Hot News မမ နှင့် ရွှေနံသာရွာမှ လယ်သူမလေး နှင်းနန္ဒာ

Hot Newsသတင်းဂျာနယ်မှ သတင်းမှား၊ သတင်းလွဲများ ဖော်ပြခြင်း မရှိကြောင်းနှင့် ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ တကယ်ရှိမရှိ
 ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ
မေး-   ညီမနာမည်ဘယ်လို ခေါ်လဲ.မှတ်ပုံတင်နံပါတ်-
ဖြေ- နှင်းနန္ဒပါရှင်။
မေး- ညီမအမျိုးသားနာမည် ကရော။
ဖြေ- ဦးကျော်ဟိန်းပါ။
မေး- အိမ်မှာလင်မယားနှစ် ယောက်ထဲနေတာလား။
ဖြေ- ကျွန်မရဲ့ယောက္ခမ၊ ဦး ကျော်ဟိန်းရဲ့အဖေ ဦးဗြိုးနဲ့နေ ပါတယ်။
မေး- အစ်မတို့နှစ်ယောက် အင်တာဗျူးတဲ့ကိစ္စနဲ့ပတ် သက်လို့ မရှိဘူးဆိုတာကို ပြောခံရတဲ့အခါ ဘယ်လို ခံစားရလဲ။

