အရှင်ဂမ္ဘီရအား အရေးယူတော့မည်

အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရ သည် ပြစ်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ သံဃာအဖွဲ့ အစည်းကိုပါ ထိပါးစော်ကားမှုများ
ကျူးလွန်ခဲ့ ၊ ဘာသာအကျိုး၊သာသနာအကျိုးနှင့် သာသနာတော်သန့် ရှင်းရေးအလို့ ငှာ
ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်
ဖြစ်ကြောင်း ယနေ့ ထုတ်အစိုးရပိုင် သတင်းစာများတွင်ဖော်ပြထားပါသည်။
Myanmar News Now
.


အရှင်ဂမ္ဘီရအား အရေးယူတော့မည် အရှင်ဂမ္ဘီရအား အရေးယူတော့မည် Reviewed by သစ်ထူးလွင် on 12:09 Rating: 5

46 comments:

ဇော်ရှင်း said...

ဟုတ်ကောဟုတ်ရဲ့လားဗျာ...
.ကောင်းရောကောင်းကြသေးရဲ့လား...

Myanmar said...

သူ့အသက် သူ့ခန္ဓာ သူ့အကျိုးစီးပွားကို မငဲ့ညှာဘဲ အများအကျိုးကို သယ်ပိုးတော်မူသော ဆ၇ာတော်အား လေးစားဦးညွှတ်ပါသည်ဘု၇ား။
ဗုဒ္ဓဘာသာနဲ့အညီ ငြိမ်းချမ်းစွာဆောင်၇ွက်နိုင်လျှင်ဖြင့် သာလို့ပင် သင့်မြတ်နိုင်ပါသည်ဘု၇ား။

ဘကြီးမောင် said...

ဘုန်းကြီး ပြသာနာရှာလိုက် ..အဆိုတော်ကို ပြသနာရှာလိုက်..နောက်ဆုံးတော့ မင်းတို့ ထိုင်ခုံလှူပ်မည့်သူတိုင်းကို ဖယ်ချင်နေတဲ့ မင်းတို့ စေတနာ အမှန်က ရှည်ရေ မခံပါဘူး..အခုတော့ တဖြည်းဖြည်း သိသာလာပြီ.... နောက်ဆို ဟိုးအရင်လို ပြန်ဖြစ်တော့မှာပါ...တော်ပါပြီ....

မီဒီယာ said...

လုပ်ချင်သလိုသာ လုပ် ကြတော့ ကွာ..ထမင်းစားပြီး လူစိတ်ပျောက်နေတဲ့ကောင်တွေ...။

အမြင်သစ် said...

နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းဆိုတာ ဘယ်လိုမျိုးအဖွဲ့အစည်းပါလိမ့်။တနိုင်ငံလုံးက လူတွေကို နိဗ္ဗန်ရောက်အောင်ပို့နိုင်တဲ့ အဖွဲ့အစည်းထင်တယ်။(မသိလို့နော်)

kz said...

very good

Unknown said...

သိက်ခါ မကျ၊ သိက်ခါ မချတဲ့ ထောက်ထွက် ရဟန်းများ သင်္ကန်းပြန်ဝတ်ခွင့် ရမှ ပြန်ဝတ်ရမည် ဆိုသည်မှာ ဘုရားရှင်ကိုတော်မြတ်ကြီး ပညတ်တော်မူသော သိက်ခါပုဒ်တော်ပါလား၊ မဟန သို့မဟုတ် န၀တ ပညတ်သော သိက်ခါ ပုဒ်ပါလား။ ဘုရား ပညတ်သော သိက်ခါ ပုဒ် မဟုတ်ပါက မဟနသည် သိက်ခါပုဒ် ပညတ်ပိုင်ခွင့် ရှိပါသလား။ န၀တ သည် သိက်ခါ ပုဒ် ပညတ်ပိုင်ခွင့် ရှိပါသလား။ ဘုရားရှင် ထက် မြတ်သော၊ သိက်ခါပုဒ် ပညတ်နိုင်သော ပုဂ်ဂိုလ် ရှိပါသေးသလား။ ရဟန်းပညာရှိ လူပြန်တော် ပညာရှိများ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ မေတ်တာ ရပ်ခံ လိုက်ပါသည်။ (ဒကာတစ်ဦး)

ပုဂံစစ်သည် said...

ဘုန်းကြီးကို အာဏာစက်နဲ့ဆောင်ရွက်တော့ မင်းတို့အဖွဲ့ကိုလဲ မရဏစက်နဲ့ ဆောင်ရွက်ဖို့ ယမမင်းကစဉ်းစားနေပြီ။ မင်းတို့အဖွဲ့တွေ သတိသာထားနေကြတော့.........

Unknown said...

aungzin.zin50@gmail.com

Mr Moe said...

သူတို့ဂွင်ထဲရောက်သွားမယ်။ကိုယ့်လူတွေလည်းမထိအောင်လုပ်ကြပါ။ပြသ၁နာကို မီးထွန်းရှာနေပြီ။သာသနာထိရင်မခံကြနဲ့။

Unknown said...

