ပြောင်းလိုက်မှပိုဆိုးသွားတဲ့ Hiphop ရှိုးပွဲရဲ့ ကံစမ်းမဲ အစီအစဉ်
ယခု အစီအစဉ်သစ်ကြော်ငြာ
ပထမဆုံးသော စုံတွဲ(၅၀၀)အား ဗေဒင်တစ်ခါ မေးပေးခြင်းနှင့် နှင်းဆီးပန်း ချောကလက်များပေးပြီး အလိုက် ဖက်ဆုံးစုံတွဲများအားပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း(အခန်းခ+စားစရိတ်+ ကားခ)(၅)ဦးကို ကံစမ်းမဲများဖေါက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျှင်(၂)ဦး သွားခွင့်ရှိသည်။
အခုပြောင်းလဲလိုက်တဲ့ အစီအစဉ်သစ် ကြော်ငြာမှာဖော်ပြထားပါသည်။
အစီအစဉ်သစ်မှာလည်း ကံစမ်းမဲပေါက်သူများအတွက်တော့ မိဘများကတော့ ရင်လေးရဦးမှာအမှန်ပါ။
ယခင် အစီအစဉ်ကြော်ငြာ
ပထမဆုံးသော စုံတွဲ(၅၀၀)အား ဗေဒင်တစ်ခါ မေးပေးခြင်းနှင့် နှင်းဆီးပန်း ချောကလက်များပေးပြီး အလိုက် ဖက်ဆုံးစုံတွဲများအားပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့်အခန်းများကို ကံစမ်းမဲဖေါက်ပေးသွားမည်။ ဟု
ယခင် ကံစမ်းမဲ အစီအစဉ် ကြော်ငြာမှာဖော်ပြထားပါသည်။
အဆိုပါ  Hip Hot  ရှိုးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ချစ်သူများနေ့ မှာ ကန်တော်ကြီး(မျှော်စင်ကျွန်း)မှာ ကျင်းပပြုမှာဖြစ်ပါသည်။  မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အတွက် ဝေဖန်သံတွေ ဆူညံစွာထွက်ပေါ်
နေချိန်မှာ ပြောင်းလိုက်တဲ့ ကံစမ်းမဲ အစီအစဉ်သစ်ကတော့ လူတွေကို ပိုဒေါသထွက်စေမှာဖြစ်သလို
ကံစမ်းမဲ ပေါက်တဲ့ သားသမီးတွေအတွက်လည်း မိဘတွေ စိတ်ပူရမှာအမှန်ပဲဖြစ်ပါသည်။
By: သစ်ထူးလွင်
41 comments:
Unknown said...
ဒုက္ခပါပဲ...
ပိုဆိုး!!
Anonymous said...
အတော်၇ီ၇တာပဲ။ အခန်းကမှ တည ။ ချောင်းသာဆို ၃ ၇က်လောက်။ ဟဟဟ။ မြန်မာပြည် အမှီပြန်မယ်ဟေ့။
အောင်တေဇ said...
အားလုံးဖြေရှင်းတဲ့အနေနဲ့ညီမတို့အစ်မတို့မသွားကြပါနဲ့လားဗျာ ညီတို့အစ်ကိုတို့ကိုလည်း ကိုနှမလေးလေလိုသဘောထားပြီး ဒီShow ပွဲမသွားကြပါနဲ့လားဗျာ က်တကယ်တော့ကျွန်တော်တို့အားလုံးအလေးအမြတ်ထားသင့်တာတော့ ၁၃ ရက်နေ့ပဲ အားလုံးဒီလိုပျော်ချင်သလိုပျော်ခွင်ရအောင် မခံစားရပဲစွန့်စားခဲ့တဲ့ခေါင်းဆောင်ကိုပဲ အလေးအမြတ်ထားသင့်ပါတယ် အဲမျောက်လောင်းတွေဟာ နိုင်ငံရဲ့တိုးတက်အောင်ဆောင်ရွက်တဲ့အထဲမှာဘယ်နေရာကပါလဲဆို ပြန်လည်စဉ်းစားပြီးအားပေးပါ ညီငယ် ညီမငယ်တို့
tko said...
