ကာကွယ်ရေးအသုံးစားရိတ် ပမာဏ ငါးဆယ်ရာခိုင်နှုန်းတိုးမြင့်ရန် လွှတ်တော်၌ အဆိုတင်

လာမည့် ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးမည့် အသုံးစားရိတ်အား ယခုသုံးစွဲလျက်ရှိသော ပမာဏ၏ ငါးဆယ်ရာခိုင်နှုန်း ပိုမိုသုံးဆွဲရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် တတိယလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချိုကဆိုသည်။


ယင်းအဆိုအရ လာမည့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစားရိတ်အား ယခု၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အသုံးပြုလျက်ရှိသည့် ကျပ်ငွေ  ၁၁၉၂ ဘီလီယံ အစား ကျပ်ငွေ ၁၈၇၇ ဘီလီယံသို့ တိုးမြင့်သုံးစွဲမည်ဖြစ်သည်။
၎င်းပမာဏမှာ စုစုပေါင်း အသုံးစားရိတ် ၏ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်အသုံးစားရိတ်မှာမူ ၂၃.၆ ရာခိုင်နှုန်းရှိကြောင်း ၎င်းလွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “ ကာကွယ်ရေးအသုံး စားရိတ်ကတော့လိုပါတယ်။ ဒါပေမယ့် လိုအပ်တဲ့နေရာသုံးမသုံးပဲ စဉ်းစားရမယ်။ စစ်တပ်ထဲကို အတင်းအကျပ်ထည့်နေရတာထက် စစ်တပ်ထဲကို လူထုက ဆန္ဒအလျောက်ဝင်လာတာမျိုး ဖြစ်အောင်လုပ်စေချင်တယ်။ လူထု ဘဏ္ဍာဖြစ်တဲ့ လယ်ယာတွေကို လုပြီး တည်ဆောက်တဲ့ စစ်တပ်မျိုးမဖြစ်စေချင်ဘူး။”ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ကာကွယ်ရေးအသုံးစားရိတ်မှာ အရေးကြီးသည် မှန်သော်လည်း မိမိနိုင်ငံထက်ချမ်းသာသော နိုင်ငံများနှင့် နှိုင်းယှဉ်သုံးစွဲ၍ မဖြစ်နိုင်ကြောင်း ယနေ့ ၀န်ကြီး နှိုင်းယှဉ်သွားသောနိုင်ငံများမှာ မိမိတို့ နိုင်ငံထက်ချမ်းသာသော နိုင်ငံများဖြစ်ကြောင်း ထိုနိုင်ငံများ၏ အသုံးစားရိတ်နှင့်နှိုင်းယှဉ်မည့်အစား မိမိနိုင်ငံ၏ ၀င်ငွေနှင့် ချင့်ချိန် သုံးစွဲသင့်ကြောင်း ပြောကြားသည်။

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း မိမိတို့နိုင်ငံအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ငွေကြေးပိုမိုသုံးစွဲသင့်ကြောင်း ကာကွယ်ရေးနှင့်ကျန်သည့် ကဏ္ဍများတွင် ခြိုးခြံချွေတာ သုံးစွဲသင့်ကြောင်း ၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အကျိုးရှိအောင် စီမံသုံးစွဲသင့်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်သုံးစွဲခြင်းမှာ မသင့်လျော်ကြောင်းပြောကြားသည်။

“ငွေ တသိန်းရှိတဲ့သူက နှစ်သောင်းလောက်သုံးတာ မများဘူး။ ငွေတစ်ရာရှိတဲ့သူက ခုနှစ်ဆယ်သုံးတာများတယ်။ ကျွန်တော်ကတော့ ဒါပဲပြောချင်တယ်” ဟု ဦးမော်သန်းကဆိုသည်။

ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကာကွယ်ရေးအသုံးစားရိတ်အပြင် ပညာရေးနှင့် ကျန်းမာရေးအသုံးစားရိတ်များကိုပါ တိုးမြင့်သုံးစွဲရန် အဆိုပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ယင်းအဆိုအရ လာမည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၂.၈၂၂ ရာခိုင်နှုန်းးသုံးစွဲမည်ဖြစ်ပြီး ပညာရေးကဏ္ဍတွင်  ၄.၇၇ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်သည်။
ဇန်န၀ါရီ ၃၁ ၊ ၂၀၁၂ (YPI)
ကာကွယ်ရေးအသုံးစားရိတ် ပမာဏ ငါးဆယ်ရာခိုင်နှုန်းတိုးမြင့်ရန် လွှတ်တော်၌ အဆိုတင် ကာကွယ်ရေးအသုံးစားရိတ် ပမာဏ ငါးဆယ်ရာခိုင်နှုန်းတိုးမြင့်ရန် လွှတ်တော်၌ အဆိုတင် Reviewed by သစ်ထူးလွင် on 08:27 Rating: 5

9 comments:

monmon said...

လွှတ်တော်ထဲမှာ အဲဒီအဆိုကို ဘယ်လွှတ်တော်အမတ်မှ ထပြီးမကန့်ကွက်ဘူးလား....

zzmyoe said...

ဝန်ကြီး တွေခေါင်းရော ပါရဲ့လား၊ တခြားနိုင်ငံတွေ နဲ့သွားယှဉ် တာကိုကတော်တော်ကို မှားနေပြီလေ... တိုင်းပြည်ကတော့မွဲသထက်မှာဘဲ။စစ်ရေး/ကာကွယ်ရေး ဆိုတာ ရေမြှင့်ရင် ကြာမြှင့်မှာဘဲ။စစ်တပ် အုပ်ချုပ်လာတဲ့တစ်လျှောက် စစ်စရိတ် ကိုဘယ်လောက်ထိ သုံးခဲ့သလဲ ဆိုတာတိုင်းပြည် ဒီလောက်ဆင်းရဲနေတာ ကိုမသိတာ ခေါင်းမပါလို့ ဘဲ။ ထစ် ကနဲဆို တစ်ခြားတိုင်းပြည်တွေနဲ့မယှဉ်ပါနဲ့၊၀င်ငွေခြင်း/အခြေအနေခြင်း မတူတာကို ဗိုလ်ချုပ်တွေ မသိတာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

naingwinlwin said...

တိုင်းပြည်တစ်ပြည်မှာကာကွယ်ရေးအသုံးစရိတ်ဟာတခြားအသုံးစရိတ်တွေထက်ပိုပြီးသုံးသင့်တာထောက်ခံပါတယ်၊ ဒါပေမဲ့ဘယ်နေရာတွေမှာဘယ်လိုစနစ်တကျသုံးမှာလဲ....။စစ်တပ်အရာရှိဆိုဒ်စုံတွေချမ်းသာဖို့လုပ်နေတဲ့ **စီးပွားရေးလုပ်ငန်းတွေ ** မှာဘယ်လို ခေါင်းစဉ်တွေနဲ့ရောက်သွားမယ်ဆိုတာ...။လွှတ်တော်ကိုယ်စားလှယ်ကြီးများသေသေချာချာချင့်ချိန်ပြီးဆောင်ရွက်ကြပါ။တစ်နပ်စားမလုပ်ကြပါနဲ့၊ပြည်သူ့တွေရဲ့ကျိန်စာကတကယ်ထိပါတယ်။ရှေ့ကနောင်တော်တွေကိုကြည့်ပြီးသင်ခန်းစာယူကြပါ။
ပါတီကွဲတာအဓိကမကျပါ၊ပြည်သူတွေအကျိုးဖြစ်စေမဲ့အရေးမှန်ရင်စည်းလုံးလိုက်ကြပါ၊သန်း၆၀သောပြည်သူတွေကိုယ်စိတ်ချမ်းသာမှခင်ဗျားတို့ရဲ့ဘ၀တွေအားလုံးလုံခြုံမှာပါ။

naingwinlwin said...