မဟနအဖွဲ့ဝင် သိက္ခာကြီးမား ဆရာတော်ကြီးများ ဘုရား။ သတိတရားလက်ကိုင်ထား၍ ဆင်ခြင်တော်မူကြပါဘုရား၊ အဂတိတရားလေးပါး ကင်းရှင်းစွာ သာသနာအကျိုး အမှန်တကယ်သယ်ပိုးနိုင်ပါစေ ဘုရား။ ပြည်သူအများကို အကုသိုလ်စိတ် အလွန်အကျွံမဖြစ်အောင် စောင့်ရှောက်တော်မူပါဘုရား၊ သံဃာကိုရည်စူးလှူဒန်းရသော တပြည့်တော်တို့၏ ပစ္ဏည်းလေးပါးကို အပြစ်ကင်းစွာ သုံးဆောင်နိုင်ကြပါစေဘုရား၊

ဘုန်းဘုန်း said...

Unknown မေးထားသော မေးခွန်းနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းပြပါမည်။
မြတ်ဗုဒ္ဓပညတ်တော်မူခဲ့သော ၂၂၇-သွယ်သော သိက္ခာပုဒ်များအနက် ပါရာဇိကသိက္ခာပုဒ်လေးပါးကို ကျူးလွန်မိလျှင် ဤဘ၀တစ်သက်တာ ရဟန်းပြုခွင့်မရ၊ ရဟန်းဘ၀မှာ ဆုံးရှုံးသွားကြောင်း၊ သင်္ကန်းပြန်ဝတ်ခွင့် မရှိတော့ကြောင်း ဗဟုသုတရှိပြီး ဖြစ်မည်ထင်ပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲပြီး ထောင်ကျသွားသော ရဟန်းများ ထောင်က ပြန်လွတ်လာသောအခါ အဆိုပါ ပါရာဇိကသိက္ခာပုဒ်ဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ပြီး ထောင်ကျခြင်း ဟုတ်/မဟုတ် စိစစ်ဖို့ လိုပါသည်။ ထိုသို့ စိစစ်နိုင်ရန်အတွက် သံဃာ့အဖွဲ့အစည်းထံ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားရခြင်း ဖြစ်ပါသည်။
“သင်္ကန်းပြန်ဝတ်ခွင့်ပြုရန် လျှောက်ထားခြင်း” ဟု ဝေါဟာရအားဖြင့် ခေါ်ဝေါ်သုံးနှုန်းသော်လည်း အမှန်တကယ်အားဖြင့် မြတ်စွာဘုရား ပညတ်ထားသော ပါရာဇိကသိက္ခာပုဒ်များနှင့် ငြိစွန်းခြင်း ရှိ/မရှိ စိစစ်ပေးရန်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဦးဂမ္ဘီရတို့ကို စစ်အစိုးရက ထောင်ချခြင်းမှာ စစ်အစိုးရအလို ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် ထောင်ချခဲ့ခြင်းဖြစ်၍ ထောင်မှ ပြန်လွတ်သောအခါ အထက်မှာဆိုခဲ့သည့် ပါရာဇိကသိက္ခာပုဒ်ဆိုင်ရာပြစ်မှုမျိုး ဟုတ်/မဟုတ် စိစစ်နိုင်ရန် သင်္ကန်းပြန်ဝတ်ခွင့် လျှောက်ရခြင်းသာ ဖြစ်ပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့် ဦးဂမ္ဘီရတို့ကို စွဲထားသော ပြစ်မှုအနေအထားကို သိရှိပြီး ဖြစ်၍ လျှောက်ထားချက်ကို လက်ခံပြီး သင်္ကန်းဝတ်ခွင့် ပြုလိုက်ရုံကလွဲ၍ တခြားဘာမှ ဆောင်ရွက်ဖွယ် မလိုပါ။
မုဒိမ်းမှုလို ပြစ်မှုမျိုးဖြင့် ထောင်ကျသွားသော ရဟန်းများ ထောင်က ပြန်လည်လွတ်မြောက်ပြီးနောက် သင်္ကန်းပြန်ဝတ်ခွင့် လျှောက်ထားလာလျှင်မူ ပြည်နယ်/တိုင်းသာသနာရေးမှူးက တရားလို(စောဒက)လုပ်က ၀ိနိစ္ဆယအဖွဲ့ ဖွဲ့ စည်းပြီး (တရားရုံးဆုံးဖြတ်ချက်က မည်သို့ပင် ဆုံးဖြတ်ထားသည် ဖြစ်စေ) ဘုရားပညတ်ထားသော ပထမပါရာဇိကသိက္ခာပုဒ်ကို အမှန်တကယ် လွန်ကျူးခြင်း ရှိ/မရှိ ၀ိနည်းတရားတော်နှင့်အညီ စစ်ဆေး၍ အဆုံးအဖြတ်ပေးရပါသည်။
သို့ဖြစ်၍ ထောင်မှလွတ်ပြီးနောက် သင်္ကန်းပြန်ဝတ်ခွင့်လျှောက်ထားရခြင်းမှာ မဟနအဖွဲ့က ဘုရားရှင်ပညတ်ထားသော, ရဟန်းဘ၀ဖြင့် ဆက်လက်နေထိုင်ခွင့် မရှိတော့သော, ပါရာဇိကသိက္ခာပုဒ်များကို လွန်ကျူးသည့် ပြစ်မှု ဟုတ်/မဟုတ် စိစစ်နိုင်ရန် လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ဘာမှ အဓိပ္ပာယ်မရှိသည့် အပိုအလုပ်ကို လုပ်ဆောင်ခြင်း မဟုတ်ပါ။

မင်းညီ said...