ဘာတွေတုံးဟ....
ဘကြီးမောင် said...
ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ၁၂၊ဗိုလ်ချုပ်မွေးနေ့တွေမှာ ဘာမှ မလုပ်ကြတော့ဘူးလားဗျာ.....
tko said...
တော်တော့
Myanmar said...
မကောင်းတာမှန်သမျှ လုပ်ချင်တိုင်းလုပ်လို့၇နေပါလား။ မာဆတ်ခန်းတွေ ဓားပြမှုတွေ မကြားဘူးတဲ့မြို့လည်လူသတ်မှုတွေ မုဒိန်းမှုတွေ..........အားပါးပါး..မြေေ၇ လေ သဘာဝသယံဇာတတွေေ၇ာ လူသားအ၇င်းအမြစ်သယံဇာတတွေပါ ပြုတ်ပြုတ်ပြုန်းလုပ်ခွင့်ပြုနေကြတာပါလား ဟ၇ို့...........။
thant zaw said...
အဲဒီလိုရှိုးပွဲတွေကို...သွားတဲ့လူတွေက..ဘယ်လိုလူစားတွေလည်းဆိုတာ...အကုန်သိပါတယ်..လွှတ်ထားလိုက်...
AyeeSett said...
ဘယ်ခွေးသူတောင်းစားရဲ့ အကြံအဥာဏ်တွေလဲကွ ...ထမင်းစားပြီးကြီးလာတာမဟုတ်ဘူးထင်တယ်
Aung said...
ပရိတ်သတ် ကို ချစ်ပါတဲ့လို့  ပြောပြောနေ တဲ့ အဆိုတော် တွေ အနေနှင့် ကိုယ်ပိုက်ဆံ ရ တာ တစ်ခုတဲ့ ကြည့် ပြီး
ဒီလို့ ကြေငြာတဲ့ ပွဲမျိုးမှာ မပါသင့်ပါဘူး
ပွဲ စိစဉ် တဲ့ သူ အနေနှင့် လည်း ဒီလို မိသားစု အသိုင်းအ၀ိုင်းမျိုးမှာ နေ လို့  ဒီလို ပွဲမျိုးစီစဉ်တာလို့  ယူဆပါတယ်
စပ်မိစပ်၇ာ said...
ဒါစီစဉ်သူတွေက ဘယ်သူ့ မှ ဂရုစိုက်စ၇ာမလိုဘူးဆိုပြီးလုပ်တာ၊မြန်မာ့ယဉ်ကျေျးမှုကိုစော်ကားတာ..အဲ့ပွဲကို မသွားပဲ ဆန္ဒပြကြပါ..သွားတဲ့သူတွေကိုလည်း မှတ်တမ်းတင်ထားပါ..လူပျို အပျို မဟုတ်တော့မယ့်သူများဆိုပြီ
John Paul said...
ရွဲ့ပြီးလုပ်တာလား မသိပါဘူးဗျာ၊ ကြည့်လဲလုပ်ပါအုံး။ စိတ်လေတယ် တကယ်ပဲ။
hip hop ချစ်သူ said...
ကံစမ်းမဲအစီစဉ်ကိုပြောချင်ပြောကြပါဗျာ မျောက်လောင်းတွေဘာတွေတော့မပြောကြပါနဲ့ အောင်တေဇ ခင်ဗျားသာမဲပေါက်ကြည့်ပါလား ပဆိုးတောင်နိုင်မယ့် ပုံမပေါ်ဘူး
myochit said...
စိုင်းစိုင်း၊ ရဲလေးနဲ့ဂျောက်ဂျက်တို့က စင်ပေါ်မှာဘဲ ခြေ လက်မြှောက်ရဲတာပါ၊ ဇေယျာသော်(အက်စစ်)က သေမှာမကြောက်လို့ ပေတရာလမ်းပေါ်မှာ လမ်းလျှောက်လက်မြောက်ခဲ့သူပါ၊ စိုင်းစိုင်းတို့ ရှိုးပွဲက လူငယ်တွေ အနာဂါတ် ခြေလှမ်းကို ရိုက်ချိုးပြစ်မှာ။ဇေယျာသော်တို့က လူငယ်တွေရဲ့ အနာဂါတ်လမ်းကို ခရောင်းလမ်းခင်းပေးမှာ။ ဒါဆို ငါတို့လူငယ်တွေ ဘယ်လမ်းကို ရွေးချယ်ကြမလဲ?
kyawkyaw said...
