ပြင်ပဆေးခန်း |
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ
အစိုးရ၀န်ထမ်းဆရာဝန်တွေကို အလုပ်ချိန်မနက် ၈ နာရီကနေ ညနေ ၄ နာရီ အတွင်း
ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာဆေးကုသခြင်း၊ အခြားလုပ်ငန်းတွေလုပ်ကိုင်ခြင်းတွေ
မပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်ပိုင်း အတွင်း သတိပေးတားမြစ်လိုက်ပါတယ်။
´ဒီနေ့ (၆)ရက်ပဲ ဒါတွေကို
မလုပ်ဖို့တားမြစ်တာသိရှိကြောင်း လက်မှတ်ထိုးလိုက်ရတယ်။ ကျန်းမာရေးဝန်ထမ်းမှန်သမျှ
အကုန်လုံး အောက်ခြေအဆင့် အထိ အကုန်ပါတယ်´´လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးတစ်ဦးက
ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပါဝင်
အစိုးရ၀န်ထမ်းတွေဟာ တစ်နေ့ကိုအလုပ်ချိန် ၈နာရီသတ်မှတ်ထားပါတယ်။ ဒါပေမယ့်
ဌာနတစ်ချို့က ၀န်ထမ်းတွေဟာ လုပ်ငန်းလိုအပ်ချက်အရ
အချိန်ပိုလုပ်ကိုင်နေရတာတွေရှိပေမယ့် အချိန်ပိုအတွက် အကျိုးခံစားခွင့်မရကြဘူးလို့ဆိုပါတယ်။
အထူးကုဆရာဝန်ကြီးကပဲ
ဆက်ပြီး´´နိုင်ငံဝန်ထမ်းမို့လို့ ၈ နာရီအလုပ်လုပ်ရတာကိုမပြောပါဘူး။ ဒါပေမဲ့
အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ် ခွဲစိတ်တာ၊ ကုသပေးတာတွေကို
သတ်မှတ်အလုပ်ချိန်မဟုတ်လည်း လုပ်ရတာပါပဲ၊ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်မယ်ဆိုရင်လည်း
ခံစားခွင့်တွေ ပါ ပေးရမယ်၊ အခုဟာ ဒုတ်ဘဲပေးပြီးတော့ မုန့်တော့မပေးဘူး
ဖြစ်နေတယ်´´လို့ပြောပါတယ်။
အစိုးရဆေးရုံ၊ ဆေးခန်းတွေက
ဆရာဝန်တွေဟာ နေ့ခင်းထမင်းစားချိန်အတွင်း ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာ
အချိန်ပိုင်းထိုင်ပေးရတာတွေရှိပါတယ်၊
အခုလိုမျိုးသတိပေးတားမြစ်လိုက်တဲ့အတွက် ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်တွေနဲ့ ဆေးကုသဖို့ အခွင့်အလမ်းနည်းပါးလာနိုင်ပြီး
အစိုးရဆေးရုံဆေးပေးခန်းတွေမှာ လူနာအရေအတွက် ပိုများလာနိုင်ကာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဆရာဝန်အများစုက
သုံးသပ်ကြ ပါတယ်။
အခုလိုမျိုးသတိပေးတားမြစ်လိုက်တဲ့အတွက် ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်တွေနဲ့ ဆေးကုသဖို့ အခွင့်အလမ်းနည်းပါးလာနိုင်ပြီး
အစိုးရဆေးရုံဆေးပေးခန်းတွေမှာ လူနာအရေအတွက် ပိုများလာနိုင်ကာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဆရာဝန်အများစုက
သုံးသပ်ကြ ပါတယ်။
အမည်မဖော်လိုတဲ့ဆရာဝန်ကြီးတစ်ဦကး´´တားမြစ်ချက်အရ
ကျွန်တော်တို့ဟာ အလုပ်ချိန်အတွင်း အပြင်မှာဆေးခန်းထိုင်လို့မရတော့ဘူး။ အပြင်မှာ
