DVB မှ "ရတနာပုံတယ် လီပို့က ဝန်ထမ်းများ စာပို့ကန့် ကွက်" ပို့စ်အား
ပြင်ပေးစေလိုေ သာ အချက်များ
ယခု သတင်းနှင့် ပတ်သက်၍ ဒီဗွီဘီ သတင်းဌာနအား မှားယွင်းချက်များကို အောက်ပါ အချက်များအတိုင်း အသိပေး အကြောင်းကြားပြီး ဖြစ်ပါတယ်။ သစ်ထူးလွင်ဆိုက်ထ်တွင်လည်း ယခုကဲ့သို့ ပြင်ပေးစေလိုပါကြော င်း လေးစားစွာဖြင့် တောင်းခံအပ်ပါတယ်။ယခုကဲ့သို့ ရတနာပုံ တယ်လီပို့ Web Portal ဝန်ထမ်းများ အတွက် ကြိုးပန်း လုပ်ဆောင်ပေးပါသော သစ်ထူးလွင် ဆိုက်ထ် အား ကျေးဇူး အထူးတင်ရှိပါတယ်။ ယခု ပေးပို့သော သတင်းများမှာ မှန်ကန်ပါကြောင်း မေတ္တာရပ်ခံအပ် ပါတယ်။ သစ်ထူးလွင်ဆိုက်ထ်ဟာ ပြည်သူအများရဲ့ အာရုံစူးစိုက်မှု အများဆုံးရရှိထားသော ဆိုက်ထ် တစ်ခု ဖြစ်သောကြောင့် သတင်းများကို မှန်ကန်တိကျစွာ ဖြစ်ရန်ရည်ရွယ်၍ ပေးပို့လိုက်ပါသည်။ ယုံကြည်လေးစားစွာဖြင့်.....
ရတနာပုံ တယ်လီပို့ Web Portal မှ ဝန်ထမ်းတစ်ဦး
ပြင်ပေးစေလိုပါသည်။
(၁) ခေါင်းစီး - "ရတနာပုံတယ်လီပို့က ဝန်ထမ်းများ စာပို့ကန့်ကွက်" (နေရာတွင်) "ရတနာပုံ တယ်လီပို့ Web Portal ဌာန ဝန်ထမ်းများ စာပို့ကန့်ကွက်" ဟု ပြင်ပေးစေလိုပါသည်။(၂) ပထမပိုဒ် - ရတနာပုံ တယ်လီပို့က Development and Maintenance ဝန်ထမ်းတွေ (နေရာတွင်) ရတနာပုံ တယ်လီပို့ Web Portal ဌာန ဝန်ထမ်းတွေ ဟု ပြင်ပေးစေလိုပါသည်။
(၃) ဒုတိယပိုဒ် - ရတနာပုံ တယ်လီပို့ ဝက်ဆိုက် Development and Maintenance ဌာနက ဝန်ထမ်း ..... (နေရာတွင်) ရတနာပုံ တယ်လီပို့ Web Portal ဌာနက ဝန်ထမ်း..... ဟု ပြင်စေလိုပါသည်။
(၄) ပဉ္စမပိုဒ်- " ဒါပေမယ့် အခုဒီကနေ သွားတဲ့လူတွေအားလုံး ဒီဇိုင်နာေ
ပြင်ပေးစေလိုပါသည်။
(၅) ပဉ္စမပိုဒ် - " အဲဒီ ၁၃ ယောက်စာ အတွက်လည်း ပြန်စဉ်းစားပေးပါ။" (နေရာတွင်) " အဲဒီ ၁၇ ယောက်စာ အတွက်လည်း ပြန်စဉ်းစားပေးပါ။" ဟု ပြင်ပေးစေလိုပါသည်။
(၆) ပဉ္စမပိုဒ် - " ပြီးတော့ ဒီလူကြီးကို ဌာနမှူးအဖြစ် လုံးဝလက်မခံနိုင်ပါ
(၇) ဆဌ္ဒမ အပိုဒ် - "အဲဒီ ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ ကုမ္ပဏီစီမံခန်
(၈) သတ္တမ အပိုဒ် - " ရတနာပုံ တယ်လီပို့ဟာ အင်တာနက် တပ်ဆင်တဲ့ လုပ်ငန်းနဲ့ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့မှာ အင်တာနက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ " (နေရာတွင်) "ရတနာပုံ
တယ်လီပို့ဟာ www.yatanarpon.