တလမ်းပြီးတော့တလမ်းလျှောက်မယ်လေ ။းP ၇ဘူးလား ဟီးဟီး
252525 said...
လက်စွပ်မောင်းကွင်း2ကွင်းတို့ဘာညာတို့ပေးလဲ၇ပါတယ်....ကျနော်နဲ့ကျနော်သူငယ်ချင်းအပေါင်းပါတွေလုံးဝမသွားဘူး..
Unknown said...
Oh celebrities,
Are you agree this promotion?
Where's your ethic, status?
You all should do ideal manners for your younger generation.
Why you do like this? for money?, for famous?
Many people love you celebrities.
Is this your saydanar?
This time not too late.
Please change your mind ladies and gentlemen.
We all wish, hope.
sending mitta to all of you
rain said...
ဒါဗုဒွ့ဘာသာမြန်မာနိုင်ငံကွ မြန်မာ့ယဉ်ကျေးမှုကိုပျောက်အောင်လုပ်နေတာလား
ဒီမိုကရေစီဆိုတာ လုပ်ချင်တာလုပ်ဖို့မဟုတ်ဘူးကွ ကိုယ့်ယဉ်ကျေးမှုကိုထိန်သိမ်းဖို့စဉ်းစားကြဦး...
Anonymous said...
ဟဲ့အကောင်တွေ တို့ကိုများရွဲ့ပြီးများလုပ်နေတာလားဟဲ့ ခွေးမသားတွေရဲ့
ပြောလေကဲလေ မန်းလေပြဲလေပါလား မင်းတို့မှာ နှမတွေ အစ်မတွေ မအေ မိဘတွေများမရှိကြဘူးလားဟဲ့ မိမဆုံးမဖမဆုံးမတွေရဲ့ အလေနတော
အုပ်ကြားမြက်ပေါက် အလှူရှိမှထမင်းစား မသာရှိမှ ကားစီးရတဲ့ကောင်တွေရဲ့
ငွေရဖို့အတွက်ဆိုရင် မအေနဲ့အစ်မညီမတွေကို -ာခန်းပို့ ငွေရှာကြမဲ့ ဘနှဘူးသိုက်တူးကြမဲ့ ခွေးမသားတွေရဲ့။
ဒါမြန်မာပြည် မင်းတို့လုပ်ချင်တိုင်း လုပ်ခွင့်မပေးနှိုင်ဘူး ဒီမိုကရေစီ ကဖြင့်ဘယ်မှာမှန်း မသိသေးဘူး ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတော့ အသုံးချချင်လှပြီပေါ့လေ အေး အဲဒါလွတ်လပ်တာမဟုတ်ဘူး ယုတ်မာနေတာ စိတ်ဓါတ်အောက်တန်းကျနေတာ မင်းတို့မျိုးရိုးတွေရဲ့ အကျင့်စရိုက်ကိုပြနေတာဟဲ့ ခွေးမသားတွေရဲ့။
မင်းတို့ရဲ့လုပ်ရပ်က တို့မြန်မာပြည်သူတစ်ရပ်လုံး နှင့်တကွ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာအမျိုးသမီးထု တစ်ရပ်လုံးကို အထင်သေး
စော်ကားလိုက်ချင်းဖြစ်တယ်ဟဲ့ ခွေးမသားတွေရဲ့၊။။ ။။
လေးစားချစ်ခင်ရပါသော မြန်မာပြည်သူပြည်သား ကိုကို ညီညီ မမ တို့ခင်ဗျား အထက်ပါခွေးမသား လူ့သတ်တဝါ တို့ရဲ့ စော်ကားချင်းကို မခံရစေရန် သူတို့ရဲ့ ရှိုးပွဲကို သွားမကြည့်ကြပါရန် လေးစားစွာ တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။။
လူအချင်းချင်းအထင်သေးချင်းကင်းရှင်းကြပါစေ၊၊၊။။။။၊၊၊၊၊
ဘယ်သန်ဘမှန်
Han Gyi said...
