တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန် ကိစ္စ (ရုပ်/သံ)

တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန်ကိစ္စကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ လက်ခံတင်သွင်းခွင့်ပြုတော့မှာဖြ

စ်ပါတယ်။ ဒီတင်သွင်းခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ ရတဲ့ လစာနဲ့ အသုံးစရိတ် ညီမျှမှု မ၇ှိတာကြောင့် နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဆန္ဒပြနေခဲ့တာ အခုဆိုရင် ၁၂ ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်ရီဆန္ဒပြအလုပ်သမားတွေကို လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ သောက်ရေသန့်တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြနေမှုကို ခေတ္တရပ်နားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ တရားဥပေဒေ အရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဆန္ဒပြ အဆောင်နေ အလုပ်သမားတွေကို တိုင်ရီဖိနပ်စက်ရုံက အ၇င်က ည ၆ နာရီကနေ ၁၀ နာရီအထိ ၅နာရီ ရေလွတ်ပေးရာကနေ အခုအခါ ည၇နာရီကနေ ၉နာ၇ီအထိ ၂နာရီသာ ရေပေဝေတော့တယ်လို့ သိရှိရပါတယ်။
ဘားမားဗီဂျေ 

တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန် ကိစ္စ (ရုပ်/သံ) တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန် ကိစ္စ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 20:18 Rating: 5

5 comments:

Anonymous said...

ကဲတရုပ်ရေ.
စက်ရုံရောင်း.လစာတွေရှင်းပေးလိုက်
ပီးရင် တရုပ်ပြည်သာပြန်တော့.

myochit said...

လုပ်ရဲမှသာလျှင် ရသင့်ရထိုက်တဲ့ အခွင့်အရေးရမယ်။ မတရားတာကို မတရားဘူးလို့ ဖော်ထုတ်ကြပါ၊ အချင်းချင်းဝိုင်းဝန်း လက်တွဲကြပါ။ တိုင်ရီအလုပ်သမားတွေ မှတ်ကျောက်တင်ရမယ်။

Anonymous said...

အောင်မြင်ကြပါစေဟာ။

တို့ခေတ် said...

အောင်မြင် ပါစေ။ နောက်မဆုတ်ကြပါနဲ့ ။ ဒီ အခြေအနေ ရောက်မှ ခင်ဗျားတို့ အားလျှော့ လိုက်မယ်ဆိုရင် နောက်ဆို ခင်ဗျားတို့ အလုပ်သမားထု တခု လုံး ဘာလုပ်လုပ် အလွယ် တကူ ချေ မှုန်းလို့ရတယ် ဆိုတာ မျိုး ဖြစ်သွားမှာပါ။ မကြောက်တမ်း မရွံ့တမ်း အောင် ပွဲ ကို ချီတက်ကြပါ။ ကျွန်တော် တို့ အဝေးရောက်နေတဲ့သူတွေ ထောက်ခံပါတယ်။

ကျော်ထိုက် said...

ဆက်ပြီး တိုက်ပွဲ ၀င်ကြပါ..မြန်မာ ဆိုတာခေါင်းငုံ့ ခံတတ် တဲ့လူ မဟုတ်ဘူးဆိုတာ...ပြလိုက်ကြပါ...ဒီ တယုတ်မ ကို...သူ တို့ နိုင်ငံ မှာ ဒီက တလ စာ ဆိုတာ ..ဟိုမှာ ၁ ရက်စာ သို့ ၂ ရက် စာလောက်ပဲရှိတာ..ကျွန်တော် ကိုယ် တိုင် အဲ့ဒီ့ မှာ အလုပ်လုပ်ဖူးလို့ပဲ...ဘေး ကစေတနာရှင်တွေ က ၀ိုင်း လှူကြတယ် ဆိုတဲ့ အတွက် ကြည်နူးရပါတယ်..ကျွန်တော် တို့လည်း ဒီကနေ ပရဟိတ တွေကို တတ်နိုင်သလောက် လုပ်နေတာပါ....ငါ့ ညီမ အမ အကို တွေ လိုရာဆန္ဒ တွေပြည့် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

Powered by Blogger.