ဇေကမ္ဘာ ကုမ္ပဏီဘက်က စာနယ် ဇင်းရှင်းလင်းပွဲ
ဖြေ- အခုလူကိုယ်တိုင်ကော၊ စာရွက်စာတန်းအထောက် အထားတွေရော ရရှိနေပြီး ဖြစ်ပါတယ်။ ပြန်ရှင်းတဲ့ ကိစ္စ ကတော့ အမဘက်က ပြန် ရှင်းမှာပေါ့လေ။ ဇေကမ္ဘာ ကုမ္ပဏီဘက်က စာနယ် ဇင်းရှင်းလင်းပွဲလုပ်ပြီး အခု လို ထုတ်ပြန်ကြေညာတာ ကတော့ တရားလွန်တယ်လို့ ခံစားရပါတယ်။ ဇေကမ္ဘာကို ထောက်ထားရမဲ့ မျက်နှာ တစ်ခုရှိနေတဲ့အတွက် ဂျာ နယ်က သည်းခံခဲ့တာ သုံး ကြိမ်မကတော့ပါဘူး။ တရား ဥပဒေနဲ့ တုံ့ပြန်သင့်ရင် တုံ့ပြန်ရပါလိမ့်မယ်။ ကျွန်မ သေချာစဉ်းစားနေပါတယ်။ဂျာနယ်သမားတွေနဲ့ ဒီ လောက်ဖြစ်နေတာတောင် အခုလို ရမ်းကားနေတဲ့ အ တွက်ဥပဒေကို မထင်မဲ့မြင်ပြု လုပ်နေတယ်လို့ ခံစားရ ပါတယ်။ သတင်းသမားဆို တာ ဥပဒေနဲ့ သွေဖီနေမှ သက်သေထောက်ချက် ခိုင် လုံမှ စာမျက်နှာပေါ် သတင်း တင်တာပါ။ သတင်းမှား သတင်းလွဲတွေကို ရေးတယ် ဆိုရင် တရားစွဲလို့ရပါတယ်။ သတင်းဂျာနယ်ကို သတင်း မှားတယ်။ လွဲတယ်လို့ ပြောတာ အကြီးမားဆုံး စော်ကားမှုပါပဲ။ ဒီ တစ်ခါ တော့ တရားဝင်  ကုမ္ပဏီက ထုတ်ပြန်ကြေညာတာပါ။ ရှေ့မှာလဲ  Hotnews ဂျာ နယ်က မဟုတ်မှန် သတင်း တွေရေးတယ်  သတင်းမှား ရေးတယ်ဆိုပြီး၊ ဂျာနယ်ကိုင် ပြီး လွှတ်တော်ထဲမှာ အခြား အမတ်တွေကို ငြင်းတာလဲ အမတ်တွေ ပြန်ပြောလို့ သိရတယ်။ Hotnews  သတင်းဂျာနယ်ကို မဟုတ် မမှန် သတင်းတွေ ဖော်ပြ တယ်လို့ အကြိမ်ကြိမ် ပြောတာကို ကြားခဲ့ပြီးဖြစ် ပါတယ်။  ကုမ္ပဏီကမှန်ရင် တရားစွဲလိုက်ပါ။ တရားရုံးမှာ ဖြေရှင်းဖို့ အသင့်ပါပဲ။ မမ ရုံးမကြောက်တတ်ပါဘူး။
မြန်မာနိုင်ငံဟာ ဥပဒေမဲ့ တိုင်းပြည်၊ မင်းမဲ့ တိုင်းပြည် မဟုတ်ဘူးဆိုတာ တစ်ခုခု ဖုံးလွှမ်းနေလို့ ဇေကမ္ဘာ ကုမ္ပဏီက မမြင်ဘူးလို့ ခံစားရတယ်။မနှင်းနန္ဒာ တို့ကလည်း အမှန်တကယ် ရွှေနံ့သာ ရွာသားတွေဖြစ်ပြီး တကယ်နေထိုင်ကြောင်း အားလုံးလဲ သိပါတယ်။ အဓိ က ဘာလဲဆိုတော့ နှင်းနန္ဒာ ကမရှိဘူးတဲ့။ ပထမ(၁) အချက်ကဘာလဲ ဆိုတော့ သူတို့ဘက်က တုန်တုန် ရင် ရင် ဖြစ်နေတယ်ဆိုတာက တော့ ဘယ်လိုမှ ငြင်းမရတာ ပါပဲ။ ဇေကမ္ဘာရဲ့ ဥက္ကဋ္ဌဦးခင် ရွှေကိုယ်တိုင်ရှင်း ရင်ရမယ် လေ။ ဒုဥက္ကဋ္ဌ ရှင်း ရင်ရှင်း ရမယ်လေ။ သူတို့တွေ အား လုံးက ဘာဖြစ်လို့ ပျောက် နေတာလဲ။ အမတို့ရရှိတဲ့ သတင်း Message ကနေ ဖော်ပြခြင်းဖြစ်တယ်။ စာနံ ပါတ်နဲ့ရက်စွဲ ပါအထောက် အထားအပြည့်နဲ့ ညွှန်းထား ပြီးသားဖြစ်တယ်။ ရောက် တယ် မရောက်ဘူးဆိုတာ ကျွန်မတို့နဲ့မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ သက်ဆိုင် တဲ့ခိုင်လုံတဲ့ အကြောင်း အရာကတော့ ဖော်ပြပါအ ချက် (၃)ချက်ကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က ထုတ်ပြန်ခဲ့တယ်ဆိုတာ သေ ချာတယ်။ ကုမ္ပဏီမှာ ဥက္ကဋ္ဌ ဦးခင်ရွှေလဲမတွေ့ခဲ့ပါဘူး။ ဇေသီဟ၊ တာဝန်ရှိတဲ့ မြင့်ဇော် နဲ့လဲမတွေ့ခဲ့ပါဘူး။  တာဝန် ရှိတဲ့ ဦးမြင့်ဇော် (ဗိုလ်ကြီး မြင့်ဇော်) ကိုညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆီကို   Report တင်တဲ့စာကိုခိုင်လုံစွာသတင်း တစ်ခုရတဲ့အတွက်ဒီစာနံပါတ် ရယ်၊ နေ့စွဲရယ် သတင်းဖော်ပြ ချက်ကို ကျွန်မတို့က သတင်း စာမျက်နှာပေါ်မှာအတိအလင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အမတို့သ တင်းသမားဆိုတာ မှန်ကန်တဲ့သက်သေရှိ ရင် အမုန်းခံပြီး ရေးရတာပါ။ မုန်းမဲ့သူဟာလည်း အမတ် တစ်ယောက်ဖြစ်နေပါ တယ်။ အမတ်တစ်ယောက်အပြင် သူဌေးတစ်ဦးလည်းဖြစ် နေပါတယ်။
မေး- ဇေကမ္ဘာနဲ့ ဆရာမ မမတို့ ရန်ညှိုး ရန်ဖက်ရှိပါ သလား။
ဖြေ- ကျွန်မနဲ့ ကိုယ်ရေးကိုယ် တာဘာ တစ်ခုမှ မငြိဖူးပါဘူး။ ပြဿနာလည်း မရှိ ပါဘူးရှင်။
မေး- အဲလိုပြောသွားတော့ မြင့်ဇော်ဆိုတာ ဘယ်သူလဲ။
ဖြေ- မြင့်ဇော်ဆိုတာ မန်နေ ဂျာပါ။ဗိုလ်ကြီးဟောင်းအငြိမ်း စားမြင့်ဇော်ပါ။ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း)ဆိုတော့ လယ် သမားတွေအနေနဲ့ တပ်က အရာရှိကြီး တစ်ဦးလို့လဲ မြင် နိုင်ဖွယ်ရှိတယ်လေ။ ကျွန်မတို့ ကတော့အမှန်ကိုအမှန်အတိုင်း ပြောရမှာပါပဲ။ တပ်မတော်မို့ လို့၊ သမ္မတမို့လို့၊ ၀န် ကြီးမို့လို့၊ အမတ်မို့လို့ ထိမ်ချန်လို့မရပါ ဘူး။SPဆိုင်ရာကို(သို့) ဥပဒေ ကိုအလွဲ သုံးစားလုပ်တာတွေ တွေ့ရင်စတုတ္ထမဏ္ဍိုင် ဆိုတာ စာမျက်နှာပေါ်မှာရေးရမှာပါပဲ။ မထင်မှတ်တဲ့အထင်မှားမှုဖြစ် ရင်လဲဖြစ်သွားနိုင်တယ်လေ။
မေး- ဗိုလ်ကြီးမြင့်ဇော်ဆိုတာ တပ်ကနေအငြိမ်းစားယူ ထား တဲ့အရာရှိဟောင်းပေါ့။
ဖြေ- ဟုတ်ပါတယ်။ တပ်က နေအငြိမ်း စားယူထားတဲ့ အရာရှိဟောင်းပါ။ ဒါဆိုရင် တပ်မတော်နဲ့တော့ မဆိုင် တော့ဘူးလို့ လယ်သမားတွေ မြင်ပေးရမယ်။အဖွဲ့အစည်းနဲ့ မဆိုင်ပါဘူး။
မေး – နွေစပါးစိုက်ဖို့ ထွန်ရက်ပြီးပြီလား။
ဖြေ – နွေစပါးစိုက်ဖို့အတွက် ထွန်ယက်ဖို့ ဆည်ကလာတဲ့ ရေမြောင်းတွေပိတ်ထားတော့ ထွန်ယက်လို့ မရဘူး ဖြစ်နေ တယ်။ နွားတွေ ရေတိုက်ဖို့ တောင်အဝေးကြီးမှာသွားခတ် ရတာပေါ့။ တိုင်ထားတယ်လို့ တော့ ပြောကြတယ်။
မေး – ဆည်မြောင်းကို တိုင် တာလား။ ဆည်မြောင်းက ဘာလုပ်ပေးလဲ။
ဖြေ – ဘာမှ မလုပ်ပေးပါဘူး။
မေး – သွားတိုင်တာ လူ ကိုယ်တိုင်လား။ စာတိုက် ကလား။
ဖြေ – လူကိုယ်တိုင်လို့ ပြော တယ်။ စာအိတ်အဖြူနဲ့ တိုင် စာထည့်ထားလို့တဲ့။ စာအိတ် အဖြူက ပိုက်ဆံပေးတာ လို့ ပြောတယ်။ စာအိတ်အညိုနဲ့ စာထည့်ပြီးပေးရမယ်တဲ့။
မေး – ဘယ်က ပြောတာလဲ။
ဖြေ – ဆည်မြောင်းကပါ။ တိုင်စာဆိုတာ စာအိတ်အညို နဲ့ ပေးရမယ်တဲ့။
မေး – နွေစပါး မစိုက်ရ တော့စားဝတ်နေရေး ဘယ် လို ဖြေရှင်းမလဲ။
ဖြေ – ကန်စွန်းရွက်စိုက်စား ရပါတယ်။ စားဝတ်နေရေးလဲ ခက်ခဲတာပေါ့။ အသက်ရှင် သန်ဖို့ဆိုတာ အတော် ခက်ခဲ ပါတယ်။ မိသားစု စားဝတ်နေ ရေး၊ ကျောင်းစရိတ် အတော် ဒုက္ခရောက်ပါတယ်။
မေး – သမီးယောက္ခမ ဦးဗြိုး ဟာလယ်(၈)ဧက ပိုင်တယ် နော်။ သိမ်းတဲ့ အထဲမှာလဲ ပါတယ်ပြောထားတယ်။ကန် စွန်းရွက်ကို ဘယ်မြေ မှာ စိုက်လဲ။
ဖြေ- ကျွန်မယောက်ကျား ဦးကျော်ဟိန်းမှာ လယ်(၁၁) ဧက ရှိပါတယ်။ အဲဒီထဲက ရေနည်းနည်းဝင်တဲ့ နေရာ မှာ စိုက်တာ။