တိုင်းပြည်တစ်ပြည်မှာကာကွယ်ရေးအသုံးစရိတ်ဟာတခြားအသုံးစရိတ်တွေထက်ပိုပြီးသုံးသင့်တာထောက်ခံပါတယ်၊ ဒါပေမဲ့ဘယ်နေရာတွေမှာဘယ်လိုစနစ်တကျသုံးမှာလဲ....။စစ်တပ်အရာရှိဆိုဒ်စုံတွေချမ်းသာဖို့လုပ်နေတဲ့ **စီးပွားရေးလုပ်ငန်းတွေ ** မှာဘယ်လို ခေါင်းစဉ်တွေနဲ့ရောက်သွားမယ်ဆိုတာ...။လွှတ်တော်ကိုယ်စားလှယ်ကြီးများသေသေချာချာချင့်ချိန်ပြီးဆောင်ရွက်ကြပါ။တစ်နပ်စားမလုပ်ကြပါနဲ့၊ပြည်သူ့တွေရဲ့ကျိန်စာကတကယ်ထိပါတယ်။ရှေ့ကနောင်တော်တွေကိုကြည့်ပြီးသင်ခန်းစာယူကြပါ။
ပါတီကွဲတာအဓိကမကျပါ၊ပြည်သူတွေအကျိုးဖြစ်စေမဲ့အရေးမှန်ရင်စည်းလုံးလိုက်ကြပါ၊သန်း၆၀သောပြည်သူတွေကိုယ်စိတ်ချမ်းသာမှခင်ဗျားတို့ရဲ့ဘ၀တွေအားလုံးလုံခြုံမှာပါ။

Android Myanmar said...

ဦးလှထွန်းက ကာကွယ်ရေး ဝန်ကြီးဌာနကို ဖားတာထင်ပါရဲ့ဗျာ။ ကာကွယ်ရေးစရိတ်ကျတော့ သူများနဲ့ သွားနိုင်းတယ်။ ဆက်သွယ်ရေးဝန်ကြီးရဲ့ မိုဘိုင်းဖုန်း ၅သိန်း(နောက်ပိုင်း ၃သိန်းဟု ယူဆရ) ကျ ပါးစပ်က ပိတ်နေတယ်၊ မပြောလိုက်ချင်ဘူး။ နိုင်းပါလား မိုဘိုင်းဖုန်းကို သူများနိုင်ငံနဲ့။ အသုံးကိုမကျဘူး။ ခင်ဗျားအလုပ်ကထွက်ရင်ကောင်းမယ်။ ပြည်သူအတွက် ဘာအသုံးစရိတ်လုပ်ပေးပြီးပြီလဲ။ ပြည်သူတွေမှာ ကျန်းမာရေးနဲ့ ပညာရေးမှာ တော်တော်အခြေအနေဆိုးနေတယ်။ စီးပွားရေးကလဲ ခင်ဗျားတို့ကလွဲလို့ တတိုင်းပြည်လုံး ကောင်းတာမဟုတ်ဘူး။ ခင်ဗျားအိပ်ထဲကနေ စစ်တပ်အတွက် နည်းနည်းပါးပါး လှူလိုက်ပါလား။

Thurein said...

Although budget for defense is important, our education and health situations are more critical now. We should allocate more budget on education and health.

Anonymous said...