ထိုင်လို့မရတော့ လူနာတွေက အထူးကုဆရာဝန်တွေရှိမယ့် အစိုးရဆေးရုံတွေပဲ အားကိုးလာမယ်။
အဲဒီခါကျရင် အစိုးရဆေးရုံတွေမှာoverload (လူနာများ)ဖြစ် လာနိုင်မယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း
ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတိုးတက်အောင်လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မလဲ´´လို့
မေးခွန်းထုတ်ရင်းပြောပါတယ်။
မေးခွန်းထုတ်ရင်းပြောပါတယ်။
အဲဒီိဆရာဝန်ကြီးဟာ ပုဂ္ဂလိက
ဆေးခန်းတစ်ခုမှာ အချိန်ပိုင်းထိုင်သူတစ်ဦးဖြစ်ပြီး ဆေးခန်းကလူနာကြည့်ပေးဖို့
ဖုန်းဆက်ခေါ်ပေ မယ့် ပြင်ပဆေးခန်း မှာ ဆေးမကုရဘူးလို့ တားမြစ်ထားသောကြောင့်
ထမင်းစားနားချိန်ဖြစ်ပေမယ့် သွားရောက်ကြည့်ရှုမပေးနိုင်တာကို တွေ့ရပါတယ်။
ပုဂ္ဂလိကဆေးခန်းကြီးတစ်ခုမှ
တာဝန်ရှိသူတစ်ဦးက ´´နေ့ခင်းဘက်အရေးပေါ်ကိစ္စပေါ်လာလို့
အထူးကုဆရာဝန်ကြီးတွေမရှိရင်တော့ လိုအပ် တဲ့(investigation )လုပ်ပြီး ဖုန်းနဲ့
(treatment ) ယူရမှာပဲ၊ ဒါကိုလူနာရှင်ကမကျေနပ်ရင် ဆေးရုံကြီးကိုပဲ ပြန်(refer
)လုပ်ရမှာပဲ´´လို့
ရှင်းပြပါတယ်။
ရှင်းပြပါတယ်။
အစိုးရ၀န်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့
ဆရာဝန်တွေကို သတ်မှတ်အလုပ်ချိန်အတွင်း ပြင်ပဆေးခန်းကုသခွင့်၊ အလုပ်လုပ်ခွင့်
တားမြစ်ထား တာကြောင့် ဆရာဝန်တွေကို အစိုးရ၀န်ထမ်းအဖြစ်ကထွက်ဖို့
တွန်းအားပေးသလိုဖြစ်နိုင်ပြီး လူနာရှင်တွေအနေနဲ့လည်း ပြင်ပပုဂ္ဂလိကဆေးခန်း
ကုသမှုစရိတ်တွေလည်း မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်ကြီးအချို့က မှတ်ချက်ပေးကြပါတယ်။
စန်းယု ( မော်ဒန် သတင်း ဂျာနယ် )
အစိုးရဆရာဝန်တွေ နေ့ခင်းမှာ ပြင်ပဆေးခန်း မထိုင်ရ
Reviewed by သစ်ထူးလွင်
on
11:50
Rating:
17 comments:
ဆရာဝန်ကြီးတွေ ပြောတာကြတော့လဲ ဟုတ်နေသလိုပါပဲလားနော်.......
အပြင်ဆေးခန်းတွေကို လူနာမလာပဲ အစိုးရဆေးရုံကို လာတော့ over load ဖြစ်နိုင်ပေမယ့် ဂရုတစိုက် ပြုစု ကုသမယ်ဆိုရင် လူနာတွေအတွက် ပိုလို့ တောင် အကျိုးရှိပါတယ်။ စရိတ်လဲ သက်သာပါတယ်.........
ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အရေးပေါ်လိုလာရင် အထူးကုမရှိနေတာဟာ ထိုဆေးရုံ၊ ဆေးခန်းတွေရဲ့  တာဝန်ပါ။ အကယ်၍ အပြင်ဆေးရုံသို့ သွားနေတဲ့အချိန် အစိုးရဆေးရုံသို့  နွမ်းပါးတဲ့ အရေးပေါ်လူနာရောက်လာရင် ဘယ်လူနာကို ဦးစားပေးမယ်ဆိုတာ ဆရာဝန်ကြီးတွေရဲ့  စိတ်ထဲမှာ ရှိပီးသားလို့  မျှော်လင့်ပါတယ်.........