မေး – ကန်စွန်းရွက်စိုက်တဲ့ အကျယ်ဘယ်လောက်ရှိလဲ။ တစ်နေ့ကန်စွန်းရွက်ရောင်း တာ ၀င်ငွေ ဘယ်လောက် ရလဲ။
ဖြေ – ဧက ၀က်လောက်ရှိပါ တယ်တစ်ထောင်နဲ့နှစ်ထောင် ကြားမှာရပါတယ်။
မေး – မိသားစုဘယ်နှစ် ယောက်လဲ။ စားဖို့ လောက် လား။
ဖြေ -မိသားစု လေးယောက် ရှိတယ်။စားဖို့လောက်ယုံ ပါပဲ။
မေး – လေးယောက် ကုန် ကျစရိတ်လေး တွက်ပြနိုင် မလား။ ဆန်တစ်ပြည် ဘယ် လောက်လဲ ဆိုတာက အစ ပေါ့။
ဖြေ- ဆန်တစ်ပြည် ၈၀၀ိ/- မိသားစုလေးယောက်မနက်လေး ဗူး၊ ညလေးဗူး၊ တစ်နေ့တစ် ပြည်ကုန်ပါတယ်။စားလောက် ရုံပါပဲ။ကျောင်းစာရိတ်နဲ့ ဆေး ကုဖို့ လုံးဝမရှိပါဘူး။
မေး-  တစ်ရွာလုံး လယ် သမားမိသားစုဘယ်လောက် ရှိလဲ။
ဖြေ -အိမ်ထောင်စု (၈၀) ၀န်းကျင်ရှိပါတယ်။
မေး – သူတို့ကော ဘယ်လို ဖြေရှင်းနေလဲ။
ဖြေ -ကျွန်မတို့ လိုပါပဲ။ မရှိရင် ချေးငှားရတယ်။ အခု ကျန် နေတဲ့မိုးစပါးလေးတွေ ရောင်း ရောင်းပြီး သုံးနေကြ ပါတယ်။ နွေစပါးမစိုက်ရရင် အားလုံး ငတ်ပါပြီ။ အဲ့ဒီအတွက် မမ တို့ဂျာနယ်တိုက်ကိုလယ်သမား တွေစုပြီး ဆရာမကို အားကိုး တကြီး သွားရေးခိုင်းကြမယ် လို့ အဘတို့ ပြောတာကြားပါ တယ်။
မေး- ဂျာနယ်တွေကိုဘာလို့ အားကိုးတာလဲ။
ဖြေ -မွန်ပြည်နယ်က နိဒုံးရွာ အပါအ၀င် ရွာငါးရွာမှာ ဧက (၂၀၀၀) မတရားသိမ်းမယ် လုပ်တုန်းက ဂျာနယ်စာ မျက် နှာ ဖော်ပြချက်တွေကြောင့် ဧက(၂၀၀)ပဲအသိမ်းခံရတယ် လို့ သိလိုက်ရပါတယ်။ အဲဒီ အတွက် ဆရာမတို့ကို အား ကိုးမိတာပါတချို့လယ်သမား တွေက လယ်ထဲမှာ တဲထိုးနေ ကြတာ၊ လယ်သိမ်းခံရရင် နေစရာလဲမရှိ၊ စားစရာလဲ မရနိုင်တော့တဲ့အတွက် အား ကိုးကြတာပါ။
မမ – ကောင်းပါပြီ၊ လယ် သမားမိသားစုတွေကျွန်မတို့ ဂျာနယ်တွေကို အားကိုးတဲ့ အတွက်ခိုင်လုံတဲ့သက်သေ တွေ၊ ဥပဒေ ပြဌာန်းချက် တွေ၊ ဌာနဆိုင်ရာ အကိုး အကားတွေ ရှာဖွေလေ့လာ ပြီးသက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ကို စုံစမ်းပြီး ဘယ်သူမှ နစ်နာမှု မရှိရလေအောင် ကြိုးစားပေးပါ့မယ်။စာမျက် နှာပေါ် ပါဖို့ကတော့ ညီမ တို့ လယ်သမားမိသားစု တွေ ၀ိုင်းဆုတောင်းကြ ပေါ့။ စိစစ်ရေးက ခွင့်ပြုရင် သက်သေပြချက်တွေနဲ့တကွ မမတို့ ရေးပေးပါ့မယ်။
နှင်းနန္ဒာ- ကျေးဇူးတင်ပါ တယ်အမရယ်။ကျွန်မတို့ကို ကူညီပါ။ ကျွန်မတို့လဲ ဆု တောင်းပါ့မယ်။
မမ – အခုလို အမဆီကို လာပြီး ဖြေကြားပေးတဲ့ အတွက်လည်း အစ်မက ကျေးဇူးတင်ပါတယ်။ Hot News  ဂျာနယ်နဲ့ မမကို သိက္ခာကျစေချင်တဲ့ အနေ အထားတွေကို ကြားရတဲ့ အတွက်မမတောင်းတဲ့အချက် အလက်တွေ အဝေးကြီးက လာပေးတဲ့ နှင်းနန္ဒာကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုင်း ကျွန်းမည် ကျွန်းကိုင်းမည် ပေါ့။ တရားကို နတ်စောင့် မှာပါ။
မသံလွင် (Hot News)
Hot News မမ နှင့် ရွှေနံသာရွာမှ လယ်သူမလေး နှင်းနန္ဒာ Hot News မမ နှင့် ရွှေနံသာရွာမှ လယ်သူမလေး နှင်းနန္ဒာ Reviewed by သစ်ထူးလွင် on 06:48 Rating: 5

