ဧည့်စာရင်း
တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည်
ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က
ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက်
ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း
မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင်
အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း
ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ မှုများ ရှိခဲ့ကြောင်းသိရသည်။
ယခင်က မြို့နယ်၊ ရပ်ကွက်၊
ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှုငွေကြေးမှာ ကွဲ
ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင် ကျပ် ၂၀ဝမှ
၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ”အခုအချိန်ထိ ဧည့်စာရင်းတိုင်
ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင် ပြောပြီးမတောင်းတော့ဘူး။ စာ
ရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ” ဟု
တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကို ပြောသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်
ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ သုံးစွဲနိုင်ရန်
နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို
ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးက ညွှန်ကြား ချက်များနှင့်အညီ မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့
တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင်
ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်းမ်
ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်းမပြုတော့
Reviewed by သစ်ထူးလွင်
on
10:30
Rating:
17 comments:
ဧည့်စာရင်းအတွက်သာမက မည်သည့်အတွက်မျှ ငွေကြေးကောက်ခံမှု မရှိသင့်တော့ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတဲ့ အခေါ်အဝေါ်ကိုက အာဏာရှင်ဆန်ပါတယ်။ ရပ်ကွက်ကိုယ်စားပြုကော်မတီဥက္ကဌ ဆိုတာမျိုးမှ ရပ်ရွာအကျိုးသယ်ပိုးနိုင်မှာပါ။ နာမည်ကိုကလွဲနေတော့ စေတနာ့ဝန်ထမ်းတွေက နောက်ဆုတ်နေပြီး အာဏာရူးအသေးစားတွေဘဲ အလုအယက် အရွေးခံချင်နေကြတာပါ။
ဧည့်စာရင်း ကော တိုင်ဖို့ လိုလို့ လား အရပ်ကတို့ ရယ်.. စဉ်းစားကြပါဦး။
ဘာအတွက် ဧည့်စာရင်းကောက်လဲ
မြန်မာနိုင်ငံသား မှတ်ပုံတင် ရှိပြီးရင် ကိုယ့်နိုင်ငံ မှာဘယ်နေရာသွားသွား ဧည့်စာရင်း တိုင်စရာ မလိုအောင် လွတ်တော် မှာဘယ်ကိုယ်စားလှယ် မှ မဆွေးနွေး ဘူးလား၊ဧည့်စာရင်းဆိုတာ မြောက်ကိုရီးယား မြန်မာ စတဲ့ နိုင်ငံတွေ မှာဘဲ ရှိတာနေမှာ၊ လုံခြုံရေး အကြောင်းပြပြီး ပြည်သူ ကိုနည်းမျိုးစုံ နဲ့နှိပ်စက်နေတာတွေ ရပ်တန်းကရပ်ပါတော့လို့တောင်းဆိုပါတယ်၊
ဥပဒေကတော့ ပြောင်းပါပြီ။ လက်တွေ့ကျင့်သုံးလာအောင် တွန်းအားပေး၇ပါမယ်။ တွန်းအားပေး၇တာက လွယ်ပါတယ်။ ပြစ်ဒဏ်သတ်မှတ် အေ၇းယူတာဖြစ်ပါတယ်။ သို့သော်.. ထင်သာမြင်သာ၇ှိမှုအပိုင်းတွေကတော့ တော်တော်လိုနေပါသေးတယ်။ မထိ၇က် မတို့၇က် ကျိတ်ပုန်းလေးနဲ့ ပီးသွားတာတွေကို လူသိထင်၇ှားဖော်ပြပေး၇င် ပြည်သူအားကိုး၇တဲ့ အစိုး၇ ဖြစ်လာမှာမလွဲပါဘူး။ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြတဲ့အတွက် မြန်မာနိုင်ငံသားများအပေါ်မှာ စိတ်ကောင်းစေတနာ၇ှိပီးသားလို့ ယုံကြည်မိပါတယ်။ ။
တစ်ကယ် ဟုတ် မဟုတ်.. လကုန် ဧည့်စာရင်း သွားတိုင်းရင် ကြည့်ရသေးတာပေါ့... မဟုတ်လို့ကတော့လားကွာ... ဟင်း ဟင်း.... သိကြသေးတာပေါ့... ပေးလာရတာ နှစ်ပေါင်းမနည်းတော့ဘူး....
MMTနှင့်zzmyoeတို့ပြောတာကိုထောက်ခံပါတယ်ခင်ဗျာ။
ဧည့်စာရင်း ဆိုတာကြီးက တိုင်စရာကို မလိုတော့ဘူး ဖြစ်ရမှာ။ ဘာလို့ တိုင်ရမှာလည်း။ ဒါဟာ အာဏာရှင်တွေ သူတို့ အာဏာ ထိခိုက်မှာစိုးလို့ လူဝင်လူထွက် ကို ကျပ်ထားတား။ လွတ်လပ်တဲ့နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် ခရီးသွားတာကို အနိုင်ကျင့်တာ။ ဒါမျိုးကိုစတော်လှန်ရမှာ။
It is a privilege for a human to go anywhere he wants in his country and it is a right of a human. No one need to inform any government office. The government treats us as a child that they can do anything they want to do to us. Please fight to revoke this rule.