ကဲရိုင်းရိုင်းဘဲပြောမယ် မင်းတို့တွေ ဖာနိုင်ငံ ကိုတည်နေတာလား မြန်မာနိုင်ငံကိုတည်နေတာလား။ ပြည်သူ့ဆန်စား လူ့ငနွားဆိုတာ မင်းတို့လိုကောင်မျိုးတွေ။ နွားနဲ့တောင်ယဉ်ရင်မင်းတို့က နိမ့်သေးတယ် လောလောဆယ်နိုင်းစရာမရှိ့လို့ နွားနဲ့ဘဲနိုင်းမယ်။ ရုက်တက်ရင်သေလို့ရတယ် မင်းတို့လုပ်ရပ်က။ ပရိတ်သက်ရဲ့ အားပေးတဲ့လက်ခုပ်သံတွေက မင်းတို့အတွက်မေတ္တာတွေပါပင်မဲ့။ ဒီပွဲမှာ ကြားရမယ်လက်ခုပ်သံတွေကတော့ မင်းတို့ရဲ့ဇာတ်တူသတ္တ၀ါမျိုးမစစ်တွေ ရဲ့လက်ခုပ်သံဘဲပါလာမှာ ပိုက်ဆံတွေပိုရင်လဲ လိုအပ်တဲ့နေရာမှာ လှူလိုက်ပါလား။ မေတ္တာရပ်ခံပြီးဖားတန်းကို သီး၂သန့်ဖွင့်ပြီး မင်းတို့ဘာသာ မင်းတို့ အားပေးကြပါလား။ မင်းတို့မှာ အမေတွေ အမတွေမရှိကြတော့ဘူးလား။ ငါအကောင်းဆုံးအကြံဥာဏ်ပေးမဲ့ မင်းတို့အရှက်ပြေပေါ့ ချောင်းသာကပြန်ပြီးရင် နဲ့ မပြန်ခင် တစ်ခါတည်းလက်မှတ်ထိုး ပြီးမင်္ဂလာဆောင်ပေးလိုက်ကြပါလား။ မင်းတို့မှာ နှမချင်း အမချင်း အမေချင်း စာနာတဲ့စိတ်ရှိရင်တော့ အဲ့လိုလေးပြောင်းပြီး ကြော်ငြာလိုက်လေ။ ဒါဘဲကွာ.. အချိန်ကုန်တဲ့ အလုပ်ထဲကမအားတဲ့ ကြားကမျိုးချစ်စိတ်လေးနဲ့ အပြုသဘောနဲ့ဝေဖန်ပေးတာပါ။... မြန်မာပြည်က ချစ်ညီကိုမောင်နှမ များ ကို့ကိုကိုယ် တန်းဖိုးထားတက်မယ် သိက္ခာရှိတယ် လို့ထင်ရင် ဒီပွဲကို လုံးဝမသွားဖို့ မေတ္တာရပ်ခံပါတယ်။.....
မေ said...
ဒီမိုကရေစီကို ဒီလို အသုံးချမယ်ဆိုရင်တော့ မရတာတောင်ကောင်းသေးမယ်။
ဒါမှမဟုတ်ရင် မြန်မာနိုင်ငံမှာ အပျို မကျန်တော့မှာ စိုးရတယ်
Kyaw Minn said...
ထိန်းသိမ်းကြပါ မြန်မာတို့ရေ....
thetswan88 said...
အော် ကျနော်တို့ မြန်မာလူငယ်တွေကို လမ်းပျောက်စရိုက် သွပ်သွင်းမှု့ ကို စနစ်တကျ တခုပြီးတခု အစီအစဉ်ပြောင်း လုပ်နေပါလား..ဗိုလ်ချုပ်မွေးနေ့ နှင့် ပြည်ထောင်စုနေ့ များကိုကျော်ကာ လူငယ်တွေကို အပျက်လမ်းသွင်း နေကြပြီ...
