ပြည်သူ့အသံနှင့် ပြည်သူ့ဝန်ထမ်း


ကျွန်တော်ဟာ ငယ်ငယ်ထဲက ဆရာဝန်တစ်ယောက် သိပ်ဖြစ်ချင်ခဲ့တာပါ။ ရည်ရွယ်ထားတဲ့အတိုင်းလည်းဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘ၀ရဲ့အခြေအနေအရ (အဓိက က ကျွန်တော်ရဲ့ ညံ့ဖျင်းမှုဖြစ်ပါလိမ့်မယ်)  ဘာဘွဲ့လွန်အထူးကုမှ မရခဲ့ပါဘူး။ လုပ်သက် ၁၀ နှစ်ကျော်လာတဲ့အခါမှာ ကျွန်တော် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး တစ်နည်း မြို့နယ်ဆရာဝန်ဘ၀ကို ရောက်ခဲ့ပါတယ်။ တွေ့ဖူးတဲ့ ဆရာဝန်အငယ်တစ်ယောက်ပြောသလို ဆိုရရင် မြို့နယ်ဆရာဝန်ဆိုတာ လက်ထောက်ဆရာဝန် အကြီးစားပါပဲတဲ့။ အရည်အချင်းကြောင့်ရတယ်လို့ သူမှတ်ထင်အသိအမှတ်ပြု ပုံမရပါဘူး။ အမြဲတမ်း ကြက်ခေါင်းဆိတ် မခံတဲ့ ကျွန်တော်နှုတ်ဆိတ်စွာနှင့် နေခဲ့ရပါတယ်။ အဲဒါကိုကြားသိသွားတဲ့ ကျွန်တော့်ထက်လုပ်သက် ရော၊ အသက်ပါကြီးတဲ့မြို့နယ်ဆရာ ၀န်အစ်ကိုကြီးတစ်ယောက်ကတော့ ဒီလိုဖြေပါတယ်။ သူက မျှစ်တစ်ချောင်းနှင့် ၀ါးတစ်လုံး မတူပါဘူးတဲ့။  ၀ါးဆိုတာ မျှစ်ကဖြစ်လာပေမယ့် မျှစ်နှင့်အိမ်ဆောက်လို့ မရသေးပါဘူး။ ၀ါးဖြစ်မှ အိမ်ဆောက်လို့ ရပါတယ်တဲ့။ ကျွန်တော်ကတော့ ကိုယ်လည်း အငယ်ဘ၀က ကြီးလာခဲ့တာကြောင့် ကျွန်တော့်ငယ်ဘ၀ကျွန်တော့်အထက် မြို့နယ်ဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်၊ ဆေးရုံအုပ်ကြီးတွေနှင့် ဆက်ဆံခဲ့တုန်းက သူတို့တွေရဲ့ကောင်းမွန်တဲ့ လုပ်ရပ်တွေကို အတုခိုးပြီး ခုမြို့နယ် ဆရာဝန်ဘ၀မှာ လိုက်နာဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုယ်မနှစ်သက်ခဲ့တဲ့ သူတို့ရဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကျဉ်ပေးနိုင်ခဲ့ပါတယ်။ အားလုံးက ဆရာကြီး၊ ဆရာကြီးလို့ ခေါ်ဆိုနေကြတဲ့ ရေကန်သေးသေးလေးထဲက ငါးကြီးကြီးလေးဘ၀ကိုလည်း ကျေနပ်အားရနေမိခဲ့ပါ တယ်။
မြို့နယ်ဆရာဝန်တစ်ယောက်မှာ ကုသရေး၊ ပြည်သူ့ကျန်းမာရေးအတွက် စီမံခန့်ခွဲရေး၊ ကွင်းဆင်းကြီးကြပ်ရေး၊ နေရာချထားရေးနှင့် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မဖြစ်မနေ လုပ်ဆောင်ရပါတယ်။ တာဝန်ယူတတ်ရင် အလုပ်တွေချည်းပါပဲ။ ဒီကြားထဲမှာ အရေးပါတာရော၊ မပါတာပါ ရောထွေးနေတဲ့ အစည်းအဝေးပေါင်းစုံကလည်း လစဉ် ခြိမ်းခြောက်နေပါတယ်။ (တစ်ခါတလေဆို လူနာတွေရော အလုပ်တွေကိုပါ ပစ်ထားခဲ့ရပြီး အစည်းအဝေးသွား တက်ရာမှာ အစည်းအဝေးက အိမ်ဖြည့်ရုံသက်သက် အရေးလည်းမပါ အရာလည်းမရောက်ဆိုရင် တက်ရောက်မိတာကို အမြဲနောင်တရမိခဲ့ပါတယ်။) ခုနင်ကဆိုခဲ့တဲ့ လက်ထောက်ဆရာဝန်ကလေးပြောသလို ကြီးလာလို့ဖြစ်စေ၊ အရည်အသွေးကြောင့် ဖြစ်စေ ရရှိလာခဲ့တဲ့ မြို့နယ်ဆရာဝန်ဘ၀မှာ အဲဒီလိုလုပ်ငန်းတွေ များပြားနေပေမယ့် ကျွန်တော်ကတော့ ကျေနပ်နေပါတယ်။ တစ်နိုင်ငံလုံးအတွက် မစွမ်းဆောင်နိုင်ပေမယ့် ကိုယ်တာဝန်ယူရတဲ့ နိုင်ငံရဲ့ အပုံသုံးရာပုံ တစ်ပုံကိုတော့ အကောင်းဆုံး တတ်စွမ်းသရွေ့ ပြည်သူအားလုံး စိတ်၏ ချမ်းသာရေး၊ ကိုယ်၏ ကျန်းမာရေး ရရှိသွားအောင်ဆောင် ရွက်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