26 comments:

Htat Aung said...

လယ်သမားတွေရဲ့မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်တဲ့ဇေကမ္ဘာခင်ရွေ ပြောတော့ဘုရားဒကာလိုလိုဘာလိုလိုနဲ့ ဘာသာရေးအတွက် တနစ်ကို ဒေါ်လာ ၂ သန်းသုံးတယ်တဲ့ အသက်ကြီးပြါ့ပီမမိုက်ပါနဲ့ ခင်ညွန့်ကိုတော့ တလကို ဒေါ်လာ ၅၀၀၀ ပေးတယ်ဆိုပြီးသမတ လစာနဲ့အပြိုင်ပေးတယ် ပြည်သူရဲ့ကျေဇူးရှင်လယ်သမားတွေကိုတော့ မတရားနှိပ်စက်တယ် ရ့ပ်တန်းကရပ်ပါ ရှက်ရမ်းရမ်းပြီး ထင်ရာမြင်ရာလိုက်မလုပ်ပါနဲ့ ပြည်သူ့မေတ္တာစူးလိမ့်မယ်

Naing Lin said...

ဒီလိုလူတွေလွတ်တော်ထဲရောက်နေတာ ဘယ်လိုကောင်းဖြစ်မှာလဲ ကိုယ်များများ
လုပ်ပေးခဲ့တဲ့သူမှကျေးဇူးရှင်လို့ခေါ်တဲ့ ငနဲတွေ

nationalism said...

PLEASE !! MR PRESIDENT

အမတ် (ဇေကမ္ဘာရဲ့ ဥက္ကဋ္ဌဦးခင် ရွှေ )ကို လွှတ်တော်ထဲမှထုတ် ပေပါ် မေတ္တာရပ်ခံပါသည်။

မီးငယ် said...

Hot News ဂျာနယ်ရဲ့ ဒေါ်မမကိုတော့ Welcome ပါ.... သူ့လို ဆင်းရဲသားတွေဘက်က နစ်နာသူဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနိုင်တဲ့သူ
သိပ်မရှိလို့ပါ.....Bravo!!!

Cinderella said...

မဲဆွယ်တုန်းက‌တော့ဘုရားဒကာသူ‌တော်‌ကောင်း‌ယောင်‌ဆောင်ပြီး
‌တော့..အမတ်လြဲဖစ်‌ရောသူယုတ်မာအကျင့်စရိုက်‌တွေ‌ပေါ်လာပါ
‌ရောလား...အဲဒါေ ပြာတာ‌ပေါ့‌ခွေးမြီး‌ကောက်ကျည်‌တောက်စွပ်
ဆိုတာ...။

mgmgsann said...

အမှန်ကတော့ထုတ်ဖို့မလိုပါဘူး
သိက္ခာ၇ှိ၇ှိကိုယ့်ဖာသာထွက်၇မှာပါ
ဂျပန်မှာဆို စာနယ်ဇင်းက၂ခါမပြော၇ပါဘူး
ပြည်သူတွေက၂ခါမတိုင်၇ပါဘူး
ဝန်ကြီးချုပ်ကအစ ချက်ချင်းထွက်ကြတယ်
ဝန်ကြိးချုပ်ဆိုတာ သမ္မတ နဲ့၇ာထူးအတူတူပါဘဲ

Show said...

သူ့အနေနဲ့အဲဒီလောက်အလုပ်လုပ်စရာလိုသလား
လုပ်တဲ့အလုပ်ကလဲလယ်သမားတွေဘ၀ပျက်မဲ့အလုပ်
ကြည့်လိုက်ရင်သာသနာအလုပ်တွေပဲလုပ်နေသလိုလိုနဲ့
လွှတ်တော်အမတ်လုပ်တာအိပ်ထဲကတောင်စိုက်ရတယ်ဆိုပဲ
သူ့.ဘယ်သူလုပ်ခိုင်းလို့လဲ
ဦးရွှေမန်း..ရေ ခမည်းခမက်ကိုကြည့်လုပ်အုံးနော်
ဘယ်တော့မသာပေါ်မလဲမသိဘူး
ခင်ဗျားတို့တွေမြန်မာပြည်မှာလူဖြစ်ရတာကံကောင်းတယ်မှတ်
မြန်မာလူမျိုးတွေလောက်အေးချမ်းတာမရှိဘူး
အရင်ကအပြစ်တွေဘယ်လောက်လုပ်ခဲ့လုပ်ခဲ့ခုကောင်းတာလုပ်ရင်
အားပေးတာပဲမဟုတ်လား
ဥိးခင်ရွှေကတော့မိုက်တုန်းပဲ
ကျိုက်ထီးဆောင်းဆရာတော်ကြီးပြောမှရမှာလား
အန်တီမမ..ရေ Bravo ပါနော်
Hot News ကိုရုံပြီးသားပါ ဆော်မယ်ဆိုတာ

right man said...

aww kyant phoot ah matt so der , de lo kaung tawe gyi per ler .... hahahaha

yeee sa yerrr kaung lite der ..

ah pyaw ta myo , ah lote ta myo.

min said...

ဒေါ်မမကိုတကယ်ကျေးဇူးတင်ပါတယ်
စတုတ္ထမဏ္ဍိုငိခုအနေနဲ့ပြည်သူတွေဘက်ကရပ်တည်ပေးပါတကယ်ဆင်းရဲတဲ့လူတွေရဲ့ဘဝမှာဒီထက့်ရင်နာစရာကောင်းတဲ့ဖိနှိပ်မှူ့တွေအများကြီးရှိနေပါသေးတယ်

Anonymous said...