Brighten Future said...
ိဒီပွဲကို ကျင်းပတာက (ကိုဘိုစန်း)Bo Bo Entertainment မှလို့ သိရပါတယ်။ Show အချိန်နောက်ကျခြင်း(1 or 2 hours), မျက်နှာသစ်အဆိုတော်များစွာကို မိတ်ဆက်ခြင်း ဖြင့် Show ပွဲပြီးချိန်ကိုနောက်ကျအောင် လုပ်ပါတယ်။ အဆိုတော်များကလဲ နောက်ကျရင် အိမ်မပြန်ပဲ အခန်းများ ကို ကြိုတင် Booking လုပ်ထားရန် ခဏခဏ ပြောပါတယ်။ လူငယ်တော်တော်များမှာ (Under 18 years)များဖြစ်ပါတယ်။ မနှစ်က ကျွန်တော်သွားကြည့် ထားတဲ့ အတွေအကြုံအရပြောတာပါ။
ရာရာ said...
တိုးတိုးတိတ်တိတ်ဆိုနားလည်ပေးလို့ရသေးတယ်..ခုလို ပေါ်တင်ကြီးဆိုတော့..မျက်လုံးကိုပြူးသွားတာပဲ..
လရောင်ဝါ said...
သူများတွေပေါ်ပေါ်ထင်ထင်တင်တာကိုဝိုင်းပြောကြပါသည် ဒါဆိုအခုရေးတဲ့အထဲမှာမည်သူများရည်းစားနဲ့ခိုးကြောင်ခိုးဝှက်တည်းခိုးခန်းမှာသွားမအိပ်ဖူးတဲ့လူများမပါကြဘူးပေါ့ တော်တော်ကြီးကို ရိုးသားကြတယ်ပေါ့ အပြင်မှာလူတော်တော်များများဒီလိုသွားနေတာလဲပြောကြဉီးမှပေါ့ သူတို့ဒီလိုမလုပ်လဲအပြင်မှာသွားနေကြတာပဲ အတွဲလေးတွေဟိုတယ်ကထွက်လာ လိုက်ကြတာမရှက်မကြောက် ဒါကိုရောအခုလူကြီးမိဘများဘယ်လိုများပြောကြမလဲ
truthguy said...
Be understand........Hip Hop music is basically based on SEX between teenagers....there some shows in US.......f---ing while rapping....
I think they r trying to accomplish this culture in this country.
ရဲ said...
ဦးနှောက်မရှိကြ သော ရှိုးပွဲစီစဉ်သူ များ ...ဦးနှောက်မရှိကြသော...
သီဆိုဖျော်ဖြေတဲ့ ယောကျာင်္း မိန်းမ များ... ဦးနှောက်မရှိကြသော...
သွားကြလာကြ မူးကြရူးကြမယ့် သူများ .. ဒီလိုပွဲ မျိုးကို ခွင့်ပြုတဲ့ ဘယ်သူသေသေ ငတေ မာရင်းပြီးရော ဆိုတဲ့ ခွင့်ပြုချက်ပေး သော အာဏာ ပိုင် အဖွဲ့ အစီးများ .......နိုင်ငံမှား နေပါကြောင်း....ကျေးဇူးပြု သောအားဖြင့် ခွေးဇာတ်မခင်းကြပါနဲ့ ခဗျာ....
ရဲ said...
မြန်မာနိုငံမှာ နေပြီးနိုင်ငံမှားကြသော ဦးနှောက်ပျက် အထက်ပါ ပွဲစီစဉ်သူများ ... ဘယ်သူသေသေငတေမာရင် ပြီးရောဆိုတဲ့ ကောင်းမွန်လှတဲ့ စိတ်ဓာတ်နဲ့ ပွဲစီစဉ်ခွင့်ပေး တဲ့ အာဏာပိုင် များ... 13 ရက်နေ့ကို မေ့ပြီး 14 ရက်နေ့မှာ ပျော်ပျော်လေး ဖျော်ဖြေနိုင်ပေး ကြမယ့် အဆိုတော် ဦးနှောက်ပျက် များ ...