ကျွန်တော်မြို့နယ်ဆရာဝန်ဖြစ်လာတဲ့ လွန်ခဲ့သော ၁၀ လကျော် တစ်နှစ်နီးပါးကာလကို ပြန်သုံးသပ်တဲ့အခါ အဓိက ကျွန်တော်လုံးပန်းခဲ့ရတဲ့ အလုပ်တွေကတော့ တိုင်ကြားမှုတွေကို ဖြေရှင်းပေးနေရတာပါပဲ။ ကျွန်တော်ကတော့ တိုင်ကြားမှုတွေကို ကြိုဆိုပါတယ်။ ကြီးတဲ့အမှုသေးအောင် သေးတဲ့အမှုပပျောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို တကယ်လို့ အပြစ်တွေ့ခဲ့ရင်လည်း ခွင့်လွှတ်နားလည်နိုင်လောက်တဲ့အမှုဆို နောက်နောင်မလုပ်တော့အောင် သတိပေးစည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။ အတွေ့အကြုံအရဆိုရရင် တချို့တွေဟာ ပြုပြင်လာပြီး အင်မတန် အားကိုးရတဲ့သူတွေ ဖြစ်လာကြပါတယ်။ ဘယ်လိုမှ ပြင်လို့မရ လက်တွဲလို့မရတဲ့ စုန်းပြူးတွေ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ကံကောင်းစွာ မတွေ့ခဲ့သေးပါဘူး။ အခုခေတ်မှာလည်း ၀န်ထမ်းတစ်ယောက်ကို အပြစ်ပေးလို့ လွယ်သလို ပြန်ခန့်ဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် နယ်မြေတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ သားဖွားဆရာမတွေ၊ သူနာပြုတွေဆိုပိုလို့ ဆိုးပါတယ်။ အမှားဆိုတာ လူတိုင်း မကင်းနိုင်ကြပါဘူး။
ခွင့်လွှတ်ညှိနှိုင်းပေးနိုင်တဲ့အမှားမျိုးဆို ကျွန်တော်တို့အမြဲအဆင်ပြေအောင်ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့တချို့ သောလူ၊ အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို အခြေခံပြီး အမြစ်ပြတ်သုတ်သင်ရေး၊ လက်ဝေခံဖြစ်ရေး၊ လက်ဝါးကြီး အုပ်ခြယ်လှယ်ရေးဆိုတဲ့ ပြည်သူ့အကျိုးကို အခြေမခံတဲ့အချက်တွေကို အခြေခံပြီး တိုင်ကြားနေကြတာကို စိတ်ညစ်ဖွယ်ရာတွေ့မြင်နေရပါတယ်။ အဲဒီလိုလူ၊ အဖွဲ့အစည်းတွေနှင့်ဆို ကျွန်တော်တို့ လုပ်ရကိုင်ရ မလွယ်တော့ပါဘူး။ သူတို့လိုချင်တဲ့ ရည်ရွယ်ချက် မရောက်မချင်း ထပ်ခါတလဲလဲ အပြစ်ရှာ တိုင်ကြားနေတတ်ကြပါတယ်။ ပြည်သူတွေရဲ့ခံစားချက်ပါလို့ ဆိုပေမယ့် သူတို့ဆိုလိုတဲ့ ပြည်သူတွေ၊ သူတို့ဖော်ပြတဲ့ နစ်နာနေပါတယ်ဆိုတဲ့ ပြည်သူတွေဆိုတာ ခေတ်အဆက်ဆက် အခွင့်အလမ်းပေါ်တိုင်း ပေးနိုင်သူနားရောက်လာတတ်တဲ့ လူတွင်ကျယ်တွေ၊ အခွင့်ထူးခံတွေ ဖြစ်နေတတ်ပါတယ်။ အမှန်ကိုအမှားဖြစ်အောင် တစ်ဆိတ်ကိုတစ်အိတ် ချဲ့ကြတဲ့အခါ နစ်နာသူတွေက ကျွန်တော်တို့ကို ကျွန်တော်၊ ကျွန်မတို့မှန်ကန် မှုအတွက်ရော ဘာများတုံ့ပြန်ပေးမှာလဲလို့ ဆိုကြပါတယ်။ လီဆယ်တိုင်တန်းသူတွေကိုရော အရေးမယူတော့ ဘူးလားလို့ မေးကြပါတယ်။
တိုင်ကြားတယ်ဆိုရင် အောက်ခြေထိ ဆင်းပြီးစစ်ဆေးတဲ့ ကျွန်တော်တို့ဟာ တရားသူကြီးတွေမဟုတ်ဘဲ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေသာဖြစ် ပါတယ်။ အပြစ်ပေးပိုင်ခွင့်၊ ပြန်လှန် အရေးယူပိုင်ခွင့် မရှိပါဘူး။ အထက်အဆင့်အသီးသီးကိုသာ ကျွန်တော်တို့တွေ့ရှိသမျှတွေကို ပြန်လှန်တင်ပြပေးရတာပါ။ အထက်အဆင့်ကပဲ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပေးတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ တစ်ခါတလေ စစ်ဆေးတဲ့အခါ ညောင်မြစ်တူးပုတ်သင်ဥပေါ်သလို ကိစ္စတွေလည်း တွေ့ရတတ်ပါတယ်။ ကျွန်တော်ကတော့ သေးတဲ့အမှု ပပျောက်စေဆိုတဲ့ ရည်ရွယ်ရင်းရှိတဲ့အတွက် မဆိုင်ဘဲတွေ့လာရတဲ့ ပြစ်ချက်အားနည်းချက်ကလေးတွေကို သက်ဆိုင်သူတွေကို တိုးတိုးတိတ်  တိတ်ပဲ ခေါ်ယူသတိပေးလိုက်ပါတယ်။ တချို့စစ်ဆေးသူတွေကတော့ အဲဒီအပြစ်တွေကိုပါ တိုင်စာနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြတတ်လို့ တိုင်စာထဲက ကိစ္စကြောင့် အလုပ်မထိခိုက်ဘဲ စစ်ဆေးရေးအဖွဲ့ရဲ့ သေချာစွာဖော်ထုတ်မှုကြောင့် ဒုက္ခရောက်ရသူတွေလည်း ရှိတတ်ပါတယ်။ ရှာတတ်ရင်အပြစ်ဆိုတာ ဘယ်သူမှ ကင်းမယ်မထင်ပါဘူး။  တစ်ခါတလေ ကိုယ်လုပ်နေတာ အမှန်လို့တောင် ထင်ပြီးလုပ်နေတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ။