မဖတ်ပဲလဲမနေနိုင်ဘူး....ဖတ်မိပြန်တော့လဲ ..ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်...ကိုယ်လဲဘာမှမတတ်နိုင် ..လက်မှိုင်ချကာ ဆုတောင်းနေရုံပဲ.....

Thu said...

Bogyoke Aung Sun pleaded monks not to involve in politic.
I've lost impression when I heard hard tones of ဦးဂမ္ဘီရ.

Web Walker said...

ဦးဝိစာရ တို့၊ဒီခေတ်မှာဘုန်းကြီးမဖြစ်တာတော်သေးတာပေါ့၊မဟုတ်ရင်
နိုင်ငံတော်အဆင့်နဲ့ မိပြီ။

Set Htun said...

သံဃာကို ဘယ်လိုခွဲခြားရမလဲဆိုရင် ဘုရားဟောအတိုင်း အရိုးဆုံး၊ အရှင်းဆုံးနည်းကတော့ ဂန္ဓဓူရ၊ ၀ိပဿနာဓူရ နှစ်ပါးကို ကျင့်ဆောင်သူဟုတ်/မဟုတ် ပိုင်းခြားရုံပါပဲ။ အဲဒီဓူရ(၂)ဖြာကျင့်ဆောင်နေသူမဟုတ်လျင် သမုတိသံဃာအစစ်အမှန်ရယ်လို့ ပြောလို့မရပါ၊ သံဃာ့နာယက ဆရာတော်ကြီးများ နင့်တကွ အားလုံးသောရဟန်းများဟာသီလစောင့်ထိန်း ထားတဲ့သူတွေဖြစ်လို့ ဝေဖန်မယ်ဆိုယင် ကိုယ့်ကိုယ့်ကို သီလလုံရဲ့လား ပြန်လည်ဆန်းစစ်ကြည့်ကျပါအုန်း။
သီလမလုံဘဲနဲ့ ပြောဆိုမိရင် ပိုပြီးအပြစ်ကြီးလို့ သတိတရား လက်ကိုင်ထားပြီး ရေးသားကြပါလို့ ။

Set Htun said...

မောင်သစ္စာ
ဆရာတော်ဦးဥတ္တမတို့ ဆရာတော်ဦးဝိစာရတို့ဟာ သာသနာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ဖြည့်တင်းပြီးမှ နိုင်ငံရေးထဲ ၀င်ခဲ့တာ ဖြစ်တယ်။
နှစ်ပါးလုံးဟာ ပခုက္ကူအလယ်တိုက်ကြီးမှာ ပရိယတ်စာပေတွေကို ကျကျနန သင်ယူခဲ့တဲ့ အပြင်၊ ဆရာတော်ဦးဝိစာရဆိုရင် စာချဘုန်းကြီးတောင် လုပ်ခဲ့သေးတယ်။ နောက် နိုင်ငံရေးလုပ်လို့ အလယ်တိုက်ကြီးက ထွက်ပေးခဲ့ရတယ်။ ဆရာတော်ဦးဥတ္တမဆိုရင်လဲ ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ထိုခေတ်က ကမ္ဘာ့နိုင်ငံရေးကိုပါ ၀င်ဆန့်နိုင်တဲ့ ဆရာတော် ဖြစ်ပါတယ်။
ဒီလိုအရည်အချင်းမျိုးနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဦးဥတ္တမဟာ ဘ၀ဇာတ်သိမ်းတော့ ဘယ်လို သိမ်းခဲ့ရသလဲ။
တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးဟာ အမှိုက်ပုံမှာ ဟိုဟာကောက်စား ဒီဟာကောက်စားနဲ့ အရူးကြီးပမာ ဖြစ်ခဲ့ရရှာတယ်။
ပြောချင်တာက နိုင်ငံရေးလောကဆိုတာ ကိုယ်အလိုအကြိုက်နဲ့ လိုက်ဖက်အောင် ဆောင်ရွက်ပေးနေတုန်းသာ အလေးထားပေမဲ့ ကိုယ့်အကြိုက်နဲ့ အံမ၀င်တော့ရင် မသိကျိုးကျွံ ပြုလိုက်ကြတယ်ဆိုတာပါ။
အခု ဦးဂမ္ဘီရ ဆိုတဲ့ ကိုယ်တော်က ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမတို့လို ပရိယတ်နဲ့ နိုင်ငံရေးအသိပညာ အရည်အချင်းတွေ ရှိနေပါပြီလား။
မီဒီယာတွေနဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာတောင် ဘုရားသားတော်သံဃာတော်တစ်ပါးရဲ့ ယဉ်ကျေးမှုကို ပြသနိုင်တဲ့ အနေအထားမျိုး မတွေ့ ရပါဘူး။ ပြောရရင် တောသားရဲ ဆွဲထုတ် ဆိုတာမျိုးပဲ။
ဒီလိုအရည်အချင်းမျိုးနဲ့ နိုင်ငံရေးလုပ်လို့ကတော့ တခြားသံဃာတော်တွေကို အရှက်ရစေလိမ့်မယ်။

Unknown said...

