အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ

အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား
ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ
ဖြစ်ရမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေ့ လည်
၁ နာရီ ၅ မိနစ်တွင် မစ္စတာ ကန်တားနားနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
" လာမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ
ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် များစွာ အခွင့်အလမ်းကောင်းတွေ ရလာမယ်လို့ ပြောတယ်။ ကိုယ့်ဘက်ကလည်း ကတိပေးလိုက်တယ်။ တို့ ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။
စောင့်ကြည့်ပါ၊ အပြော မဟုတ်ဘူး၊ အလုပ်နဲ့ စောင့်ကြည့်ပါလို့ ပြောခဲ့တယ် " ဟု
သူရဦးရွှေမန်း က တွေ့ ဆုံပြီး ရလာဒ် အခြေအနေကို ပြောပြကြောင်း နှင့်
မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးနှင့် ပတ်သက်၍လည်း မစ္စတာ ကန်တားနားမှ UN ကို တင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ လာရောက်စုစည်း
ရယူခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သတင်းထောက်က ဖေဖေါ်ဝါရီ ၂ ရက်နေ့ 
နေ့ လည်ပိုင်းမှာ နေပြည်တော်မှ သတင်းပေးပို့ ပါသည်။

ပေါ်ပြူလာဂျာနယ်
အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ Reviewed by သစ်ထူးလွင် on 17:55 Rating: 5

16 comments:

ko htoo said...

ံကြိုဆိုပါတယ် လွှတ်တော်ဥက္ကကြီးခင်ဗျား။

Anonymous said...

ဒေါ်စုနိုင်လဲ ဟိုတခါလိုအာဏာ မသိမ်းနဲ့အုံး

Anonymous said...

ဒီတစ်ခါတော့ လူမှန် တွေ နေရာမှန် ရောက်လာတော့မှာပါ . . .supporting တွေကောင်းရင်လဲ အကျိုးမယုတ်ပါဘူး . . .ဆက်လက် ပံ့ပိုးပေးပါ ဥက္ကဌ ကြီးခင်ဗျာ . . .

Android Myanmar said...

သူရဦးရွှေမန်း ဆိုသူ ကိုပြောချင်တာကတော့ ခင်ဗျားနဲ့ ခမည်းခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေ ပေါက်ကရတွေ လျှောက်လုပ်နေတာကိုပဲ အရင်ထိန်းသိမ်းပါအုံးလို့။ ပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းကို ဆက်လက်ဆွေးနွေးပေးပါ။

koko heav said...

ပြောတာလဲမင်းပါဘဲ ယုံသေးဘူးဗျ

Tri Asian Taste said...

ွှအပြောကတော့ ဦးရွှေမန်း အကကိုတော့ စောင့်ကြည့်ရမှာပေါ့

moethae199 said...

လွတ်လတ်သော်ရွေးကောက်ပွဲဖြင့်လာရင်တကယ်ကောင်းပါတယ် ပြည်သူတွေအတွက်လဲ မဲပေးရပျော်စရာပါ မဲပုံတွေမပျောက်ရင်ပြေားတာနော်

dove said...

ဧရာဝတီတိုင်း ၀န်ကြီးချုပ်က ကြံ့ခိုင်ရေးပါတီရာနှုန်းပြည့် နိုင်ရမယ်လို့ သမတကြီးကို အာမခံထားတဲ့အကြောင်း ၂၁.၁.၂၀၁၂ နေ့က မအူပင်မြို့ တိုးရွှေဝါ ခန်းမမှာ အတိအလင်း ပြောသွားပါတယ်၊ ဒီမတိုင်ခင် ၆ လလောက်ကတည်းက ကြံခိုင်ရေး အမတ်လောင်းက ရုံးတွေ ကျောင်းတွေ ခန်းမတွေမှာ ဟောပြောနေတာပါ၊ ဘုံကျောင်းတွေ ဗလီတွေကိုလည်း ပြင်ခွင့်ပေးမယ်၊ လမ်းတွေလည်းခင်းပေးမယ် ဆိုပြီး စည်းရုံးနေပါတယ်၊ အဲဒီလိုဆိုတော့ ဘယ်လိုများတရားကြောင်း သက်သေပြမှာ လဲဗျာ၊ တရားတယ်ဆိုရင် အဲဒါတွေ စီစစ်ပေးစေ ချင်ပါတယ်။

SN said...

