွက်သက်သာချောင်ချိမှု၊ အဆင်ပြေသွားလာနိုင်မှုကို အလေးထားဖို့ အားလုံးမေ့လျော့ပြီး၊ လမ်းပေါ်က အသပြာတွေကို သူ့ထက်ငါအရင်ရအောင်၊ ဦးအောင်၊ တွန်းတွန်းတိုက်တိုက်၊ မဟားဒယား၊ ကိုက်သတဲ့ ကိုက်အောင်၊ အမြတ်စွန်းကို ၀င်ငွေကို အဓိကထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကုန်ကြပြီ၊ ဘာပြည်သူအတွက်လဲ၊ ဘာခရီးသွားအတွက်လဲ၊ ဘာသက်သာချောင်ချိမှုလဲ၊ ဘယ်အဆင်ပြေမှုအတွက်လဲ၊။။ အနာဂတ်အတွက် ကောင်းသထက်ကောင်းအောင် ကြိုးစားချိန်တန်ပြီ၊

san san said...

touch n go ပေါ့။သူများနိုင်ငံတွေမှာ ကား၊မီးရထားတွေ ကို touch n go ကိုသုံးတာ ကြာပြီး။အရမ်းကောင်းတယ်။အချိန်သက်သာပြီးငွေ အကြွေ ပြဿနာ မရှိတော့ဘူးပေါ့။လူတိုင်သုံးရတာလွယ်တယ်။ဆက်လုပ်ပါ။ကောင်းသောအစီအစဉ် ဘဲ။

iMyanmar said...

(၁) စင်္ကာပူကလိုင်းကားစံနစ်ကို အတုယူသင့်ပါကြောင်း ...
start/end reading ရှိခြင်းကြောင့် စပယ်ယာမလိုသလို မသမာမှုများလည်း မဖြစ်နိုင်ပါ

(၂) ကားဒရိုင်ဘာများအား (ပါမစ်နစ်လစာ)ပေးခြင်းကြောင့် ကားအပြိုင်အဆိုင်မောင်းခြင်း စသည့် ယာဉ်အန္တရာယ်မှ ကင်းဝေစေနိုင်သလို ယာဉ်အချိန်အားလည်းတိကျမှန်ကန်စေပါမည်

အလင်း said...

ကြိုဆိုပါတယ်ဗျို့...

Powered by Blogger.