ဘုန်းကြီးတွေလဲ ရှက်စရာကောင်းပါတယ်..
နိုင်ငံတော် အဆင့် ဟုတ်လား..??
တော်၂ဂုဏ်မက်တယ်ပေါ့...?
ရှက်မိပါ၏

အမြင်သစ် said...

Set Htun ပြောတာဟုတ်ပါတယ်။ ဦးဂမ္ဘီရ ဟာ မီဒီယာတွေနဲ့ ပြောတဲ့ဆိုတဲ့ အခါမှာတောင် အသံက မာပြတ်ပြတ်နဲ့ နားဝင်မချိုပါဘူး။ နောက်ပြီးဆရာတော် နေမှုထိုင်မှုပုံစံတွေကလည်း မသိမ်မွေ့ပါဘူး။ ကျွန်တော်တောင် အဲဒီအချက်တွေကို စာရေးပြီးအကြံပေးလျှေက်တင်ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် သူ့မှာ အမှန်တရားဘက်ကရပ်တည်ချင်တဲ့စိတ်၊ မဟုတ်မခံချင်တဲ့စိတ်၊ကိုယ့်ဒကါ၊ဒကါမ( ပြည်သူပြည်သား)တွေကို ကိုယ့်ဘ၀အနစ်နာခံပြီးချစ်တဲ့စိတ် အပြည့်ရှိတာ ပေါ်လွင်နေပါတယ်။ ဒါဟာ တော်ရုံ ဘယ်သံဃာ၊ ဘယ်လူပုဂ္ဂိုလ်မျိုးမှာမှ မတွေ့နိုင်တဲ့စိတ်ဓါတ်မျိုးပါ။ပထမတစ်ခါ ထောင်ကျတုန်းကလည်း တော်တော်နှိပ်စက် ညှဉ်းပန်းခံခဲ့ရတယ်လို့ ထွက်လာကာစက သူပြောဘူးတယ်။အခုလည်း သူ့ကို ထောင်းသွင်းအကျဉ်းချအုံးမှာတဲ့လား.......ဘုရား ဘုရား

Fighting Peacock said...

The real troublemaker behind MA-HA-NA is "The Ministry of Religious Affairs". Most of them are ex-monks supported by REGIME and Ex-Regime officials.
The biggest troublemaker in the past was called U Ant Maung and he is one of the parliament member at present.
Some replies on the above were come from one of them.

dingyi said...

ရွှေဝါရောင်ဦးဆောင်မှုနဲ့ ထောင်ထဲမှာတုန်းက အနှိက်စက် အညှင်းဆဲခံခဲ့ရလို့ ဦးနှောက်ချို့ယွင်းနေတယ်ဆိုရင် သက်ဆိုင်တဲ့သူတွေက ကုပေးသင့်ပါတယ်။ အခုတော့ ဒိအတိုင်းကြီး မီဒီယာရှေ့မှာ လွှတ်ထားတာ မျောက်ပြဆန်တောင်းနေသလိုပဲ တွေ့နေ မြင်နေရတာတွေက။
ဒီလိုသာ လွှတ်ထားရင် သာသနာလဲ သိက္ခာကျ သံဃာတော်တွေလဲ သိက္ခာကျကုန်တော့မယ်။ သက်ဆိုင်သူများ သတိလဲ ထားကြပါဦးဗျို့

Unknown said...

dingyi said..
"ဒီလိုသာ လွှတ်ထားရင် သာသနာလဲ သိက္ခာကျ သံဃာတော်တွေလဲ သိက္ခာကျကုန်တော့မယ်။ သက်ဆိုင်သူများ သတိလဲ ထားကြပါဦးဗျို့"

အဲ့ဒါ ဘာကြောင့်လည်း သိလား? သံဃာနဲ့ မသက်ဆိုင်တဲ့ လောကီ နိုင်ငံရေး အလုပ် သွားလုပ်လို့။
ဦးနှောက်က အစကတည်းက သိပ်မကောင်းတာလည်းဖြစ်နိုင်တယ်။ ကိုမင်းကိုနိုင်အပါအဝင် နိုင်ကျဉ်း တွေလည်း ကောင်းကောင်း တွယ်ခံခဲ့ရတာပဲ၊ အမေစုလည်း လင်ဆုံး သား ရှုံး ဖြစ်ခဲ့တာပဲ၊ အစကတည်းက ခိုင်မာပြီးသားဆိုတော့ ဘာမှ မချွတ်ယွင်းပါဘူး။

cosy said..
"သူ့မှာ အမှန်တရားဘက်ကရပ်တည်ချင်တဲ့စိတ်၊ မဟုတ်မခံချင်တဲ့စိတ်၊ကိုယ့်ဒကါ၊ဒကါမ( ပြည်သူပြည်သား)တွေကို ကိုယ့်ဘ၀အနစ်နာခံပြီးချစ်တဲ့စိတ် အပြည့်ရှိတာ ပေါ်လွင်နေပါတယ်"