ဗိုလ်ချုပ်တွေထဲမှာတော့ ဒီလူကို သဘောကျတယ်..၁၁ တပ်မမှူး နောက် ရွှေရတုတပ်မတော်နေ့ စစ်ရေးပြ စစ်ကြောင်းမှူးဘ၀နဲ့ တွေ့ဖူး ဆုံဖူး သတင်းယူဖူးတယ်ဗျ.....နောက်တော့ ဧရာဝတီတိုင်း တိုင်းမှူးဘ၀မှာလဲ နာမည်ပျက်မရှိဘဲ လယ်သမားတွေအကျိုး တော်တော်လုပ်ခဲ့တယ်လို့ ကြားဘူးတယ်......မကောင်းတာတွေတော့ ရှိရင် ရှိမှာပေါ့...ညှိကွပ်မှူးဘ၀နဲ့ အခုနောက်ပိုင်းတော့ ဘာအပုတ်နံမှ ထွက်လာတာ မကြားမိတာသေချာတယ်......သူသာ တစ်ကယ်ကောင်းရင် နိုင်ငံတော်အတွက် တော်တော်အားထားရမယ့် ဒီမိုကရေစီ ဘက်တော်သားတစ်ယောက် ဖြစ်လာမှာ သေချာတယ်လို့ ထင်ပါတယ်......

naysoe said...

ကျတော်ကတော့အမေစု ကို ယုံတယ် နိုင်မှာ။ တကယ်တရားမျှတဖို့ပဲလိုပါတယ်။ အားလုံးတွဲလုပ်ရင် အောင်မြင်မှာပါ။
လွှတ်တော်ထဲက အနှောက်တွေကိုတော့မြန်မြန်နိဂုန်းချုပ်စေချင်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ အနှောက်တွေရှိတယ်တဲ့ဗျ။
တိုင်းပြည်ကောင်းဖို့ ငြင်းကျခုံကျတာကို လက်ခံနိုင်ပေမယ့်၊ အမြဲတမ်းအပျက်ဘက်ဆောင်ပြီး စီးပွာရေးသမားအလိုကျ လျောက်လုပ်တာတော့ မကြိုက်ဘူးဗျာ။
လွှတ်တော်ထဲမှာစီးပွားရေးသမားတွေပါတယ်လေ။
တကယ်စေတနာရှိရင် အပြင်မှာ လျှုလို့ရတဲ့နေရာတွေအများကြီး ရှိပါတယ်။ လွှတ်တော်ထဲရောက်မှမဟုတ်ပါဘူးနော်။

တပေူကလဲ said...

သူရဦးရွှေ္မမန်းသည် လက်ရှိအစိုးရအတွင်း အတော်ဆုံးသူဖြစ်ပါသည်။
နိုင်ငံသားများအရေးကိုလည်းနားလည်နိုင်သူဟုထင်ပါသည်။
ဆက်သွယ်ရေးဥပဒေကိုပြင်စေ၍၅၀၀၀ တန်ဖုန်းကတ်ကိုပြည်သူများ
အဆင်ပြေစေရန်ဆောင်ရွက်ပေးစေချင်ပါသည်၊ဖုန်းသည်ဇိမ်ခံပစ္စည်း
လည်းမဟုတ်၊စားစရာလည်းမဟုတ်ပါ။
ဥပမာ နာဂစ်ကဲ့သို့ကိစ္စမျိုး မိုဘိုင်းဖုန်းရွာသားများလက်ဝယ်ရှိနေလျှင်
အတိုင်းအတာတခုအထိကာကွယ်နိုင်မည်ဟုထင်မိပါသည်။

kyaw soe ko ko said...