ဒေါက်တာ အတု ခင်ရွှေ က အစထဲက အဆင့်မှ မရှိတာ စစ်တပ်က တပ်ကြပ်အဆင့်နဲ့  မြှောက်စားလာလို့ တောက်ကြွားလာတာ . . . ငွေကလွဲရင် ဘာမှ မသိတဲ့ လူမျိုး လွှတ်တော် အမတ် မဖြစ်သင့်ပါဘူး ကမ္ဘာက သိသွားရင် မြန်မာနိုင်ငံက ပြည်သူ့ လွှတ်တော်အမတ်တွေ အားလုံးကို သိမ်းကြုံးပြီး အထင်သေးသွားနိုင်တယ် . . . သူလို လူမျိုးကို လွှတ်တောထဲက အမြန်ဆုံး ရှင်းထုတ်ပေးပါ . .

Myanmar said...

အေးဗျာ ဒီလိုကျတော့လဲ မမကိုလေးစားတယ်ဗျာ။ နောက်ဆို hot news journal တွေကို အလေးထားဖတ်ဘို့လိုပီထင်ပါတယ်။

Toe Gyi said...

ခင်ရွှေလာရာကို ကြည့်လိုက်အုံး စစ်တပ်ကလာတာ တပ်ကြပ်ကြီး ဆိုတော့ ညစ်ပတ်လို့ အရစ်ကပ်ခဲ့တာဖြစ်မယ်၊ အဲဒိကောင် ဒီလောက် ငွေမက်နေရင် ဝါဇီ ကိုသာပို့လိုက် ၊ လူ့ပြည်မှာ မထားနဲ့ တော့။

အမေစုကို ချစ်တဲ့သား said...

မြန်မာနိုင်ငံမှာ အဲသလိုလူမျိုးကမှ လွတ်တောထဲထည့်ထားတော့
လုပ်ချင်တာတွေလုပ် ဖြစ်ချင်တာတွေဖြစ်ကုန်တာပေါ့
ငါဟာလွတ်တော်အမက်ပဲဆိုတဲ့ အမည်နဲ့ လုပ်ချင်တိုင်းလုပ်တော့ တောင်သူလယ်သမားတွေ ဘက်ကအရမ်းနစ်နာတာပေါ့
အဆိုးဆုံးက ပညာရေးကိုပါထိခိုက်သွားတာပေါ့
လွတ်တော်အမက်တွေက အပေါ်ကိုတော့အရမ်းဖါးပြီး အောက်ကိုတော့ဖီထားတာ ပြည်သူတွေစားစရာမရှိလောက်အောင်ပါပဲ
အဲသလောက် ချမ်းသာမှုတွေရထားလျက်နဲ့ ပြည်သူလူထူကိုထိခိုက်နစ်နာအောင်လုပ်နေတော့ မကောင်းပါဘူး
ပြည်သူလူထူအပေါ်ကို ကောင်းတဲ့အမြင့်လေးနဲ့ပြည်သူလူထူချမ်းချမ်းသာသာ နေနိုင်အောင်
အမြင်လေးပေါ်ပေါက်အောင်နေကြပေါ့ ကိုယ့်တစ်ဘို့ထဲကိုတော့
မကြည့်ကြပါနဲ့ တစ်ဘိုထည့်ရှိတာ နွားတစ်ကောင်လိုပဲ နွားတစ်ကောင်းနဲ့အတူတူပဲ .....နွားတစ်ကောင်လို့တော့မနှိုင်းတော့ဘူး
နွားတစ်ကောင်က တန်ဖိုးရှိတယ် လယ်သမားတွေက နွားအားကိုနေရတော့
သူတို့ဟာ နွားတစ်ကောင်လောက် တန်ဖိုးမရှိတဲ့သူတွေ....

အမေစုကို ချစ်တဲ့သား said...

မြန်မာနိုင်ငံမှာ အဲသလိုလူမျိုးကိုမှ လွတ်တော်ထဲထည့်သွင်းထားတော့
ပြည်သူလူထူ အများကြီးနစ်နာတာပေါ့
ပတ်စပ်ကဘုရားပြောပြီး လက်ကတော့ ဟိုဟာငါ့ဟာ ဒီဟာငါ့ဟာဆိုပြီ
ငါအဆွဲဆွဲနေတော့ လုပ်ချင်တာတွေလုပ်နေတာပေါ့
လယ်သမားတွေဘ၀ဟာ လယ်ရှိပြီး ရေမရှိလျှင် သူတို့ဘ၀ဟာ လက်ရှိပြီးခြေထောက်မရှိသလိုပါဘဲ
လယ်သမားတွေရဲ့ဘ၀ကိုစာနာထောက်ထားစေချင်ပါတယ်
လယ်သမားတွေဟာလူသားအားလုံးရဲ့ အသက်သခင်ကျေှးဇူးရှင်တွေပါ
ခင်ဗျားတို့စားနေတဲ့ ထမင်းဟာ လယ်မြေကရတာဆိုတဲ့အသိစိတ်လေးဝင်
စေချင်ပါတယ် ကိုယ်စားနေတဲ့ထမင်း ဘယ်ကရနေသလဲဆိုတာမသိကျေးကျွန်ဖြစ်နေတဲ့အမက်မင်း
ခင်ဗျားကြောင့် လယ်သမားတွေဒုက်ခရောက်နေတာ
အဲဒါကိုဘာကြောင့် သမတကမဖြေရှင်းတာလဲ
မြန်မာနိုင်ငံမှာ အပေါ်ဖား အောက်ဖိလုပ်နေတဲ့ အမက်မင်းတွေ
မြန်မြန်ပပျောက်ပါစေ။
ကိုယ့်တစ်ဘို့ထဲတော့ မကြည့်ကြပါနဲ့
အများပြည်သူတွက်လည်း ထည့်စဉ်းစားပါအုံး
တစ်ဘိုထဲရှိတာ နွားတို့ကျွဲတို့မှာပဲရှိတာ
အော် နွားတို့ ကျွဲတို့ဟာတန်ဖိုးရှိတယ်
နွားတို့ကျွဲတို့လိုတန်ဖိုးရှိအောင်တော့လုပ်ကြပါ။

