စင်ကာပူကုမ္ပဏီ ၆၀ ကျော် အားSingapore Business Federation(SBF)မှ ဥက္ကဋ္ဌ Mr.Tony Chew ဦးဆောင်လာရောက်မည် ဖြစ်ပြီး လုပ်ငန်းရှင် ၁၂၀ ပါဝင်လာမည် ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ် အစည်းအဝေးခန်းမတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံကာ ကုန်သွယ်မှုများအတွက် ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ စင်ကာပူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု (Singapore- Myanmar Investment Conference) ကို ကျင်းပကာ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု သိရှိရ သည်။
“မကြာသေးခင်က နိုင်ငံတော် သမ္မတကြီး စင်ကာပူခရီးစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ စင်ကာပူ SBF က တာဝန်ရှိသူတွေ နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ စင်ကာပူ က မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုရော၊ မြှုပ်နှံမှုရောတိုးမြှင့်ချင်တဲ့အတွက် လာရောက်ဆွေးနွေးဖို့ ပြောပြီး အခု ခရီးစဉ် ဖြစ်ပေါ်လာတာပါ။ အခုလာမယ့် စင်ကာပူစီးပွားရေးအဖွဲ့ဟာ စင်ကာပူနိုင်ငံမှာ စီးပွားရေးဆိုင်ရာမှာ အမြင့်ဆုံးအဖွဲ့ဖြစ်ပါတယ်။ လုပ်ငန်းရှင်၁၂၀ ပါဝင်လာမှာပါ။ မြန်မာနိုင်ငံနဲ့ ပိုပြီး ကုန်သွယ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ လာရောက်မှာပါ။ အရင်ကတော့ စင်ကာပူက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား မြှုပ်နှံမှုစာရင်းမှာ နံပါတ်တစ်နိုင်ငံ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်နိုင်ငံတွေက ကျော်တက်သွားတဲ့အတွက် အဆင့်ခြောက်နေရာ ရောက်သွားပါတယ်။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ မြှုပ်နှံထားပါတယ်။ အခုထပ်ပြီး မြှုပ်နှံဖို့အတွက် လာရောက်တာပါ”ဟု RUMFCCI ၏ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့သည်။
စင်ကာပူကုမ္ပဏီ ၆၀ ကျော် တွင် ဘဏ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေး၊ သင်္ဘောလိုင်း၊ သတ္တုတူးဖော်ရေး၊ ဆောက် လုပ်ရေး၊ အင်ဂျင်နီယာ၊ ဆေးနှင့် ဆေးပစ္စည်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် နေပြည်တော်ရှိ MICC ၌ ကျင်းပမည့် Singapore-Myanmar Investment Conference သို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော်အနေဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သီလ၀ါဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်များသို့ပါ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
စင်ကာပူစီးပွားရေးအဖွဲ့တွင် ကုန်စည်ဖြန့်ဖြူးသည့် ကုမ္ပဏီလေး ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၁၀ ခု၊ ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၅ ခု၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်း ကုမ္ပဏီ ၁၆ ခု၊ သယ်ယူပို့ဆောင် ရေးကုမ္ပဏီခြောက်ခု၊ ပညာရေးကုမ္ပ ဏီငါးခု၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး ကုမ္ပဏီသုံးခု၊ ဟိုတယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်း ကုမ္ပဏီများ ပါဝင်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတကာမှ လာရောက် မြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ကျော်အထိ ရှိကြောင်း၊ တရုတ်နိုင်ငံမှ ၁၄ ဘီလျံနီးပါးမြှုပ်နှံကာ နံပါတ်တစ် မြှုပ်နှံသည့်နိုင်ငံ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးခြောက်နိုင်ငံ (အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံအမည် | ပမာဏ (၃၁-၃-၂၀၁၀၀) | ပမာဏ (၃၁-၃-၂၀၁၁) | ပမာဏ (၃၀-၄-၂၀၁၁) | ပမာဏ (၃၁-၁၂-၂၀၁၁) |
တရုတ် | ၁၈၄၈ .၅၆ | ၉၆၀၃ .၁၆၈ | ၉၆၀၃ .၁၆၈ | ၁၃၉၄၇ .၁၄၆ |
ထိုင်း | ၇၄၂၂ .၀၉၃ | ၉၅၆၈ .၀၉၃ | ၉၅၆၈ .၀၉၃ | ၉၅၆၈ .၀၉၃ |
ဟောင်ကောင် | ၅၁၀ .၂၁၈ | ၆၃၀၈ .၄၉၅ | ၆၃၀၈ .၄၉၅ | ၆၃၀၈ .၄၉၅ |
ကိုရီးယား | ၂၃၉ .၃၁၈ | ၂၉၁၅ .၇၁၇ | ၂၉၃၀ .၂၁၇ | ၂၉၃၈ .၈၅၇ |
ဗြိတိန် | ၁၈၆၀ .၉၅ | ၂၆၅၉ .၉၅၄ | ၂၆၅၉ .၉၅၄ | ၂၆၆၀ .၅၈၈ |
စင်ကာပူ | ၁၅၉၂ .၄၄၃ | ၁၈၀၈ .၆၁၃ | ၁၈၀၈ .၆၁၃ | ၁၈၀၄ .၀၁၃ |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား | ပမာဏ(၃၁-၃-၂၀၁၀) | ပမာဏ(၃၁-၃-၂၀၁၁) | ပမာဏ (၃၁-၁၂-၂၀၁၁) |
လျှပ်စစ်စွမ်းအား | ၆၃၁၁ .၂၂ | ၁၄၅၂၉ .၇၄၂ | ၁၈၈၇၃ .၇၂၀ |
ရေနံနှင့် သဘာဝဓာတ်ငွေ့ | ၃၆၃၆ .၀၈ | ၁၃၈၁၅ .၃၇၅ | ၁၃၈၁၅ .၃၇၅ |
သတ္တုတူးဖော်ရေး | ၁၃၉၈ .၃၉ | ၂၇၉၄ .၄၆၃ | ၂၇၉၄ .၄၆၃ |
ကုန်ထုတ်လုပ်မှု | ၁၆၆၂ .၁၂၆ | ၁၇၂၈ .၄၄၇ | ၁၇၅၃ .၉၅၁ |
ဟိုတယ်နှင့် ခရီးသွား | ၁၀၆၄ .၈၁၁ | ၁၀၆၄ .၈၁၁ | ၁၀၆၄ .၈၁၁ |
စင်ကာပူနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည်
Reviewed by သစ်ထူးလွင်
on
20:02
Rating:
5 comments:
စင်ကာပူ လစာအတိုင်း ပေးရင် ပြည်သူအတွက်ပိုကောင်းမယ်
လာပြီနော်,အချောင်သမားတွေ..ပွဲလန်.တုန်းဖျာခင်းမယ်။
Pretty interesting, the pay as same as Singapore!!! We all back to serve in myanmar
Dream on... to get same pay as in Singapore...
keep dreaming guys...
wish ya guys,,best of luck,,,
but,,2 be honest i dun believe in singaporians ,,
Post a Comment