Myanmar News Now မှ ဖော်ပြခဲ့သည့် ဒီဗွီဘီ သတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဒီဗွီဘီ မှ ပြင်ပေးစေလိုေ
ရတနာပုံတယ်လီပို့ Web Portal ဌာနဝန်ထမ်းများ စာပို့ကန့်ကွက်
ရတနာပုံ
တယ်လီပို့ Web Portal ဌာန ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး
ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက
ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့ Web Portal ဌာန
ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့
ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့
ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။
“အဲဒါကတော့
ဌာနကို သူရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတယ်။ ဒီကလူတွေကို
ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတဲ့အတွက် အဲဒါတွေကို မကျေနပ်ကြပါဘူး။
အဲဒီ့ လူကြီးကို မကျေနပ်ပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက်
အရေးယူပေးရန်၊ နောက်တချက်က အခုသူခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က
ပြန်စဉ်းစားပေးပါရန်၊ အခု စာချုပ်မှာ အကုန်ပါ ပါတယ်။ ကုမ္ပဏီက လိုအပ်ရင်
လိုအပ်တဲ့နေရာမှာကို အားလုံးလွှတ်ရမယ်ဆိုတာ ပါပါတယ်။
အခုဒီကနေ
သွားတဲ့လူတွေအားလုံးက Web Programmer ၊ Web Designer နဲ့ Web
Moderator တွေပါ။ အဲဒါတွေကို ဟိုဘက်မှာ ခဲအရည်ဖျော်ခိုင်းတယ်၊ နောက်တခုက
ဘာမှပြန်မပြောနဲ့ ခိုင်းတာလုပ်ရမယ် ဆိုတဲ့ဟာတွေ အဲဒါတွေအားလုံးကို
မကျေနပ်ပါဘူး။ အဲဒီ ၁၇ ယောက်စာအတွက်လည်း ပြန်စဉ်းစားပေးပါ။ ပြီးတော့
ဒီလူကြီးကို
ဌာနကြီးမှူးအဖြစ် လုံးဝလက်မခံနိုင်ပါဘူး။ အဲဒါကို တင်ပြထားတာပါ။”
ဌာနကြီးမှူးအဖြစ် လုံးဝလက်မခံနိုင်ပါဘူး။ အဲဒါကို တင်ပြထားတာပါ။”
အဲဒီ
ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ Web Portal ဌာနက ပြည်ထောင်စု
အစိုးရအဖွဲ့၊ သမ္မတရုံးအထိ ကန့်ကွက်မယ်လို့ ကုမ္ပဏီက ၀န်ထမ်းက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ
အစိုးရနဲ့ ပုဂ္ဂလိက အစုစပ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ရတနာပုံ
တယ်လီပို့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်းဝန်ကြီး
ဦးသိန်းထွန်း ဖြစ်ပါတယ်။
ကန့်ကွက်တောင်းဆိုတာ
မရရင်အားလုံးထွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး
ကန့်ကွက်စာပို့တဲ့ အထဲမှာ ပါဝင်သူက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ
အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ရတနာပုံတယ်လီပို့ဟာ www.yatanarpon.com.mm ဆိုက်တခု အပါအဝင်
အင်တာနက်ဆားဗစ်ပေးသောလုပ်ငန်း၊ ဆိုလာ စက်ရုံ လုပ်ငန်း နဲ့ အခြား
လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ
DVB မှ "ရတနာပုံတယ်လီပို့က ဝန်ထမ်းများ စာပို့ကန့်ကွက်" ပို့စ်အား ပြင်ပေးစေလိုသော အချက်များ
Reviewed by သစ်ထူးလွင်
on
05:39
Rating:
10 comments:
ဟ.. ပွဲကတော့ကောင်းနေပြီ။
သက်ဆိုင်ရာများ အမြန်ဆုံးဖော်ထုတ် အရေးယူပေးကြပါ။
အခုလို ရိုင်းပြတဲ့အထက်အရာရှိကို မဟုတ်မခံ ပြန်လည်တင်ပြရဲသော ရတနာပုံ တယ်လီပို့ Web Portal မှ ဝန်ထမ်းတစ်ဦးအား လေးစားပါသည်။
ဒီလိုနည်းနဲ့ မိုက်ရိုင်းသော အရာရှိကြီးများ၊ အရည်အချင်းမရှိသော၊ လူမှန်နေရာမှန် မဟုတ်သူများကို မောင်းထုတ်ကြပါစို့။.....။
မြန်မာ နိုင်ငံ မှာ အဲဒီလို ဝန်ထမ်း တွေအများကြီး ရှိနေသင့်ပါပြီ..အမှန်
ကို ပြန်ပြောရဲ့ တဲ့ ဝန်ထမ်းတွေကို ပြောတာပါ...အဲဒီလို ငါထင်ရာ
ငါလုပ်မယ် ဆိုတဲ့ လူကြီးမျိုးတွေကိုလည်း အရေးယူသင့်ပါတယ်..အဲဒါမှ
ကျွန်တော်တို့ နိုင်ငံဟာ ကောင်းလာနိုင်ပါလိမ့်မယ်...