အလုပ်ချိန်ပြင်ပမှာ တာဝန်ထမ်းဆောင်ရတာကို အကျိုးအမြတ်မရရှိတာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို ပြောသင့်ပါတယ်။
ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်းများကို အဓိကဦးစားပေးမှုကြောင့် အစိုးရဆေးရုံတွေကို အားကိုးနေရတဲ့ နွမ်းပါးတဲ့ လူနာတွေကို ထိခိုက်နိုင်တာကြောင့် ဒီလုပ်ဆောင်ချက်ကို ကြိုဆို ထောက်ခံပါတယ်.......
မလိုက်နာချင်ရင် အလုပ်ကထွက်ပြီး ပြင်ပဆေးရုံ သွားလုပ်ပေါ့
ဒါပဲရှိတယ်
ဘာပဲဖြစ်ဖြစ် နိုင်ငံဝန်ထမ်းဆိုတာ ပြည်သူတိုင်းအတွက် တာဝန်ကျေပေးဖို့လိုပါတယ်...
ကောင်းပါတယ် ကိုမွေးထားတဲ့ကြက်လို ကိုယ်တိုင်ရိုက်သတ်တာပဲ ....အာဏာရှင်ဆိုတာ...ကဲ ကော့မှုးက စိုးမင်းခင်ဗျားလဲသတိထားပေတော့...
ဖြစ်သင့်ပါတယ် ကောင်းတယ် ဒါမှလဲအခြေခံလူတန်းစားတွေအတွက်အဆင်ပြေမယ် အထူးကုဆေးခန်းကြတော့သာမန်လူသွားဖို့မလွယ်ဘူးလေ
"အစိုးရ ဆရာဝန်တွေ နေ့ခင်းမှာ ပြင်ပ ဆေးခန်းမထိုင်ရ" တဲ့
*** ကြိုဆိုပါတယ် ထောက်ခံပါတယ် ***
မရှိဆင်းရဲသားပြည်သူတွေက အစိုးရဆေးရုံကိုပဲ လာရတာဆိုတော့ မရှိဆင်းရဲသားတွေအတွက် ၀မ်းသာမိပါတယ်... လူထုဆင်းရဲသားတွေရေ မပူနဲ့နော် နောက်များဆို ဆေးရုံရောက်ရင် အထူးကုနဲ့ တွေ့ရတော့မယ်ဟေးးးးးးးးးးးးးးး
(ကြုံတုန်းပြောရအုံးမယ် ရောဂါဖြစ်လို့ မနက်ပိုင်းကတည်းက ဆေးရုံသွားမိပါတယ် ဆရာဝန်ကြီးမလာသေးလို့တဲ့ စောင့်ရမယ်တဲ့ နေလုံးကြီးသာ ခေါင်းပေါ်ရောက်လာတယ် အပြင်ဆေးခန်းက မလာသေးတာဆိုပဲ )
ဖြစ်သင့်ပါတယ် ကောင်းတယ် ဒါမှလဲအခြေခံလူတန်းစားတွေအတွက်အဆင်ပြေမယ် အထူးကုဆေးခန်းကြတော့သာမန်လူသွားဖို့မလွယ်ဘူးလေ
ဟုတ်လိုက်လေဗျာ။ မလိုက်နာချင်ရင်အလုပ်ကထွက်ပြီး
GP လုပ်ကြပေါ့။ ဘယ့်နယ်ဗျာ။ အကျိုးအမြတ်များများရတဲ့
ပြင်ပဆေးခန်းပဲထိုင်ချင်ပြီး အကျိုးအမြတ်နည်းတဲ့
ဆေးရုံတွေမှာ မထိုင်ချင်၊ မလုပ်ချင်ကြဘူးဆိုရင်
နွမ်းပါးတဲ့သူတွေ ကျန်းမာရေးမကောင်းတဲ့အခါ ဒုက္ခ။
ကျုပ်လည်း ထောက်ခံတယ်ဗျို့။