ပြည်သူတွေ ဘာလိုလိုလုပ်ပေးရမယ်လည်း မဟုတ်ပါဘူး။ ကျင့်ဝတ်၊ နီတိ၊ စည်းကမ်းအတိုင်းသာ တစ်လမ်းထဲထား မှန်မှန်ကန်ကန် ဆောင်ရွက်သွားဖို့ လိုပါတယ်။ လူခင်လို့ မူပြင်တယ်၊ လူမုန်းလို့ မူသုံးတယ်ဆိုတာကို အတိတ်မှာထားခဲ့ပြီး မူမှန်လူမှန်ဆောင်ရွက် သွားရမည့်အချိန်လို့ ထင်မြင်မိပါတော့တယ် ...
ကျွန်တော့်ရဲ့ လွတ်လပ်တဲ့အမြင်နှင့်ဖော်ပြရရင် ကျွန်တော်တို့ ၀န်ထမ်းတွေမှာ ခံယူချက်တွေေ၀၀ါးနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ခေတ်စနစ်အခြေအနေတွေကြောင့် နှစ်ပေါင်းများစွာ အမိန့်အာဏာအောက်ကပဲ ဆောင်ရွက်တတ်ခဲ့ကြပါတယ်။ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းဆိုတာထက် အစိုးရ၀န်ထမ်း ပီသဖို့သာ ကြိုးစားတတ်အောင် လေ့ကျင့်သင်ကြားခံခဲ့ရပါတယ်။ သူ့ဆန်စားရဲရမယ်ဆိုပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏သစ္စာကို စောင့်သိရိုသေပါမယ်ဆိုတာထက် အထက်အဆင့်သော အစိုးရအုပ်ချုပ်သူတွေရဲ့အလိုကို လိုက် ဆောင်ရွက်တတ်ခဲ့တာ ကြာပါပြီ။ (တစ်ခါတလေ လမ်းကြောင်း အမှားပေါ်တောင်ရောက်၊ ရည်ရွယ်ချက်ပျောက်ပြီး လုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်) အဲဒီကာလတွေတုန်းက ၀န်ထမ်းတွေမှာ ၀န်ထမ်းကျင့်ဝတ်စည်းကမ်းအတိုင်းပဲ ဆောင်ရွက်ရမှာလား အုပ်ချုပ်သူတွေရဲ့အမြင်နှင့် ချမှတ်လာတဲ့လမ်းညွှန်ချက်တွေအတိုင်း လုပ်ရမှာလားဆိုတဲ့ေ၀၀ါးတဲ့အတွေးတွေကို ခံစားကြရပါတယ်။ နောက်ဆုံးကျင့်ဝတ် အတိုင်းလည်းမဟုတ်၊ ညွှန်ကြားချက်အတိုင်းလည်း မဟုတ်တဲ့ ဟိုလိုလို ဒီလိုလိုလမ်းကြောင်းကိုသာ ရွေးချယ်ပြီး စမ်းတ၀ါးဝါး လုပ်ကိုင်ခဲ့ကြရပါတော့တယ်။ အမှားကြာလာ တော့အမှန်လို့ထင်လာတတ်ပါတယ်။
အဲဒီအချိန်မှာစစ်ဆေးမှုတွေလုပ်လိုက်တော့ အပြစ်တွေ တွေ့ရတော့တာပေါ့။ ရင်နာစရာကောင်းတာကတော့ တချို့သောနေရာတွေမှာ မကြာသေးခင်ကမှ သွေဖည်လာတဲ့ လမ်းကြောင်းတစ်ခုကို အတူတကွလုပ်ကိုင်ခဲ့၊ အဲဒီလို လုပ်ပါလို့ညွှန်ကြားချက်ပေးခဲ့သူတွေ က ခုချိန်မှာအဲဒီလမ်းကြောင်းရဲ့အား နည်းချက်ကိုထောက်ပြတိုင်ကြားစေ ပြီး ခါတော်မီပြည်သူ့သူရဲကောင်းဘွဲ့ ခံယူချင်တာပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ ယနေ့ခေတ်ရဲ့ အနေအထားအရ ကျွန်တော်တို့အားလုံးဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အစိုးရ ကိုယ်၌သည်ပင် ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ ဖြစ်နေပါပြီ။ ပြည်သူ့ကိုပဲ တာဝန်ခံဆောင်ရွက်ရတော့မှာပါ။ ပြည်သူ့အတွက်ဆိုတော့ ထွေထွေထူးထူး မဟုတ်တော့ပါဘူး။ ပြည်သူတွေဘာ လိုလိုလုပ်ပေးရမယ်လည်း မဟုတ် ပါဘူး။ ကျင့်ဝတ်၊ နီတိ၊ စည်းကမ်းအတိုင်းသာ တစ်လမ်းထဲထား မှန်မှန်ကန်ကန် ဆောင်ရွက်သွားဖို့ လိုပါတယ်။ လူခင်လို့ မူပြင်တယ်၊ လူမုန်းလို့ မူသုံးတယ်ဆိုတာကို အတိတ်မှာထားခဲ့ပြီး မူမှန်လူမှန်ဆောင်ရွက်သွားရမည့် အချိန်လို့ ထင်မြင်မိပါတော့တယ်။
Written by နန္ဒ၀င်း(ဆေး-၁)    
EMG
ပြည်သူ့အသံနှင့် ပြည်သူ့ဝန်ထမ်း ပြည်သူ့အသံနှင့် ပြည်သူ့ဝန်ထမ်း Reviewed by သစ်ထူးလွင် on 17:10 Rating: 5