အပြောခံရတဲ့သူတွေအားလုံး သွေးစည်းဖို့တော့ လိုတယ်နော် သိလား...ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ ကြောက်စရာမလိုဘူး.. သူ့ဘာသာ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ အဲ့လောက်မိုက်ရိုင်းနေတာကို အလျှော့ပေးလိုက်ရင် နောက်ဆို ဒီကောင်တွေ ပိုဆိုးလာနိုင်တယ်... ငတ်သေတဲ့ မသာမရှိဘူးနော်... မြန်မာပြည်က သင်ပေးတဲ့ ပညာ မြန်မာပြည်ထဲမှာတင် လုပ်စားလို့ရတယ်သိလား မြန်မာပြည်က သင်ပေးထားတဲ့ ပညာ ဘယ်လောက်စွမ်းလဲ သိချင်ရင် နိုင်ငံတကာမှာ ပညာနဲ့ သွားလုပ်စားနေတဲ့ လူတွေအများကြီးလို့ ပြန်ပြောလိုက်အဲ့ကောင်ကို... (အားတင်းထားနော် အပြောခံရတဲ့သူတွေအားလုံး စည်းလုံးပါစေ)
ပွဲကြီးပွဲကောင်းတော့လာနေပြီနော.....
ဒိုင်ကြောင့် ပွဲမပျက်ဖို့ဘဲလိုတယ်။
အရည်အချင်းနဲနဲမှမရှိဘဲ မိုက်ရိုင်းယုတ်ညံ့သော စစ်ဝတ်စုံချွတ်
အရပ်ဝတ်စုံဝတ်ထားကြသော နှစ်သီးစားများကို အရာရှိကြီးများ
နေရာမှာ ထားသင့်ပါရဲ့လား? လိုအပ်ကြပါရဲ့လား? No!
မြန်မြန်ဖယ်ရှားသင့်ပါကြောင်း၊
ရတနာပုံတယ်လီပို့ရဲ့ Web portal ၀န်ထမ်းလို ၀န်ထမ်းကောင်းတွေ မြန်မာနိုင်ငံမှာ အများကြီးလိုအပ်ပါကြောင်း
ဆန္ဒအမှန် ထုတ်ပြန်လိုက်ရပါသည်။
အင်း မင်းတို့ကိုအတွက် စိတ်မကောင်းဘူး။ ဒါပေမယ့် ငါတို့ နက်တွေ သုံးမ၇အောင်လုပ်နေတာ မင်းတို့ထင်တာဘဲ web moderator တွေေ၇...။
head officer myo nyunt aung very rude. no brain . brain have out side. myanmar have improved. this officer goaway to jail
"BRAVE,SHARP & CLEVER"
အဲ့ဒီဌာနမှုးကြီးဆိုတာ သူသာ တကယ် လူတော် လူကောင်းဆိုရင် ကိုယ့်အောက်မှာရှိတဲ့ ပညာရှင်တွေကို ဒီလို မဆက်ဆံသင့်ဘူး။တိုင်းပြည်မတိုးတက်တာ အဲ့ဒီလို မကောင်းတဲ့သူတွေဦးဆောင်နေလို့ဘဲ။မြန်မြန်အရေးယူသင့်တယ်။
They always said, we'r control our country. They did't know one thing. That is ,they control our country with guns .
Post a Comment