poe said...

အားပေးနေတယ်နော်

Violin Angle said...

ဦးခင်ရွှေကစာမှမတတ်တာ စာမတတ်ဘဲဘယ်လိုအမတ်ဖြစ်သွားလည်းမသိဘူး အေးလေ အရင်တုန်းကမြန်မာပြည်ကိုအုပ်ချူပ်တာက အသိပညာမရှိတဲ့သူတွေဆိုတော့ မသူတော်အချင်းချင်းကယ်တင်ပြီး အမတ်ပေးလုပ်လိုက်တာနေမှာပေါ့ ဦးခင်ရွှေရေ... တောင်သူလယ်သမားတွေဆိုတာ ရှင်တို့ရဲ့ကျေးဇူးရှင်တွေပါ ကျေးဇူးရှင်ကိုကျေးဇူးကန်းရင်ဘယ်လိုခံစားရမလဲဆိုတာ ဘုရားဟောထဲမှာပါတယ်နော် ရှင်တို့လို့ ဘုရားမကြောက်ငရဲမကြောက်တဲ့သူတွေကိုပြောလည်း အပိုပါပဲ ငါတို့ပဲမောတယ်

thay thay said...

ဒေါ်မမ ကလည်း Media သမားစစ်စစ်မဟုတ်ပါဘူး.........................နိုင်ငံတော်သူဌေးတွေနဲ့ပြသနာ ဖြစ်ပြီးသွားရင်....ဘယ်လောက်အကျိုးမြတ်ရလဲဆိုတာသူပဲသိလိမ့်မယ်.......ဒီမိုကေ၇စီ..ဒီမိုကေ၇စီနဲသာအော်နေတာ...သူ့ရုံးတွင်းမှတောင်ဒီမိုကရေစီရှိရဲ့လားလို့မေးလိုက်ပါအုံး...

zerohero said...

မမရေ ကြည့်လည်း လုပ်ပါအုံး အဖေကောင်းစားတုန်းက သိမ်ထားခဲ့ဟာတွေပြန်ပေးနေရအုံးမယ်။ အခုမှ media media အော်နေတာ အဖေ တိုင်းမူးဘ၀တုန်းက အလကားယူထားခဲ့မြေတွေပြန် ပေးဖို့ အစီအစဉ် ရှိရဲ့လား

kothantun said...