လူထွက်ပြီး လွတ်လွတ်လပ်လပ် အနစ်နာခံရင် သူ့ အတွက်ကော သာသနာ အတွက်ကော ကောင်းမှာပါ။ သူ့ကြည့်ရတာ သင်္ကန်းဝတ်ထားတဲ့ အနှစ်သာရတောင် သိပုံမရဘူး။

set htun said..
"ကိုယ့်ကိုယ့်ကို သီလလုံရဲ့လား ပြန်လည်ဆန်းစစ်ကြည့်ကျပါအုန်း။
သီလမလုံဘဲနဲ့ ပြောဆိုမိရင် ပိုပြီးအပြစ်ကြီးလို့ သတိတရား လက်ကိုင်ထားပြီး ရေးသားကြပါလို့ "

ကျနော်လည်း အဲ့ဒါပြောချင်နေတာ ကို ဆက်ထွန်း ရေ။
ဘုမသိ ဘမသိနဲ့ ဝင်ရေးပြီး အပြစ်ဖြစ်လို့ ဖြစ်နေမှန်းမသိ။ အကြောင်းအရာကို ဂဂနန မလေ့လာချင်ဘဲ တီးချင် စော်ချင်တဲ့ စိတ်ပဲ ရှေ့တန်းတင်ထားကြတာကိုး။
ဟိုဘက် post တစ်ခုမှာ လည်း အဲ့ဒါကိုပဲပြောပြီးပြီ။

Anonymous said...

ဦးဝိစာရက အမျိုးဘာသာအတွက်လုပ်တာ...
ညီညီလွင်ဆိုတဲ့ အတုအယောင်ဘုန်းကြီးက အမျိုးဘာသာပျက်အောင်လုပ်တာ
အခုပဲကြည့် ထေရ်ကြီးဝါကြီးတွေကို တောင် ဂရုမစိုက်တဲ့ကောင်..
ဘာဘုန်းကြီးလဲ..
အတုအယောင်တွေကို ချေမှုန်းပစ်ရမယ်..ဘုန်းကြီးအတုအယောင်၊ အစိုးရအတုအယောင်၊ ဒီမိုကရေစီအတုအယောင် ..အများကြီးပဲ..

Anonymous said...

ညီညီလွင်ဟာ ဘုန်းကြီးမဟုတ်ဘူးလေ..
သာသနာတော်ကို ခုတုံးလုပ်ပြီး သာသနာတော်ညှိးနွမ်းအောင် လုပ်နေတဲ့
ငနဲပါကွာ... ဒင်းကို ထောက်ခံတဲ့သူက ရှိသေးတယ် အံ့ရောဘဲ..
အရေးကြီးနောက်လိုက်မယ့်လူတွေလား..
ထေရ်ကြီးဝါကြီးတွေကိုတောင် ကလန်ရဲတဲ့ကောင်က ဘုန်းကြီးမဟုတ်ပါဘူးကွာ..နားလည်ကြလား..
လူကောင်းစိတ်ညစ်တယ်.

zaylin said...

ဝိနည်းညီညီနေထိုင်ပြုမူသင့်ပါတယ်။ သံဃာတော်တစ်ပါးကြောင့် အခြားသံဃာတွေပါထိခိုက်တာမျိုးမဖြစ်သင့်ပါဘူး။ ယခုသံဃာတော်ကြီးအချို့ သာသနာပြန့်ပွားရေးနဲ့ လူငယ်များလိမာရေးခြားရှိအောင် သွန်သင်ပြသနေတာတွေလည်း ရှိနေပါပြီ။ နိုင်ငံနှင့် လူမျိုးအတွက်တိုးတက်ကောင်းမွန်လာအောင်သာ လုပ်ဆောင်သင့်ပါတယ်။

မြတ်နိုး said...

ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်
မကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်

Anonymous said...

ရှင်ဂမ္ဘီ ထောင်ထဲမှာ ညစာ ဘုဉ်းပေးလား (သို့မဟုတ်).. ညစာ စားလားဗျ။ ပထမ လူဝတ်အတင်းလဲခံရတယ်။ ဒုတိယ သူ ထောင်ထဲမှာ လူဝတ်အတင်းလဲခံရပေမယ့် သံဃာလိုကျင့်ကြံနေထိုင်ခဲ့ရဲ့လား။

မကျင့်ကြံမနေထိုင်ခဲ့ဘူးဆိုရင် သံဃာမမည်၊ ရဟန်းမဟုတ်တော့ဘူးလို့ ဆိုလို့ရသလား။

အမြင်သစ် said...

တစ်ခုတော့ရှိတယ်ဗျို့ ။ သူက ရဟန်းအင်္ဂါနဲ့မညီလို့။ လူထွက်ပြီးနိုင်ငံရေးလုပ်တယ်ဘဲထား။ သူ့လိုခင်ဗျားတို့ပြောရဲဆိုရဲမလား၊ သူ့လိုအနစ်နာခံရဲမလား။ နိုင်ငံတော် အဆင့်ရှိတဲ့ (နိုင်ငံတော်အဆင့်ဆိုတာကလဲ ဘုရားကသတ်မှတ်ပေးထားတာမဟုတ်ပါဘူး) သံဃာတွေကိုစော်ကားလို့ အပြစ်ဖြစ်မှာစိုးရင်ထားတော့၊ နိုင်ငံတော်အဆင့်ရှိတဲ့လူပုဂ္ဂိုလ်ကျော်ကြီးတွေကိုခင်ဗျား တို့ သူ့လိုရင်ဆိုင်ရဲမလား။ ထောင်ထဲဝင်ဖို့မပြောနဲ့ ။ အင်းစိန်ကိုတောင်ရောက်ဖူးကြရဲ့လား။နည်းနည်းလေးဖြေကြည့်ကြပါအုံး။ အင်း.......ပြီးတော့မှ အခန့်သားနေရာဝင်ယူကြမယ့်လူတွေကများပါတယ်။

အမြင်သစ် said...

