EC ကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည်

ဥရောပကော်မရှင်မင်းကြီး Piebalgs
EU ဥရောပသမဂ္ဂမှာ မူဝါဒတွေကို အကောင်အထည်ဖော်ပေးရတဲ့ EC ဥရောပကော်မရှင်က ကော်မရှင်မင်းကြီးဟာ ပထမဆုံးအကြိမ် မြန်မာ သမ္မတနဲ့ တွေ့ဖို့ရှိပါတယ်။
ကော်မရှင်မင်းကြီး Andris Piebalgs ရဲ. ရှေ.အပတ်ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံ ဖွံဖြိုးရေးနဲ့ ဆင်းရဲမှု့ပပျောက်ရေး လုပ်ငန်းတွေအတွက် ပေးမဲ့ အကူအညီသစ်တွေကို ကြေငြာပြီး၊ နောင် ထပ်ပေးနိုင်မှာတွေအတွက်လဲ လေ့လာသုံးသပ်သွားမယ်လို့ EC ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီအကူအညီတွေဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်လာတာကို ထောက်ခံပေးဖို့ ဖြစ်တယ်လို့လဲ ဒီ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
ဥရောပကော်မရှင်မင်းကြီး Piebalgs ဟာ  ဖေဖေါ်ဝါရီ ၁၂ ကနေ ၁၄ အတွင်း မြန်မာနိုင်ငံကို သွားပြီး မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ပထမဆုံးအကြိမ်တွေ့ရာမှာ တိုင်းပြည်ထဲမှာ အပြောင်းအလဲစလုပ်လာတာတွေကို ထောက်ခံကြောင်းပြောဖို့နဲ့ ရှေ.ဆက်ပူးပေါင်းဆောင်ရွက်နိုင်တာတွေနဲ့ အကူအညီထပ်ပေးနိုင်တာတွေကို အသေးစိတ်ဆွေးနွေးဖို့ရှိပါတယ်။
EC ဥရောပကော်မရှင်ရဲ. ဖွံဖြိုးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Catherine Ray က ဒီခရီးစဉ်ရဲ. ရည်ရွယ်ချက်နဲ့ ကူညီပေးမဲ့ အစီအစဉ်ကို ခုလိုရှင်းပြပါတယ်။
“ဒီနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ရှိတာကို ကျွန်မတို့အနေနဲ့ ထောက်ခံကြောင်းပြောပြချင်ပါတယ်။ နောက်နိုင်ငံရဲ. စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဏတွေအတွက် ယူယိုငွေသန်းပေါင်း ၁၅၀ နောက်ထပ်ထပ်ပြီး အကူအညီပေးမယ်ဆိုတာကိုလဲ ကြေညာဖို့ရှိပါတယ်။”
ဥရောပကော်မရှင်ရဲ. ပြောခွင့်ရ Mrs. Ray ကပဲ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲရေးစလုပ်လာတာနဲ့ ဆက်လုပ်ဖို့ ပြောထားတာတွေက ချီးကြူးစရာကောင်းတဲ့အတွက် ခုလို ဆင်းရဲမှု့ပပျောက်ရေးနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ အတွက် အကူအညီထပ်ပေးဖို့ လုပ်လာတာဖြစ်တယ်လို့ဆိုပါတယ်။
Mrs. Ray ကပဲ ခုလို အကူအညီတွေကို ၁၉၉၆ ထဲက စပေးလာတာဖြစ်ပြီး ယူယိုငွေသန်းပေါင်း ၁၇၀ ကျော်ပေးပြီးသွားပြီ၊ အခုပေးမှာက အခုလာမဲ့ ၂ နှစ်အတွက် နောက်ထပ်အသစ် ဖြစ်တယ်လို့ဆိုပါတယ်။
Mrs. Ray က ဒီကိစ္စတွေကို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ရာမှာ အဓိကဆွေးနွေးသွားမှာဖြစ်တယ်၊ ဒါ့အပြင် လာမဲ့ ၂၀၁၃မှာ ကဏ္ဏသစ်တွေမှာ တိုးချဲ.ပြီး နောက်ထပ် အကူအညီပေးနိုင်ဖို့လဲ လေ့လာသုံးသပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“လာမဲ့ ၂၀၁၃ ခုနှစ်မှလဲ ကျွန်မတို့ရဲ. အကူအညီတွေကို စွမ်းအင်မြှင့်တင်ရေးလိုမျိုးမှာ ထပ်တိုးချဲ.မလားဆိုတာကို စဉ်းစားသွားမှာပါ။ အဓိက ကတော့ နိုင်ငံထဲမှာ ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေကို ကူညီပေးနိုင်ဖို့ပါ။ ဒါတွေကို လာမဲ့ လပိုင်း နှစ်ပိုင်းတွေအတွင်းမှာ သုံးသပ်သွားမှာပါ။”
ခုလိုသုံးသပ်မှု့ဆက်လုပ်သွားရာမှာ  သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအတိုင်အခံတွေ၊ NGOတွေ၊ လူထုအဖွဲ့တွေနဲ့ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးပြီးမှ လုပ်မှဖြစ်တယ်လို့ Mrs. Ray က ဆက်ပြောပါတယ်။
Mrs. Ray ကပဲ ခုလိုသုံးသပ်ရာမှာ အစိုးရက ပြောထားတဲ့ ပြုပြင်ပြောင်းလဲမှု့တွေ ဆက်လုပ်ပြတာနဲ့ လာမဲ့ရွေးကောက်ပွဲမှာ ကတိပေးထားသလို လွတ်လပ်တရားမျှတမှု့ရှိဖို့တွေကို မျှော်လင့်ထားတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင်ဒီခရီးစဉ်ထဲမှာ EC ကနေ အရင် ထောက်ပံပေးလာခဲ့တဲ့ NGO အဖွဲ့တွေနဲ့လဲ တွေ့ဖို့ရှိတယ်၊ နောက် တနင်္လာနေ့မှာ နေပြည်တော်မှာလုပ်မဲ့ ဖွံဖြိုးရေးပေါ်လစီရွေးချယ်မှု့ဆိုင်ရာ ဆွေးနွေးပွဲကိုလဲ တက်ရောက်ဖို့ရှိတာမို့ ဒီခရီးစဉ်က ပြီးပြည့်စုံပြီး အရေးပါတယ်လို့ Mrs. Ray က ဆိုပါတယ်။
EC ဥရောပကော်မရှင် အနေနဲ့ ၁၉၉၆ ကစပြီး Multi-Trust Fund ခေါ် နိုင်ငံအများပါဝင်တဲ့ ရံပုံငွေအဖွဲ့ တခုကို ထူထောင်ပြီး ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ သြစတျေးလျနဲ့ ကုလသမ္မဂတို့က ငွေစိုက်ထုတ်ကူညီပေးလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် EC အနေနဲ့ မြန်မာနိုင်ငံမှာ 3-D Fund ခေါ် ရောဂါ ၃ခု တိုက်ဖျက်ရေး အဖွဲ့ဖွဲ့ပြီး AIDS၊ ဌက်ဖျားနဲ့ တီဘီ အဆုတ်နာရောဂါတွေ အတွက်လဲ ရံပုံငွေများစွာ ထောက်ပံ့ပေးလာခဲ့ပါတယ်။
VOA
EC ကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည် EC ကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည် Reviewed by သစ်ထူးလွင် on 23:29 Rating: 5

No comments:

Powered by Blogger.