ကျုပ်တို့ပြည်သူတွေကို ကျွန်တွေလို့များထင်နေသလားဗျာ ကာကွယ်ရေး တပ်အသုံးစရိတ် ဒါပဲလုပ်တတ်တာလား၊
ကျုပ်တို့ပြည်သူတွေမှာတော့ ဆင်းရဲပြီးရင်းဆင်းရဲ မွဲပြီးရင်းမွဲ ကျန်းမာရေးအတွက် ပေးစရာငွေမရှိ သင်ပေးထားတဲ့စာဆိုတာကလည်း
လက်တွေ့မပါ အဲဒီတော့ဘာမှမတတ် ဘယ်လိုတိုင်းပြည်ကိုတည်ဆောက် ကြမှာလည်း အေး ကျုပ်တို့ကတော့ ဆင်နင်းခံထားရတဲ့ ယပ်တောင်ပေါ့
ဒါထက်ပြားစရာ မရှိတော့ပါဘူး။။၊၊၊၊။။။

ကျေးဇူးမတင်ဘူး ဘယ်သန်ဘမှန်၊၊။။၊၊

Anonymous said...

ကျုပ်တို့ပြည်သူတွေကို ကျွန်တွေလို့များထင်နေသလားဗျာ ကာကွယ်ရေး တပ်အသုံးစရိတ် ဒါပဲလုပ်တတ်တာလား၊
ကျုပ်တို့ပြည်သူတွေမှာတော့ ဆင်းရဲပြီးရင်းဆင်းရဲ မွဲပြီးရင်းမွဲ ကျန်းမာရေးအတွက် ပေးစရာငွေမရှိ သင်ပေးထားတဲ့စာဆိုတာကလည်း
လက်တွေ့မပါ အဲဒီတော့ဘာမှမတတ် ဘယ်လိုတိုင်းပြည်ကိုတည်ဆောက် ကြမှာလည်း အေး ကျုပ်တို့ကတော့ ဆင်နင်းခံထားရတဲ့ ယပ်တောင်ပေါ့
ဒါထက်ပြားစရာ မရှိတော့ပါဘူး။။၊၊၊၊။။။

ကျေးဇူးမတင်ဘူး ဘယ်သန်ဘမှန်၊၊။။၊၊

မြတ်စန္ဒာ said...