မြန်မာ့ နိုင်ငံရေးသမိုင်းတလျောက်၌ ဘုန်းတော်ကြီးများအနေနဲ့ မလွဲမရှောင်သာ ပါဝင်ခဲ့ရသော်လည်း ပြည်သူများ၏ ရပိုင်ခွင့် တရားမျှတမှုအတွက်သာ ပါဝင်ခဲ့သည်၊ တစ်စုံတစ်ရာ ရာထူးအာဏာ ရဖို့ရန်မဟုတ်၊ အာဏာရရင် ဘုန်းတော်ကြီးများအနေနဲ့ မည်သည့်ဝန်ကြီးရာထူးနေရာစသည်ကို ယူထားမည်ဟူ၍ အကြံအစည် မရှိခဲ့၊ နောက်ပြီး နိုင်ငံရေးဆောင်ရွက်ရာ၌ ရန်သူကို သတ်ကြ၊ ဖြတ်ကြ၊ တိုက်ကြ၊ ခိုက်ကြ ဟူသော ကြမ်းတမ်းသော စကားများမပြောဆိုသည်ကိုလည်း သတိပြုပါ၊ ဒါကြောင့် ဘုန်းတော်ကြီးများ၏ နိုင်ငံရေးဟူသည် “ အာဏာတလွဲသုံးကာ ပြည်သူများအပေါ် အနိုင်အထက်ပြုသော အစိုးရတို့ လက်ထက်၌သာလျင် ပြည်သူများ၏ တရားမျှတရေးအတွက် အစိုးရအနေဖြင့် မင်းကျင့်တရားနဲ့ အညီကျင့်ကြံရန် တိုက်တွန်း တောင်းဆိုသော အဆင့်မျှသာ ရှိသည်” ဟုမှတ်ပါ။
လက်နက်ကိုင်တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌ ဘုန်းတော်ကြီးများ ကြားဝင် ဖြန်ဖြေခြင်းသည် အင်မတန်ကောင်းသော လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ဘုန်းတော်ကြီးများ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပြေလည်ရာ ပြေလည်ကြောင်းကိုသာ ပြောမည်ဖြစ်ပြီး တိုက်ကြ ခိုက်ကြ ဟူသော သဘောမျိုး လုံးဝ ပြောဆိုမည် မဟုတ်သောကြောင့် ဖြစ်သည်၊ မြတ်စွာဘုရားကိုယ်တိုင်ပင် စစ်ပွဲများရပ်တန့်ဖို့ ပါဝင်ခဲ့ရသလို အရှင်ဒိသာပါမောက္ခသည်လည်း တရုတ်နဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းတွင်လောက်အောင် စွမ်းဆောင်ခဲ့သည်ကို သတိပြုပါ

အမြင်သစ် said...

အပြစ်လောက်မြင်တာကတော့ လူတိုင်း(လူအန္ဓတွေလဲ) မြင်တတ်ကြပါတယ်။

အမြင်သစ် said...

အကြောင်းအရာကို ဂဃနဏ သိသူများ ဘယ်လို လူ့အကျိုးတွေများ ဂဃနဏ သယ်ပိုးပြီးကြပြီလည်းခင်ဗျား။
ဂ ငယ် နဲ့ ဃ ကြီး န ငယ်နဲ့ ဏ ကြီးတော့ ခွဲခြားသိပါရဲ့နော...

abc said...

ဟေ့ကောင်တွေ ရန်းပြီးစောက်ရန်းလျှောက်ပြောမနေနဲ့ -ီးပဲ ဘာဘဲဝတ်ဝတ် ကောင်းတဲ့အကောင် & မကောင်းတဲ့အကောင် ဆိုတာရှိပြီးသားဘဲ မင်းစောက်ကြောင်းဘယ်လောက်ကောင်းသလဲဆိုတာဘဲတွေး -ီးဘဲ

Anonymous said...

90% myanmars support monk GANBERAH. Me too.

အမြင်သစ် said...

အရေးကြီးမှန်း အရီးကြီးမှန်း တောင် မသိတဲ့လူကလဲတမှောင့် .....
နောက်တယောက်ကလဲတမျိုး(သာသနာပြန့်ပွားရေးနဲ့ လူငယ်များလိမာရေးခြားရှိအောင် သွန်သင်ပြသနေတဲ့) ဆရာတော်လည်း မှော်ဘီရောက်သွားပီလေ .. မသိဘူးလား။

naung said...

ကြိုက်တယ်ဗျာ... cosy comment တွေကို..

SM said...