4 comments:

OZI said...

I agree with you. Myself was a public servant before. I disgusted my life when I felt similar feeling like you. I felt guilty to serve as a public servant.
Myanmar people have expected public servants' good attitude to country. Everybody have such minded and follow the public servant's ethic than inappropriate instruction.

OZI said...

I agree with you. Myself was a public servant before. I disgusted my life when I felt similar feeling like you. I felt guilty to serve as a public servant.
Myanmar people have expected public servants' good attitude to country. Everybody have such minded and follow the public servant's ethic than inappropriate instruction.

မျိုးစင်ဆွေဆက် said...

စောက်ရူး ၂၀၁၀ ရွေးကောက်ပွဲ ဘယ်လို ကလိမ်ကကျစ်ကျခဲ့ တယ်ဆိုတာ လူတိုင်းနားလည်တယ်..ဘယ်ပြည်သူက ထောက်ခံတဲ့ ပြည်သူအစိုးရလဲ စောက်ရူး ပြည်သူ့ ဆန္ဒမှန်တွေမပါခဲ့ဘူး စောက်ရူးရဲ့ ...ဘာပြည်သူတွေအတွက်ပဲလုပ်နေတယ် ဟုတ်လား...စစ်အာဏာရှင် ဘ၀ကရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ ကို ပုဆိုးလေးပြောင်းဝတ်ထားရုံ လေချိုသွေးစကားပြောရုံ မပျောက်ပျက်သွားဘူးစောက်ရူးရဲ့ ...ဘယ်ပြည်သူကမှစစ်မှန်စွာ တင်မြောက် ထားတာမဟုတ်ဘူး စစ်အာဏာရှင်လက်ထက်ကအတိုင်း အရေခွံလဲ ကိုယ်နဲ့ဆိုင်တဲ့ ရာထူး ကိုယ့်ဘာသာကိုပြန်ယူထားကြတာ စောက်ရူးရဲ့ ....

မျိုးစင်ဆွေဆက် said...

ဆရာဝန်တယောက်ရဲ့  ပါးစပ်က သူ့ ဆန်စားရဲရမယ်ဆိုတဲ့ စကားထွက်တာလောက် အောက်တန်းကျတာမရှိဘူး တော်တော် စောက်သုံးမကျ စောက်ဆင့်မရှိတဲ့ ဆရာဝန်...အမေစုနဲ့  ယှဉ်ပြိုင်မယ့် ဒေါက်ချာစိုးမင်း ဘက်က ဘာထေးပြီး သွယ်ဝိုက်ပြောပေးနေတာ....ဒီပုတ်ထဲကဒီပဲ... ဒီစောက်ကျင့်တွေကြီးပဲ......သူရေးတဲ့စာသေချာဖတ်ကြည့် စိုးမင်းလေသံမျိုး အထက်အရာရှိ အထက်အမိန့် ...စောက်ကျင့်ယုတ်တဲ့ အာဏာရှင်မျိုးဆက်တွေ ဆက်မရှင်သန်ပါစေနဲ့ တော့...

Powered by Blogger.