အခြေခံ စားသောက်ကုန်အချို့ ဈေးအနည်းငယ်တက်


အခြေခံ စားသောက်ကုန် ပစ္စည်းအချို့ ယခုရက်ပိုင်းတွင် ဈေးနှုန်း စတင် မြင့်တက်လာကြောင်း  ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ အစိုးရဝန်ထမ်းများ လစာကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် လုံလောက်အောင် တိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းခဲ့ပြီးနောက် လူထုအတွင်း၌လည်း လစာတိုးမည့် ခန့်မှန်းသတင်းများ ပျံနှံ့နေကာ အခြေခံစားကုန်အချို့ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း သတင်းရရှိသည်။ “လစာတိုးမယ့် သတင်းကြောင့် ဈေးကွက်ထဲက တချို့စားကုန်တွေ ဈေးတက်လာပြီ” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။ ဆန်ဈေးမြင့်တက်ရခြင်းမှာ နိုင်ငံတော်က အရန်ဆန်အတွက် စတင်ဝယ်ယူခြင်း၊ ပြည်ပသို့ တင်ပို့မှု ပြန်လည် အားကောင်းလာခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဈေးကွက်အတွင်း၌ ဖေဖော်ဝါရီလဆန်းက ဆန်တစ်အိတ်လျှင် ၁၀ မှတ် အမျိုးအစားမှာ ကျပ် ၁၂၈၀၀ ဝန်းကျင် ရှိရာမှ ယနေ့တွင် ကျပ် ၁၃၅၀၀ ထိ ဈေးမြင့်တက်လာသည်။ စားအုန်းဆီမှာလည်း တစ်ပိဿာလျှင် ၂၀ ကျပ် ဈေးတက်လာသည်။ လက်ရှိ စားအုန်းဆီဈေးနှုန်း လက်လီဈေးမှာ တစ်ပိဿာလျှင် ၁၈၅၀ ကျပ် ဝန်းကျင်ရှိကြောင်း ဆီကုန်သည်တစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ပင် ပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၂၀၀ ကျပ်နီးပါး ဈေးတက်လာသည်။ ယင်းကဲ့သို့ပင် ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်ဂါလန်လျှင် ၂၀၀ ကျပ် ဈေးတက်လာသည်။ “လှောင်ထားတဲ့ပစ္စည်းတွေ ပုံမှန်ထုတ်ရောင်းနေရင် ကိစ္စမရှိဘူး။ ထိန်းထားရင်တော့ ဈေးကမြင့်လာမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ဝန်ထမ်းများ လစာတိုးလျှင် ကုန်ဈေးနှုန်း ကြီးမြင့်နိုင်သည်ဟု ဆိုသော်လည်း လက်ရှိကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် တောင်သူမှ ကုန်ထုတ်လုပ်သူများအထိ အရှုံးပေါ်နေခြင်းမှာ မလိုလားအပ်သော ကုန်ကျစရိတ်  (Transaction Cost) များ မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
7day News 
အခြေခံ စားသောက်ကုန်အချို့ ဈေးအနည်းငယ်တက် အခြေခံ စားသောက်ကုန်အချို့ ဈေးအနည်းငယ်တက် Reviewed by သစ်ထူးလွင် on 01:30 Rating: 5

5 comments:

Myo Chit Thu said...