Kevin Kaung said...
This comment has been removed by the author.
ရာရာ said...
ဖိုတိုရှော့ပ် နဲ့ တစ်ယောက်ယောက် လက်ဆော့လိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။
မြို့ထဲတွင် တွေ့ရသော ဘီလ်ဘုတ်တွင် အဆိုပါ ကြေငြာချက်ပါဝင်ခြင်းမရှိပါ။
Anonymous said...
ဟာ တေေ၇ာ ဆဲပြီးနေပီ ။ ဘီလိုလုပ်၇ပါ့းP
မြန်မာပြည်သား said...
ဘယ်ရောက်ကုန်ပီလည်..အနုပညာအဖွဲအစည်က.....ဒါမျိုလုပ်တာကိုခွင်ပြုလာ.....လုပ်ပါအုန်ဦးကျော်ဆန်းရယ်ဒါမျိုလုပ်တာခွင့်ပြုလား....နာမလည်တော့ဘူး....စိုင်းစိုင်းနဲ့ ရဲလေး...မင်းတိုကံစန်းမဲအစီစဉ်မှာ...ပိုကောင်းသွားအောင်...လုပ်မဲလုပ်..မင်းတိုနှမတွေ..ဆွေမျီုးတွေနဲ့ ဝိုင်းစုခိုင်သိန်ကိုပါ...ဖောက်လိုက်ပါလား...ပိုကောင်သွားတာပေါ့ကွာ.....မင်းတိုဘာလူမျိုတွေလည်...ဒါမျိုလုပ်တာဘယ်နိုင်ငံမှာမှမတွေဘူပါဘူကွာ....မင်းတိုမိဘတွေကိုလည်အန့် အော်ပါရဲ့ကွာ...အမေစုရေကယ်ပါအုန်...ဒီလိုလူမျိုတွေမြန်မာပြည်မှာရှိနေသမျှ...အမေကြီုစားသလျှောက်အရာမရောက်ဖြစ်နေပီ................
phohtaung said...
သြော် ....... တရားကျဖို.ကောင်းလိုက်တာနော် .... ပြည်သူတွေကို စေတနာထားပြီး ပြည်သူ.အကျိုးပြု လုပ်ငန်းတွေလုပ် တရားဟောနေတဲ. ဆရာတော်ကြီးတွေရဲ. တရားပွဲတွေကျတော.ပိတ်ပင်တားဆီးတယ် .. ခုလို မြီု.လယ်ကောင်မှာမဖွယ်မရာ ကြော်ငြာထောင်ပြီးလုပ်တဲ. ဗရုတ်သုတ်ခ ပွဲတွေကျတော.ခွင်.ပြုတယ် .. ကောင်းလေစွ ... ကောင်းလေစွ .. ချစ်ဖို.ကောင်းလိုက်တဲ.လူကြီးမင်းတွေ ... အင်းပေါ.လေ .... ကိုယ်သန်ရာ သန်ရာပေါ. ..... သူတို.နဲ. သူတို.သားကမီးတွေကိုယ်တိုင်က ဒါမျိုးပဲ သန်ကြရှာတာကိုး ...... လုပ်ကြပေါ.လေ .... သွားမယ်.သူတွေလဲသွားကြပေါ. ...... ကျွန်တော်/ ကျွန်မတို.လဲ ... ဒီလိုပါပဲလို. ကြော်ငြာပြီးသားဖြစ်တာပေါ. ....
aung said...