ဖြစ်သင့်ပါတယ်
ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုယ်ပိုင်အထူးကုဆရာဝန်တွေ အချိန်ပြည့်ရှိနေရမှာဖြစ်ပါတယ်။ ဒီဆရာဝန်တစ်ဦးတည်းက ဟိုဆေးရုံပြေး ဒီဆေးရုံပြေး ပြေးနေတာတွေဟာ လုံးဝမဖြစ်သင့်တာတွေပါ။ ကြိုဆိုပါသည်။
ဒါဆို ပြည်သူ့ဆေးရုံကြီးရဲ့ စရိတ်မျှပေးရော ဈေးတက်မှာလားဟင်၊ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အထူးစမ်းသပ်ခ ဆိုတာ ပြည်သူ့ဆေးရုံတွေမှာပါ ပေးလာရလျှင် ပြည်သူတွေ စားရိတ်( ဆရာဝန်ကြီးများ ၊သူတို့ဝယ်ခိုင်းတဲ့ဆေးဆိုင်မှာမ၀ယ်လျှင် လှည့်မကြည့်တဲ့ သူနာပြု/သားဖွား ဆရာမကြီးများ၊ ဆရာဆရာ့ သန့်ရျင်းရေးမမ များ၊ အကြောက်ရဆုံး လုံခြုံရေး ကိုကိုများ၊၏ မိသားစု)မျှပေး ကျန်းမာရေး ဖြစ်လာမှာလားဟင် ! ဆုတောင်းပေးပါတယ်။ ပြည်သူတွေ ကျန်းမာကြပါစေ။
ကောင်းလည်းကောင်းပါတယ်။မကောင်းလည်းမကောင်းပါဘူး။တော်ပြီးသိတ် ၀င်ငွေကောင်းနေတဲ့ဆရာဝန်ကြီးတွေထွက်သွားရင်ပြည်သူ့ဆေးရုံကြီးတွေမှာအခက်အခဲတွေရှိလာနိုင်ပါတယ်။ဆရာဝန်ကြီးတွေမထွက်လို့ဆက်လုပ်ရပြန် ရင်လည်းဆေးရုံမှာနေရာထိုင်ခင်းတွေကြပ်လာနိုင်ပါတယ်။ဆရာဝန်ကြီးတွေခမျာမှာလည်းဆေးရုံကအရေးပေါ်ခေါ်ရင်ဂျူတီချိန်ပြင်ပလည်းလာရတဲ့အခါမျိုးတွေရှိပါတယ်။အခုလိုအလုပ်ချိန်အတွင်းပြင်ပဆေးခန်းမထိုင်ရဆိုရင်ညနေရုံးဆင်းချိန်ရောက်တာနဲ့ခွဲလက်စလူနာကိုဒီအတိုင်းထားခဲ့ပြီးပြန်သွားကြေးလား။ဘယ်သူကကောပစ္စလက်ခတ်ထားခဲ့နိုင်ပါ့မလဲ။Medical Ethic တွေက ရှိပါသေးတယ်။ဆရာဝန်တွေကကူးစက်ဝေဒနာရှင်တွေကိုကိုင်ရ၊တွယ်ရ၊သွေးသွင်းရ၊သွေးဖေါက်ရ၊ခွဲစိတ်ရလုပ်ရင်းနဲ့HIV လိုရောဂါဆိုးကြီးတွေကူးစက်ခံ ရနိုင်ပါတယ်။အဲဒီအတွက်ဘယ်သူကနစ်နာကြေးပေးကြလို့လဲ။စည်းကမ်းတစ်ခုထုတ်မယ်ဆိုရင် အဘက်ဘက်ကစဉ်းစားကြဘို့ကောင်း ပါတယ်။ ဆရာဝန်တွေကိုလစာ၊Facility၊ခံစားခွင့်၊နစ်နာကြေးစတာတွေကိုလည်းထည့်သွင်းစဉ်းစားသင့်ပါကြောင်း။
အထူးကုဆေးခန်းဆိုတာကရော.ဘာများထူးခြားလို့လဲ..