လွှတ်တော်အမတ်များ ဘာလဲ ဘယ်လဲ
ကာကွယ်ရေးဘတ်ဂျက်ကိုမြှင့်မယ်တဲ့ လာပြန်ပေါ့အမတ်တို့ရယ်။ နအဖကနေ ဘောင်းဘီချွတ်ပြီး အသွင်ပြောင်းလာတဲ့ ကြံ့ဖွတ်တွေအလိုကျ ဘောင်းတော်ညိတ် စိတ်တော်ကျ တော့မလုပ်ကြပါနဲ့။ ပြည်သူတွေကိုလည်း စာနာသနားပါအုန်း။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ကယ်ကိုလိုအပ်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ဆိုတာလည်း မရှိမဖြစ်ပါဘဲ။ ဒါပေမယ့်ဒါတွေကို ဘယ်သူတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုစီမံခန့်ခွဲမှုတွေနဲ့ သုံးမှာလဲဆိုတာ အရေးကြီးပါတယ်။ တပ်မတော်ခေါင်းကြီးပိုင်းတစ်ချို့ရဲ့ အိတ်ထောင်ထဲကိုရောက်သွားတာတော့မဖြစ်စေချင်ဘူး။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ရေသင်ပဲမှတ်ဥာဏ်တွေမကောင်းတာလား။ မန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။ တဲ့ ကဲ ဦးလှထွန်းရေ ဒီလောက်ကြွေးပတ်လည်ဝိုင်းနေတဲ့ နိုင်ငံကို ထပ်ပြီးဒုက္ခမပေးပါနဲ့တော့ဗျာ။ သန်းရွှေလက်ထက်မှာ သန်းရွှေနဲ့ဆွေမျိုးတစ်စုအပါအ၀င် ခေါင်းကြီးပိုင်းများ ခွဲဝေစားသောက်သွားလို့ အကြွေတွေပတ်လည်ဝိုင်းနေတာလေ။ ဒါကို တပ်ကိုဘတ်ဂျက်တိုးပေးရမယ်ဆိုတော့ သင်ဦးနှောက်မှကောင်းသေးရဲ့လား။ တပ်မတော်ကို တစ်ကယ်ခေတ်မီတိုးတက်စေချင်တယ်ဆိုရင် အဓိကလုပ်ရမှာက ဘတ်ဂျက်တိုးပေးရမှာ မဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်နဲ့တစ်ကွ ခေါင်းကြီးပိုင်းတို့ မသိချင်ယောင်ဆောင်နေမှုနဲ့ လိမ်မှကျေနပ်တဲ့စိတ်ကို အရင်ဖျောက်ဖို့ပါ။ နောက် လက်အောက်ကအမှန်အတိုင်းတင်ပြရဲဘို့နဲ့ တင်ပြလာရင်လည်း ဆိုးရွားတဲ့နေရာတွေကို ရွှေ့ပစ်တာ၊ အရေးယူတာ၊ ချောင်ထိုးတာတွေမလုပ်ပဲနဲ့ အရေးယူဖြေရှင်းပေးဘို့လုပ်ရမှာပါ။ နောက် တစ်လကို တပ်ရင်းတစ်ရင်း လူသစ်သုံးယောက်အနည်းဆုံးရအောင်စုရမယ်ဆိုတဲ့ စာနဲ့မဟုတ်ဘဲ နုတ်မိန့်ထုတ်ထားတာကိုပြင်ရပါမယ်။ ဗမာ့တပ်မတော်ဟာ အစဉ်အလာကောင်းတဲ့ တပ်မတော်ပါ။ ဒို့ဗိုလ်ချုပ်အောင်ဆန်းတည်ထောင် ခဲ့တဲ့ တပ်မတော်ဟာ ပြည်သူကချစ်တဲ့တပ်မတော်ပါ။ အခု တစ်လသုံးယောက်မှမရရင် တပ်မမှူးရုံးတက်၊တိုင်းမှူးရုံးတက်နဲ့ သတိပေးဆုံးမ (ဒီပြစ်ချက်ပါသွားရင် တပ်ရင်းမှူးတစ်ယောက်ဟာ ရာထူးတက်ဖို့အလားအလာမရှိတော့ပါ)တပ်ရင်းမှူးတွေထိနေတာကိုပြင်ပါ။ တပ်ထဲကို ဘာကြောင့်မ၀င်သလဲ????? ရှင်းပါတယ်။ ရဲဘော်တစ်ယောက်လစာ 50000 နှစ်တိုးနဲ့ဂိတ်ဆုံး 55000 ရိက္ခာနဲ့နေစရာရမယ်။ မနက်လင်းရင် ယောက်ျားက တပ်ရင်းလုပ်အားပေး/လယ်/ဆိတ်ကျောင်း တပ်ကခိုင်းတာလုပ်။ မိန်းမက တပ်ရင်းသန့်ရှင်းရေးလုပ်။ လူကြီးများလာမယ်ဆို နှစ်ရက်လောက်ကြိုပြင်တာနဲ့ အိမ်မှာထမင်းချက်ဖို့တောင်မလွယ်။ ဒီကြားထဲ တပ်ရင်းမှူးအိမ် ထမင်းချက်၊သန့်ရှင်းရေးလုပ်ကလဲသွားရသေး။ ဒါကလည်း အပြစ်မဆိုသာ တပ်ရင်းမှူးကတော်ကလည်း တပ်မမှူးကတော်အိမ်မှာ ``မမ´´ ``မမ´´ခေါ်ပြီး အိမ်ဖေါ်အလုပ်သွားလုပ်ပေးနေရတာကို။ ဒါမှ ကိုယ့်ယောက်ျား အမည်ကောင်းရမှာလေ။ www.Knight620.blogspot.com မှာဆက်ဖတ်ပါ။

Powered by Blogger.