အာဏာစက်သုံးမယ် အရပ်ကတို့ေ၇ သူတို့ကိုသာ အာဏာစက်နဲ့ သုံးလို့၇ခဲ့မယ်ဆို၇င် ဒီအချိန်ထိဖြစ်လာစ၇ာအကြောင်းကိုမရှိဘူး သိပြီးသားပါ ၇ဟန်းဝတ်နဲ့ ပြည်သူ့ အကျိုးလုပ်တာလေ အရှင်ဘု၇ားနောက်ကပါလာမဲ့နိုင်ငံေ၇းသမားတွေကိုကြောက်လို့ ပြောတော့ဒီမိုကေ၇စီလမ်းစဉ်ကိုပြောင်းတော့မယ်ဆို ဘာလို့ကြောက်နေကြသေးတာလည်း ကိုယ်ကျိုးမကြည့် ပြည်သူ့အကျိုးလုပ်နေတဲ့ အ၇ှင်ဘု၇ားကို လေးစားလျက်

tharaper said...

အခု ကော်မန့်ရေးတဲ့ လူတွေဟာ ဗုဒ္ဓဘာသာတွေပဲတော့မဖြစ်နိုင်ဘူးထင်ပါရဲ့..တချို့ သာသနာတော်က ဆရာတော်ကြီးတွေကိုပါ စော်ကားပုတ်ခတ်ထားတာ တကယ့်ကိုအပြစ်ကြီးပါတယ်.. ကိုSet Htunတို့ ၊ ကိုလူကောင်းတို့၊ ကိုzaylin တို့ စဉ်းဆင်သုံးသပ်ရေးသားထားတာ အရမ်းကောင်းပါတယ်..သာသနာတော်ကိုဖျက်ချင်လို့ သံဃာ့အရေကိုခြုံထားတဲ့ သူတွေအများကြီးပါပဲ..ကိုယ်က မသိပဲ နိုင်ငံရေးအတွက် ပြစ်တင်ရှုံ့ချပြောမိလိုက်ရင် ဘုရားတောင်မကယ်နိုင်တဲ့အပြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်.. ဦးဂမ္ဘီရကိုယ်တိုင်တော် ကျင့်ဝတ်နဲ့မညီလုပ်ဆောင်ထားတွေက ပြည်သူပြည်သားတွေအတွက်လား..ဒါဆိုလဲ တရားတော်နဲ့အညီ လမ်းပြလုပ်ဆောင်လို့ရတာပဲလေ…သင်္ကန်းခြုံထားလို့သာ ဘုရားသားတော်အနေနဲ့သတ်မှတ်ခံခဲ့ရတာပါ..သင်္ကန်းကို ဗန်းပြပီ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင်လဲ သာသနာတော်ကို မဖျက်ပဲ ပီပီပြင်ပြင် လူတယောက်အနေနဲ့ လုပ်ဆောင်ရင်တော် ဒီဦးဇင်းအနေနဲ့ ငရဲတောင်လွတ်ချင်လွတ်သွားနိုင်တယ်..အခုတော့ မြတ်စွာဘုရား ပညတ်ထားတဲ့ တရားတော်တွေနဲ့အညီ ကျင့်ကြံနေထိုင်ပြုမူနေတဲ့ သံဃာနယကအဖွဲ့ ဆရာတော်ကြီးတွေကိုပါ ပြောဆိုနေတာကတော့ တကယ့်ကို ကြောက်စရာကောင်းလှပါတယ်..ဒါသူရဲကောင်းစိတ်ဓာတ်မဟုတ်ဘူး..ပြည်သူတွေအတွက်မခံချင်တာမျိုးစိတ်ဓာတ်မဟုတ်ဘူး..ဒါဆိုတချို့ဆရာတော်တွေရှိပါတယ် တရားနည်းတရားမှန်နဲ့ ပြည်သူတွေအတွက် ရှေ့ကနေပြောဆိုဆုံးမပေးနေတာတွေ သင်ခန်းစာယူသင့်တာကိုမယူပဲ မိမိထင်ရာကို ပြောဆိုနေကြတာ လူတွေအတွက် ကြီးလေးသော အပြစ်ပါပဲ..ဒါကို သဘောပေါက်စေချင်ပါတယ်..ဗိုလ်ချုပ်အောင်ဆန်းမိန့်ခဲ့သလိုပါပဲ.. ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဆိုပေမယ့်.. လုပ်ချင်ရင်တောင် စာမတတ် ပေမတတ်..(ပရိပတ္တိ ပရိယတ္တိ ) ဘာမှမရှိပဲ အတိုက်အခံလောက်ပဲ ပြောတတ်ရင် ဘာမှအကျိုးရမှာလဲမဟုတ်ပါဘူး..ဒါပြည်သူတွေအတွက်ပြောတယ်ဆိုရင်လဲ လူတွေအနေနဲ့လဲ သေချာလေ့လာသုံးသပ်ပြီးမှ ရေးသင့်တယ်လို့ ထင်ပါတယ်..တဖက်သက်ကြီးလိုရာဆွဲယူပြောရင်တော့ ဘယ်အရာမှကောင်းတယ်လို့ထင်မှာမဟုတ်ပါဘူး..

Snap said...

hote par tal, ko Set Htun ၊ ကိုလူကောင်းတို့၊ ko zaylin are right.
Buddha barthar ko thay char thi yin, Ashin Gambiya ko htauk kan sayar a kyaung ma shi par bu.