လူနာမြင်တာနဲ့.ရှိသမျှစက်တွေအကုန်နဲ့ရိုက်တော့တာပါပဲ.
လိုတာမလိုတာ.ရှိတာမရှိတာနားမလည်ဘူး.ပြမလားမပြဘူးလားပြော.
ဒမြလိုလုပ်စားနေတဲ့ဆေးခန်းတွေပဲ.
အဲ့ဒီစက်တွေအကုန်လုံးကအဲ့ဒီအထူးကုဆရာဝန်လို့ခေါ်တဲ့.
ဝိသမလောဘသားအသပြာဆရာဝန်တွေရဲ့.စက်တွေကြီးပဲ.ဂွင်ရှာလုပ်စားနေသောဆေးခန်းတွေပါ.အဲ့ဒီဥပဒေကိုထောက်ခံတယ်.
မကျေနပ်ရင်.ထွက်ကြပေါ့.
အဲ့ဒီအထူးကုဆရာဝန်လို့ခေါ်တဲ့.
ဝိသမလောဘသားအသပြာဆရာဝန်တွေ၊ ပညာသင်ခဲ့ရတယ်ဆိုတဲ့.
အကြောင်းပြချက်ကလေးနဲ့၊ လုပ်စားနေကြတာ.အမှန်တကယ်က
အဲ့ဒီပညာသင်စရိတ်ဆိုတာ.တိုင်းသူပြည်သားတွေပိုင်တဲ့.
နိုင်ငံတော်ငွေတွေနဲ့သင်ထားတာ..နောင်ဘဝမှာ.
လူပြန်ဖြစ်မဲ့ကောင်တွေမဟုတ်ဘူး.
ကြိုဆိုပါတယ်....
ကောင်း၏။
ခင်ညွန့်ဆိုလို့ ဟဲ ဟဲ နဲ နဲ လန့်သွားတာ
မှတ်ချက်ပေးတာ ကောင်းသားပဲ
ထောက်ခံပါတယ်
ဆရာ၈ုဏ် သမား၈ုဏ် ဆရာဝန်မှာဆေးကုပေးတဲ့ အသက်ကယ်ပေးတဲ့ ကျေးဇူး၈ုဏ်သရေ ရှိပြီးသားပဲ လူတွေလေးစားရပါတယ် ချမ်းသာတဲ့ဆရာဝန် ဖြစ်ချင်ရင်တော့ လိုအပ်သည်ထက်ပိုတဲ့လောဘကြီးလာပီး သမား၈ုဏ်နဲ့မညီတဲ့ စီးပွာရေးလောကအ၇ှုတ်အထွေးအညစ်အပတ်တွေကြားထဲ ဟိုပြေးဒီပြေးငွေရှာကောင်အဖြစ် ၈ုဏ်မဲ့ဆရာဝန်မို့ ပစ်ပြန်တော့လဲ အဆီနဲ့တ၀င်းဝင်း စားပြန်တော့လဲ သဲနဲ့တရှပ်ရှပ် ဆိုသလို ဖြစ်နေပါတယ် မှန်ကန်တဲ့စနစ်တခုချမှတ်ရေးအတွက် ကျိုးပမ်းမှုအဖြစ် ကြိုဆိုပါတယ်
ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုယ်ပိုင်အထူးကုဆရာဝန်တွေ အချိန်ပြည့်ရှိနေရမှာဖြစ်ပါတယ်။ ဒီဆရာဝန်တစ်ဦးတည်းက ဟိုဆေးရုံပြေး ဒီဆေးရုံပြေး ပြေးနေတာတွေဟာ လုံးဝမဖြစ်သင့်တာတွေပါ။ဟုတ်ပါသည်.ဆေးရုံမပြောပါနဲ့...အထူးကုဆေးခန်းမှာတောင်..
ဟိုဆေးခန်းကြီးမှာ မပြီးသေးလို့  ဆိုပြီး ဒီဆေးခန်းကနေ..အကြာကြီးစောင့် နေခဲ့ရတာပါ..
အထူးကုဆရာဝန်တွေ..ဘယ်လဲ..ဘာလဲ.ဟဟ...
Post a Comment