ပွဲစီစဉ်သူက ဘိုစန်း (Bo Bo Entertainment) ဟုတ်ပါတယ်။ ဒီတစ်ခါဒီလူ တော်တော်လောဘကြီးပြီး မကြံစည်ကောင်းတာတွေကြံလိုက်ကုန်ပြီ။ ဒီလူမျိုးကို ပွဲမိန့်ပိတ်သင့်ပါတယ်။ အနုပညာရှင်များကလည်း သပိတ်မှောက်သင့်ပါတယ်။ ခက်တာက ပွဲတော်တော်များများကလည်း သူဘဲစီစဉ်နေတာဆိုတော့ အဆိုတော်တွေလည်း ပိုက်ဆံမရမှာမှာစိုးတော့ လုပ်ရဲမှာမဟုတ်ပါဘူး။ တရားပွဲတွေကို လိုက်ပိတ်နေသူများလည်း ဒီလိုမျိုး မဖွယ်မရာ ကံစမ်းမဲနဲ့မဲဆွယ်တဲ့ပွဲတွေကြ ငြိမ်နေကြပါလား..ရှက်စရာကောင်းပါတယ်။
wt said...
အော်..... ဒီမိုကရေစီကို တလွှဲလုပ်လျှင် ဗိုလ်ချူပ်ပြောခဲ့သလို 'ဟိုဟာ'နိုင်ငံကြီးဖြစ်လာ နိုင်တယ်။ အသိတရားလေးတွေ ထားကြပါဦး မောင်တို့ တစ်ခြားအရာတွေမှာ ဆင်ဆာတွေရှိပြီး ဒါမျိုးတွေမှာ မရှိဘူးလား။ ဘယ်သူတွေအတွက်ကြောင့်လဲ ဘယ်လိုလူတွေ သွားမှာလဲ။ မြန်မာ မိန်းမလေးတွေ မှန်ရင် ဒါမျိုးမသွားပါဘူး။ မြန်မာစစ်စစ်ဆိုတာ ဒိရိသြတပ်ပတရား နဲ့နေတဲ့ အာရှရဲ့ ယဉ်ကျေးတဲ့လူမျိုးပါ။
wt said...
ဒါမျိုးတွေက ၀န်ကြီးဋ္ဌာနတွေမှာအများကြီး ရှိနေစဲပါပဲလေ။ ပြည်သူတွေ ဒီဝဋ်က ဘယ်တော့များမှကျွှတ်မလဲ ဆုတောင်းပေးနေ ရတာပေါ့။
mo mo ko said...
အဲဒီကံစမ်းမဲကလူတိုင်းပါလို့ရတာမဟုတ်ဘူး။ပြိုင်ပွဲရှိသေးတယ်။
စင်ပေါ်မှာ mouth to mouth kiss အချိန်ဘယ်လောက်ကြာကြာပေးနိုင်တဲ့ စုံတွဲတွေကိုမှ ဆိုပြီးစည်းကမ်းချက်တွေရှိသေးတာတဲ့။ Second နဲ့ မဟုတ်ဘူးနော်။
မိနစ် ၊မိနစ်။
Wai Lar Ko Ko said...
သြော်သနားပါတယ်နော်။
တရားပွဲတွေပိတ်ရင်....အကုသိုလ်နဲ့ဒယ်အိုးသွားရတယ်
ဒီလိုမဟုတ်တဲ့ပွဲတွေပါမစ်အပြည့်ပေးတာလည်း........အကုသိုလ်နဲ့ဒယ်အိုးသွားရတယ်
သနားဖို့ကောင်းလိုက်ကြတာနော်
ဒယ်အိုးကနေလွတ်အောင်ရုန်းမယ်လို့မစဉ်းစားမိကြတော့ဘူးလား
Kevin Kaung said...
သုဝဏလမ်းဆုံမှသန်လျင်ထိကြော်ငြာထားသော BILLBOARD ၃ခုတွင် ၂ခုမှာအခန်းခဆိုသောနေရာကို အနက်ရောင်မှုတ်ဆေးနှင်.ဖျက်ထားတာတွေရပါသည်။ သံလျင်ရှိ BILLBOARD မှာ ဖျက်ထားခြင်းမတွေရပါ။ မီကောင်းဖခင်သားသမီးများ မသွားသင်.သည်ပွဲဖြစ်ပါသည်။ သက်ဆိုင်ရာအနေဖြင်.ပွဲလုပ်ခွင်.ပါမစ် ကို မပေးသင်.ပါ။
Zayar Lynn said...
ဒီမိုကရေစီရပြီဆိုတာနဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာမေ့စရာမဟုတ်ဘူးကွ
Powered by Blogger.