အလင်း said...

ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေး ဦးပုညပြောသလို လုပ်ကြတော့မလို့လား လူကိုခွေးသတ်လေခြင်းဆိုတာလေ...

Thu said...

၁၉.၂.၂၀၁၂-ရက်စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ပါရှိသောဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍
အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်။ (၂၀.၂.၂၀၁၂) ၁၃၇၃-ခု၊ တပိုတွဲလဆုတ်(၁၃)ရက်။
(က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသော ကျင့်ဝတ်ဥပဒေ များကို လျစ်လျူရှုခဲ့ပါသည်။
တရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကို ရယူနိုင်ပါလျက် ဥပဒေမဲ့ ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ် သည်ကို နားလည်ပေးနိုင်သော်လည်း
ချိပ်ပိတ်ထားသည့် ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏ အပြုအမူ မဟုတ်သလို၊ ဒီမိုကရေစီ နည်းလမ်းလည်း မကျပါ။ ဒီမိုကရေစီကို လိုလားသူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီ နည်းလမ်းကျ ဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါသည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာ ကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင် လာရမည်သာ ဖြစ်ပါသည်။
(ဂ) ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီးလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။

ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသော ပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ် နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့ အကြောင်းပြနိုင်လောက်အောင် လုံလောက်သော ဆင်ခြေမရှိ သောကြောင့် ဥပဒေမဲ့ လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။
ပို၍ဆိုးသည်မှာ-နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ် မေတ္တာရပ် ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လိုအပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွား မည်မဟုတ်ကြောင်း’’တင်းခံငြင်းဆန်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ငြင်းဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။
----------------------------

သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင် ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင် သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ်ပါး၏ ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထု အပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့်သတ်ချက် မျိုးကိုမဆို ငြိမ်းချမ်းသော နည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။

သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား ၊မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်
အရှင်ဝီရသူ(မစိုးရိမ်)
https://www.facebook.com/notes/ashin-vicittabhivamsa/%E1%81%80%E1%80%AE%E1%80%9B%E1%80%9E%E1%80%B0-%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%91%E1%80%AC%E1%80%B8/135622356559821

thuthu said...

Dear "Tharaper" ...Of course we are Buddhist...firstly, demonstrate your discussion points relating to Burma political spectrum and your thoughts, your passion, your personal point of views like U GANBERAH do...

If your comments, determinations and thoughts are seen relevant and a real productive to Nation's benefit, we will just shut on this issue with no more comments. We promise. Otherwise, if you fail to show up yours it is you to stay shut.....

Anonymous said...

If a country is peaceful & justice ,nobody including monks will not shout & protest on the roads.PROTESTERS without arms are not KILLERS,ROBBERS,THIEVES. Almost of people know it except a few bad. Many protesters were killed, jailed,beaten by ----. THEY ARE HEROES. Some probably have made mistakes.But don't take only a soul of others including ashin GANBERAH.

tharaper said...

Dear ThuThu,,I do appreaciate ur appraisal on me! what I intend the point is some of people ( not all) are opprobrious patron of member of Buddhist Order.Their comments are like lopsided words on the presiding monk. That's why! not concerning with Burma political spectrum. So we shouldn’t make any comment more than that.
Anyway, thz

su said...

ဟ ဒကာတွေ ရှင်းရှင်းပြောမယ်ကွာ။ ဘုန်းကြီးတစ်ပါးကို မင်းတို့ ကြည်ညိုရင် ကိုးကွယ်၊ မကြည်ညိုရင် မကိုးကွယ်ပဲ နေလိုက်ရုံပဲ။ ဘုန်းကြီးတစ်ပါး ၀ိနည်းအပြစ်လွန်ကျူးရင် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းက အရေးယူလိမ့်မယ်၊ လောကအပြစ် လွန်ကျူးရင် သက်ဆိုင်ရာအစိုးရ ပြစ်မှု ဥပဒေနဲ့ အရေးယူလိမ့်မယ်။ ကြားထဲက နေ မင်းတို့ အကုသိုလ် ပွါးမနေကြနဲ့ကွာ။ ပုဂ္ဂိုလ်တစ်ယောက် ကောင်းတယ် မကောင်းဘူးဆိုတာ အဝေးကနေ ဆုံးဖြတ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။

Ashin Vicitta Sara said...

ဒီ Comment ရေးနေတဲ့သူတွေထဲမှာ သံဃာတော်တွေနဲ့ ဒကာ ဒကာမတွေကို သွေးခွဲနေတဲ့၊ လူမျိုးတူအချင်းချင်း မညီညွတ်စေလိုတဲ့ သူတွေ အမျာကြီးတွေ့နေရသလို ခံစားမိတယ်။

Maung Maung said...

စစ်အစိုးရကနှိပ်စက်၊ အဲဒီဒါဏ်နဲ့စိတ်မမှန်ပြန်တော့ အရေးယူမယ်တဲ့။ စစ်အစိုးရ ၀န်ကြီးချုပ် တစ်ဖြစ်လဲ ဒီမိုကရေစီသမတကြီးရယ်။ မရှက်ဖူးလား?

Powered by Blogger.