နာမည်ကလဲ ရွှေမန်း ...... ကြားဖူးတဲ့ စကားလို "အပြောကတော့ ရွှေမန်း ကတော့ ချိုမိုင်မိုင်" ဆိုတာ လိုမျိုးမဖြစ်စေနဲ့ ပေါ့......ပေါ်ပြူလာဂျာနယ် ရေ "ကျနော်တို့  ခင်ဗျားတို့ ကို ဒီလိုကျေနပ်အောင် ပြောပေးလုပ်ပေးရင် စီးပွားရေးပိတ်ဆို့ ထားတာလေး ရုတ်သိမ်းပေးပါလား ဗျာ ( ရွှေ ကြိုင် မိသားစု က အဲ့ဒါလေး ယူပြီး လစ်ချင် နေလို့ )..."ဆိုပြီး ဥက္ကဌ ကြီးထည့်မပြောသွားဘူးလားဗျာ.... လွှတ်တော်မှာ အဲ့ဒါကို အဓိကမျှော်လင့်ပြီး တောင်းဆိုနေကြမို့ လေ....ဘောင်းဘီချွတ်တွေ ပိုင်ဆိုင်ထားသမျှ တွေ အကုန်လုံး စုသိမ်းလိုက်ရင် စီးပွားရေးပိတ်ဆို့  မှုရုပ်သိမ်းပေးလို့ ရလာ မဲ့ ဟာထက် အများကြီးသာနေပါတယ်...ဘောင်းဘီဝတ်ထားတုံး ရတာလစာနဲ့  သူတို့ ပိုင်ဆိုင် ထားတဲ့ ပိုင်ဆိုင်မှုတွေက လားလားမျှမဆိုင်...သူတို့ သားသမီးတွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်ပြီးကြီးပွား နေလာခဲ့  တာကလဲ..အဖေ လုပ်သူမှာက ရာထူး အာဏာ လက်နက် အင်အားစု တွေ ပိုင်ဆိုင်ထားတာကို သူတို့  သုံးဖြုန်းပိုင်ဆိုင်နေတာတောင် သူတို့  လုပ်သမျှဘယ်ဟာမှ အရှုံးမရှိ အရှုံးဘယ်ရှိမလဲ နိုင်ငံကထွက်သမျှ သဘာဝသယံဇာတ တွေ ရောင်းလို့ ရ တာမှန်သမျှ အလကားရနေတဲ့ အရင်းအနှီး ပေါ့...တကယ်စီးပွားရေးနားလည်ပြီးအောက်ခြေကနေကြိုးစားပြီး လုပ်ငန်းရှင်တွေဖြစ်ခဲ့တာလဲမဟုတ် ..ဥုံဖွ လုပ်ငန်းရှင်များသာ... "မသမာမှု ရှိတဲ့ စီးပွာရေးလုပ်ငန်း ဘယ်တော့မှ အရှုံးမပေါ် " ဆိုတာမျိုးပေါ့...အတိတ် မကောင်းခဲ့သူတွေ အကျိုးလိုလို့  ညောင်ရေလောင်း မဖြစ်ပါစေနဲ့  ...အကျိုးလို လို့  ဆိုရင်တောင် လိုတဲ့ အကျိုးက နိုင်ငံသားစစ်စစ် ဆင်းရဲသား ပြည်သူလူထု အတွက်လဲ ပါပါစေ....စောင့်ကြည့်ပါရစေ ဥက္ကဌ ကြီး...( မှတ်ချက် ...ရာထူးများ အားလုံး သူတို့  ဘာသာ သူတို့  ပေးထားခြင်းဖြစ်ပါသည်...ဘောင်းဘီချွတ် လိုက်သော်လဲ သူ့ နေရာနှင့် သူ့ ရာထူးနှင့်ပင်...ငယ်ငယ်က ဇာတ်ပွဲ ကြည့်ရသလို ....သီချင်းဆိုတော့ ဒီမင်းသား အော်ပရာ မင်းသားခန်း မှာလဲသူ နှစ်ပါးသွားလဲသူ နောက်ပိုင်းဇာတ်ထုတ်လဲ သူ...သူ ..သူ သူ သူ... ဒါပေ သည့် ...ဘာပဲဖြစ်ဖြစ်ပေါ့လေ အရင်ကထက်စာရင် လုပ်ပေးကိုင်ပေး ခဲ့တာတွေရယ် ပြောရဲဆိုရဲရှိလာတာတွေကတော့ ထူးခြားလာတယ်လို့  ပဲ...) သာမန်ပြည်သူ တယောက်အနေနဲ့  ယုံကြည် ပါရစေ ဥက္ကဌကြီး ခင်ဗျား....

JuMaung said...

လွှတ်တော်ဥက္ကဋ္ဌကြီးပြောတာကို ကြိုဆိုပါတယ်၊ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့လေးကိုတော့ သိရပါတယ်၊ အဲဒါကတော့ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ”လို့ပဲပြောပါရစေ။

JuMaung said...

ပြည်သူချစ်တဲ့ တိုင်းပြည်ကိုချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမှလွဲ၍ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သမျှအာဏာရူးခဲ့သမျှလူတွေအားလုံးကတော့ ဒီလိုပဲပြောခဲ့ကြတာပဲလေ၊ အပြောနဲ့အလုပ်ညီမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ကြီးပွားတိုးတက်ဦးမှာပေါ့(တိုင်းပြည်)၊ ဒီလိုအပြောတွေနဲ့တကယ်မဖြစ်လာရင်တော့ တိုင်းပြည်နဲ့ပြည်သူလူထုက နစ်မွန်းနေရဦးမှာပဲလေ၊ တိုင်းပြည်နဲ့ပြည်သူလူထုကို မေတ္တာမထားတတ်၊ မသနားတတ်ရင်နေပါဦးတော့ စေတနာလေးတော့ထားပေးရင် ကောင်းတာပေါ့ဗျာ။

JuMaung said...

လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့စကားကိုကြားရတော့လည်း ၀မ်းသာစရာဖြစ်မိပြန်ပါတယ်၊ အဲဒီစကားလေးကိုကြားတော့ ဟိုတုန်းကရုပ်ရှင်ကားတစ်ကားကိုသတိရပြန်မိပါတယ်၊ အဲဒါကတော့ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာတဲ့၊ ကောလိပ်ဂျင်ဦးနေ၀င်းနဲ့ ဦးကျော်ဟိန်းတို့ရဲ့ကားလေးပေါ့၊ တကယ်လုပ်ရင် တကယ်ဖြစ်ရမည်ဆိုတဲ့ dialogue လေးကိုလည်း အမြဲအမှတ်ရနေဆဲပဲလေ။

phyo1980 said...

ခုလိုကြားရတာဝမ်းသာစရာပါ။တစ်ယောက်နဲ့ တစ်ယောက်ပုတ်ခတ်ပြောဆို
မဲ့အချိန်မဟုတ်တော့ပါဘူး။အလုပ်နဲ့သက်သေပြရမဲ့အချိန်ပါ။

Powered by Blogger.