ဒီနေရာမှာ မမ ဟာတချိန်က ဘာဖြစ်ခဲ့တယ်ဆိုတဲ့ ပေတံနဲ့တိုင်းတာတာဟာ
အလွန်သေးသိမ်တဲ့ အယူးအဆပါ တချိန်က ဦးသိန်းစိန် ဘာလုပ်ခဲ့သလဲ
အခု ဦးသိန်းစိန် ဘာလုပ်နေသလဲ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေနဲ့
လူတွေကို စံချိန်မှီ ပေတံနဲ့ တိုင်းရမဲ့ အချိန် အခါပါ၊ hot news ဒေါ်မမ ဟာ
နာမည်ကြီးချင်လို့လဲမဟုတ်ဘူး ပြည်သူတွေ ထိခိုက်နစ်နာရတာတွေကို သူ
လုပ်လို့ ရတဲ့ မီဒီယာဘောင်အတွင်းစည်းထဲကနေ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား
ရပ်တည်ပြီး မတရားတဲ့ ကိစ္စတွေကို လက်တွေ့ကျကျ ထုတ်ဖေါ်တိုက်ပွဲဝင်
နေသူတစ်ယောက်ပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စီးရုံးရေးနဲ့ တရားပွဲ
တွေကိုတော့ လက်ခုပ်ဝိုင်းတီးပေးပြီး ဒေါ်မမရဲ့ ပြည်သူဘက်ကရပ်တည်
ပြီး တိုက်ပွဲဝင်ရဲတဲ့ သတ္တိ ကို ချီးမြောက် ရမည့်အစား ပုတ်ခတ်နေတာကတော့် တယူသံ ဆန်တဲ့ ပုဂ္ဂိုလ်မင်တဲ့ အယူအဆတွေပါဘဲ၊လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာလည်း ဒေါ်စု
လုပ်မှ အကောင်း တခြားသူလုပ်တာ မကောင်း ဒေါ်စုပြောတာက အကောင်း တခြားသူလုပ်တာကမကောင်း ဒီလို ပုဂ္ဂုလ်မင်တဲ့ အတွေးအခေါ်တွေးအခေါ်တွေကြောင့် နှစ်ပေါင်း၂၀ ကျော် ရင်နင့်ဘွယ်ရာ
အနိဌာရုံတွေနဲ့ တိုင်းပြည်ကြီး ကျော်ဖြတ်ခဲ့ရပြီးပြီ သံဝေဂတွေယူသင့်တဲ့
အချိန်ရောက်ပါပြီ တိုင်းပြည်ကောင်းအောင်၊ လူထုကောင်းစားအောင်
လုပ်နေသူတွေ ဒို့တိုင်းပြည်အတွင်းမှာအများအပြားရှိပါတယ်၊ဒေါ်စုတစ်ယောက်တည်းမဟုတ်တာကို သတိချပ်စေခြင်ပါတယ်၊hot news ဒေါ်မမကိုလည်း ဒေါ်စုကဲ့သို့
အားပေးစေချင်ပါတယ်၊ ဒေါ်မမ ရဲ့ တိုက်ပွဲလဲ အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်၊ရှေ့ဆက်ပြီးလဲ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်တဲ့
ရပ်တည်ရဲတဲ့၊ပြည်သူ့ရှေ့ဆောင် စတုတ္ထမဏ္ဍိုင် အပေါ်က hot news ထာဝရရှင်သန်နိုင်စေလို့လဲ ဆုတောင်းလိုက်ပါတယ်။

မြတ်စန္ဒာ said...

ခင်ဗျားတို့က အခုမှ ဇေကမ္ဘာ ခင်ရွှေက လယ်သမားတွေ မျက်ရည်ပေါက်ကြီးငယ် ကျအောင်လုပ်တယ်။ မစာနာဘူးပြောနေတယ်။ သူက ဒီထက်မက မိုက်ရိုင်းတဲ့သူပါ။ သူ့အမေအရင်းကို တောင်အိမ်ပေါ်မတင်ဘဲ မြရိပ်ညိုဟော်တယ်ရဲ့ ၀န်ထမ်းလိုင်းခန်းမှာ ဖြစ်သလို ထားခဲ့တာသေးတာ။ အခုလယ်သမားတွေက သူ့မွေးသမိခင်မှ မဟုတ်တာ။ မပြောပလောက်ပါဘူး။

Unknown said...

I partly agree with Ko Than Tun on the idea that we should encourage the good deeds regardless of the fact whoever did it. But, by reviewing the past of each and every person and well aware of their history made us identify people with a broader perspective. For example, the comparison between Daw Su and Daw Ma Ma is quite irrelevant as they are such a different personalities and their political popularity are quite different. The good will and popularity of Daw Su in Myanmar these days cannot be matched by anyone else and that is partly becoz people know intuitively that Daw Su is not a type who will sell them off.

Unknown said...

what's more I really don't understand Ko Than Tun's words "that is why Myanmar has been encountered sufferings about 20 years with sorrowful events" do you mean Daw Su is the one responsible for this ?Please clarify your words, Ko Than Tun

Thazin said...

မျက်နှာဖြူသေလို့ လူပြန်ဝင်စားပြီး ဂုပ်သွေးစုပ်ချင်နေတာ

Wai Lar Ko Ko said...

သတိထားကြနော်။
နန္ဒိယသူကြွယ်လူ့ပြည်မှာကျောင်းဆောက်တော့နတ်ပြည်ဘုံပေါက်တယ်။
ဒါကဒါနအကျိုးပါ..........
အကုသိုလ်တခုလုပ်တိုင်းဆီတခါပွက်တယ်ဆိုတာကိုလည်ူမမေ့ပါနဲ့..

shein said...

ဦးခင်ရွှေကို လွှတ်တော်ထဲက ထုတ်ပေးဖို့ပြည်သူတွေကိုယ်စား တောင်းဆိုပါတယ်။
နာမည်ပျက်တွေနဲ့၊ အကျင့်ပျက်တွေနဲ့၊ ဘနဖူးသိုက်တူးနေတဲ့ လူတွေကို လွတ်တော်ထဲမှာ ထားထားရင် အဲဒီလွတ်တော်ကို ဘယ်သူက ယုံကြည်တော့မလဲ။ ဘယ်သူက အားကိုးချင်မလဲ။

zerohero said...

မမ (ခ) ဟေမာရေ ၂လုံးထီ ထိုးထားတဲ့ အကြွေးတွေ ပေးပါအုံး

Powered by Blogger.