လစာတိုးပေးဖို့တောင်းဆိုပေးတာကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း လခစားမို့ပါ။ ဒါပေမယ့် ဒါ ဟာ မှန်ကန်တဲ့ဖြေရှင်းနည်းတော့မဟုတ်ဘူးခင်ဗျ။ သမင်မွေးရင်းကျားစားရင်ပါဘဲ။ အခုပဲကြည့်လေတိုးတောင်
မတိုးရသေးဘူး ကုန်ဈေးနှုန်းကစတက်နေပြီ။ အမှန်တောင်း
ဆိုသင့်တာကကုန်ဈေးနှုန်းကျဆင်းအောင်ဆောင်
ရွက်ပေးရေးတောင်းဆိုသင့်တယ်။
ဒါမှဝန်ထမ်းတွေချောင်လယ်လာမှာ။ လစာက
ဘယ်လောက်များများ ဘယ်နှခါလောက်
တိုးပေးနိုင်မှာမို့လဲ။ အခုလိုဝန်ထမ်းလစာတိုးလို့ ၀န်ထမ်းတွေချောင်လယ်သွားလည်ခဏပဲ။ ၀န်ငွေချက်ချင်းမတိုးလာတဲ့ ပြည်သူ အများစုက ကုန်ဈေးနှုန်းတက်လာလို့လက်ငင်းပိုခံရမယ်။
ဖြစ်သင့်တာကလစာနဲ့ ထွက်ငွေမလောက်ဖြစ်နေတာကို နည်းလမ်းရှာပြီးကုစားသင့်တယ်။ လစာတိုးတယ်ဆိုတာက အလွယ်ဖြေရှင်းနည်းပါဗျာ။ အရင်အရင်သာဓကတွေလည်း အများကြီးရှိနေတာပဲ။ ဒါကြောင့်လက်ရှိလစာကို လောလောဆယ်တိုးမပေးသေးသင့်ပဲ ကုန်ဈေးနှုန်းကျဆင်းရေးကို လုပ်ပေးပါလို့တောင်းဆိုပါရစေ။ ဒါမှပြည်သူအားလုံး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်
ကလျော့ပါးသက်သာနိုင်မှာ။

မောင် said...

စဉ်းစားစရာအများကြီးပါ
ဘာရည်ရွယ်ချက်နဲ့ ဒီလိုလစာတိုးဘို့ကိစ္စကို ပြောတာလဲ၊
-တကယ်စိတ်ကောင်းစေတနာကောင်းနဲ့ပြောတာလား။
-မဲဆွယ်နေတာလား။
-ဒီလိုအခြေအနေမျိုးကို ဟိုတုန်းကမစဉ်းစားမိဘူးလား။
-ဘယ်သူတွေက ကိုယ်ကျင့်တရားပျက်အောင် ဖျက်စီးသွားခဲ့တာလဲ။
(ကိုယ်ကျင့်တရား ပျက်ရင် တိုင်းပြည်ပျက်တာဘဲဆိုတဲ့စကား)
-ရာဇ၀င်တွင်နေသွားတဲ့စကားကတော့ အပြောကရွှေမန်းဘဲတဲ့။


ဝန်ထမ်းတိုင်းကော လစာတိုးဘို့ထိုက်သင့်ပါလား။
-မနက် ၁၁ နာရီ ရုံးတက်ပြီး ညနေ ၃ နာရီ ရုံးဆင်းကြတဲ့ဝန်ထမ်းများ။
-မတော်လောဘနဲ့ လာဘ်ယူနေကြသူများ။
-ရုံးတက်ပြီး အလုပ်မရှိဘဲ ယောင်ယောင်လုပ်နေသူများ။ (နှပ်ချေးနှိုက်နေသူ၊ နှဖာကလော်နေသူ၊ လက်သည်းဆေးဆိုးနေသူ၊ မုတ်ဆိပ်မွှေးနှုတ်နေသူ)

ကွယ်ဝှက်ထားတဲ့ အကြောင်းတခုခုတော့ရှိမည်ထင်ပါတယ်။

ဘဏ်ဏာရေးအခြေအနေကို အကြောင်းပြပြီး နောင်ဘတ်ဂျက်မှတိုးရန် ဆုံးဖြတ်လိုက်တာက
-အရင်ထဲက မစဉ်းစားဘဲတင်တာလား
-ငါဒီလိုပြော မင်းဒီလိုဖြေလို့ကော ညိမထားနိုင်ဘူးလား

