ရန်ကုန်တိုင်း သံလျှင်မြို့နယ်က ကျိုက်ခေါက် ဘုရားပွဲတော် ရက်အတွင်း ဘုရား
ဂေါပကအဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ပေါင်းပြီး ရောင်းချခွင့်
ပြုထားတဲ့ ဆိုင်ခန်း နေရာတွေကို အမှန်တကယ် ဈေးရောင်းချသူတွေစီ မငှားပဲ နီးစပ်ရာ ပွဲစားတွေကို အငှား ချနေတာကြောင့် မူရင်းပေါက်ဈေး ၅ သောင်း
လောက်ရှိတဲ့ ၁၀ ပေပတ်လည် ဆိုင်ခန်း နေရာအတွက် ပွဲစားတွေစီကနေ သိန်းဂဏာန်း အဆင့်ထိပေးပြီး ပြန်လည် ငှားရမ်းနေရတဲ့ အတွက် အမှန်တကယ်
ဈေးရောင်းတဲ့ သူတွေမှာ အခက် တွေ့နေကြပါတယ်။ ဆိုင်ခန်းတွေကို သူတို့နဲ့ နီးစပ်တဲ့ သူတွေနဲ့ ပွဲစားတွေကို လက်သိပ်ထိုး ငှားရမ်း နေသလို ဆိုင်ခန်း
နေရာ ရဖို့အတွက် ဂေါပကအဖွဲ့ကို တိုက်ရိုက် လျှောက်ထားလို့ မရကြဘူးလို့လည်း သိရပါတယ်။
ဘားမားဗီဂျေ

ဘုရား ဂေါပကအဖွဲ့နဲ့ အာဏာပိုင်တွေ ပေါင်းပြီး မတရားလုပ်နေ (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
06:57
Rating:
2 comments:
ေ-ာက်သုံးမကျတဲ့ ဂေါပကတွေပါလား ဘုရားနားနေပြီး ဒီလို လုပ်ရဲတယ် ... ဟင်း.....ငါလုပ်လိုက်ရသေတော့မယ်...

Post a Comment