ဧည်.စာရင်း အတွက်မဟုတ်ပါဘူးလေ....ဒါပေမဲ. သင်္ကြန်နီးလာပြီနော်....သဘောပေါက်....မဟုတ်ရင်တော. အစည်းဝေ.း ရှိလို. ပြီးမှ နောက်တခေါက်လာ ပါ...ဟဲဟဲဟဲ
မြန်မာနိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသား တယောက်အတွက် လိုကို မလိုအပ်တာပါ။ တရားဝင်ရထားတဲ့ အနောက်နိုင်ငံ တခုက visa ကို ကိုင်ပြီး ၃လ လောက်သွားနေတာတောင် additional တစ်ခု အနေနဲ့ တောင် ဘာဧည့်စာရင်း၊ ဘာ သတင်းပေးရ၊ ဘာကြောင်းကြား ရ ခြင်း၊ ဘာကို ဘာမှ မလုပ်ခဲ့ ရတာ။ အခုတော့ ကိုယ်ကိုမွေးထားတဲ့ ကိုယ့်အမေဆီ သွားအိပ်တာတောင် ဧည့်စာရင်း သွားသွားတိုင်နေရ တော့....
တို့ကတော့ Moegok Thu ပြောတာ ထောက်ခံပါတယ်.. ဟဲ ဟဲ ဘာလို့လဲဆိုတော့ တို့အိမ်မှာလဲ တို့အဖေရဲ့ တူမလေး လာနေတာကို ဧည့်စာရင်းကတလတခါ တိုင်ရတယ်။ တခါတိုင်ရင် ၅၀၀ ကြီးများတောင် ပေးရတယ်ဆိုတော့လေ။။
ဧည့်စာရင်းတိုင်ရတာ မြန်မာပြည်မှာဘဲ ကြားဖူးတာပါ တခြားနိုင်ငံတွေရှိပါဘူးဗျာ
နေပြည်တော်မှာတော့လုပ်နေပြီ မောင်ရေ...
အဟဲ ဒါပေမယ့် တစ်ခုပဲရှိတယ် ဧည့်စာရင်း တိုင်နေကျလူ မတိုင်ရင်တော့ မတိုင်ရက် တစ်ရက် ၁၀၀၀ ကောက်သဗျား.....
It is not best practice to apply in democratic society. It was communist's bad practice applied in Russia, N Korea and Myanmar. Many country are stable without applying it. Apply peace and justice. This visitor acknowledgement has been a burden for the people.
ဧည့်စာရင်းတိုင်တယ်ဆိုတာတကယ်တော့မလိုအပ်ပါ..အခြားနိုင်ငံများတွင်လည်းမကြားဖူးပါ..ကျွန်တော်ရောက်နေသောမလေးရှားနိုင်ငံမှာတော့ မလေးနိုင်ငံသားများဧည့်စာရင်းတိုင်စရာမလိုပဲလွတ်လပ်စွာသွားလာနိုင်ပါတယ်..မြန်မာနိုင်ငံမှာညီမျှတဲ့တရားဥပဒေစိုးမိုးမှုရှိရင်နိုင်ငံသားတစ်ယောက်အနေနဲ့နိုင်ငံအတွင်းမှာလွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိရမှပါ....
စစ်မှန်ပြီး ခိုင်မာတဲ့မှတ်ပုံတင်ရှိ နေရင်ဧည့်စာရင်တိုင်စရာမလိုဘူး။ဘယ်နိုင်ငံမှ ဧည့်စာရင်းမရှိဘူး။အဲ့ဒါ မြန်မာပြည်က မှတ်ပုံတင် မခိုင်မာကြောင်းပြနေတာဘဲ။မြန်မာနိုင်ငံကို တရုတ်တွေ မြန်မာ ပြည်သားလုပ်ပြီးနေ တာကိုတော့ မစစ်ဘူး။မြန်မာ ပြည်သားအစစ်တွေကိုတော့ စစ်ဆေးနေတာ ဘာမှ မစဉ်းစားတတ်တော့ဘူး။အဲ့ဒါကို ပြုပြင်သင့်ပြီး
အထက်က ကော်မက်တွေဟာ ကျွန်တော်ပြောချင်တာတွေနဲ့တစ်ထပ်တည်းပါပဲခင်ဗျား..ဘယ့်နှယ်ဗျာ..ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ဒီနိုင်ငံသားတစ်ယောက်ဟာ ဒီနိုင်ငံရဲ့ဘယ်နေရာဘယ်ဒေသမှာပဲသွားသွား ဘာဧည့်စာရင်းမှတိုင်စရာမလိုဘူး၊ဘာမှအဓိပါယ်မရှိဘူးလို့မြင်ပါတယ်။ ကိုယ်နိုင်ငံမှာပဲ ဗီဇာလျောက်နေရသလိုတစ်လွှဲကြီးဖြစ်နေပါတယ်။..
Post a Comment