ဦရွှေမန်းတို့ လုပ်သင့်နေတာက
ငွေကြေးဖောင်းပွမှုတွေကို ထိမ်းဘို့ပါ။ (ငါ့ဟာတွေတန်ဘိုးလျှော့မှစိုးလို့)
မြေ၊ စီပွားလုပ်ငန်း၊ စိုက်ပျိုးရေး စတဲ့ပတ်ဝန်းကျင်မှာ တရုတ်တွေ သူတို့နိုင်ငံမှာ လုပ်မရလို့ ဒီမှာလာသောင်းကျန်နေတာကို နှိပ်ကွပ်ဘို့ပါ။
ကိုယ့်ပြည်သူတွေ မတရားသဖြင့် အစော်ကားခံနေရတာတွေကို ကာကွယ်ဘို့ပါ။ (ငါ့မိတ်ဆွေတွေ အထိနာမှာစိုးလို့)
၅၀၀၀ တန်ဖုန်းတွေလို ပြည်သူတွေအများအကျိုးရှိစေမယ့် ကိစ္စမျိုးတွေ ထွက်လာဘို့အားပေးရမှာပါ။ (ငါ့သားတွေ အခက်အခဲဖြစ်မှာစိုးလို့)
နိုင်ငံတကာ ရေရှည်လုပ်ငန်းတွေ ရင်နှီးမြုပ်နှံလာအောင် ဥပဒေတွေ မြန်မြန်ထွက်လာအောင်လုပ်ရမှာပါ။ (ငါ့ဆွေမျိုးတွေ အလုပ်လုပ်စရာမရှိတော့မှာစိုးလို့)

ပြောကို မပြောချင်တော့ပါဘူး

Anonymous said...

They should change their thinking ways and should see OUT OF THE BOX..."SAVE OUR PEOPLE"...
We are also struggled for years long to settle the families...
May have the people in cool life and lasting improvement...
Please think for that...

Ar Ga said...

အကြံပေးသူကပေး ၊ ငြင်းသူကငြင်း ၊ ဝေဖန်သူက ဝေဖန် ။ ဒီမိုကေ၇စီ ဆိုတာ အဲဒါပါပဲ ။ တချို့ ကိစ်စ တွေက ချက်ခြင်း ဖြေ၇ှင်းလို့ မ၇ပါဘူး ။ ဘာပဲပြောပြော ဦးေ၇ွှမန်းကို ကျေးဇူးတင်၇မယ် အချက်က အခြေနေမှန်ကို ပွင့်ပွင့်လင်းလင်း သုံးသပ် တင်ပြသွားတာကိုပါ ( လစာ တိုးတာ မတိုးတာက တပိုင်းပါ) ။ လာဘ်ပေး လာဘ်ယူ ပျောက်ခြင်၇င် ( မြန်မာနိုင်ငံ အခြေနေအ၇) အလယ် အလတ်လောက်တွေကို အ၇င်နှိမ်ကွပ်သင့်ပါတယ် ။ အကြီးဆုံးတွေကို နှိမ်ကွပ်၇င် နိုင်ငံေ၇းအ၇ကော ၊ ခင်မင်မှု အ၇ ၊ အားနာနေ၇ တာမို့ပါ ။ အောက်ကလူကို စပြီး အေ၇းယူမယ် ဆို၇င်လည်း ထမင်းစားဖို့လောက် ၇ှာနေတဲ့ ၀န်ထမ်းဘဲ နစ်နာပြီး လာမှ ထူးလာမှာ မဟုတ်ဘူး ။ လာဘ်ပေး လာဘ်ယူဆိုတာကလည်း တကယ့် နိုင်ငံကြီးတွေမှာတောင် 100% မပျောက်တာဆိုတော့ေ၇၇ှည် တွက်၇မှာပါ ။ အလယ်အလတ်တွေကို စပြီး နှိပ်ကွပ်လိုက်၇င် မျက်နှာ နာစ၇ာ မ၇ှိဘူး ၊ နိုင်ငံေ၇း အ၇ တည်ငြိမ်နိုင်တယ် ။ေ၇၇ှည်မှာ လူတိုင်း ဆင်ခြင်သွားနိုင်တယ် ။ ( နိုင်ငံေ၇းအ၇၊ မျက်နှာနာလို့ ၊ လစာနည်းလို့ ၊ စသဖြင့် ..... အကြောင်းပြချက်တွေနဲ့ အေ၇းယူမှု တွန့်ဆုတ်နေကြ၇င် နောက် ၁၀ နှစ်လဲ ဒီအတိုင်းပဲ ဖြစ်နေကြဦမှာပဲ )။ ဒါကြောင့် ဒီနေ့ပဲ စပြီး အလယ် အလတ် အဆင့်လောက်ကနေ ပေါ်ပေါ်တင်တင် လုပ်နေတဲ့ လာဘ်ပေး လာဘ်ယူတွေကို စတင်နှိမ်နှင်းကြပါဗျာ ... ၅ နှစ်လောက်နေ၇င် အများကြီး ကောင်းလာနိုင်ပါတယ် ..... ( ကိုသစ်ထူးလွင်ေ၇ ၊ Comment တွေေ၇းခွင့်ပေးထားတာ ကို ကျေးဇူးတင်ပါတယ်... အကြံတစ်ခုပေးချင်တာက Comment တွေကို Like or Dislike ပေးလို့၇တဲ့ Buttom လေးတွေပါ ထားပေးစေချင်ပါတယ် ခင်ဗျာ ။ idea ကောင်း လေးတွေကို လူတွေ ဘယ်လောက် ကြိုက်လဲ ၊ မကြိုက်လဲ Survey လုပ်ပြီးသား ဖြစ်တာပေါ့ဗျာ ... )

tharzaw said...

Myo Chit Thu said...
အမှန်တောင်းဆိုသင့်တာကကုန်ဈေးနှုန်းကျဆင်းအောင်
ဆောင်ရွက်ပေးရေးတောင်းဆိုသင့်တယ်။
ဒါမှဝန်ထမ်းတွေချောင်လယ်လာမှာ။

မောင် said...
ဦရွှေမန်းတို့ လုပ်သင့်နေတာက
ငွေကြေးဖောင်းပွမှုတွေကို ထိမ်းဘို့ပါ။ (ငါ့ဟာတွေတန်ဘိုးလျှော့မှစိုးလို့)
မြေ၊ စီပွားလုပ်ငန်း၊ စိုက်ပျိုးရေး စတဲ့ပတ်ဝန်းကျင်မှာ တရုတ်တွေ သူတို့နိုင်ငံမှာ လုပ်မရလို့ ဒီမှာလာသောင်းကျန်နေတာကို နှိပ်ကွပ်ဘို့ပါ။
ကိုယ့်ပြည်သူတွေ မတရားသဖြင့် အစော်ကားခံနေရတာတွေကို ကာကွယ်ဘို့ပါ။ (ငါ့မိတ်ဆွေတွေ အထိနာမှာစိုးလို့)
၅၀၀၀ တန်ဖုန်းတွေလို ပြည်သူတွေအများအကျိုးရှိစေမယ့် ကိစ္စမျိုးတွေ ထွက်လာဘို့အားပေးရမှာပါ။ (ငါ့သားတွေ အခက်အခဲဖြစ်မှာစိုးလို့)
နိုင်ငံတကာ ရေရှည်လုပ်ငန်းတွေ ရင်နှီးမြုပ်နှံလာအောင် ဥပဒေတွေ မြန်မြန်ထွက်လာအောင်လုပ်ရမှာပါ။ (ငါ့ဆွေမျိုးတွေ အလုပ်လုပ်စရာမရှိတော့မှာစိုးလို့)

ကုန်ဈေးနှုန်းတက်အောင်ဆွပေးလိုက်သလိုပဲ။

Powered by Blogger.